RADIO

What is current song?

RSS

“ပြည်တော်ပြန်လား သီးလေးသီးလား"

ပြည်တော်ပြန်လား သီးလေးသီးလား
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့က မြန်မာနိုင်ငံကို ပြန်သွားခဲ့တဲ့ “သီးလေးသီး ဆေးရောင်စုံ” အငြိမ့်အဖွဲ့ထဲကလူရွှင်တော် ဂေါ်ဇီလာ၊ စိန်သီး၊ ဇီးသီးနဲ့ မင်းသမီး ချောစုမျိုးတို့ဟာ အောက်တိုဘာလ ၂၉ ရက်နေ့ကျရင် ရန်ကုန် ကန်တော်ကြီး မျှော်စင်ကျွန်းမှာ လူရွှင်တော် ကျော်ထူး၊ မင်းသမီး သစ်သစ်လွင်တို့ ပါဝင်အားဖြည့်မှုတွေနဲ့ ကပြကြ ပါတော့မယ်။


သီးလေးသီးဆေးရောင်စုံ အဖွဲ့မကွဲခင်က (ဓာတ်ပုံ - စိန်သီး facebook မှ)

“အလှစုံစွာ မြပုဏ္ဏမာ၏ ရင်သွေး သီးလေးသီး ဆေးရောင်စုံအဖွဲ့” နာမည်နဲ့ ကမယ်လို့ အစက ကြေညာထားပေမယ့် သီးလေးသီး အဖွဲ့ကို ထူထောင်ပေးခဲ့တဲ့ လူရွှင်တော် ကိုဇာဂနာက ဒီနာမည်ကို သုံးစွဲခွင့် မရှိဘူး ဆိုတဲ့အကြောင်း မီဒီယာတွေမှာ အကျယ်တ၀င့် ပြောခဲ့ပါတယ်။ဒါပေမယ့် ကိုဂေါ်ဇီလာကတော့ ကြော်ငြာထားပြီး ဖြစ်တဲ့အတိုင်း သီးလေးသီး နာမည်ကို ဆက်သုံးမယ်၊ ဆရာတပည့်အကြား အဆင်မပြေစရာ မရှိဘူး ဆိုပြီး ပြည်တွင်းထုတ် ပေါ်ပြူလာ ဂျာနယ်မှာ ပြောထားတာ တွေ့ရပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မှာ ကျန်ခဲ့တဲ့ အသီးတွေကလည်း ဒီ သီးလေးသီး ဆိုတဲ့ နာမည်ကို လေးသီးစလုံး စုံမှ သုံးစွဲသင့်တယ်လို့ ပြောဆိုနေကြပါတယ်။

အခုတခါ ကိုဇာဂနာကလည်း သီးလေးသီး မစုံသရွေ့ သီးလေးသီး ဆိုတဲ့နာမည်ကို မယူသင့်ဘူးလို့ ပြောပြီး ပြည်တော်ပြန် သီးတွေနဲ့ ပြည်တော်မပြန် သီးတွေကို ကြားချ ညှိနှိုင်းပေးခဲ့ပြီလို့ သိရပါတယ်။ အဲဒီလို ညှိနှိုင်းမှုကြောင့် မျှော်စင်ကျွန်းမှာ ကမယ့် ကိုဂေါ်ဇီလာ အမှူးပြုတဲ့ ပွဲဟာ “ပြည်တော်ပြန်” ဆိုတဲ့ နာမည်နဲ့ပဲ ကတော့မယ်၊ ကျန်ရစ်သူ အသီးတွေလည်း လာမယ့် အောက်တိုဘာ ၃၀ ရက်နေ့ကျရင် ချင်းမိုင်က Art Center မှာ “သီးညီနောင်များ” နာမည်နဲ့ ပွဲတပွဲ ကမယ်ဆိုပြီး ပြည်တွင်း သတင်းဂျာနယ်တချို့မှာ ရေးပြန်ပါတယ်။

ဒါပေမယ့် မျှော်စင်ကျွန်းမှာကမယ့် ပွဲကတော့ အခုအထိ နာမည်ကိစ္စ ဂဏန်းမငြိမ်သေးဘူးလို့၊ အဲဒီလို ဂဏန်းမငြိမ်ရခြင်း အကြောင်းရင်းလေးတွေလည်း ရှိထားတယ်လို့ သိရပါတယ်။မျှော်စင်ကျွန်းပွဲဟာ “ပြည်တော်ပြန်” လား “သီးလေးသီး” လား ဆိုတာကတော့ အဲဒီနေ့မှာ ကြည့်ကြမယ့် ပရိသတ်အတွက် တကွက် ချန်ထားလိုက်ပါပြီ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment