RADIO

What is current song?

RSS

လိုက်နာကျင့်ဖွယ် အထွေထွေ

အချိန်ဖြုန်းတီးခြင်းသည် လုပ်ငန်းဆောင်တာတွင် အညံ့ဖျင်းဆုံးပြုမူမှုဖြစ်၏။
ငွေကြေးဖြုန်းတီးခြင်းသည် ဘ၀နေထိုင်မှုအတွက် အကြီးဆုံးအန္တ၇ာယ်ဖြစ်၏။
မိမိကိုယ်ကိုယ်နားလည်ခြင်းသည် သူတကာကိုနားလည်၇န် ရှေးဦးလိုအပ်ချက်ဖြစ်၏။
အ၇ည်အချင်းမ၇ှိသောအ၇ာရှိသည် အ၇ည်အချင်း၇ှိသော အမှုထမ်းကို ပေါင်းတက်လျှင်
လုပ်ငန်းတ၀တ်ပြီးမြောက်အောင်မြင်နိုင်၏။
အ၇ည်အချင်းပြည့်ဝသောအ၇ာ၇ှိသည် အ၇ည်အချင်း၇ှိသောအမှုထမ်းကို ပေါင်းတက်လျှင်
လုပ်ငန်းအပြည့်ပြီးမြောက်အောင်မြင်နိုင်၏။
အ၇ည်အချင်းမ၇ှိသောအ၇ာ၇ှိသည် အ၇ည်အချင်း၇ှိသောအမှုထမ်းကို မပေါင်းတက်လျှင်
လုပ်ငန်းလုံးဝမပြီးမြောက် မအောင်မြင်နိုင်။
အ၇ည်အချင်းသည် အချိန်၏တန်ဖိုးကိုဆုံးဖြတ်၏။
တန်ဖိုးဆိုသည်မှာ လူတစ်ဦးချင်း၏ လိုအပ်ချက်ပေါ်မူတည်၏။
သူတကာမမှီးသောပညာ၇ပ်နှင့်ပြည့်စုံလျှင် လုပ်ငန်းလုပ်၇ာတွင် လွယ်ကူပြေပြစ်မည်။
လူတကာမမှီးသောအခြေအနေနှင့်ပြည့်စုံလျှင် လုပ်ငန်းလုပ်၇ာတွင်မုချအောင်မြင်မည်။
အတင်းအဖျင်းစကားကြောင့်ပြုမူဆောင်ရွက်ခြင်းသည် တာဝန်ကျေပွန်ခြင်းမမည်။
အကျိုးစီပွားကိုမက်၍ ပြုမူဆောင်၇ွက်ခြင်းသည် မိတ်ဆွေပီသခြင်းမဟုတ်။
ရှုတ်ထွေးပွေလီမှုများမှ အစီစဉ်တကျ၇ှိလာခြင်းသည် သိပံ္ပညာ၏ အကျိုးသက်ေ၇ာက်မှုဖြစ်၏။
အဖွဲ့အစည်းအတွင်း ပူးပေါင်းညီညွတ်စွာဆောင်ရွက်နိုင်ခြင်းသည် ခေါင်းဆောင်မှုပညာ၏ အကျိုးသက်ေ၇ာက်မှုဖြစ်၏။
ကိုယ့်ကိုကိုယ် ယုံကြည်စိတ်သည် လုပ်ငန်း၏တီထွင်သူဖြစ်၏်။
ကိုယ့်ကိုကိုယ်လေးစားစိတ်သည် လူ့သိက္ခာ၏ကိုယ်၇ံတော်တည်း။
အမှုထမ်းများ၏ မှာယွင်းမှုသည် အ၇ာ၇ှိ၏အ၇ည်းအချင်းမ၇ှိမှုကိုသက်သေပြ၏။
အ၇ာ၇ှိ၏မှားယွင်းမှုသည်ကား အမှုထမ်းများ၏ ညဏ်ပညာမ၇ှိမှုကိုပြသ၏။
၇ည်မှန်းချက်ကင်းမဲ့သူသည် လတ်တလော မိမိတစ်ဦးတည်း၏ပြဿနာကိုသာဖြေရှင်းလို၏။
၇ည်မှန်းချက်ရှိသူသည်ကား လတ်တလော အနာဂါတ်တွင် လူအများစု၏ပြဿနာကို ဖြေရှင်းပေးလို၏။
ငွေမက်သော အထက်အရာ၇ှိသည် ငယ်သားများအပေါ် တွန့်တိုတက်၏။
တွန့်တိုသောအထက်အ၇ာ၇ှိသည် ငယ်သားများကို လွန်ကဲစွာ တောင်းဆိုတက်၏။

မောင်မောင်လှိုင်(အပ်စိုက်ကု)

စေ့စေ့တွေးပါ၊ ဖြေးဖြေးကျင့်ပါ၊ သင့်ဘ၀တစ်ခုလုံးအတွက် အကျိုးများပါလိမ့်မည်။

ရွှေမြန်မာ
ရသစုံမဂ္ဂဇင်း မှထုတ်ဖော်ပြသပါသည် တန်ဖိုးရှိတဲ့စာသားလေးမို့လို့ပါ

အားလုံးကိုလေးစားလျှက်..............

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment