RADIO

What is current song?

RSS

သူငယ်ချင်းသို့ . .. . . . ဖတ်ဖြစ်အောင် ဖတ်ပါ........

သူငယ်ချင်းရေ.........


မင်းဟာ အခုဆိုရင် ဆယ်ကျော်သက်ကို လွန်ုလို့ နှစ်ဆယ်ကျော်သက်သို့ ရောက်နေပြီမဟုတ်လား။ သြော် အသက်တွေ ကြီးလာတာနဲ့ အမျှ အချိန်တွေကလည်း တစ်ရက်ပြီးတစ်ရက် ကုန်လွန်လာလိုက်တာ။ အချိန်ရဲ့ စီးဆင်းမှုက အရမ်းကို မြန်ဆန်လွန်တယ်။ အဲဒီ့ စီးဆင်းမှုထဲမှာ မင်းဟာ မယောင်မလည်နဲ့ မျောပါသွားနေမယ်ဆိုရင် မင်းဘ၀ လူဖြစ်ရှုံးရလိမ့်မယ်။


သူငယ်ချင်း မင်းဟာ ယောက်ျားလေး တစ်ယောက် ဖြစ်မယ်ဆိုရင် နောင်တချိန်မှာ မင်းဟာ သေချာပေါက် အိမ်ထောင်ဦးစီးတစ်ယောက် ဖြစ်ရမှာပါ။ အဲဒီ့အချိန်မှာ မင်းမိသားစုကို မင်းက တာဝန်ယူရပါလိမ့်မယ်။


ဒါမှမဟုတ် မင်းဟာ မိန်းကလေး တစ်ဦးဖြစ်နေမယ်ဆိုရင်လည်း နောင်တစ်ချိန်မှာ မင်းဟာ မိခင်တစ်ယောက် ဖြစ်လာမှပဲ။ သားသမီးလေးတွေကို စောင့်ရှောက်ရမယ့် တာဝန်ရှိတဲ့ မိခင်တစ်ယောက်ပေါ့။


ဒါတွေက လူတစ်ယောက်ရဲ့ အခြေခံ တာဝန်ဝတ္တရားတွေလို့ ဆိုလို့ ရမှာပါ။
အဲဒီ့အချိန်တွေရောက်လာရင် မင်းဟာ မင်းရဲ့ တာဝန်တွေကို ကျေပွန်ရလိမ့်မယ်။
အဲဒီ့လို တာဝန်ကျေပွန်ဖို့အတွက်ဘာလိုအပ်သလဲ မင်းသိလား။
ပညာ ၊ အသိဥာဏ် အမျှော်အမြင်၊ ဇွဲ၊  . . .ကျန်တာတွေလည်း အများကြီးပါ။
အဓိကကတော့ ပညာပဲ သူငယ်ချင်း ။မင်းမှာ ပညာ မရှိလို့ကတော့ မင်းရဲ့ တာဝန်တွေကို ကောင်းမွန်ကျေပွန်အောင် စွမ်းဆောင်နိုင်မှာမဟုတ်ဘူး။ ပညာမပြည့်ဝရင် မင်းဟာ အဲဒီ့ တာဝန်တွေကို ရှောင်ပြေးမိနေလိမ့်မယ်။


ဒီတော့ အခုလို ငယ်ရွယ်ချိန်မှာ မင်းဟာ အချိန်ကို တစ်မိနစ်တောင် ဖြုန်းတီးမပစ်ပဲ တစ်ခုရရ နှစ်ခုရရ အမြဲတမ်းသင်ယူလေ့လာပါ။ စာလည်း များများဖတ်ပါ။ အမြဲတမ်းစာချည်း ဖတ်နေဖို့လည်း မဆိုလိုဘူး။ မင်းရဲ့ ပတ်ဝန်းကျင်ကို လေ့လာရင်လည်း မင်းအတွက် ပညာတွေ အများကြီးပါ။ စာပေဆိုတာ လူတွေထဲကပဲ ထွက်လာတာပါ။ ဒီတော့ လူတွေအကြောင်းကို လေ့လာရင်လည်း မင်းအတွက် စာကြည့်တိုက်အကြီးကြီးတစ်ခု ရနေသလိုပဲ။


ဒါပေမယ့် မှန်ကန်တဲ့ အသိဥာဏ်လေးတော့ လိုပါလိမ့်မယ်။ ကောင်းတာ မကောင်းတာကို ခွဲခြမ်းနိုင်ဖို့ပေါ့။
အဲဒီလိုဆိုရင်တော့ မင်းဘ၀အတွက်အရှုံးရှိမှာမဟုတ်ပါဘူး။
လူသားရယ်လို့ ဖြစ်လာရင် တာဝန်တွေကို ယူဖို့ဖြစ်လာပြီ။ ဒီတော့ လူတွေထဲကမှ လူကောင်းတစ်ယောက်အဖြစ်ပဲ နေလိုက်စမ်းပါ သူငယ်ချင်းရယ်။ တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်နိုင်တဲ့ မိခင် ဖခင်ကောင်း တစ်ယောက်ဖြစ်အောင် သတိနဲ့ယှဉ်လို့ ကြိုးစားလိုက်စမ်းပါ သူငယ်ချင်း . . . . . ..

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment