RADIO

What is current song?

RSS

ပိုက်ဆံတစ်ပြားမှ မကုန်တဲ့လက်ဆောင်(၈)မျိုး

ပိုက်ဆံမကုန်တဲ့လက်ဆောင်ဆိုပေးမဲ့ သူတို့ တွေးရဲ့တန်ဖိုးကိုတော့ လက်ခံတဲ့လူပေါ်မှာမူတည်ပြီ...
စေသနာတန်ဖိုးလေးတွေကို မြင်နိုင်ကြပါစေနော်......ကောင်းသောနေလေးဖြစ်ပါစေ........
လက်ဆောင်(၁)*****နားထောင်ခြင်းလက်ဆောင်"*****
နားထောင်တယ်ဆိုတဲ့နေရာမှာ လေးလေးစားစားနားထောင်ရမယ်။ကြားဖြတ်ပြီး မပြောရဘူး တွေးငေးစိတ်ကူးနေတာမဖြစ်ရဘူး ဘယ်လိုတုံပြန်ပြောမယ်ဆိုပြီး စိတ်ထဲမှာကြိုတင်စိစဉ်မနေရဘူး နားထောင်ပေးခြင်းသက်သက်ပဲ

လက်ဆောင်(၂)*****"မေတ္တာလက်ဆောင်*****
ပွေ.ဖက်တာ၊အနမ်းကလေးတွေ၊ကျောပြင်လေးကို ပုတ်ပေးတာ၊လက်ကလေးကိုင်တာ၊အဲဒီ အပြုအမူကလေးတွေက ကိုယ့်မိသားစုနဲ့ သူငယ်ချင်းတွေအတွက် ကိုယ့်အချစ်ကို ဖော်ပြပေးရာတာမို့ ရက်ရောစွာပေးပါတဲ့

လက်ဆောင်(၃)*****ရယ်မောခြင်းလက်ဆောင်*****
ကာတွန်းကလေးတွေ ဆောင်းပါးကလေးတွေနဲ့ ရယ်စရာ ပုံပြင်လေးတွေ မျှဝေးပေးပါတဲ့ အဲဒီလက်ဆောင်ကလေးက ကိုယ် မင်းနဲ.အတူရယ်မောရတာကို နှစ်သက်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါတဲ့

လက်ဆောင်(၄)*****ရေးထားတဲ့စာလက်ဆောင်*****
ရိုးရိုးကလေးလည်းဖြစ်နိုင်တယ်......."ကူညီပေးတဲ့အတွက် ကျေူဇူးပါ"ဆိုတာမျိုးလေ၊ဒါမှမဟုတ် ကဗျာလေးတစ်ပုဒ်.....၊ကိုယ့်လက်ရေးနဲ.ရေးထားတဲ့  စာတိုကလေးတစ်စောင်ဖြစ်ဖြစ် ဘ၀တစ်သက်စာ အမှတ်တရ ဖြစ်စေနိုင်ပါတယ်၊ ဘ၀ကိုတောင် ပြောင်းလဲစေနိုင်ပါတယ်တဲ့

လက်ဆောင်(၅)*****ချီးမွမ်းစကားလက်ဆောင်*****
ဥပမာ...."အနီရောင်လေးနဲ့ လိုက်တယ်နော်"  "မင်းအကောင်းဆုံး လုပ်ခဲ့တာပဲနော်"ဆိုတဲ့စကားလေးတွေက လူတစ်ယောက်အတွက် အဓိပ္ပာယ်ရှိတဲ့ နေ.တစ်နေ.ဖြစ်စေပါတယ်တဲ့

လက်ဆောင်(၆)*****တစ်ခုခုလုပ်ဆောင်ပေးလိုက်တဲ့လက်ဆောင်*****
 နေ.တိုင်းကြင်နာမှုလေးတွေပေးပါတဲ့၊တစ်ခုခုလုပ်ပေးပါတဲ့

လက်ဆောင်(၇)*****ထီးထီးနေခွင့်လက်ဆောင်*****
တစ်ခါတရံ တစ်ယောက်တည်းနေရတာထက် ပိုကောင်းတာ ဘာမှမရှိဘူးမျိုး  ကိုယ့်မှာလည်ရှိသလို တခြားသူတွေအတွက်လည်း အဲဒီ အခွင့်အရေးလက်ဆောင်ကို ပေးပေးပါတဲ့၊ ကိုယ့်ကြောင့် အနှောက်အယှက် မဖြစ်စေချင်တဲ့ စေတနာမျိုးပေါ့

လက်ဆောင်(၈)*****ချိုသာရွှင်ပျတဲ့ အကျင့်စရိုက်လက်ဆောင်*****အလွယ်ဆုံးနည်းလမ်းက တစ်ယောက်ယောက်ကို နူးညံ့ချိုသာတဲ့ စကားတစ်ခွန်းလောက် ပြောပေးပါတဲ့ ဥပမာ......."ကျေးဇူးပါ" "သူငယ်ချင်း မင်္ဂလာပါ"ဆိုတာလေးတွေပေါ့

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment