RADIO

What is current song?

RSS

အင်တာနက်ပေါ်မှာ သူငယ်ချင်းကောင်းများ ရှာဖွေမယ်ဆိုလျှင်........

အင်တာနက် ဆိုတာဟာ အခုဆိုရင် လူတွေ အချင်းချင်း စကားတွေ ပြောကြ ၊ မိတ်ဆွေတွေ ဖွဲ့လို့ ရ တဲ့ အကောင်း ဆုံး နေရာတစ်ခုဖြစ်နေပါပြီ။ သင်တို့ ဟာ အင်တာနက်ပေါ်မှ များ ပြားလှတဲ့ chatroom တွေ မှာ ရော၊ Blog စာမျက်နှာတွေမှာ ရော၊ FB ကဲ့သို့သော social network ဆိုဒ်တွေမှာ သူငယ်ချင်း တွေအများကြီး တွေ့နိုင်ပါတယ်။ ဒါပေမယ့် အဲ့သည်လို့ တွေ တဲ့သူငယ်ချင်းတွေ ကို မိမိရဲ့လက်တွေ့ ဘ၀မှာ ရင်းနှီး အောင်၊ တယောက်အကြောင်း တစ်ယောက်သိအောင်လုပ်ဖို့ ဆို တဲ့အလုပ်က တော်တော် တော့ ခဲယဉ်း လှပါတယ်။
အကယ်၍ သင်ဟာ အင်တာနက်ပေါ်မှာ သာမာန်စကား ပြောရုံလောက် သူငယ်ချင်းတွေ ကိုလိုချင်ရင်တော့ အကောင်း ဆုံးနဲ့ အလွယ်ဆုံးနေရာ က chatroom ပါ။ Chatroom  ထဲ ကို ၀င် ကိုယ်စိတ်ဝင်စား တဲ့ ခေါင်း စဉ်နဲ့ ပတ် သတ် ပြီး ဆွေးနွေး နိုင်သလို ၊ ကိုယ့် အသက်အရွယ် တန်းတူ လူတွေ စုဝေး နေတဲ့ နေရာမှာ မိမိနှစ်သက်တဲ့အကြောင်းအရာ ကို တခြားလူတွေနဲ့ဆွေးနွေး နိုင်ပါတယ်။ အဲ့ဒီလို ကိုယ်နဲ့ဝါသနာတူ တွေ ကို Chatroom တွေမှာ အများ ကြီး တွေနိုင်ပါတယ်။
သင်ဟာ Chatroom တွေ မှာ သူငယ်ချင်းတွေ တွေ့ ပြီဆိုရင် ပထမဦး ဆုံး သူတို့ အကြောင်း ကိုသိအောင်လုပ် တာ အကောင်း ဆုံးပါဘဲ။ ကိုယ်နဲ့ သိပ်စကားမပြော၊ သူ့ အကြောင်း ကို လုံးဝမပြောပြတတ်တဲ့လူတွေ တွေ့ ရင် ဘယ်တော့ မှသင်က စပြီး သင်ရဲ့ အကြောင်း အသေးစိတ်ကို မပြောပြပါနဲ့ ။ သင် နဲ့ ပြောနေတဲ့ လူဟာ ယုံကြည်လို့ ရ တယ်လို့ သင်တွေးနေပေမယ့် ဒီ သင် နဲ့ စကား ပြောနေ တဲ့စကားဝိုင်း ရဲ့ တစ်ဖက် (သူ့ရဲ့ ဘ၀အစစ်မှာ) သူဟာ ဘယ်လိုလူလဲ ဆိုတာ သင်မသိလို့ ပါ။
သင်တို့ဟာ အင်တာနက် ပေါ်မှာ ခင်တဲ့ သူငယ်ချင်းတွေကို မိမိလက်တွေ့ဘ၀ထဲ က သူငယ်ချင်းတွေလိုဘဲ ပြောဆိုဆက်ဆံ ပေါင်းသင်ချင်တယ်ဆိုရင်တော့ သူတို့ ဆီကို စာ တွေ ပို့ ပါ၊ လူအချင်းချင်းအဆက်အသွယ် လုပ်ပါ၊ တစ်ယောက်အကြောင်းတစ်ယောက်သိအောင်လုပ် ပါ၊ ယုံကြည်မှုကို တည်ဆောက်ပါ။ သင်ပျင်းမှ၊ အားမှ ၊Chat ထဲ ၀င်စကားပြော၊ ပြီး တခြား user တွေက လက် ခံစကားပြောရုံလောက်ကိုသာ သင်မျှော်လင့်နေရင်တော့ သင့်မှာ အင်တာနက်ပေါ်ကသူငယ်ချင်းကောင်း မရ နိုင်ပါဘူး။  သင် သူငယ်ချင်း ကောင်းတွေလိုချင်ရင် သူ့ ရဲ့ အကြောင်းတွေ ကို မေးပါ၊ ကိုယ်ရဲ့ အကြောင်း တွေကိုလည်း အကြမ်းဖျင်း ပြောပြပါ။ ဒါပေမယ့် သင့်ရဲ့ အသေးစိတ် အကြောင်း အရာတွေကိုတော့ မပေးပါနဲ့ ။ အသေးစိတ် ဆိုတာက တော့ ဖုန်းနံပါတ်တို့ သင်ရဲ့နေရပ်လိပ်စာ တွေ သင့်အကောင့် Password တွေ ၊ credit card နံပါတ်တွေကို ပြောတာပါ။ အဲ့ဒီ ပေး တာ က သင့်အတွက်အန္တရာယ်များလှပါတယ်။
လူတော်တော်များများကတော့ အင်တာနက်ပေါ်က တွေ တဲ့ လူတွေ ကို ဆက်သွယ်ဖို့ အတွက်ဖုန်းကို အသုံးပြု တတ်ကြပါတယ်။ အဲ့ဒါက မိတ်ဆွေတိုးပွားပေမယ့် အန္တာရာယ်များလှပါတယ်နော်။ သင်အနေနဲ့ က တော့ အင်တာနက်ပေါ်က သူငယ်ချင်းတွေကို သင် ယုံကြည်လို့ ရတယ် လို့ မသေချာရင်၊ ဘယ်တော့ မှ အပြင်မှာ လက်ခံမတွေ့ဆုံပါနဲ့၊ ဖုန်းမဆက်ပါနဲ့။ သင် ဟာ သင်ဖုန်းနံပါတ်ကို အင်တာနက်ပေါ်က သူငယ်ချင်းတွေ ကို ပေးလိုက်ရင် သင် သတိထား နေပါ၊ သူတို့ က သင့်ဆီကိုကြိုက်တဲ့ အချိန်လှမ်းပြီး ဖုန်းဆက်နိုင်ပါတယ်။ ပြီးတော့ သူတို့ နဲ့ အပြင်မှာ တွေဖို့ ချိန်း ရင်လည်း လုံခြုံ စိတ်ချရတဲ့နေရာကိုရွေးချယ်ပါ။ လူတွေ အများကြီး ရှိတဲ့နေရာမျိုးမှာ ချိန်းတာတို့ ၊ သင် နဲ့ အရမ်း ရင်းနှီးပြီး စိတ်ချရတဲ့ လူတစ်ယောက်ယောက်ကို ခေါ်သွားတာတို့ လုပ်သင့်ပါတယ်။ ဒါက သင်ရဲ့ လုံခြုံရေးအတွက်အလွန်အရေးကြီး တဲ့ အချက်ဖြစ်ပါတယ်။ အဲ့ဒီလိုခေါ်သွားတဲ့လူ ကို သင်အင်တာနက်က ခင်တဲ့သူငယ်ချင်းနဲ့ တွေ့ပေးတာဘဲ ဖြစ်ဖြစ်၊ သူကို ခပ်လှမ်းလှမ်း က စောင့် ခိုင်းပြီး အခြေအနေ ကို အကဲခတ်ခိုင်းတာ လို့ လုပ်သင့်ပါတယ်။ ဒါပေမယ့် သင်ဟာ သင်ရဲ့ အင်တာနက် က သူငယ်ချင်းနဲ့ အချိန်အကြာကြီး စကား ပြောပြီး လို့  သင် ဟာ သူ့ အကြောင်း ကောင်းကောင်း သိရင်တော့ မလိုပါဘူး။  ထိုသို့ မဟုတ်ဘဲ  online ပေါ်မှာ အခုတွေ့ ၊ ခဏ လေးစကားပြောဖူးတဲ့ လူတွေ နဲ့ တော့ အပြင်မှာ တွေ့ ဖို့ မချိန်းပါနဲ့။ သင်အတွက် အန္တရာယ်ရှိနိုင်ပါတယ်။ သင်အနေ့ နဲ့ က တော့ သင်အပြင်မှာ တွေ့ဖို့ ချိန်းမယ် ဆိုရင် ချိန်းတဲ့လူအကြောင်း ကို အရင် သိအောင်လုပ်ပြီး ယုံကြည်စိတ်ချရမှချိန်းတာ အကောင်းဆုံးပါဘဲ။ ဒါမှ သင်အတွက်လည်း လုံခြုံမှုရှိမှာ ပါ။
သင်ဟာ အင်တာနက်က သူငယ်ချင်း ကို ဖုန်း ဆက်ဖို့ ဘဲ ဖြစ်ဖြစ်၊ လူချင်း တွေ ဖို့ ဘဲ ဖြစ်ဖြစ် ချိန်းလိုက်ပြီး ဆိုရင် သင် အနေနဲ့ လည်း ပြင်ဆင်ထားပါ။ သင် သိရမှာ က သင် အင်တာနက်က သူငယ်ချင်းတွေ အကြောင်း သိတဲ့ ဆိုတဲ့ ဟာတွေ က သူတို့ ပြော သလောက် ကို ဘဲ သိတာပါ၊ သူတို့ တွေ လိမ်ပြီး ပြောထား တာတွေ လည်း ရှိကောင်း ရှိနိုင်ပါတယ်။ ဒါတွေ ကို သင် အနေနဲ့ ပြင်ဆင်ထားဖို့ လိုပါတယ် နော်။ သူတို့ ဟာ ဘယ်လိုလူ၊ ဘယ်လို ဥပဒိရုပ်ရှိတယ် ဘဲ ပြောပြော သင် နဲ့  အပြင်မှာ တွေရင် သင် သူတို့ အပေါ် စိတ်ပျက်ကောင်း စိတ်ပျက်သွား နိုင်ပါတယ်။ ဒီ့ အတွက် သင် စိတ် ကိုကြိုတင်ပြင်ထားတာအကောင်းဆုံးပါဘဲ။
သင် အခုလိုအပြင်မှာတွေ့ ဆုံလိုက်ချင်းအား ဖြင့် သင် နဲ့ သင့်ရဲ့  အင်တာနက်သူငယ်ချင်း ကြားမှာ ခင်မင်မှု ပျက်တောက်သွား တာလည်း ဖြစ်နိုင်ပါတယ်။ သင် က သင့် သူငယ်ချင်းအပေါ် အများကြီး မျှော်လင့် ခဲ့မယ်ဆိုရင် သင့် အတွက် မကောင်းပါဘူး။ ဒါကြောင့် သင် တွေ့ မယ့် လူ ကို သေသေချာချာ  လေ့လာပြီး တွေ့ သင့် ပါတယ်။ ဥပဒိရုပ် က တော့ အရေး မပါလှပေမယ့် အကျင့်စာရိတ္တ ကတော့ အရေး ကြီး ပါတယ်။ လူတွေ တော်တော်များများ က အင်တာနက်ပေါ်မှာသူငယ်ချင်းအများကြီး နဲ့ ခင်မင်စကားပြောတတ်ကြပါတယ်။ အဲ့ဒါက တော့ နှစ်ဦး နှစ်ဖက်အတွက် ထိခိုက်မှုမရှိနိုင်သလို တစ်ယောက်အကြောင်းတစ်ယောက်မသိတဲ့အတွက် အချင်းချင်းခင်ခင်မင်မင်ပြောဖို့ ယုံကြည်ချက် ရှိကြပါတယ်။ အပြင်မှာစကားပြောနည်းတဲ့လူတောင် မှ chatroom ထဲ ရောက် ရင် စကားတွေ တသီကြီး ပြောတတ်ကြတယ် မဟုတ်လား ။ :D အင်တာနက်ပေါ်မှာ ခင်မင်မှုဟာ ဘယ်သူ့ကိုမှ မထိခိုက်နိုင်သလို ၊ဆိုးကျိုးအနေနဲ့ ကတော့ တစ်ဖက်က စကားပြောတဲ့ လူ ကို ထိခိုက်အောင်၊ စိတ်ဓာတ်ကျအောင် ၊ မဖွယ်မရာတွေ ပြော နိုင်ပါတယ်။  ဒါကြောင့် အင်တာနက်ပေါ်က သူငယ်ချင်းရှာ တော့မယ်ဆိုရင် အထက် က ဖော်ပြခဲ့တဲ့အကြောင်းလေးတွေကို သတိပြုစေချင်ပါတယ် နော်။
သူငယ်ချင်းတို့ရေ Online မှ သူငယ်ချင်းများ နဲ့ စကားပြောရင်း ပျော်ရွှင်နိုင်ကြပါစေနော်။
အားလုံးကိုလေးစားခင်မင်လျှက်                         

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment