RADIO

What is current song?

RSS

ရွှေတိဂုံစေတီရင်ပြင်တော်မှာသင်္ချိုင်းရှိခဲ့ဘူးတာသင်သိလား ..

ရွှေတိဂုံစေတီ ရင်ပြင်တော်မှာ တပ်စွဲထားတဲ့ အင်္ဂလိပ်စစ်တပ်နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ကြရာ ...
 အမှတ် ၁၈ ၊ ဘုရင့်အိုင်းရင်းတပ်မှ လက်ဖတင်နင်အာရ်ဒူရန်(Lt.R.Doran) အမှတ် ၉ ၊ မဒရပ်ခြေမြန်တပ်မှ
 ဂျေအမ်တေလာ (J.M.Yaylor) နှင့် ၀င်ချက်စတာသင်္ဘောမှ ကပတိန် စီဂျီလော့ (C.G.Locke) တို့ ကျဆုံးကြပြီး
 ရွှေတိဂုံရင်ပြင်တော်၏အရှေ့မြောက်ထောင့်(တနင်္ဂနွေထောင့်)မှာမြှုပ်နှံခဲ့ပါသည်။
 ၁၉၁၉ ခုနှစ်တွင် ရင်ပြင်တော်ပေါ်တွင်တပ်စွဲထားသော အင်္ဂလိပ်စစ်တပ်အားဖယ်ရှားပေးရန်မြန်မာတို့မှ
 တောင်းဆိုကြပြီး ... ၁၉၂၉ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက် နေ့ နံက် ၇ နာရီခန့်တွင် ကုန်းတော်ပေါ်၌မြှုပ်နှံထားသော
 အင်္ဂလိပ် အလောင်းများအား စစ်အခန်းအနားဖြင့် ကန်တိုမင်ပန်းခြံ (ဦးဥတ္တမပန်းခြံ)သို့ ရွှေ့ပြောင်းမြှုပ်နှံခဲ့ပါသည်။
             မောင်ကြည်သန့် ၏ မြန်မာ့ဖြစ်ရပ်(၁၀၀) စာအုပ်မှ ကောက်နှုတ် တင်ပြပါသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment