RADIO

What is current song?

RSS

မပြောချင်တဲ့စကားလေးတစ်ခွန်း

ကျွန်တော် တစ်ဖက်သားအပေါ်မပြောချင်တဲ့ စကားလေး တစ်ခွန်းရှိပါတယ်။

ဒီ စကားကတော့ လူတိုင်းလိုလိုလည်းနေ့စဉ်သုံးစွဲဖြစ်ကြပါတယ်။ဒါကတော့
တောင်းပန်ပါတယ်(sorry)ဆိုတဲ့စကားလေးပါပဲ။
အမှားတစ်ခု၊ အပြစ်တစ်ခု၊ သူတပါးစိတ်အနှောက်အယှက်ဖြစ်ဖွယ်တစ်ခုခု ကို ကျူးလွန်ပြီးတိုင်း
ကျွန်တော်တို့ sorry လို့ လွယ်လွယ်ကူကူ ပြောဖြစ်ကြပါတယ်။ဒါပေမယ့် ဒီလိုပြောလိုက်တိုင်း
မိမိဟာ အပြစ်တစုံတရာကို ပြုမူ လိုက်တယ်လို့ ၀န်ခံရာရောက်ပါတယ်။တစ်စုံတစ်ယောက်လည်း
တစ်ခုခု နစ်နာသွားတယ်လို့ ဆိုလိုရာရောက်နေပါတယ်။
သေးသေး၊ကြီးကြီး အမှားတစုံတရာကျူးလွန်ရင် စိတ်မှာ အရာထင်ကျန်ခဲ့ပါတယ်။
မှင်တစ်စက်လို့ ကျလို့ စာရွက်ဖြူတစ်ရွက်မှာ ဘာမှမသိသာပေမယ့် မှင်စက်တွေ ဆက်တိုက်
ကျလာရင်တော့ စာရွက်ဖြူ မှာညစ်ထေးသွားမှာသေချာနေပါတယ်။
        ဒါကြောင့် ကျွန်တော် စဉ်းစားမိတာက နေ့စဉ် လူနေထိုင်မှုဘ၀မှာ ကျွန်တော်တို့
sorry ဆိုတဲ့ စကားကို လွယ်လွယ်ကူကူ ပြောမထွက်ရအောင် ကိုယ်၊စိတ်၊နှလုံး သုံးပါးစလုံး
ထိန်းသိမ်း ရပါမယ်။ ကိုယ့်ရဲ့ မမျော်လင့်ပဲ၊မရည်ရွယ်ပဲ ပြောဆို၊ပြုမူ၊တွေးကြံ မှုတွေဟာ
တစ်ဖက်သားထိခိုက် နစ်နာမှုမရှိရအောင် သတိတရား လေးကိုမွေးမြူပြီး ဆက်ဆံပြောဆိုသင့်ပါတယ်။
ကိုယ်က ရည်ရွယ်မှု မရှိပေမယ့် တစ်ခါတရံမှာ တစ်ဖက်လူ မထင်မှတ်ပဲ နာကျင်ခံစားခဲ့ရရင်
ကိုယ်ရော၊သူရော ထိခိုက်ခံစားရမှာပါ။ မိတ်ဆွေအပေါင်းအသင်းတွေ ကြားမှာလည်း
ခင်မင်မှု၊ယုံကြည်မှုတွေ လျော့ပါးပျောက်ကွယ် သွားတတ်ပါတယ်။
           ဒါကြောင့် ကျွန်တော်တို့ အားလုံး လူတိုင်းကို လေးလေးစားစား ဆက်ဆံပြောဆိုပြီး
ကိုယ်၊စိတ်၊နှလုံးကို ထိန်းသိမ်းနိုင်ရင် မလိုလားအပ်တဲ့ sorry ဆိုတဲ့ စကားလုံးကို
ရှောင်ရှားနိုင်မှာပါ။ဒါမှ အေးချမ်းသာယာတဲ့ ၊ချစ်ကြည်ရင်းနှီးတဲ့ လူမှုဆက်ဆံရေးဘဝ
ကို တည်ထောင်နိုင်မှာ ဖြစ်ကြောင်းပါ။
ချစ်ခြင်းအားဖြင့်
T.H.A

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment