RADIO

What is current song?

RSS

အမျိုးသမီးများ ချောကလက် စားသုံးခြင်းဖြင့် လေဖြတ်ဝေဒနာကို ကာကွယ်နိုင်


သီတင်း တစ်ပတ်ကို ချောက လက် နှစ်တောင့် စားသုံးတဲ့ အမျိုးသမီးတွေ ဟာ လေဖြတ်ဝေဒနာ ခံစားရဖို့ အလားအ လာ လျော့နည်း သွားတယ်လို့ ဆွီဒင်နိုင်ငံက သုတေသီတွေ လုပ်ဆောင်ခဲ့တဲ့ လေ့လာမှု အသစ် တစ်ခုအရ သိရပါတယ်။ ချောကလက် ပြုလုပ်ရာမှာ ပါဝင်တဲ့ ကိုကာ အစေ့ထဲက ဓာတ်တိုးဆန့်ကျင် ပစ္စည်း တစ်မျိုးဟာ နှလုံးသွေးကြော ဆိုင်ရာ ရော ဂါတွေအပါအ၀င် ကျန်းမာရေး အခြေအနေ တစ်ချို့ကို အကာအကွယ် ပေးနို င်ကြောင်း လေ့လာမှု များစွာက ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

ကိုကာ စေ့ထဲမှာ ပါဝင်တဲ့ ဓာတ်ပေါင်း တစ်မျိုးဟာ ဓာတ်တိုးဆန့်ကျင် နိုင်တဲ့ အရည်အသွေး ရှိပြီး ကိုယ်တွင်းရှိ မကောင်းတဲ့ ကိုလက်စထရော ဓာတ်တွေရဲ့ ဓာတ်တိုးမှုကို ထိန်းချုပ်ထား နိုင်တဲ့အတွက် နှလုံးသွေး ကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ေ ပး နိုင်တာဖြစ် ပါသည်။ အခုတစ်ကြိမ် လေ့လာတွေ့ရှိ မှုမှာတော့ ဆွီဒင် အမျိုးသား သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ဆေးပညာ တက္ကသိုလ်မှ သိပ္ပံပညာ ရှင်တွေဟာ အသက် (၄၉)နှစ်နဲ့ (၈၃)နှစ်ကြား အရွယ်ရှိ အမျိုးသမီး ဦးရေ (၃၃၃၇၂) ဦးကို အချိန် (၁၀)နှစ်ကြာ လေ့လာခဲ့ ကြသလို အမျိုးသမီးများ လေဖြတ်ဝေဒနာ ဖြစ်ပွားမှုနဲ့ ပတ်သက်တဲ့ လေ့လာမှု (၁၅၀၀)ကျော်ကိုလည်း ထပ်မံလေ့လာ ခဲ့ပါသည်။ အဲ့ဒီလို လေ့လာ ခဲ့ရာမှာ တစ်ပတ်ကို ချောကလက် (၂)တောင့် (သို့မဟုတ်) (၆၆.၅)ဂရမ်ကို စားသုံးတဲ့ အမျိုးသမီး တွေဟာ လေဖြတ်ဝေဒနာ ခံစားရနိုင်ခြေ (၂၀)ရာခိုင်နှုန်း လျော့နည်းသွား တာကို တွေ့ရပါသည်။

တစ်ပတ်ကို ချောကလက် (၄၅)ဂရမ် နဲ့အထက် စားသုံးရုံနဲ့ လေဖြတ် ဝေဒနာကို ကာကွယ်နိုင်တဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင် မှာ ဖြစ်ပေမေယ့် ပိုပြီးများများ စားသုံးလေ ပိုပြီး အကျိုးရှိ လေဖြစ်ကြောင်း သုတေသီတွေက ပြောကြားခဲ့ ပါသည်။ အခုလေ့ လာ တွေ့ရှိခဲ့တဲ့ ရလဒ်တွေအရ ချောကလက် စားခြင်းဟာ ဦးနှောက်အတွင်း သွေးယိုစီးမှုကြောင့် ဖြစ်ပွားတဲ့ လေဖြတ် ဝေဒနာနဲ့ ဦးနှောက် အတွင်း သွေးစီးဆင်း မှု ပြတ်တောက်ခြင်းကြောင့် ဖြစ်ပွားတဲ့ လေဖြတ်ဝေဒနာ နှစ်မျိုးစလုံးကို ကာကွယ်ပေး နိုင်တယ်လို့ သိရပါသည်။ ဒါ့ပေမယ့်လည်း ချောကလက် တွေထဲမှာ သကြားဓာတ် နဲ့ အဆီဓာတ် ပမာဏ များစွာ ပါဝင်တာကြောင့် သင့်တော်ရုံသာ စားသုံး သင့်ကြောင်း အရောင်ပိုနက် တဲ့ ချောကလက်တွေဟာ သကြားနဲ့ အဆီ ပါဝင်မှု နည်းပါးတာကြောင့် အဲဒီလို ချောကလက် တွေကို စားသုံးခြင်းက ပိုမို အကျိုးရှိ စေမှာဖြစ်ကြောင်း သုတေသီတွေက အကြံပြုထားတယ်လို့ သိရပါသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment