RADIO

What is current song?

RSS

ရန်ကုန်မြို့ တော်ခန်းမ မနေ့ ညကဗုန်းပေါက်ကွဲမှုနဲ့ မင်္ဂလာတောင်ညွှန့် တိုက်ပြိုသတင်း(ပုံနှင့်တကွ)

                  အောက်တိုဘာ ၂၉ ရက် ည ၉ နာရီ ၂၅ မိနစ်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ၉၆ လမ်းအတွင်းရှိ လေးခန်းတွဲ နှစ်ထပ်တိုက်ဟောင်းတလုံး၏ နောက်ဖေး ဘယ်ဘက်တခြမ်း ပြိုကျမှုကြောင့် လူတဦး သေဆုံးပြီး တဦး ဒဏ်ရာရရှိသွားသည်။

                                                              ရန်ကုန်မြို့ တော်ခန်းမ မနေ့ ည ဗုံးကွဲ

                 ယနေ့ည ၉ နာရီကျော်ခန့်မှာ ရန်ကုန် မြို့တော်ခန်းမအနီး ဒုတိယအကြိမ်မြောက် ဗုံးထပ်မံပေါက်ကွဲပါတယ်။ မြို့တော်ခန်းမရဲ့ဆင်ဝင်နားမှာ ပေါက်တာဖြစ်ပြီး ပေါက်ကွဲတဲ့အသံ တော်တော်ကျယ်တဲ့အတွက် မီးခိုးလုံးတွေ ထွက်လာတာကိုပါမြင်ရတယ်လို့ ဟေမာနွေလ ခရစ်ယာန်ဘုရားကျောင်းနေရာမှနေ ရပ်ကြည့်နေတဲ့ မျက်မြင် တွေ့ရှိသူတဦးက ဆိုပါတယ်။ ပထမတလုံးက ည ၇ နာရီကျော်ခန့်မှာ ပေါက်သွားတာဖြစ်ပြီး ပေါက်ကွဲတဲ့အသံ သိပ်မကျယ်ဘူးလို့ သိရပါတယ်။ အခုအချိန်မှာတော့ မြို့ တော်ခန်းမအနီးတဝိုက်ကို လုံခြုံရေးတွေလည်း ပိုမို တိုးမြှင့်ချထားတယ်လို့ မျက်မြင်တွေ့ရှိသူတဦးက ဘားမားဗီဂျေသို့ ပြောဆိုခဲ့ပါတယ်။

              ဒေါက်တာလွဏ်းဆွေမှကူးယူဖော်ပြသည်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment