RADIO

What is current song?

RSS

မြန်မာအမျိုးသမီးများနှင့် ၀တ်စားဆင်ယင်မှု

မြန်မာအမျိုးသမီးတွေ ၀တ်စားဆင်ယင်မှု တော်တော်ခေတ်မှီလာတယ်ပြောရမယ်
အရင်ကနဲ့ တော်တော်ကွာလာတယ်..ဟိုမှာလည်းအတို ဒီမှာလည်းအတို (အနော်တို့ အကြိုက်)
အိုး...ဆောင်းတွင်းမှာတောင် အတိုလေးနဲ့  သနားစရာ
ဒါပေမယ့် ခေတ်မှီတာကို အားပေးပါတယ် ခေတ်ဆန်တာကိုတော့ မဖြစ်သင့်ဘူးထင်ပါတယ်နိုင်ငံခြားမှာ ကောင်မလေးတွေအတိုဝတ်ပါတယ် တော်တော်လည်းကြည့်ကောင်းပါတယ်
(အနော်လည်းမရောက်ဖူးပါ media ပေါ်ကအမြင်ပါ)
အဲဒါကို အတုခိုးလို့  မြန်မာတွေလည်း လိုက်တုကြတယ်ပေါ့ဗျာ
နိုင်ငံခြားမှာ သူတို့ ဝတ်တာ ရာသီဥတုကြည့်တယ် သူတို့ နဲ့ လိုက်ဖက်မှုကိုကြည့်တယ်တော်တော်ကြည့်ကောင်းပါတယ်
သူတို့ ရဲ့ လူနေမှု စတိုင်လည်းကြည့်သေးတယ်.အနော်တို့ ဆီမှာတော့
ဘာလို့ ဝတ် သူများဝတ်လို့ ဝတ်.(လူတိုင်းကို မဆိုလိုပါ.အရမ်းကြည့်ကောင်း လိုက်သောသူများရှိပါသည်)
ခင်ဗျားတို့ စဉ်းစားကြည့်ဗျာ သူတို့ ဆီမှာ မြေအောက်ရထား ငြိမ့်ငြိမ့်လေးစီး လိုင်းကားငြိမ့်ငြမ့်လေးစီးပြီသွားကြတာဗျ
ကျွန်တော့တို့ ဆီက တချို့ တချို့ သော ကောင်မလေးတွေ ရာသီဥတုက ဆောင်းတွင်း
ဝတ်တော့ ပေါင်လယ် (ကျော်ချင်သေးတယ်) ခြေထောက်မှာက အမာရွတ်ဗလပွ စီးတော့ ဟိုင်းလတ်လိုင်းကား
လမ်းကောင်းရင်တော့ သူဖုံးနိုင်သေးတယ်.အဲလမ်းကလည်း ပျက် လိုင်းကားကလုလည်းမောင်းပြီဆိုရင်တော့ သူမနိုင်တော့ပါဘူး
အဲဒီအခါကြရင် ဘယ်သူ့ အပြစ်လဲ လမ်းလား လိုင်းကားမောင်းတဲ့လူလား ကာယကံရှင်လား ကားပေါ်က အရောင်ခွဲတဲ့လူလား
ွှကျွန်တော်ဆိုလိုတာက ကိုယ့်ဒေသနဲ့  ကိုယ်သွားမယ့်နေရာနဲ့  ကိုယ်နဲ့ အရာအားလုံးကို ချင့်ချိန်သင့်တယ်လို့ ဆိုလိုတာပါ
သူများယောင်လို့ လိုက်ယောင် အမောင်တောင်မှန်း မြောက်မှန်းမသိ မဖြစ်ပါစေနှင့်လို့ ပါ
အားလုံးကို ကျေးဇူးတင်ပါတယ်(ကျွန်တော့ အမြင်တစိတ်တဒေသပါ.မှားတာရှိရင်တောင်းပန်ပါတယ်)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment