RADIO

What is current song?

RSS

ဆဋ္ဌမမြောက် ဆင်ဖြူတော် ကိုတွေ့ ရှိခြင်းးးးးးးးးးး

သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ရခိုင်ပြည်နယ် မေယုတောင်တန်းမှာ အောက်တိုဘာလ (၁၅)ရက်နေ့က ဆဌမမြောက် ဆင်ဖြူတော် တွေ့ရှိတဲ့  နောက်ဆုံးရ သတင်းလေး ပြောပြမယ်နော်...

        


             ရခိုင်ပြည်နယ် မေယုတောင် တန်းမှ ဆဌမမြောက်ဆင်ဖြူတော် တစ်စီးဖမ်းဆီးရမိကြောင်း၊ အဆိုပါ ဆင်ဖြူတော်ကို မောင်တောမြို့နယ်မြောက်ပှိုင်း၊ လောင်းဒုံ ဆင်သေပြင်ရွာအနီး အရှေ့ဖက် တစ်မိုင်ခန့်အကွာတွင် အောက်တိုဘာလ (၁၅)ရက်နေ့၊ ညနေ(၄)နာရီ (၃၆)မိနစ်အချိန်တွင် ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း သတင်းတွင် ဖေါ်ပြထားပါတယ်။
              ဆင်ဖြူတော်မှာ အသက် (၄)နှစ်အရွယ် ဆင်ထီးဖြစ်ပြီး အမြင့်(၅)ပေ(၁)လက္မ၊ လုံးပတ်(၇)ပေ(၈)လက္မ၊ အမြီး(၃)ပေ(၁)လက္မ ရှိကြောင်း၊ မျက်လုံးမှာ ပုလဲ၊ အရောင်မှာ ရွှေဝါရောင်ရှိကာ ရှေ့ခြေ (၅)၊ နောက်ခြေ(၄)၊ နားမှာ လတ်ကြေးစည် ဖြစ်ကြောင်း သိရပါတယ်၊
               ယခုအခါ အဆိုပါ ဆင်ဖြူတော်ကို ကြိမ်ချောင်းရွာအနီး တောတစ်နေရာတွင် အယဉ်သွင်းနေကြောင်း၊ မေယုတောင်တန်းမှ ယခု ဆင်ဖြူတော် အပါအ၀င် စုစုပေါင်း ဆင်ဖြူတော် (၆)စီး ပေါ်ထွက်ခဲ့ကြောင်း၊ ပထမ ဆင်ဖြူတော်ကို ၂၀၀၀ပြည့်နှစ်၊ ဇန်န၀ါရီလ (၂၀)ရက်နေ့က ရသေ့တောင်မြို့နယ်၊ အထက်နန်းရာမှလည်းကောင်း၊ ဒုတိယ ဆင်ဖြူတော်ကို ၂၀၀၂ခုနှစ်၊ ဧပြီလ(၅)ရက်နေ့တွင် မောင်တောမြို့နယ် အတွင်းကလည်းကောင်း၊ တတိယ ဆင်ဖြူတော်ကို ၂၀၀၂ခုနှစ် ဒီဇင်ဘာလတွင် ကိုင်းကြီးရွာမှ လည်းကောင်း၊ စတုတ္ထ ဆင်ဖြူတော်ကှို ၂၀၁၀ခုနှစ်၊  ဇွန်လ(၂၆)ရက်နေ့က မောင်တောမြို့မှလည်းကောင်း၊ ပဉ္စမဆင်ဖြူတော်ကို ၂၀၁၀ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့က နေရာမသိ မှလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်ဗျာ၊ အခု ဖေါ်ပြထားတာကတော့ အခုတွေ့တဲ့ ဆင်ဟုတ်ဖူးနော် သူငယ်ချင်းတို့ ကို ကြည့်စေချင်လို့ တင်ပေးလိုက်တာပါ။


               သူငယ်ချင်းတို့ရေ
ဆင်ဖြူတော်များတဲ့  တိုင်းပြည်ကတော့ အေးချမ်းပြီး တိုးတက်ဖွံဖြိုးပါသတဲ့ 
ရှေးအခါက စာတွေမှာပါတယ်နော်
အင်း..... အဲ့ဒီအတိုင်း ဖြစ်ပါစေလို့ ဆုတောင်းလျှက်ပါဗျာ......။ 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment