သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ကျနော့လို မအောင်မြင်သေးတဲ့ အောင်မြင်မှုတွေ မရသေးတဲ့ သူငယ်ချင်းတွေရှိခဲ့ရင် ကြိုးစားချင်စိတ်တွေ ပေါ်ထွက်လာအောင် အားတွေတက်လာအောင် စကားနည်းနည်း ပြောမယ်နော်.....
ဘ၀တူတွေအတွက် ဆေးတစ်ခွက်
အလုပ်မယ်မယ်ရရ မရှိသူတွေအတွက်
အချိန်တွေဟာ ကုန်ခဲပြီး နေ့တာရှည်နေတယ်
တကယ် အလုပ်လုပ်နေသူတွေအတွက်တော့
အချိန်ဆိုတာဟာ ကုန်မြန်ပြီး နေ့တာတိုလွန်းတယ်။
ပျင်းရိခြင်းဆိုတာ
အထီးကျန်မှုကိုဖြစ်စေတယ်
ကြိုးစားမှု တွေကတော့
လူ့တန်ဖိုးကို မြင့်စေတယ်။
ပျင်းရိသူတွေအတွက်
အောင်မြင်မှုတွေဟာ မှုန်ဝါး ပျောက်ကွယ်နေသလို
ကြိုးစားသူတွေအတွက်တော့
ကြီးပွား ချမ်းသာမှုတွေ ဖြစ်စေနိုင်တယ်။
အလုပ်တိုင်းကို ငွေနဲ့တိုင်းလို့မရဘူးဆိုတာ လက္ခံရင်
ငွေရတဲ့ အလုပ်ပဲဖြစ်ဖြစ်
ငွေမရတဲ့ အလုပ်ပဲဖြစ်ဖြစ်
အလုပ်တစ်ခုခုကိုတော့ အာရုံစိုက်ပြီး
စိတ်ပါလက်ပါနဲ့ အားကြိုးမာန်တက် လုပ်စေချင်တယ်။
ဒါဆိုရင်....
ဘာလုပ်ရမှာလဲလို့ သူငယ်ချင်းက မေးတော့မယ်
မိမိအတွက် အကျိုးရှိမယ့်အလုပ်
သူတပါးကို အကျိုးပြုနိုင်မယ့်အလုပ်
အဲ့ဒါတွေကို ဥပဒေဘောင်ထဲကလုပ်ပါလို့
ကျနော်က ဖြေမယ်။
ကြိုးစားလျှက်...........
0 comments:
Post a Comment