RADIO

What is current song?

RSS

အတုယူဖွယ် စိတ်ထား ...

အတုယူဖွယ်စိတ်ထားလေးမို့ သူငယ်ချင်းတို.ကို မျှဝေလိုက်ပါတယ်။ မောင်ထောင်သူဌေး ဦးမြရာအကြောင်းလေးပါရှင်၊ သူရဲ.စိတ်ဓာတ်လေးက နှစ်သက်ဖွယ် အလွန်ကောင်းပါတယ်။ ကိုမြရာတို.လင်မယားဟာ အလွန်ပဲဆင်းရဲပါတယ်။ လူနေအိမ်ခြေ ၁၀၀၀ ခန့်ရှိသော မောင်းထောင် ရွာကြီးတွင် ဗူးသီးကြော် ရောင်းချရင်းဖြင်. အသက်မွေးကြရ၏။ “ရှင်ဖွားရှင်ရေ ဟိုရှေ့နားမှာလည်းအုပ်ကြီးလာနေပြီ၊ ရေနွေး မြန်မြန်ဆူအောင်ကြို မှ ဟေ့ ” အကြော်ကြော်နေသော ဇနီးသည် ကိုလှမ်းပြောလိုက်သည်။ “ ယောင်္ကျား သားတွေဆိုတာရေနွေးပူပူ လေးသောက်ရတာကို အလွန်သဘောကျတာရှင်မရဲ. ။ ရေနွေးပွက်ပွက်ဆူဖို့အရေးကြီးတယ်။ တချို.တွေကရေနွေးဆိုပြီးရော ဆူဆူ မဆူဆူ ထည့်ပေးတတ်ကြတာ၊ စေတနာမပါကြဘူး။ မလှူတတ် ဈေးရောင်း ဆိုသလိုပဲ လက်ဖက်ရည်လေး တခွက်လောက် စေတနာပါပါ နှင့် ခရီးသွားတွေကိုတိုက်ရတာ ကုသိုလ်မနည်းပါဘူးကွာ ” ဟု ဆက်ပြောပါတယ်။ လက်ဖက်ရည်ပန်းကန်တွေကို လဲ မကြာမကြာ စေတနာပါပါ ဆေးကြောသန့်စင်ပါတယ်။ ရွာအ၀င်ရှိ လှည်းဝိုင်းများနားခိုရာ မကျည်းပင်ကြီးအောက်နှင်. ဇရပ် တို့ကိုလဲ နေ့စဉ်တံမြက်စည်း သိမ်းလေ့ရှိသည်။ သူ၏်စေတနာကိုမြင်တွေနိုင်ပါသည်။ ထိုမျှမက “ ရှင်မရေ သူများနည်းတူ အလှူကြီး မပေးနိုင်ပေမဲ့ ဒီမကျည်းပင်ကြီးအောက်က ရေချမ်းစင်မှာ နွေမိုးဆောင်း ရေခပ်ထည်.ရတဲ.. အလှူလဲမနည်းပါဘူးကွာ ရေအကျီုး ၁၀ ပါးတဲ့ ” ဟုမကြာခဏပြောလေ့ရှိသည်။ ၃ ဖာလုံ လောက်ဝေသောရေကန်မှ ရေကို နေ့တိုင်း ထညိ့ပေးလေ့ရှိသည်။ ကိုမြရာတို့လင်မယားတွင် ဆင်းရဲသော်လဲ အတုယူစရာများစွာရှိပါသည်။ ပထမဦးဆုံး အိုးမှချသော အကြော်ကို ရွာဦးကျောင်းအတွက်ဆွမ်းခံလာသောကျောင်းသားလေးများကို ဦးစွာလောင်းလှူလေ့ရှိသည်။ ပင်ကိုစေတနာ အရ ဆောင်ရွက်ခြင်းဖြစ်၍ တံမြက်လဲ၊ ရေခပ် အများကောင်းကျိုးအတွက်ကို ပင်ပန်းသည်ဟူ၍ မရှိ ကျေနပ်၍ ပင်နေတော့သည်။ ထိုကျေနပ်မူသည် မဟာကုသိုလ်စိတ်ကြီးပင်ဖြစ်ပါသည်။ ကိုမြရာ၏်ဇနီး မှာလဲ စိတ်ချင်းတူသူမို့ ဗူးသီးကြော်ရောင်းရင်း ရာသီအလိုက်သီးနှံလေးတွေ ရောင်းရင်း ဖြင် မကြာမှီပင်လယ်ဧကလေးအနည်းငယ်ဝယ်ယူနိုင်ခဲ.သည်။
ထိုသို့ဖြင်. လယ်သမားဘ၀ရောက်လာကြ၏။ “ ဟေ. မောင်မြရာ မောင်ထောင်နေသလား မိုးရွာလို့ ထွန်ရေးအေ၇းကြီးချိန်မှာ. မုန်.လုပ်နေကြပြန်ပြီလား၊ သူများတွေပျိုးထောင်ကုန်ကြပြီ ” ဟု အိမ်နီးချင်းဦးလေးကြီးကနုတ်ဆက်လိုက်သည်။ “ မုန်.မှုန်.ထောင်းတာမဟုတ်ဘူးဦးလေးရေ ဆန်ဖွတ်တာပါ ” ပျိုးမထောင်မှီ မျိုး စပါးထဲ က တဆုံစာဆန်ဖွတ်ပြီး ဆွမ်းတော်လဲ ကပ် သံဃာတော်တွေကို ဆွမ်းလောင်းရန်စိတ်ကူးပေါက်၍ ပြုလုပ်နေကြောင်းရိုးရိုးပင်ဖြေကြားလိုက်သည်။ အိမ်နီးချင်းဦးလေကြီးမှာပဲ ဟေ မင်းလက်ထက်ရောက်မှပဲ မျိုးစပါးကိုချက်ပြီး လှူရတယ်လို့ ကြားဖူးရသကွာ ကောင်းပါတယ် ဘယ်သူမှမတတ်နိုင်တဲ.အလှူမျိုး ပဲ ဟုသာပြောနိုင်တော.သည်။ ကိုမြရာလက်ထက်မှ ကြားဘူးသောအလှူ များမှာထိုမျှ မကသေး “ ငါကိုတိုင်နွားနဲ.ရုန်းပြီးလုပ်ရတဲ.စပါး အကျိုးရှိအောင် ဦးဦးဖျားဖျား ရတနာသုံးပါးလှူပြီးမှစားမယ်” ဆင်းရဲလေလေသံဝေဂ ရလေလေ ပါပဲ။ သူစပါးခင်းမှ ပထမဦးဆုံးစပါးများကို ကောက်ဦးဆွမ်းဟူ၍ သံဃာတော်များကို လှူတန်း ပြီး အကျေနပ်ကြီးကျေနပ်နေတော့သည်။ ကောက်ဦးဆွမ်း မှာ တရားပွဲ တွင်ကြားဘူးယုံပဲ ရှိပြီး လက်တွေလုပ်သူရှားပါးပါသည်။
ထို့သို. နှင်. လယ်ရာမြေများလဲ တိုးပွားလာပါသည်။ ကုန်မျိုးစုံ ဆိုင်လေးကိုလဲ တိုး၍ ဖွင်.နိုင်ခဲ.ပါသည်။ ဦးမြရာ၏ သမ္မာအာဇီဝ ရိုးဖြောင်. မှန်ကန်သော စိတ်ထားကြောင်. အရောင်းအ၀ယ်တွင်လဲ ဒီရေအလားတီုးတက်လာပါသည်။ ထိုသို.နှင့် လယ်ဧက ၅၀၀ ၊ မောင်းထောင်၉လုံး၊ စပါးထည်.သောကျီ ၁၀ လုံးခန်. ပိုင်ဆိုင်သော သူဖြစ်လာပါသည်။ ဦးမြရာ နှင်. ဒေါ်ဘွားရှင် တို.၏ အလှူ ဒါနများကားများပြားလှပေသည်။ မီးစက်။ ကျောင်းဆောင်၊ သိမ်၊ ရုပ်ပွားဆင်းထုတော်များ ဟူ၍ များပြားလှပါသည်။ စာရှည်နေ၍ အတိအကျဖော်မပြတော.ပါ။ ဦးမြရာသည် ဒါနပြုရာ၌ ကိုယ်တိုင်ကိုယ်ကျလှူခြင်း၊ သန်.သန်.ရှင်းရှင်း ပြုလုပ်လှူခြင်း၊ လှူ၇ာ၌ စိတ်ပြတ်သားခြင်း စသည်တို.ကြောင်. သူ.ရဲ.ဒါနကိုအလွန်ယုံကြည်သူဖြစ်ပါသည်။ တနေ.၌ ဦးမြရာ၏ အိမ် သူခိုး ခိုးခံရဘူးသည်။ သိုသော် သူ၏ စင်ကြယ်သောစေတနာ ကြောင်. သူခိုးကိုယ်တိုင် ပြန်လာပို.သွားတာကီု အံ့သြ ဖွယ်တွေ.မြင်ကြရသည်။
ဒီလိုနဲ. အသက်တွေ ကြီးရင်.လာကြ ပြီး ဦးမြရာ၏ ဇနီးနှင်.သားသမီး များ ရှေ.ဆင်.နောက်ဆင်.ကွယ်လွန် ကုန်ကြသည်။ ဦးမြရာလဲအသက်၆၀ ၀န်းကျင်သို.ရောက်ရှိလာကာ သံဝေကတွေရပြီး ကျန်ရှိသောသား အငယ်လေး ကို ပေးသင်.တာခွဲဝေပေး လိုက်ပါသည် ။ ပိုင်ဆိုင်မူမှာအလွန်များ တဲ. အတွက် ကျန်တာတွေကို အကုန်လှူပြစ် မယ် ဆိုပြီး အပေါင်ခံထားသော ပစ္စည်း များကို ပိုင်ရှင်ထံ အလကားပြန်ပေးအပ်ခြင်း၊ လယ်ယာများ ကို လဲ ယခင်ပိုင်ရှင်များထံပြန်လည်လှူတန်း ခြင်း၊ စသော ထူးခြားသော အလှူ ကြီးကိုထပ်၍ လှူတန်းပါသည်။ ရသူတွေမှာ လဲ ထီပေါက်သကဲ.သို.ပျော်ရွှင်ကြရပါသည်။ ထို.သို. လှူတန်းပြီး သူဌေးကြီး ဦးမြရာဟာ အပူအပင်မရှိ အေး ချမ်းစွာ တရားဘာဝနာအားထုပ်ရင်း အသက်၆၆ နှစ်တွင်ကွယ်လွန်ခဲ.ပါသည် ။ အလွန် ကြည်ညိုဖွယ်စိတ်ထားပိုင်ရှင်ဖြစ်ပါသည်။ အတုယူ နိုင်စေရန် စေတနာဖြင်.
ကြူကြူရှိန် ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

1 comments:

ရနံ့စံအိမ် said...

ကူးယူခွင့်ပြုပါဦးနော်
ပြန်မျှဝေချင်လို့ပါ။ ကျေးဇူး
ရွှင်လန်းချမ်းမြေ့ပါစေ

Post a Comment