RADIO

What is current song?

RSS

သိပ်ဝမ်းသာ စရာကောင်းတဲ့သတင်းလေး

သိပ်ဝမ်းသာ စရာကောင်းတဲ့သတင်းလေး နဲ့ အတူ-----------------
ဆရာလေး မနေ့ က ကျောက်ဆည် ရေဘေး ဒုက္ခသည် စခန်းက တာဝန်ရှိတဲ့ လူကြီးတစ်ယောက်ဆီကို ဖုန်းဆက်မေးမြန်းခဲ့ပါတယ် ရှင် ။ အဲဒီမှာ ကြားခဲ့ရတာကတော့ ကျောက်ဆည်မှာ အခုဆိုရင် ဗွက်တွေ ကျန်နေသေးလို့ မပြန် သေးပဲ ဗွက်အခြောက် ကိုစောင့် နေသူက လွဲ လို့ ကျန်တဲ့ မိသားစု များ (အိမ်ထောင်စုများ )အားလုံး မိမိနေရပ် ကိုပြန် ပြီး အေးချမ်းစွာ အလုပ်လုပ် နိုင်ကြပြီးဖြစ်လို့ေ...တ်ာတာ်လေး တည်ငြိမ်သွားပြီး ဖြစ်ပါတယ် ရှင် ။ အဲဒီတော့ ဆရာလေး ဆီမှာ အခု ကျောက်ဆည်ရေဘေး ဒုက္ခသည်တွေ ကို အတတ်နိုင်ဆုံး ကူညီ ဖို့ ဆိုပြီး အလှူခံ ရရှိထား တဲ့ န၀ကမ္မ(လိုအပ်ရာ ၀ယ်လှူရန်) အလှူ ခံရရှိ ငွေ -၁၀၀၀၀၀ိ/ (တစ်သိန်းကျပ်)
အရူးလွယ်အိတ် အွန်လိုင်းပရဟိတ ဆိုဒ်မှ -ရေဘေးကယ်ဆယ်ရေးအတွက် မတည် ငွေ- ၁၀၀၀၀၀ိ/(တစ်သိန်းကျပ်) နှင့် အတူ
သရပါ စာကြည့်တိုက်မှ ရေဘေး ဒုက္ခ သည်များအတွက် -ဆေးဖျော်ရည်အလို့ငှါ အတွက် ဓာတ်ဆားအထုပ်(၂၀၀၀)
တို့ လက်ခံရရှိထားပါတယ် ရှင် အခုကျောက်ဆည် မှာ အားလုံးတည်ငြိမ်သွားပြီ ဖြစ်တဲ့ အတွက် အခုချိန်မှာ အရမ်းလိုအပ် နေတဲ့ နေရာ လေး တွေဖြစ်တဲ့ ပခုက္ကူမြို့က ရွာလေး တွေမှာ ဆရာလေး တို့ အခုအလှူခံ ရရျိထားတာလေးတွေကို သွားရောက်လှူ ဒါန်း လိုပါတယ် ရှင် ။ အဲဒီသွားရောက်လှူဒါန်းတဲ့ နေရာမှာ ယခု လှူထားတဲ့ ငွေ နဲ့ လှူဖွယ်ပစ္စည်းတွေ ကို လုံးဝ မထိမတို့ပဲ မိမိစရိတ် နဲ့ မိမိ သွား ရောက်လှူဒါန်းမှာဖြစ်ပါတယ် ရှင် ။ ဘာဖြစ်လို့ လဲ ဆိုတော့ လိုအပ်နေ တာတွေက အများကြီး ဖြစ် နေပြီး အလှူအတွက် သုံးတာ ဆိုပြီး သွားလာစားသောက်စရိတ်များပါ ဒီအထဲ ကသုံးမယ် ဆိုရင် တကယ့် အလှူဟာ မသန့် ရှင်း တော့ မှာ အမှန် လို့ ဆရာလေး ယူဆပါတယ် ။ ပြီး လှူဒါန်းထားသူများက ရေဘေး ကူညီ စောင့် ရှောက်ပေး ရန်အတွက် သီးသန့် လှူဒါန်းပေး ခြင်းဖြစ်ပါတယ် သွား လာ စား သောက် စရိတ် ကို လှူ ပေးတာ မဟုတ်ပါဘူးရှင် ။ အဲဒါကြောင့် အခုလာမယ့် ၉.၁၁.၂၀၁၁ ရက်နေ့ မှာ အလှူခံ ရရှိထား တာ တွေ အားလုံး ကို ပခုက္ကူရေဘေးဒုက္ခသည်များ ကို သွားရောက် လှူဒါန်းမှာဖြစ် တဲ့ အတွက် စေတနာဝန်ထမ်း လုပ် ၍လိုက်ပါ လိုသူများကို ဖိတ်ခေါ်ချင်ပါတယ် ရှင် ။ ဆက်သွယ်စုံစမ်းစာရင်း ပေးလိုပါက -- ဒေါ်နိမလစာရီ(နန္ဒစာရီ) မန္တလေး --တဆင့်ဖုန်း-၀၂-၇၇၂၅၃ ဒေါ်သိန်းသိန်းဝင်း -ဖုန်း ၀၉-၆၈၀၃၅၇၁ အရူးလွယ်အိတ်အွန်လိုင်းပရဟိတမှ-

ကိုခေဇီ-၀၉-၇၃၂၁၃၉၅၁နှင့် ကိုတင်မျိုးဇော် ၀၉-၈၅၄၀၃၄၅ တို့ထံကို ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါတယ် ရှင် အစီအစဉ်အသေးစိတ်ကို သိလိုပါက အရူးလွယ်အိတ်ပရဟိတ မှ ကိုခေဇီကို မေးမြန်း ပေးကြပါရန် လေးစားစွာနဲ့ တိုက်တွန်းနှိုးဆော် အပ်ပါတယ် ရှင်။ မှတ်ချက်။ ။ ။ မန္တလေးမှ ၉.၁၁.၂၀၁၁ နေ့ တွင်သွားရောက် လှူဒါန်းမည်ဖြစ်ပါတယ် ရှင် ။ (စေတနာ့ ၀န်ထမ်း လိုက်ပါ လိုသူများကို အထူးပင် ဖိတ်ခေါ်လိုပါတယ် ရှင် ) ဆရာလေး ကိုယ်တိုင်လဲ လိုက်ပါ မည်ဖြစ်ပါတယ် ရှင် ။ အားလုံးကို လေးစား စွာဖြင့် ကျေးဇူးအထူးတင်ရှိပါတယ် ရှင် ။ *ပညာရှိတွေ ၊သူတော်ကောင်းတွေ အလောင်းအလျာတွေဟာ ၊အလုပ်လုပ်စရာရှိရင် ၊အမြန်ပြီးအောင်လုပ်ပါတယ် ။ နေ့မရွေး ၊အချိန်နာရီမရွေးပါ။ ရွေးနေရင် ဖင့်နှေးသွားနိုင်ပါတယ်။ အချိန်နာရီ ဖင့်နှေးသွားရင် ရရှိမည့် အကျိုးတရားလည်း ဖင့်နှေး သွားနိုင်ပါတယ် ။ ပျက်ဆီးလည်းသွားနိုင်ပါတယ် ။မရဘဲလဲ ရှိတတ်ပါတယ်။ * (ဓမ္မဒူတ၊အရှင်ပညာဇောတ)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment