RADIO

What is current song?

RSS

လောကကြီး တုန်လှုပ်နေတယ် (ပြင်သစ်မှလူငယ်ဘုန်းကြီးဝတ်ဖို့ မြန်မာပြည်ကို သွားလေရဲ့)

သီတဂူဆရာတော်အရှင်ဥာဏိသာရ

လောကကြီး တုန်လှုပ်နေတယ်

 ပြင်သစ်နိုင်ငံ ပါရီမြို့က စားသောက်ဆိုင်တစ်ဆိုင်မှာ
အလုပ်လုပ်နေတဲ့ Kevin ဆိုတဲ့ အသက်နှစ်ဆယ်လူငယ်လေး။

ဒီလူငယ်လေးက သိပ်ပြီးယဉ်ကျေးတယ်။ တည်ငြိမ်အေးချမ်းတယ်။
ပြီးတော့ မြန်မာပြည်ကို စိတ်ဝင်စားတယ်တဲ့။

သူမြန်မာပြည်ကို စိတ်ဝင်စားတဲ့အကြောင်း မေးကြည့်တော့ ဗုဒ္ဓဘာသာကို
သူစိတ်ဝင်စားလို့ပါတဲ့။ ပြီးတော့ လူ့ဘဝကို ငြီးငွေ့လို့ ဘုန်းကြီး ဝတ်ချင်တယ်တဲ့။

အနောက်နိုင်ငံသား တစ်ယောက်က ဘုန်းကြီးဝတ်ချင်တယ်ဆိုတော့
သုတကလည်း တော်တော်အံ့သြသွားတယ်။ ဒါ့ကြောင့် ဘာလို့ ဘုန်းကြီးဝတ်ချင်တာလဲ
မေးကြည့်တော့ အဟား.....သုတက အတော်ကြီး တုန်လှုပ်သွားတယ်။
သူပြောတာက-
“လောကကြီးဟာ ကြောက်စရာကောင်းတယ်။ ဘေးအန္တရာယ်တွေနဲ့ ကြုံနေတယ်တဲ့။
မငြိမ်းချမ်းဘူးတဲ့။ ဒါ့ကြောင့် အေးချမ်းတဲ့ မြန်မာပြည်မှာ အေးချမ်းတဲ့တရားကို ရှာချင်တယ်တဲ့။

ဒီစကားကြားတော့ သုတက နားထဲမှာ သီတဂူဆရာတော်ရဲ့ တရားတစ်ပုဒ် တန်းဝင်ရောက်လာတယ်။
“လောကကြီးဟာ အတွင်းက ဖွဲပုံကြီး မီးလောင်နေသလို၊ အပြင်ကလည်း တောမီးတွေလောင်နေသလို
လောင်နေတယ်။ လောကကြီးတစ်ခုလုံးဟာ တုန်လှုပ်နေတယ်”

ဒီတရားက ဒီလူငယ်လေးပြောတာနဲ့တစ်ထပ်တည်းပဲ။ သုတကသူ့ကို သိပ်ပြီးစိတ်ဝင်စားသွားတယ်။

မင်းဘုန်းကြီးဝတ်ပြီးရင် လူပြန်မထွက်တော့ဘူးလားလို့မေးတော့ မထွက်တော့ဘူးတဲ့။ ဘုန်းကြီး
ဘဝနဲ့အရိုးထုတ်မှာပြောတယ်။

ဒီလိုနဲ့ သုတကတို့လည်း လိုအပ်တာကိုကူညီခဲ့တယ်။ အခုတော့ Kevin ဆိုတဲ့ လူငယ်လေး
ဘုန်းကြီးဝတ်ဖို့ မြန်မာပြည်ကို သွားလေရဲ့။ မြန်မာပြည်ဖြစ် သုတကတို့ကတော့
လောကသမုဒ္ဒရာထဲမှာရော သံသရာသမုဒ္ဒရာထဲကပါ ရုန်းထွက်ဖို့ တခါမှ မစဉ်းစားခဲ့သေးဘူးတဲ့၊၊၊၊

အပေါ်မှာ သုတ ပြောတဲ့ သီတဂူဆရာတော်ဘုရားကြီရဲ့ တရားဟာ ၂.၁၀.၁၀၀၄ ကစင်ကာပူ နိုင်ငံတွင်ဟောကြားခဲ့သော
  လောက၏သဘော တရားဖြစ်ပါတယ်။အားလုံကြည်ညိုနိုင်အောင်အကျဉ်းမျှ ဖော်ပြလိုပ်ါသည်။
  မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းတွင်သီတင်းသုံးနေချိန်ဆိုလျှင် ဘုရားဖူး တရားနာ ဆွမ်း ပန်း သင်္ဃန် ကပ်သူး
များနှင့်အထူးစည်ကားနေတပ်သည်။ထိုကြောင့် ရဟန္တာ မထေမြတ်များ၊ ထေရီမ များသည်လူစည်ကားမူကိုရှောင်ရန်
ဇေတဝန်ကျောင်းနောက်မှ သစ်တောတွင်းသို (ဆွမ်းစားပြီချိန်မှစ ကျောင်းတွင်းလူရှင်ချိန်ထိတိုင်)သွားရောက်ကာ
ဖလသမာပတ် ဝင်စားကာနေလေ့ရှိကြသည်။ထိုထဲးတွင် ဘုရားရှင်၏ လက်ယာတော်ရံ အရှင်သာရိပုတ္တရာ ကိုယ်တော်
မြတ်ကြီး၏ ညီမငယ်လေး ဥပစာလာ ပါဝင်သည်။
   တောအုပ်တွင် ရဟန္တာတိုသည် တပါးချင်းစီနေကြစဉ် မာနတ်ရောက်လာကာ နှောက်ယှက်ဖို့ကြံစီနေ၏။ ဥပစာလာ
ထေရီမလေးကိုမြင်တော့(မိန်ခလေး အသက်ကငယ်ငယ် လှပချောမောပါလျက် အဘယ်ကြောင့် ကတုံးတုံး၊အဝတ်ကြမ်း
ကြီးဝတ်၊နုတ်ခမ်းမပါတဲ့ခွက်မဲးမဲးကြီးကိုင်ကာ ဆင်းရဲးစွာနေပါသလဲး။နတ်ပြည် ၆ ထပ်မှာနတ်စည်းစိမ်များစံစားရအောင်
လုပ်ပါလား။)ဟု ဥပစာလာရဲ့နား နားသိုကပ်ကာပြော၏။
     ဥပစာလာက(ဟဲ မာယုတ် လောကကြီးတခုလုံးကတုန်လုပ်နေတယ်။နိဗ္ဗာန်ဆိုတာတုန်လုပ်ခြင်းမရှိ ငြိမ်သက်ငြိမ်းချမ်း
၏။လောကကြီးဟာ အတွင်းက ဖွဲပုံကြီး မီးလောင်နေသလို၊ အပြင်ကလည်း တောမီးတွေလောင်နေသလို
လောင်နေတယ်။်အတွင်းအပြင်လောင်နေတာကိုမမြင်အောင်ဖုံးနေကြရင် အခိုးတွေထွက်နေကြ၏။ဒါကြော့င်နိဗ္ဗာန်ကို
ငါအားထုပ်တယ်။)ဟုပြောသည်။
   ကဲးဒီလောက်သာပြောတပ်ပါသည်။တရားတော်အပြည့်အဆုံနာယူကြရင်ဖြင့်အောက်မှာဒေါင်ယူလိုက်ပါ။
လောက၏သဘော
အပေါ်ကမရရင်ဒီလိပ်စာကိုသွာhttp://buddhismworld.ning.com/profiles/blogs/6371237:BlogPost:5920
လောက၏သဘော  ကိုရှာပြီးဒေါင်းယူကြရန်ဓမ္မဒါနပြုလိုက်ပါသည်။
ဘုရား၊တရား၊သံဃာ တို၏ နာမည် အသုံးအနုန်းများစာလုံးပေါင်းမှားခဲ့ရင် ခွင့်လွတ်ကြရန်တောင်းပန်ပါသည်။
အားလုံးကိုအထူးကျေးဇူတင်ပါ၏

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment