RADIO

What is current song?

RSS

ထားသင့်တာတွေ ထားခဲ့ပါ

သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ကျနော်တို့ တတွေဟာ ဘ၀ခရီးကို လျှောက်လှမ်းနေသူတွေမို့ အခက်အခဲ အမျိုးမျိုးနဲ့ ကြုံတွေ့နေကြမှာပါနော်၊ ကောင်းကျိုးတွေလည်း တော်တော်များများ ရရှိခဲ့ကြမှာပါ၊
          ကျနော် ပြောချင်တာကတော့ဗျာ... ကျနော့သူငယ်ချင်းတွေလည်း ကျနော့လို အမြဲတမ်း စိတ်ချမ်းသာမှုလေးတွေနဲ့ နေချင်တဲ့ ဆန္ဒရှိမယ်ကြမှာ သေချာလေတော့၊ နဲနဲလေး စဉ်းစားကြည့်ကြရအောင်ပါ.....
          တခါတုန်းက ဘုန်းကြီးတစ်ပါးနဲ့ ကိုရင်လေးတစ်ပါးဟာ ခရီးတစ်ခုကို အတူတူထွက်ခဲ့ကြသတဲ့။
ဒီလိုနဲ့ခရီးလမ်းမှာ မြစ်တစ်ခုကို ဖြတ်ကူးဖို့ ဖြစ်လာပါတယ်။ တံတားကလည်း အိုမင်းပျက်စီးနေပါပြီ။
မြစ်ကို ဖြတ်ကူးဖို့တံတားကို မသုံးပဲ ရွှံ့ရေထဲကနေ ဖြတ်လျှောက်မှ ရမှာပါ။ ဒီအချိန်မှာ ဘုန်းတော်ကြီး
တွေလိုပဲ မြစ်ကို ဖြတ်ကူးဖို့ မိန်းမချောလေးတစ်ယောက်လည်း ရောက်လာပါတယ်။ သူမကတော့ မြစ်က
ို ဖြတ်မကူးနိုင် ဖြစ်နေတာပေါ့။ အဲ့ဒီမှာ ဘုန်းတော်ကြီးက မိန်းကလေးကို သူကျောပိုးပြီးခေါ်သွားမယ်လို့
ပြောတော့ မိန်းကလေးကလည်း လက်ခံလိုက်ပါတယ်။ ဘုန်းတော်ကြီးရဲ့ ဒီလုပ်ရပ်ကို ကိုရင်လေးဟာ
အလွန်ထတ်လန့် အံ့သြသွားပါတယ်။ တရားတော်မှာ မာတုကာမ တွေနဲ့ လုံးဝ ပတ်သတ်ထိတွေ့ခြင်း
မရှိရလို့ သင်ကြားထားရတယ် မဟုတ်လား။ ဒါပေမယ့် ကိုရင်လေးဟာ ဆိတ်ဆိတ်သာနေခဲ့ပါတယ်။
            ဘုန်းတော်ကြီးက မိန်းကလေးကို ကျောပေါ်တင်ပြီး မြစ်ကိုဖြတ်ကူးပါတယ်။ ကိုရင်လေးကတော့
နောက်ကနေ စိတ်ညစ်ညူးစွာနဲ့လိုက်ခဲ့ရတာပေါ့။ မြစ်ရဲ့တဖက်ကမ်းကို ရောက်တော့ ဘုန်းတော်ကြီးဟာ
မိန်းကလေးကို ချပြီး လမ်းခွဲထွက်လာခဲ့ပါတယ်။
            ဒီလိုနဲ့ ဘုန်းတော်ကြီးနဲ့ ကိုရင်လေးတို့ဟာ ခရီးဆက်ထွက်ခဲ့တာ မိုင်ပေါင်းတော်တော်လေး
ရောက်လာတဲ့ထိ ကိုရင်လေးရဲ့စိတ်မှာ မပျော်ရွှင်နိုင်သေးပါဘူး။ ဘုန်းတော်ကြီးရဲ့ လုပ်ရပ်ကို တွေးတွေးပြီး
သူ့စိတ်မှာ အခဲမကျေ ဖြစ်နေတာပေါ့။ ဒါပေမယ့် သူက ဆိတ်ဆိတ်သာနေပါတယ်။ တခွန်းမှ မပြောဘူးပေါ့။
           နာရီပေါင်းများစွာခရီးနှင်ပြီး အပန်းဖြေစခန်းတစ်ခုကို ရောက်တဲ့ အချိန်မှာတော့ ကိုရင်လေး လုံးဝ
သည်းမခံနိုင်တော့ပါဘူး။ ဘုန်းတော်ကြီးကို မျက်နှာချင်းဆိုင် ဖြေရှင်းတော့တာပေါ့။ "ကိုယ်တော်ဟာ
သန့်ရှင်းစင်ကြယ်တဲ့ ဘုန်းတော်ကြီးလို့ ဘယ်လို ပြောနိုင်တော့မှာလဲ.... မိန်းကလေးတစ်ယောက်ကို
ထိခဲ့တဲ့နောက်တော့ ကိုယ်တော်ဟာ ရိုးသားဖြူစင်နိုင်ပါတော့မလား.. ဘာကြောင့် အဲ့လိုလုပ်တာလဲသူမဟာ
လှပလို့လား...?" လို့မေးသတဲ့လေ၊ ဒီစကားကို ဘုန်းတော်ကြီးကြားတော့ ဘုန်းတော်ကြီးက ကိုရင်လေးကို အထူးတဆန်းကြည့်ပြီးမေးလိုက်ပါတယ်...။ "ငါက မိန်းကလေးကို လွန်ခဲ့တဲ့ နာရီပေါင်းများစွာ ကတည်းက
ချထားခဲ့ပါပြီ. မင်းကတော့ သူမကို ဒီအထိခေါ်လာခဲ့တာလား.." တဲ့လေ။
          သူငယ်ချင်းတို့ရေ၊ ဒီပုံပြင်လေးမှာ တွေးစရာလေးတွေ ပါလာတယ်နော်၊ ကျနော့သူငယ်ချင်းတွေ စဉ်းစား တွေးတော နိုင်ကြပါစေဗျာ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment