ကြားနေ၊မြင်နေ၊သိနေရပါသည်..။
""ဟဲ့.....လမ်းထိပ်က ဆိုက်ကားသမား မြကြီး...ညက အမူးလွန်ပြီး....... သေပြီတဲ့...""
""ဟယ်....ဟုတ်လား......မနေ့ကတောင် တွေ့ခဲ့သေးတယ်........အကောင်းကြီး ဟာကို......ကျွတ်!!!!!!!!!!!! သူ့ကလေးတွေ...
သနားပါတယ်....""
# # #
""မိစံ.... ငါတို့ကို မတန်တဆ ခိုင်းတဲ့ စက်ရုံ မနေ့က ၀ါယာရိမ်း ရှော့ ဖြစ်ပြီး.....မီးလောင်တယ်တဲ့...""
"" ဟယ်......ဟုတ်လား....၀မ်းသာလိုက်တာ စိတ်ကောင်းမရှိတဲ့ အဲ့ စက်ရုံ အဲ့လို ဖြစ်တာပဲ....ကောင်းတယ်...""
# # #
"" ငထွန်း မနေ့က....မင်းကို ကျောင်းရှေ့မှာ ကျော်သွားတဲ့ ငမိုး...ဂျေးထဲ ရောက်သွားပြီတဲ့ ကွ...""
"" ဟား.....ဟုတ်လား.... ကောင်းတယ်ကွာ......သူတောင်းစား.....ေ(--)က်ကျင့်မှ မကောင်းတာ အချုပ်ထဲ ရောက်တာပဲ...
အေးတယ်...""
"ကြားနေရသည်...........ကြားနေရပါသည်.....။
# # #
"" အမေ့ လုပ်စာ ....သမီးစားနေတာ မဟုတ်ဘူး....သမီးလုပ်စာ သမီးစားနေတာ.... ဘာမှ လာမပြောနဲ့....""အေးဆေးနေ""
ဆိုပြီး....ကိုယ့်မိခင်၏ ဆိုဆုံးမမှု့ကို လက်မခံပဲ .... မိခင်ရှေ့က ထမီကို မထွက် သွားသော ....သမီးကောင်းရတနာ တစ်ဦး၏
လုပ်ရပ်ကို တွေ့လိုက်ရပါသည်...။
# # #
"" ဖအေ ဖြစ်သူက အိမ်ရှေ့ ဘုရားစင် အောက်တွင် ငုတ်တုပ်လေး ယောင်ကန်းကန်း ထိုင်နေပြီး........အိမ်အတွင်းခန်းထဲတွင် မတော့....သားလုပ်သူက ဌင်း၏ အပေါင်းအသင်းများနှင့် အရက်ဝိုင်းဖွဲ့ စားသောက် အော်ဟစ်နေကြပါသည်...။
# # #
""ခြေချမရအောင် ကျပ်လှသော လိုင်းကားတစ်စီးပေါ်မှာ သံဃာတော် တစ်ဦး (၁၆) နှစ် အရွယ်ခန့် လူငယ်တစ်ဦး ထိုင်နေသော ခုံရှေ့တွင် ပင်ပန်းဆင်းရဲကြီးသော ရပ်တည်မှု့ ဖြင့် ခရီးသွားနေရပါသည်""....။
# # #
မြင်နေရသည်........မြင်နေရပါသည်.....။
# # #
လူတစ်ဦး၏ ကိုယ်ကျင့်တရားသည် ထိုလူ၏ ဘ၀နှင့် သိက္ခာကို ပုံဖော်သည်ဟု အသိပညာပေး စာအုပ် များထဲတွင် ဖတ်ခဲ့ဖူးပါသည်...။
ဂါရ၀တောစ နိဝါတောစ ရိုသေထိုက်သူကို ရိုသေရမည်ဖြစ်ကြောင်း ငယ်ငယ်က သင်ခဲ့ဖူးသော (၃၈)ဖြာ မင်္ဂလာ တရားတော် ထဲတွင် ဖတ်မှတ်ခဲ့ဖူးပါသည်....။
မိမိအား မွေးဖွားပေးခဲ့သော မိနှင့်ဖ သည်...လောကတွင် မိမိအတွက် တန်ဖိုး ဖြတ်မရသော အနှိုင်းမဲ့ လူသားနှစ်ဦး ဖြစ်ပြီး.....မိမိ
အတွက် လွန်စွာ ကျေးဇူးကြီးမားလှပါသည် ဟု ဗုဒ္ဓ၏တရားတော် များထဲတွင် ကြားနားခဲ့ရဖူးပါသည်...။
မိမိနှင့် မသင့်မြတ်သူတစ်ဦး၏ အကျိုးစီးပွားပျက်ခြင်း အပေါ်တွင် ဖြစ်မိသော စိတ်ကျေနပ်နှစ်သက်မိသော စိတ်သည်....လူသား
တစ်ဦးတွင် ရှိရန် မသင့်လျော်ကြောင်း ပုဂ္ဂိုလ်မြတ်တစ်ဦး မိန့်ဆိုခဲ့ဖူးသည်ကို မြင်သိကြားခဲ့ရပါသည်...။
သေခြင်းတရားသည် အသက်အရွယ်မရွေး......လူတန်းစား မရွေး.....ဆင်းရဲချမ်းသာ မရွေး....ပုဂ္ဂိုလ်၊သတ္တ၀ါ မရွေးပဲ ခေါ်ဆောင်ပါ သည်ကို မြင်လဲမြင်...ကြားလဲကြား....သိလဲ သိနေရပါသည်.....။
သို့သော်............
နားတချို့ အတွက် အသံများသည် ကြားစေခြင်းမျှ သာ စွမ်းဆောင်နိုင်ပါသည်........။
မျက်လုံးတချို့အတွက် မြင်ကွင်းပုံရိပ်များသည် မြင်စေခြင်း မျှသာ စွမ်းဆောင်နိုင်ပါသည်.....။
နှလုံးသားနှင့် ဦးနှောက်တချို့ အတွက် အသိတရားများသည်....သိရုံမျှ သာ စွမ်းဆောင် နိုင်ပါသည်....။
နားအတွင်းသို့ ၀င်ရောက်လာသော အသံများသည်........။
မျက်လုံးများရှေ့ မြင်နေရသော ပုံရိပ်များသည်...........။
နှလုံးသားနှင့် ဦးနှောက်အတွင်း ရောက်ရှိလာသော အသိတရားများသည်.......တစုံတရာဘက် ဆက်လက် ပြုလုပ်ရန် သဘော ဆောင် နေခြင်းအား ထိုလူတချို့ တွေးတော သုံးသပ်ခြင်း မပြုကြပါ....တွေးခေါ်ဆုံးဖြတ်မှု့ လုံးလုံး မပြုကြပါ.....။
ကြားနေရခြင်း ၌ပင် ပြီးသွားခဲ့ ပါသည်.....။
မြင်နေရခြင်း၌ ပင် ပြီးသွားခဲ့ ပါသည်......။
သိနေရခြင်း၌ ပင် ပြီးသွားခဲ့ပါသည်........။
%%%%%%%%%%%%%%%%%%
ထို့ကြောင့် .........။
မြင်နေရပါသည်။
ကြားနေရပါသည်။
သိနေရပါသည်။
...................
မြင်နေရပါဦးမည်.....။
ကြားနေရပါဦးမည်......။
သိနေရပါဦးမည်............။
ထို့အတူပဲ ကံ ကံ ၏ အကြောင်းဆက် အကျိုးတရားများသည် လည်း......ထိုလူတစ်ချို့၏ မဆုံးနိုင်သော် ဘ၀သံသရာ တစ်လျှောက်တွင် ထပ်ချပ်မကွာ လိုက်ပါနေရပါလိမ့် ဦးတော့မည် ဆိုခြင်းကို..................
မြင်နေရပါသည်.........။
ကြားနေရပါသည်.......။
သိနေရပါသည်.........။
0 comments:
Post a Comment