RADIO

What is current song?

RSS

ရခိုင်သတင်းးးးးးးးးးးးးးးးးးးးး

ရခိုင်ပြည်နယ်တွင် မိုးကြိုးပစ်ခံရပြီး လူသေဆုံး၊ တောင်ကျရေကြောင့် အိမ်များ မျောပါ
Published on October 30, 2011 by ​အေး​နိုင် · No Comments
ရခိုင်ပြည်နယ်မှာ မုန်တိုင်းတိုက်ခတ်တဲ့နေ့ အောက်တိုဘာ ၁၉ ရက်နေ့ ညနေပိုင်းက မြောက်ဦးမြို့မှာ မိုးကြိုးပစ်လို့ လယ်သမား ၂ ဦးနဲ့ နွားတကောင် ကျွဲတကောင် သေဆုံးခဲ့တယ်လို့ ဒေသခံ သံဃာတော် တပါးက မိန့်ပါတယ်။
မြောက်ဦးမြို့ ၀က်ခမောက်ကျေးရွာက ဦးမောင်သိန်းရွှေရဲ့ လယ်တဲမှာ ထိုင်စောင့်နေတဲ့ လယ်သမားတွေ မုန်တိုင်းနဲ့ကြုံပြီး ခြောက်ဦးအနက် နှစ်ဦး သေဆုံးခဲ့တာလို ဆိုပါတယ်။
“ညနေ ၄ နာရီနဲ့ ၄၅ မိနစ်မှာ မိုးကြိုးပစ်တယ်။ အဲဒီတဲမှာ ခြောက်ယောက်ရှိတယ်။ ပိုင်ရှင်က ဦးမောင်သိန်းရွှေပေါ့။ အဲဒီခြောက်ယောက်စလုံး သတိမေ့သွားတယ်။ ညနေမိုးချုပ်တော့ ၆ နာရီ ၇ နာရီလောက်မှာ လေးယောက်က သတိရလာပြီး ကျန်တဲ့ ၂ ယောက်က သေနေတာ တွေ့တယ်။ ကျွဲတကောင်နဲ့ နွားတကောင်လည်း သေနေတာ။ လယ်တဲမှာပဲ။”
အဲဒီအလောင်းတွေကို ညတွင်းချင်းပဲ မြောက်ဦးဆေးရုံကြီးကို ပေးပို့အစစ်ခံရာမှာ ဆရာဝန်ကြီးက မိုးကြိုးပစ်တာလို့ အတည်ပြုပေးခဲ့ပြီး မြောက်ဦးမြို့ နာရေးကူညီမှုအသင်း အကူအညီနဲ့ မြောက်ဦးမြို့ မင်းသာကျွန်းသချိုင်္င်းမှာ မြေမြုပ်သဂြိုင်္ဟ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ စက်တင်ဘာ ၂၉ ရက်တစ်ရက်တည်းမှာပဲ မြောက်ဦးမြို့ လေးမြို့ချောင်း ခိုက်ချောင်းကျေးရွာအနီးမှာရှိတဲ့ တောင်ကြီး ပြိုကျခဲ့ပြီး တောင်ပေါ်က သစ်ပင်ဝါးပင်တွေ တောင်ကျရေနဲ့ မျောပါပြီး အောက်ခြေကျေးရွာ လူနေအိမ်ခြေတွေကို တိုက်စားပါသွားတယ်လို့ ဆိုပါတယ်။
“တောင်ကျရေမှာ သစ်ပင်တွေ ၀ါးတွေမျောပြီး တောင်အောက်မှာနေတဲ့ အိမ်တွေ ပါသွားတယ်။ အခုလောလောဆယ် ၃ လောင်းတော့ သဂြိုင်္ဟ်ပြီးပြီ။ ၅၀ ထက်မနည်း သေတယ်လို့ ပြောတယ်။ တချို့ရွာခံတွေက တောင်အောက်မှာ ပါသွားတဲ့ အိမ်တွေထဲက အလောင်းတွေကို လိုက်ရှာနေကြတယ်။”
ရခိုင်ပြည်နယ်မှာ မုန်တိုင်းတိုက်ခတ်စဉ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နဲ့ မြန်မာနိုင်ငံ မောင်တောမြို့ကို ဦးတည်တိုက်ခတ်တဲ့ တနာရီလေတိုက်နှုန်း ခြောက်ဆယ်အထက်ရှိတဲ့ မုန်တိုင်းဟာ မောင်တောဘက်မှာ ထိခိုက်မှု သိပ်မရှိဘဲ စစ်တွေမြို့မှာ သစ်ပင်ကြီးတချို့ ပြိုကျခဲ့ပါတယ်။ အဲဒီမုန်တိုင်းတိုက်ခတ်တဲ့နေ့မှာပဲ မကွေးတိုင်းတွင်းက ဆိပ်ဖြူ၊ ပခုက္ကူ၊ မြိုင်၊ ပေါက် စတဲ့မြို့တွေမှာ ရေကြီးရေလျှံတွေ ဖြစ်ပြီး လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပြီး သောင်းချီပြီး ရေဘေးဒုက္ခကြုံ့ခဲ့ရပါတယ်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment