Sunday, 12 May 2013
ProShow Gold 4.5 slideshow
Labels:
နည်းပညာ
အမျိုးသမီးတိုင်း မိမိ ရရှိနေတဲ့ဘ၀ကို တန်ဖိုးထားပြီး ဂုဏ်ယူနိုင်ကြပါစေ ။

တစ်ခါတုန်းကပေါ့ ဘုရားသခင်က လူသားမိန်းမကို ဖန်ဆင်းနေတဲ့အချိန်ကာလအတွင်း ၆ ရက်မြောက်နေ့မှာ နတ်သမီးတစ်ပါးရောက်လာပါတယ် ။ ပြီးတော့ ဘုရားသခင်ကိုမေးတယ်
“ ဒီတစ်ခုလေးကို ဘုရားသခင်က ဘာလို့အချိန်အများကြီးယူပြီး ဖန်ဆင်းနေရတာလဲ ”
ဘုရားသခင်က နတ်သမီးကိုကြည်ပြီးပြောတယ်
“ အခုဖန်တီးနေတဲ့ လူသားမိန်းမရဲ့ အစိတ်ပိုင်းတွေကို တွေ့လား ”
နတ်သမီးက ဖန်တီးလက်စ လူသားမိန်းမကို သေသေချာချာကြည့်လိုက်တယ်
ဘုရားသခင်ကဆက်ပြောတယ်
သူဖန်တီးပြီးဖြစ်တဲ့ လူသားမိန်းမရဲ့ လက်နှစ်ချေင်းကို ညွှန်ပြလိုက်ပြီး
“ ဒီလက်နှစ်ချောင်းနဲ့ သူမဟာ ခန္ဓာကိုယ်ပေါ်က အ၀တ်တွေကို လျှော်ဖွပ်နိုင်တယ် အိမ်ထဲမှာရှိတဲ့ပစ္စည်း အမျိုး ၂၀၀ လောက်ကိုလည်း ဟိုရွှေ့ဒီရွေ့ပြောင်းနိုင်တယ် အရသာ ထူးကဲတဲ့အစားအသောက်တွေကိုလည်း ချက်ပြုတ်ပြင်ဆင်ပေးနိုင်တယ် ဒါ့အပြင် ကလေးငယ်တွေကိုလည်းချီမပြုစုပေးနိုင်သေးတယ် အဲဒီလက်နှစ်ဖက်နဲ့ပဲ ဒူးနာတာကအစ လူတစ်ဖက်သား အသည်းကွဲတာ အဆုံး သူ ပျောက်ကင်းအောင်စွမ်းဆောင်ပေးနိုင်တယ် နတ်သမီး ”
ဘုရားသခင်ရဲ့စကားကြောင့်နတ်သမီးက လူသားမိန်းမကို အထင်ကြီးသွားတယ် ပြီးတော့ ဘုရားသခင်ကိုထပ်မေးတယ်
“ ဒါဟာ လူသားမိန်းမရဲ့ပုံသဏ္ဍန် အပြည့်အစုံပဲလား ဘုရားသခင် ”
“ ဒီနေ့တော့ သူမကို ဖန်တီး၇တာတွေများနေပြီ မနက်ဖြန် တစ်ချက်ကြည့်ပါဦး အဲဒီအခါ ပြီးပြည့်စုံတဲ့ လူသားမိန်းမပုံစံကိုတွေ့ရပါလိမ့်မယ် ”
နောက်တစ်နေ့ကျတော့ နတ်သမီးက ဘုရားသခင်ဆီရောက်လာပြန်တယ် ဘုရားသခင်ကပြောတယ်
“ ဒီနေ့တော့ လူသားမိန်းမရဲ့ပုံစံဟာပြီးသင့်သလောက်တော့ပြီးနေပါပြီ ဖန်ဆင်းခဲ့ သမျှထဲမှာ လူသားမိန်းမကို ဖန်ဆင်းရတာ အနှစ်သက်ဆုံးပါပဲ ”
“ ဘာလို့ပါလဲ ဘုရားသခင် ” နတ်သမီးကမေးတယ်
“ နေထိုင်မကောင်းဖြစ်တဲ့အချိန်မှာ ဆို လူသားမိန်းမဟာ သူမ ဘာသာသူမ ပြုစုစောင့်ရှောက်တတ်တယ် သူတစ်ပါးနေမကောင်းရင်လည်း ပြုစုစောင့်ရှောက်ပေးတတ်တယ် တစ်နေ့မှာ သူမဟာ ၁၈ နာရီလောက် အလုပ်လုပ်နိုင်စွမ်းရှိတယ် ”
နတ်သမီးက ဘုရားသခင်ရဲ့စကားကို နားထောင်ရင်း လူသားမိန်းမအနီးကို တိုးကပ်သွားတယ် ပြီးတော့ လူသားမိန်းမကို တို့ထိကြည့်လိုက်တယ်
“ နူးညံ့လိုက်တာ ”
“ ဟုတ်တယ် နူးညံတယ် ဒါပေမယ့် စိတ်ထားကိုတော့ သန်မာအောင်လို့ဖန်ဆင်းထားတယ် အခက်အခဲတွေ အတားအဆီးတွေကိုကျော်လွှားနိုင်အောင်လည်း ဖန်ဆင်းထားတယ် ”
“ သူမက တွေးခေါ်တတ်လို့လား ”
နတ်သမီးက ထပ်မေးလိုက်တယ်
“ တွေးတတ်ယုံတင်မကပါဘူး အကျိုးအကြောင်းဆီလျှော်အောင် စဉ်းစားနိုင်ပြီးညှိညှိနှိုင်းနှိုင်းလည်းလုပ်တတ်သေးတယ် ”
နတ်သမီးက ဘုရားသခင်ဖန်တီးလက်စ လူသားမိန်းမ ပါးပြင်ကို လက်နဲ့ထိလိုက်တယ်
“ ဟင် ဒီမှာ အရည်တွေ စိမ့်ကျနေပါလား ဖန်ဆင်းထားတာများလို့များ လူသားမိန်းမမှာ ၀န်ထုပ်ဝန်ပိုးဖြစ်နေတာလား ”
“ အဲဒါကို မျက်ရည်လို့ခေါ်တယ် နတ်သမီး ”
“ ဟင် .. ဘာအတွက်လဲ ”
“ သူမရဲ့ဘ၀မှာ တွေ့ကြုံလာရတဲ့ ကြေကွဲမှု ၀မ်းနည်းမှု အမုန်းတရားနဲ့ ချစ်ခြင်းတရားတွေ အထီးကျန်မှုနဲ့နာကျင်မှုတွေ ဂုဏ်ယူမှုတွေပျော်ရွှင်မှုတွေ စတဲ့စိတ်ခံစားမှုတွေကို ဖော်ပြဖို့အတွက်ပါ ”
နတ်သမီးဟာ လူသားမိန်းမကို အရမ်းအထင်ကြီးသွားတယ် ပြီးတော့လူသားမိန်းမကိုပြောတယ်
“ သင်ဟာ သိပ်ကို ကြီးကျယ်မြင့်မြတ်လှတဲ့လူသားမိန်းမပါပဲ ဘုရားသခင် သင်ဟာအရာရာကို စဉ်းစားချင့်ချိန်ပြီး တွေးတွေးဆဆ စွမ်းဆောင်နိုင်တယ် အခု သင်ဖန်ဆင်းထားတဲ့ လူသားမိန်းမကလည်း ကမ္ဘာလောကကြီးအတွက် ထူးခြားပြီး မရှိမဖြစ် အလိုအပ်ဆုံးဖြစ်လာပါလိမ့်မယ် ” လို့ဆိုလိုက်တယ်
ဘုရားသခင်ကပြုံးပြီးပြန်ပြောတယ်
“ ဟုတ်တယ် လူသားမိန်းမက ကမ္ဘာကြီးအတွက် တကယ့်လိုအပ်မှုတစ်ခုပါ သူမမှာ လူသားယောက်ျားတွေ အံ့သြသွားစေမယ့် ခွန်အားနဲ့သတ္တိတွေရှိတယ် မိသားစုရဲ့ ၀န်ထုပ်ဝန်ပိုးတွေကိုလည်းဖြေရှင်းနိုင်စွမ်းရှိတယ် သူမကြောင့် ပျော်ရွှင်ခြင်းတွေ ချစ်ခြင်းတရားတွေနဲ့အတွေးအခေါ်သစ်တွေ ဖြစ်ပေါ်လာနိုင်တယ် နောက်ဆုံး သူမကြောက်ရွံ့နေတာတောင်မှ သူမမှာ ပြုံးပြနိုင်တဲ့အစွမ်းရှိတယ် ”
“ အဲ့လောက်တောင်ပဲလား ”
“ ဒါတင်မကသေးဘူး ငိုကြွေးရမယ့်ဒုက္ခတွေ ခါးဆီးခံရမယ့်အချိန်မှာ သူမ သီချင်းဆိုနိုင်တယ် ပျော်ရွှင်ရမယ်မောတဲ့အချိန်မှာလည်းသီချင်းဆိုတယ် ကြောက်ရွံ့ထိတ်လန့်နေချိန်မှာလည်း သီချင်းဆိုတယ် ”
“ အိုး ... ”
“ သူမ မိသားစုအတွက် သူမယုံကြည်ရာကို ပြုလုပ်နိုင်သလို မိသားစုအတွက် သူမဟာ အဓိကဇာတ်ကောင်အဖြစ် ခံယူထားပြီး မိသားစု ငြိမ်းချမ်းတည်ငြိမ်အောင်မြင်အောင် သူမအပေါ်မူတည်နေတယ်လို့လည်းခံယူထားတယ် သူမရဲ့နှလုံးသားဟာ ပုံသဏ္ဍန်အမှန်မရှိဘူး ”
“ သူမရဲ့သားသမီးတွေ အောင်မြင်နေတာကြည်ပြီး ကြည်နူးမျက်ရည်တွေလည်းကျနေတတ်တယ် သားသမီးအတွက် ၀မ်းနည်းတာဖြစ်စေ ၀မ်းသာတာဖြစ်စေ မျက်ရည်ကျတတ်သေးတယ် တခါတခါ ပီတိအပြုံးနဲ့ဂုဏ်ယူနေတတ်သေးတယ် ”
နတ်သမီးက ဘုရားသခင်စကားနားထောင်ရင်း လူသားမိန်းမကို သဘောကျနေခဲ့တယ် ဘုရားသခင်က နောက်ထပ်ဆက်ရှင်းပြတယ်
“ သူမ နှလုံးသားဟာ ဆွေမျိုး မိသားစုထဲက တစ်ယောက်ယောက်ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ယောက်ဆုံးတယ် သတင်းကြားရင် ကြေကွဲထိခိုက်တတ်တယ် ဒါပေမယ့်အဲဒီကြေကွဲမှုတွေကိုပဲ ဘ၀အတွက်လိုအပ်တဲ့ခွန်အားအဖြစ်ပြောင်းလဲယူနိုင်စွမ်းလည်းရှိတယ် ”
“ သူတပါးအတွက် အနမ်းရယ် ယုယနွေးထွေးတဲ့ ဆက်ဆံခြင်းတွေက အသည်းကွဲခြင်းကို ကုစားပေးနိုင်တယ်ဆိုတာလည်း သူမက သိသေးတယ် ”
ဘုရားသခင်က နောက်ဆုံးနတ်သမီးကို စကားတစ်ခွန်းပြောတယ်
“ ဒါပေမယ့် လူသားမိန်းမမှာ ချို့ယွင်းချက်တစ်ခုရှိတယ် ”
“ ဘယ်လို .. ”
“ ဘယ်လိုချို့ယွင်းချက်လဲ ဒီလောက်ပြည့်စုံနေတာကို ”
“ သူမဟာ သူမရဲ့ အဲဒီလို တန်ဖိုးရှိနေမှုတွေကို မေ့နေတတ်တယ် ”
“ ဟင် .. ”
“ နောက်ပြီး ကမ္ဘာပေါ်မှာ သူမဟာ အဖိုးတန်ဆုံးလူသားတစ်ယောက်ပါလားဆိုတာကိုလည်း အမြဲတမ်းမေ့နေတတ်တယ် ”
=================================
ပုံပြင်လေးရဲ့ ဆိုလိုရင်းက အမျိုးသမီးတစ်ယောက်ရဲ့ အနှစ်သာရနဲ့ တန်ဖိုးရှိခြင်းကို ဖော်ကျူးသွားခြင်းပါပဲ
တချို့ အမျိုးသမီးဘ၀ရလို့ စိတ်ညစ်တယ်စိတ်ပျက်တယ် တချို့ ချစ်သူရည်းစားက အသည်းခွဲသွားလို့ စိတ်လေနေတဲ့သူတွေ တချို့ ယောက်ျားကပစ်သွားလို့ လက်မှိုင်ချပြီးကိုယ့်ဘ၀ကိုယ် တန်ဖိုးမရှိဘူးလို့ထင်နေတဲ့သူတွေ အတွက်
ဒီပုံပြင်လေးက ခွန်အားတချို့ကိုပေးစေနိုင်မှာပါ ။
တကယ်တော့ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ သူ့တန်ဖိုးနဲ့သူ ကမ္ဘာလောကကြီးကို အလှဆင်နေတဲ့လူသားတွေချည်းပါပဲ ။ မိန်းမမို့လို့ နိမ့်ကျတာမျိုးမရှိသလို ယောက်ျားမို့လို့ ထူးခြားပြီးမြင့်မြတ်နေတာမျိုးလည်းမရှိပါဘူး ။ ပခုံးနှစ်ဖက်က ခေါင်းပေါက်တာခြင်းအတူတူ လူသားတစ်ယောက်ရဲ့ လူသားဆန်မှု အပြည့်အ၀ရှိနေသူဟာ လူသားပီသတာပါပဲ ။
အမျိုးသမီးတိုင်း မိမိ ရရှိနေတဲ့ဘ၀ကို တန်ဖိုးထားပြီး ဂုဏ်ယူနိုင်ကြပါစေ ။
Labels:
မှတ်သားစရာ
၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရေ သာ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း ,,,,
ရဲဘော်တို့........
ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ ယနေ့ အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။
ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့
တပြိုင်နက် ရဲ ဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံ တော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကိုထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။
ပထမဆုံး ရဲဘော်တို့ကိုမှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော် ဟာလည်း ဗမာတနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။
ဒီတပ်မတော်ဟာ လူတဦးတယောက်အတွက် တည်ထောင်ထားတာမဟုတ်။ တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ် တယ်။ ဒီတပ်မတော်ဟာ တဖွဲ့တပါတီ လူတစုအတွက် တည်ထောင်ထား တာမဟုတ်။တနိုင်ငံလုံးတမျိုးသားလုံးအတွက် ဖြစ်တယ်။
တကယ့်သစ္စာဖြစ်ရမယ်..........
ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ် လက်ထက်ကလို ကြေးစားတပ် မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာကွယ်စောင့်ရှောင့်ဖို့ နိုင်ငံ နှင့်အမျိုးကို မတင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုး၏ သစ္စာကို အမြဲစောင့်ရမယ်။ ရှေးတုန်း ကလို တခြားနိုင်ငံ တခြားအမျိုးကို သစ္စာစောင့်တာမဟုတ်။ အဲဒီလိုစောင့်တဲ့ သစ္စာဟာ ဝတ်ကြေတမ်းကြေစောင့်တဲ့ သစ္စာ ဖြစ်တယ်။ အခု ငါတို့ဟာ ငါတို့အမျိုး ငါတို့နိုင်ငံကို သစ္စာစောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့် သစ္စာဖြစ်ရမယ်။ အပေါ်ယံသာဖြစ်တဲ့ သစ္စာမဖြစ် ရဘူး။ ဘယ်လိုစောင့်ရမလဲ။ ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအ တိုင်း အဆင့်ဆင့်ခန့်အပ်ထားတဲ့ အကြီးအမှူးအားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။ အဲဒီ ကိုယ်စား နိုင်ငံနဲ့ အကျိုးကို သစ္စာစောင့်ခြင်းဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။ ဒီတော့ ရဲဘော်တို့ မေးစရာ စကားတခွန်း ရှိတယ်။ တကယ်လို့ ဒီအကြီး အမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကြိုးငဲ့ပြီး နိုင်ငံနဲ့ အမျိုးကိုသစ္စာမဲ့ပြီး လုပ်ရင် ဘယ့် နှယ့်လုပ်မလဲ။ ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီးအမှုးတွေ ဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်လောက် ကြီးတဲ့လူ ဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ် ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှုးတွေ ရှိရင် ရဲဘော် တို့ရဲ့ အပေါ်မှာလည်း တည်တယ်။ ဥပမာ မတရားတဲ့ အ ကြီးအမှုးတယောက်က ဝတ္တရားနဲ့ မဆိုင်တဲ့ နိုင်ငံနှုင့် အများအကျိုးနဲ့ မပတ်သတ်တဲ့ အမိန်ကမျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျမကျ တရား မတရား နိုင်ငံနဲ့ အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလိုကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက်ကြီး တဲ့အကြီး အမှုး တယောက်ကို ဖြစ်ဖြစ် အခြားအကြီးအမှုးတယောက် ကိုဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။
တော်အောင်ကြိုးစားကြပါ........
ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာ ရှိတဲ့ စစ်သားကလေးက စပြီး အားလုံး ရဲဘော်တွေထဲက ဖြစ် ဖြစ် ကျုပ်ထက် အရည်အချင်း အကျင့်စာရိတ္တ အလုပ်အကိုင် နိုင်ငံချစ်စိတ် အမြော်အမြင် ရှိတယ်လို့ တွေ့တာနဲ့တပြိုင် နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့ အားလုံး ကြိုး စားကြပါ။ တော်အောင် ကြိုးစားကြပါ။
ရာထူးအဆင့်အတန်း
ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာ ရှိသည့်အတိုင်းပြောပြမယ်။ ယခုအခါ ငါတို့အထဲမှာ နိုင်ငံအတွက် အမျိုးမျိုး အ နစ်နာခံဘူးတဲ့ လူတွေရှိတယ်။ ငါတို့ သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော်လည်း ရှေးကသာ ဒီလို အ နစ်နာခံပြီး အခုအလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတတ်နိုင်ဘူး။ အကယ်၍ အခုလည်း အလုပ်လုပ်တယ်။ ရှေးကလည်း အနစ်နာခံဖူးတယ်ဆိုရင် ဒီလိုလူမျိုးဟာ လူများတကာထက် တိုးတတ်မှာ အမှန်ပဲ။ ကနေ့ ဆိုင်ရာလူကြီးတွေ မသိသေး လို့ မတိုးတတ်သေးရင် နောက်တနေ့ တိုးတတ်မှာပဲ။ တကယ်တော်တဲ့သူတွေဟာ ဘယ်သူမှ နှိမ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလည်း သိဒ္ဓိတင်နေစရာမလိုဘူး။ လူကြီးတွေကိုလည်း မျက်နှာလုပ်စရာမလိုဘူး။ ဒါပေမယ့် နီပွန်က ပြန် လာလို့ စစ်ကျောင်းကဆင်းလို့ ရှေးက အနစ်နာခံဖူးလို့ဆိုပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူမှတတ် မှာ မဟုတ်ဘူး။ ဒီ့ပြင်လူတွေအတွက် ကျုပ်မပြောနိုင်ပေမယ့ှ်ဗမာ့တပ်မတော်မှာ ကျုပ်အခုနေရာမှာ တာဝန်ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့ စနစ်က တဆံခြည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံးသိစေချင်တယ်။ ဒါက ရာထူးအ ဆင့်အတန်း တိုးတတ်တာနဲ့ ပတ်သတ်ပြီးရဲဘော်တို့ကို သိဘို့ပြောပြခြင်းပဲ။
တန်ခိုးပြဘို့မဟုတ်.........
တခြား မှာကြားလိုတဲ့ အချက်ကတော့ ပြောနေကြစကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက် ဦးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဘို့မဟုတ်။ လက်နက်အားကိုးတန်ခိုးပြဘို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင်ပြောပြတာ ပဲ။ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လည်း မတရား မလုပ်။ နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေဆိုတာ အားလုံးသဘော ပေါက်အောင် ပြောပြခြင်းပဲ။ အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင် တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက် အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျ တော့ အရင်တုန်းကပြောတာတွေမေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါထုံးစံဘဲ။ ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကို မတရားရင် မကြောက်။ အားကြီးတဲ့အခါလည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင် တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်တယ်လို့ ပြောတာဘဲ။ နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အ မျိုးပဲ။ အမျိုးဟာ ဘာလဲ။ အမျိုးဟာ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကိုလုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ် ဆိုတဲ့လူ အားလုံးပဲ။ ဒီနေရာမှာ လူမျိုးရေးတရားအစစ်ကို ပြောပြချင်တယ်။
မှန်ကန်သော လူမျိုးရေးတရား..........
လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့်အမျိုးသာ ချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရားဘဲလား။ မ ဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ယုံနဲ့ ဒီ့ပြင်လူမျိုးကိုလည်း မုန်းဘို့မလိုဘူး။ သို့်သော်လည်း ကိုယ့်အမျိုးအကျိုးကို လာထိတဲ့ လူတွေကိုတော့ အတွင်းကလူ ဖြစ်ဖြစ် အပြင်ကလူ ဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့။ ဒါက ငါတို့အမျိုးရဲ့ ရန်သူ အဖြစ် သာ နှိမ်နင်းခြင်းဖြစ်တယ်။ ဘယ်လူမျိုး ဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာမဟုတ်ဘူး။ ရာဇဝင်ကိုကြည့်ရင် ကမ္ဘာ့လူမျိုး တွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာ တွေ့ရမှာပဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။ ဒါ ပေမယ့် တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးေ၇းလို့ ထင်တာ တထစ်ချမှားတယ်။ ကျုပ်တို့ဟာ မဆိုင်တဲ့တခြားလူမျိုး တွေကို မုန်းဘို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာပဲ ရှမ်းပဲ ကရင်ပဲ ချင်းပဲ စသဖြင့် ခွဲစရာ မလိုဘူး။
ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူမျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပါတ်သတ်ပြီး ကျုပ်မှာချင် တာပဲ။
ဇာတိမာန် ကောင်းကောင်းထားတတ်အောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေက လူဖျင်းတွေ လူပျင်းတွေ လူ ကြောက်တွေ လူပိုတွေ လူရိုင်းတွေ လူ့ဂွစာတွေ လူ့မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာ တွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ပတ်သတ်ပြီး မှာချင်တာပဲ။
လူကြီးဆိုတာ ဘာလဲ.........နော
က် မှာချင်တာက
ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်နေပြီ။ လူကြီးဆိုတာ ဘာလဲ။ အသက်ကြီးတာကို
ဆိုလိုတာ လား။ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့အလုပ်ကြီးရင် လူကြီးဘဲ။
အခု ငါတို့ ရဲဘော်တို့ရဲ့ အလုပ်ဟာ ငါတို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ
ဒါတွေကို ငါတို့ ရင်မြေကတုတ်လုပ်ပြီး ကာကွယ်ဘို့ပဲ။ ဒီ့ထက်ကြီးတဲ့အလုပ်
ရှိနိုင်ပါဦးမ လား။ မရှိနိုင်ဘူး ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ရ
မယ်။ အစစ အရာရာ ဆင်ခြင်တတ်ရမယ်။ ကောင်းသည် မကောင်းသည် တော်သည် မတော်သည်
ဟုတ်သည် မဟုတ်သည်ကို ဆင်ခြင်တိုင်းထွာနိုင်ရမယ်။ အခု ငါတို့ အချို့အ
လုပ်တွေက သက်သေပြနေတယ်။ ဘေးကလူတွေပြောတိုင်း အရမ်းမယုံကြနဲ့။
စူးစမ်းဆင်ခြင်ပြီးမှ ယုံကြရမယ်။ ငါတို့ ဝတ္တရားနဲ့မဆိုင်တဲ့ အကျယ်အကျယ်
ဖြစ်မယ့်ကိစ္စဆိုရင် ငါတို့ရှောင်ရမယ်။ ဘယ်လို ဘေးကလူက ဗိုလ်ကြီးရဲ့— ဘာ
ကြီးရဲ့— နဲ့ လာမြှောက်ပေးပေး ငါတို့မပါရဘူး။ ဝတ္တရားနဲ့
ငါတို့တော့မဆိုင်ဘူး။ ဒါပေမယ့် ကောင်းတဲ့ကိစ္စ တရားတဲ့ ကိစ္စ လူအများ
ကျေးဇူးတင်မယ့် ကိစ္စဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျူမရှု့ပါနဲ့။
ကူညီပေးကြပါ။ ဆွေမျိုးကိစ္စ မိတ် ဆွေကိစ္စတွေဟာ ကိုယ်တာဝန်လုပ်တဲ့အရေးမှာ
မနှောက်ယှက်ပါစေနဲ့။ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ ယနေ့ အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။
ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့
တပြိုင်နက် ရဲ ဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံ တော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကိုထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။
ပထမဆုံး ရဲဘော်တို့ကိုမှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော် ဟာလည်း ဗမာတနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။
ဒီတပ်မတော်ဟာ လူတဦးတယောက်အတွက် တည်ထောင်ထားတာမဟုတ်။ တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ် တယ်။ ဒီတပ်မတော်ဟာ တဖွဲ့တပါတီ လူတစုအတွက် တည်ထောင်ထား တာမဟုတ်။တနိုင်ငံလုံးတမျိုးသားလုံးအတွက် ဖြစ်တယ်။
တကယ့်သစ္စာဖြစ်ရမယ်..........
ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ် လက်ထက်ကလို ကြေးစားတပ် မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာကွယ်စောင့်ရှောင့်ဖို့ နိုင်ငံ နှင့်အမျိုးကို မတင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုး၏ သစ္စာကို အမြဲစောင့်ရမယ်။ ရှေးတုန်း ကလို တခြားနိုင်ငံ တခြားအမျိုးကို သစ္စာစောင့်တာမဟုတ်။ အဲဒီလိုစောင့်တဲ့ သစ္စာဟာ ဝတ်ကြေတမ်းကြေစောင့်တဲ့ သစ္စာ ဖြစ်တယ်။ အခု ငါတို့ဟာ ငါတို့အမျိုး ငါတို့နိုင်ငံကို သစ္စာစောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့် သစ္စာဖြစ်ရမယ်။ အပေါ်ယံသာဖြစ်တဲ့ သစ္စာမဖြစ် ရဘူး။ ဘယ်လိုစောင့်ရမလဲ။ ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအ တိုင်း အဆင့်ဆင့်ခန့်အပ်ထားတဲ့ အကြီးအမှူးအားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။ အဲဒီ ကိုယ်စား နိုင်ငံနဲ့ အကျိုးကို သစ္စာစောင့်ခြင်းဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။ ဒီတော့ ရဲဘော်တို့ မေးစရာ စကားတခွန်း ရှိတယ်။ တကယ်လို့ ဒီအကြီး အမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကြိုးငဲ့ပြီး နိုင်ငံနဲ့ အမျိုးကိုသစ္စာမဲ့ပြီး လုပ်ရင် ဘယ့် နှယ့်လုပ်မလဲ။ ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီးအမှုးတွေ ဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်လောက် ကြီးတဲ့လူ ဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ် ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှုးတွေ ရှိရင် ရဲဘော် တို့ရဲ့ အပေါ်မှာလည်း တည်တယ်။ ဥပမာ မတရားတဲ့ အ ကြီးအမှုးတယောက်က ဝတ္တရားနဲ့ မဆိုင်တဲ့ နိုင်ငံနှုင့် အများအကျိုးနဲ့ မပတ်သတ်တဲ့ အမိန်ကမျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျမကျ တရား မတရား နိုင်ငံနဲ့ အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလိုကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက်ကြီး တဲ့အကြီး အမှုး တယောက်ကို ဖြစ်ဖြစ် အခြားအကြီးအမှုးတယောက် ကိုဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။
တော်အောင်ကြိုးစားကြပါ........
ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာ ရှိတဲ့ စစ်သားကလေးက စပြီး အားလုံး ရဲဘော်တွေထဲက ဖြစ် ဖြစ် ကျုပ်ထက် အရည်အချင်း အကျင့်စာရိတ္တ အလုပ်အကိုင် နိုင်ငံချစ်စိတ် အမြော်အမြင် ရှိတယ်လို့ တွေ့တာနဲ့တပြိုင် နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့ အားလုံး ကြိုး စားကြပါ။ တော်အောင် ကြိုးစားကြပါ။
ရာထူးအဆင့်အတန်း
ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာ ရှိသည့်အတိုင်းပြောပြမယ်။ ယခုအခါ ငါတို့အထဲမှာ နိုင်ငံအတွက် အမျိုးမျိုး အ နစ်နာခံဘူးတဲ့ လူတွေရှိတယ်။ ငါတို့ သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော်လည်း ရှေးကသာ ဒီလို အ နစ်နာခံပြီး အခုအလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတတ်နိုင်ဘူး။ အကယ်၍ အခုလည်း အလုပ်လုပ်တယ်။ ရှေးကလည်း အနစ်နာခံဖူးတယ်ဆိုရင် ဒီလိုလူမျိုးဟာ လူများတကာထက် တိုးတတ်မှာ အမှန်ပဲ။ ကနေ့ ဆိုင်ရာလူကြီးတွေ မသိသေး လို့ မတိုးတတ်သေးရင် နောက်တနေ့ တိုးတတ်မှာပဲ။ တကယ်တော်တဲ့သူတွေဟာ ဘယ်သူမှ နှိမ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလည်း သိဒ္ဓိတင်နေစရာမလိုဘူး။ လူကြီးတွေကိုလည်း မျက်နှာလုပ်စရာမလိုဘူး။ ဒါပေမယ့် နီပွန်က ပြန် လာလို့ စစ်ကျောင်းကဆင်းလို့ ရှေးက အနစ်နာခံဖူးလို့ဆိုပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူမှတတ် မှာ မဟုတ်ဘူး။ ဒီ့ပြင်လူတွေအတွက် ကျုပ်မပြောနိုင်ပေမယ့ှ်ဗမာ့တပ်မတော်မှာ ကျုပ်အခုနေရာမှာ တာဝန်ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့ စနစ်က တဆံခြည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံးသိစေချင်တယ်။ ဒါက ရာထူးအ ဆင့်အတန်း တိုးတတ်တာနဲ့ ပတ်သတ်ပြီးရဲဘော်တို့ကို သိဘို့ပြောပြခြင်းပဲ။
တန်ခိုးပြဘို့မဟုတ်.........
တခြား မှာကြားလိုတဲ့ အချက်ကတော့ ပြောနေကြစကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက် ဦးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဘို့မဟုတ်။ လက်နက်အားကိုးတန်ခိုးပြဘို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင်ပြောပြတာ ပဲ။ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လည်း မတရား မလုပ်။ နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေဆိုတာ အားလုံးသဘော ပေါက်အောင် ပြောပြခြင်းပဲ။ အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင် တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက် အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျ တော့ အရင်တုန်းကပြောတာတွေမေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါထုံးစံဘဲ။ ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကို မတရားရင် မကြောက်။ အားကြီးတဲ့အခါလည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင် တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်တယ်လို့ ပြောတာဘဲ။ နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အ မျိုးပဲ။ အမျိုးဟာ ဘာလဲ။ အမျိုးဟာ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကိုလုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ် ဆိုတဲ့လူ အားလုံးပဲ။ ဒီနေရာမှာ လူမျိုးရေးတရားအစစ်ကို ပြောပြချင်တယ်။
မှန်ကန်သော လူမျိုးရေးတရား..........
လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့်အမျိုးသာ ချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရားဘဲလား။ မ ဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ယုံနဲ့ ဒီ့ပြင်လူမျိုးကိုလည်း မုန်းဘို့မလိုဘူး။ သို့်သော်လည်း ကိုယ့်အမျိုးအကျိုးကို လာထိတဲ့ လူတွေကိုတော့ အတွင်းကလူ ဖြစ်ဖြစ် အပြင်ကလူ ဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့။ ဒါက ငါတို့အမျိုးရဲ့ ရန်သူ အဖြစ် သာ နှိမ်နင်းခြင်းဖြစ်တယ်။ ဘယ်လူမျိုး ဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာမဟုတ်ဘူး။ ရာဇဝင်ကိုကြည့်ရင် ကမ္ဘာ့လူမျိုး တွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာ တွေ့ရမှာပဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။ ဒါ ပေမယ့် တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးေ၇းလို့ ထင်တာ တထစ်ချမှားတယ်။ ကျုပ်တို့ဟာ မဆိုင်တဲ့တခြားလူမျိုး တွေကို မုန်းဘို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာပဲ ရှမ်းပဲ ကရင်ပဲ ချင်းပဲ စသဖြင့် ခွဲစရာ မလိုဘူး။
ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူမျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပါတ်သတ်ပြီး ကျုပ်မှာချင် တာပဲ။
ဇာတိမာန် ကောင်းကောင်းထားတတ်အောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေက လူဖျင်းတွေ လူပျင်းတွေ လူ ကြောက်တွေ လူပိုတွေ လူရိုင်းတွေ လူ့ဂွစာတွေ လူ့မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာ တွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ပတ်သတ်ပြီး မှာချင်တာပဲ။
လူကြီးဆိုတာ ဘာလဲ.........နော
ဘယ်တော့မှ သစ္စာမဖောက်..........
နောက်ပြီးမှာချင်တာက ပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ ဒီမှာသင်လိုက်တာတွေဟာ ပညာကုန်ပြီ မ ယူဆကြနဲ့။ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး။ လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတဦး တည်းဖြစ်ဖြစ် တိုးတတ်မှုဟာ လက်ရှိအခြေအနေနဲ့ အားမရဘဲ တင်းမတိမ်ဘဲ ရှေ့ဆက်လက် ကြိုးစားမှသာ တိုးတတ်မှုဖြစ်နိုင်တယ်ဆိုတာ ရာဇဝင် သမိုင်းတွေက ကောင်းကောင်းပြထားတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြည့်လည်း သိနိုင်တာပဲ။ဒါကြောင့် ဘယ်ဟာကိုမှ လှေနံဓါးထစ် မယူပါနဲ့။ အထင်မကြီးပါနဲ့။ ဒီ့ထက်တိုးအောင်လုပ်ကြပါ။ အခု ငါတို့နိုင်ငံဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟန်မကျတာတွေ အများကြီးပဲ။ ကျုပ်မှာလည်း ချွတ်ယွင်းချက်တွေ့ရှိတာဘဲ။
ကိုယ့်ချို့ယွင်းချက်ကို ကိုယ်ပြင်ကြရမယ်။
သို့ပေမယ့် ကျုပ် ရဲဘော်တို့ကို ကတိတခု ပြုမယ်။ နိုင်ငံနဲ့ အများအကျိုးရဲ့သစ္စာကို ကျုပ် ဘယ်တော့မှ မဖောက်။ ရဲဘော်တို့ထဲက ဖြစ်ဖြစ် ဒီ့ပြင်ထဲက ဖြစ်ဖြစ် ကျုပ်ထက်တော်တဲ့လူ ထွက်ပြ နိုင်ပါစေ။ ကျုပ်ဖယ်ပေးဘို့ အသင့်ပဲ။
စစ်သားမှစစ်သားဆိုတဲ့ စိတ်ကို ဖျောက်ကြ.......
နောက်ဆုံးတခု မှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓါတ်မထားကြဘို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံမှာ ဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့ လူတွေရှိကြတာမဟုတ်ဘူး။ တခြားစစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုး မျိုး အနစ်နာခံ အမျိုးမျိုးစွန့်စား လုပ်ကြတဲ့ လူတွေလဲရှိတာပဲ။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တခုနားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ် တပ်ရဲ့ အခွင့်အရေးများကို မတရားချိုးဖျက်မယ်ဆိုရင် ကျုပ် အစွမ်းကုန်ကြိုးစား တိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေ ချင်ပါတယ်။
ကနေ့ ဒီမှာပြောတာတွေကို အားလုံးစစ်သားတွေ သိပါစေ။ သိအောင်ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။
http://forverfriends.ning.com/group/story/forum/topics/2863689:Topi...
( Thuya Soemoe Daweithar ထံမှတဆင့် ကူးယူပါသည်)
( အထက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်း ပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။)
Labels:
ဗဟုသုတ
photoshop နဲမျက်နှာ ဆံပင် နှုတ်ခမ် မျက်ခုံးအလှပြင်မယ်
အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ ကျွန်တော်photoshop နဲမျက်နှာ ဆံပင် နှုတ်ခမ် မျက်ခုံးအလှပြင်မယ်
နည်းလေးကိုတင်ပေးလိုက်ပါတယ် ရုပ်စိုးတဲသူတွေလည်း ဒီနည်းလေးသုံးကြည့်လိုက်အဆင်ပြေသွား
ပါလိပ်မယ် အောက်မှာပုံလေးတွေနဲရှင်းပြထားပါတယ်
၁။ file open မှပုံတပုံယူလိုက်ပါ အခုမှလေ့လာနေသူတွေအတွက်တော့အောက်ကပုံကိုကြည့် ပါ
၂။ ပုံတပုံယူပြီးလျှင်အောက်ဆုံးကမီနူးဘားကိုကြည့်ပါ layer new တခုယူပါအောက်ကပုံကိုကြည့်ပါ
၃။ ဘယ်ဘက်မှာရှိတဲ့မီနူးဘားမှာ {1} Brush tool ကိုရွေးပါ {2} ကာလာဘောက်မှာ ပန်းနုရောင်လေးကိုကျွန်တော်ရွေးလိုက်ပါတယ်ဝါသနာရှင်နေအနေနဲနှစ်သက်ရာအရောင်ကိုေ၇ွးနိုင်ပါတယ်
အောက်ကပုံကိုကြည့်ပါ
၎။ မိမိကာလာရွေးပြီးလျှင် အရင်ဆုံးမျက်နှာကိုခြယ်ပါ အောက်ကပုံကိုကြည်ပါ။
၅။ မိမိစိတ်ကြိုက်ခြယ်ပြီးလျှင် မီနူးဘားလေးပြန်ကြည့်လိုက်ပါ soft light ကိုရွေးလိုက်ပါ အောက်ကပုံကိုကြည့်ပါ
၆။ soft light ကိုရွေးပြီးလျှင် အပေါ်ကမီနူးဘားကိုကြည့်ပါ Image မှ Adjustments မှာ vibrance ကိုရွေးလိုက်ပါအောက်ကပုံကိုကြည့်ပါ
ရ။ Image မှ Adjustments မှာ vibrance ရွေးပြီးလျှင်ဘောက်လေးကြလာပါလိမ်မယ်
ကျလာတဲ့ဘောက်လေးထဲမှာ ကာလာရောင်တွေချိန်ပြီး ok ပေလိုက်ပါ
ဒါဆိုရင်မျက်နှာပြီးပါပြီ အောက်ကပုံကိုကြညိ့ပါ
၈။ မျက်နှာပုံပြီးလျှင်နှုတ်ခမ်းနီစိုးပါမယ် ဒီဟာလည်းအပေါ်ကအတိုင်းပါပဲlayernewတခုယူပါအောက်ကပုံကိုကြည့်ပါ
၉။
ဒီဟာလည်းအပေါ်ကအတိုင်းပါပဲ ဘယ်ဘက်မှာရှိတဲ့မီနူးဘားမှာ {1} Brush tool ကိုရွေးပါ {2} ကာလာဘောက်မှာ အနီရောင်လေးကိုကျွန်တော်ရွေးလိုက်ပါတယ်ဝါသနာရှင်နေအနေနဲနှစ်သက်ရာအရောင်ကိုေ၇ွပြီးနှုတ်ခမ်း
တခုလုံးခြယ်လိုက်ပါအောက်ကပုံကိုကြည့်ပါ
၁၀။ မိမိစိတ်ကြိုက်ခြယ်ပြီးလျှင် မီနူးဘားလေးပြန်ကြည့်လိုက်ပါ soft light ကိုရွေးလိုက်ပါ အောက်ကပုံကိုကြည့်ပါ
၁၁။ ၆။ soft light ကိုရွေးပြီးလျှင် အပေါ်ကမီနူးဘားကိုကြည့်ပါ Image မှ Adjustments မှာ vibrance ကိုရွေးလိုက်ပါအောက်ကပုံကိုကြည့်ပါ
၁၂။ Image မှ Adjustments မှာ vibrance ရွေးပြီးလျှင်ဘောက်လေးကြလာပါလိမ်မယ် ကျလာတဲ့ဘောက်လေးထဲမှာ ကာလာရောင်တွေချိန်ပြီး ok ပေလိုက်ပါ
အောက်ကပုံကိုကြညိ့ပါ

၁၃။ ကာလာအရောင်ထက်ချိန်ခြင်သေးတယ်ဆိုရင် ctrl +u ကိုနှိပ်ပြီးချိန်ပါအောက်ကပုံကြည့်ပါ
၁၄။ ဒီလောက်ဆိုရင်ဝါသနာရှင်တွေသဘောပေါက်လေက်ပါပြီ
ဆံပင် မျက်ခုံး လဲဒီတိုင်းပဲဆက်လုပ်ပါမယ်
မျက်ခုံးပြင်ပါမယ်
(၁) layernew ယူမယ်
(၂) ဘယ်ဘက်မှာရှိတဲ့မီနူးဘားမှာ {1} Brush tool ကိုရွေးပါ {2} ကာလာဘောက်မှာ အမဲထားပါ
(၃) မီနူးဘားလေးပြန်ကြည့်လိုက်ပါ soft lightရွေးပါ
၁၅။ mage မှ Adjustments မှာ vibrance
ရွေးပြီးလျှင်ဘောက်လေးကြလာပါလိမ်မယ် ကျလာတဲ့ဘောက်လေးထဲမှာ
ကာလာရောင်တွေချိန်ပြီး ok ပေလိုက်ပါ
အောက်ကပုံကိုကြညိ့ပါ
၁၆။ ဆံပင်ကာလာကမျက်နှာခြယ်တာနဲ့ အတူတူပါပဲ ဆက်လုပ်ကြည့်လိုက်ပါ

၁ရ၊ မိမိတို့ စိတ်ကြိုက်ချိန်ပြီးသွာရင် Ctrl+shift+E နဲ layerပေါင်းပြီးစေ့လို့ ရပါပြီ
Labels:
နည်းပညာ
မိန်းကလေးတွေအတွက် မှဲ.အကြောင်း
မိန်းကလေးတွေစိတ်ဝင်စားမယ်ထင်လို. ဗေဒင် ဆိုဒ်မှတဆင်.ပြန်လည်ဖော်ပြပါသည်။
အမျိုးသမီးများတွင် ထင်ရှားသောမှဲ့ (၇)မျိုး
ရတနာဆံကျစ်လို့ ခေါ်တဲ့မှဲ့ရယ်။
ရတနာဆီမီးထွန်းဆိုတဲ့ မှဲ့ရယ်။
မျက်ရည်ခံမှဲ့ရယ် (ဘယ်ဘက်)
မျက်ရည်ခံမှဲ့ (ညာရယ်)
နှုတ်တဆိတ်ဆိုတဲ့ မှဲ့ရယ်။
ရွှေပိတုန်းစုပ်ဆိုတဲ့ မှဲ့ရယ်။
စံပယ်တင်(ညာဘက်)မှဲ့ရယ်ဆိုပြီး အမျိုးသမီးတွေအတွက်အထင်ကရမှဲ့(၇)မျိုးရှိတယ်။
အဲဒီမှာရင်ဘတ်အလယ်မှာထင်ထင်ရှားရှားမှဲ့တစ်လုံး
တည်းထင်းထင်းကြီးရှိနေတယ်ဆိုရင်အဲဒီမှဲ့ကို၇တနာ ရွှေအိုးလို့ခေါ်တယ်။အဲဒီမှဲ့ရှိတဲ့အမျိုးသမီးတွေဟာ များသောအားဖြင့်ကြွယ်ဝချမ်းသာလေ့ရှိတယ်။ နာမည်ဂုဏ်သတင်း ကျော်ကြားတတ်တယ်။ နောက်ပြီး သူတို့တွေဟာအလုပ်ဌာနတွေမှာအကြီးအကဲခေါင်း
ဆောင်ဖြစ်လေ့ရှိတယ်။သူတို့တွေဟာဆင်းရဲရင်လဲ ခနပဲ။ဆင်းရဲတွင်းတဲကျနေရင်လည်းခနပဲ။မုချ ကြီးပွားချမ်းသာမယ့်သူတွေဖြစ်တယ်။အဲဒီလို၇တနာ ရွှေအိုးမှဲ့ပါနေတဲ့အမျိုးသမီးတွေဟာကျော်နီ ၊ ပတ္တမြား၊ စိန်၊နှစ်သက်ရာတစ်ခုခုကိုလက်သူကြွယ်မှာဝတ်ဆင်
ထားရင် ထူးထူးခြားခြား ကံမြင့်မားမယ်။
နောက်တစ်ခုက နဖူးရဲ့ ဘယ်ဘက်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်းထင်းထင်းကြီးရှိနေတယ်ဆိုရင် အဲဒီမှဲ့ကိုကျတော့ရတနာဆီမီးထွန်းလို့ခေါ်တယ်။ အဲဒီလိုမှဲ့ရှိတဲ့အမျိုးသမီးတွေကြတော့ပစ္စည်းဥစ္စာကြွယ်ဝ ချမ်းသာကြတယ်။အိမ်ထောင်ဘက်ကောင်းနဲ့ ဆုံတွေ့နိုင်ကြတယ်။နောက်ပြီးသားကောင်း သမီးကောင်တွေ ထွန်းကားကြတယ်။ ပြောရရင်တော့ မိဘထက်မြတ်တဲ့သားသမီးတွေနောက်ထင်ပေါ်ကျော်
ကြားတဲ့သားသမီးရတနာတွေကိုဖွားမြင်နိုင်ကြတယ်။ ဘာသာရေးဆိုရင်လည်းအရမ်း စိတ်ဝင်စားလေ့ရှိတယ်။ တစိုက်မတ်မတ်လုပ်လေ့ရှိတယ်။ဒီဘ၀တွင်ဘာသာ တရားလိုက်စားမယ်ဆိုရင်တရားထူးတရားမြတ် တောင်ရနိုင်တယ်လို့ ဆိုတယ်။
နောက်တစ်မျိုးကဘယ်ဘက်မျက်ခန်းနဲ့အထက်နှုတ်ခမ်း
ကြား ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို မျက်ရည်ခံမှဲ့လို့ ခေါ်တယ်။ ဘယ်လောက်ပဲငွေကြေးတွေစည်းစိမ်ဥစ္စာတွေ ပြည့်စုံ နေပေမယ့် စိတ်ဆင်းရဲရတတ်တယ်။ သောကများမယ်။ ငယ်စဉ်ကလေးဘ၀ကတည်းကကြန်းတမ်းတဲ့ဘ၀ခရီးကို အကွေ့အကောက်များစွာနဲ့ဖြတ်သန်းရတတ်တယ်။ နောက်ပြီးအိမ်ထောင်ဆက်လဲများတတ်တယ်။ သူတို့တွေဟာအနက်ရောင်ဆိုရင် လုံးဝမ၀တ်သင့်ဘူး။ ရှောင်သင့်တယ်။ကျောက်စိမ်းကိုလည်း မ၀တ်သင့်ဘူး။ စိန်၊ဥဿဖယာ၊ပုလဲစတဲ့ရတနာတစ်ခုခုကိုကိုယ်နဲ့မကွာ
ဝတ်ထားသင့်တယ်။
နောက်မှဲ့တစ်မျိုးကိုကြတော့ ညာဘက်အောက်မျက်ခမ်းနဲ့အထက်နှုတ်ခမ်းကြားမှာ ထင်ထင်ရှားရှားမှဲ့တစ်လုံးတည်းထင်းထင်းကြီး ရှိနေတယ်ဆိုရင် မျက်ရည်ခံကြီး လို့ ခေါ်တယ်။ သူတို့ရဲ့ ဘ၀တစ်လျှောက်ဆုံးရှုံးမှု့ကြီးများစွာနဲ့ကြုံတွေ့ရတတ်ပြီး အသက်ကြီးတဲ့အချိန်မှာဆင်းရဲဒုက္ခရောက်ရတတ်တယ်။ မမျှော်လင့်ပဲခင်ပွန်းသည်သေဆုံးတတ်ပြီး ငယ်ငယ်ရွယ် ရွယ်နဲ့မုဆိုးမဖြစ်တတ်တယ်။ အဲဒီမျက်ရည်ခံမှဲ့ကြီး ရှိတဲ့ အမျိုးသမီးတွေဟာဘာသာတရားကိုအထူးလိုက်စားပြီး ကိုယ်ကျင့်တရားအထူးကောင်းမွန်အောင်နေထိုင်ရမယ်။ ကုသိုလ်ကောင်းမှု့တရစပ်ပြုလုပ်ဆောင်ရွက်ရမယ်။ အကျင့်သီလကိုအကောင်းဆုံးဖြစ်အောင်နေထိုင်ရမယ်။ မွေးနေ့တိုင်းပန်းဆီမီး ရေချမ်း ကပ်လှူပူဇော်သင့်တယ်။ စိန်၊ဥဿဖယားလက်ဝတ်ရတနာတို့ကိုဝတ်ဆင် ဆောင်ထားသင့်တယ်။
နောက်မှဲ့တစ်မျိုးကိုကြတော့နှုတ်တဆိတ်လို့ခေါ်တယ်။
ဘယ်ဘက်ပါးပြင်ပါးစပ်နားမှာထင်ထင်ရှားရှား မှဲ့တစ်လုံးတည်းထင်းထင်းကြီးရှိနေတယ်ဆိုရင် အဲဒီမှဲ့ကိုနှုတ်တဆိတ်လို့ခေါ်တယ်။အဲဒီမှဲ့ပိုင်ရှင်တွေဟာ စကားပြောအတော်ပြေပြစ်တယ်ကြတယ်။ ချိုသာကြတယ်။ စကားပြောပရိယာယ် ကြွယ်ဝတယ်။ မူယာမာယာများတတ်ကြတယ်။အသိသာဆုံးက ယောက်ျားများ၏ ချစ်ခင်မှု့ စွဲလန်းမှု့များ ရလေ့ရှိတယ်။ အဲဒီမှဲ့ပိုင်ရှင်များဟာစိန်ရယ်မြရယ်ပြောင်ခေါင်းစိမ်း ရတနာတို့ကိုဝတ်ဆင်သင့်တယ်။ အနီရောင်ပန်းပွင့်များကို မကြာခဏဆိုသလို ဘုရားကို ကပ်လှူပေးရင် ကံဇာတာပိုပြီး မြင့်မားစေတယ်။
နောက်မှဲ့တစ်မျိုးက ရွှေပိတုန်းစုပ် လို့ ခေါ်တယ်။ ညာဘက်ပါးပြင် ပါးစပ်နားတွင် ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတဲ့ မှဲ့ပေါ့။ ချစ်ခင်နှစ်သက်သူများဝန်းရံနေတယ်။ မာယာပရိယာယ် ကြွယ်ဝပြီးတော့ လူချစ်လူခင် အားကြီးများတယ်။ စန်းပွင့်တယ်။အိမ်ထောင်ဘက်အမျိုးသား၏ အကျိုးကျေးဇူးကိုခံစားရတယ်။အဖြူရောင်အစိမ်းရောင် ရတနာမှန်သမျှ ၀တ်ဆင်သင့်တယ်။ ပုလဲတစ်မျိုးကို တော့ လုံးဝ ရှောင်ထားသင့်တယ်။
နောက်ဆုံးတစ်မျိုးကတော့ စံပယ်တင်မှဲ့လို့ ခေါ်တယ်။ ဘယ်ဘက်ပါးပြင်မို့မို့မှာထင်ထင်ရှားရှားမှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတဲ့ မှဲ့ကို ခေါ်တယ်။ သူတို့တွေဟာ နာမည်ကျော်ကြားထင်ရှားမယ်။လူတစ်ဦးကိုအလွယ် တကူ နှစ်သက်တတ်တယ်။
ကိုယ့်အပေါ်ကိုအိမ်ထောင်ဘက်ကချစ်ခင်အောင်စွဲလန်း အောင်အမျိုးမျိုးဆောင်ရွက်လေ့ရှိတယ်။သူတို့တွေရဲ့ အချစ်ရေးတွေမှာတော့ အမြဲတမ်းဆိုသလို နှစ်မျိုးနှစ်ခွ ကြုံရလေ့ရှိတယ်။ သူတို့တွေအတွက် အကောင်းဆုံး အဆောင်ကတော့ ပန်းပွင့်ပုံလည်ဆွဲတန်ဆာ ကို ရွှေနဲ့ လုပ်ပြီးဆောင်ထားသင့်တယ်။အဖြူရောင် ကျောက်မျက်ရတနာ မျိုးစုံနဲ့ သင့်မြတ်တယ်။
Credit>>>မြန်မာ့ရိုးရာဗေဒင်ပညာရပ်

ဗေဒင်
Subscribe to:
Posts (Atom)