RADIO

What is current song?

RSS

ထူးထူးဆန်းဆန်း အနှိပ်ခန်း (ကျား/မ မရွေး)

တကယ်ထူးဆန်းတဲ့ အနှိပ်ခန်း ဟုတ်ပါတယ်နော်

 





          ဗြိတိန်နိုင်ငံတွင် Barak’s Snake Spa အမည်ရှိ အနှိပ်ခန်းတစ်ခု ဖွင့်လှစ်ထားပြီး လာရောက် အနှိပ်ခံသူများကို ပိုင်ရှင်ဖြစ်သူ အက်ဇရေး ဘာရက်ခ် မွေးမြူထားသည့် အရွယ်စုံ၊ အမျိုးအစားစုံ မြွေများဖြင့် နှိပ်ပေးသည်ဟု သိရသည်။ ဘာရက်ခ်၏ သူငယ်ချင်းများက ၎င်းမွေးမြူထားသည့် မြွေများကို ထိတွေ့မိသည့်အခါ ခံစားမှုတမျိုး ရရှိသည်ဟု ပြောကြားရာမှ ယခုကဲ့သို့ မြွေများအသုံးပြု၍ အနှိပ်ခန်း ဖွင့်လှစ်ရန် စိတ်ကူးမိခြင်း ဖြစ်ကြောင်း ပြောကြားသည်။ အနှိပ်ခန်းသို့ လာရောက်အနှိပ်ခံသူများက အရွယ်စုံသည့် မြွေများ ခန္ဓာကိုယ်ပေါ်မှာ လူးလွန့်သွားလာနေသည့် လှုပ်ရှားသွားလာနေမှုကြောင့် အညောင်းအညာ ပြေစေသည်ဟု ဆိုကြသည်။ မြွေများ၏ အရွယ်အစားအလိုက် အညောင်းပြေမှု မတူညီကြောင်း သိရပြီး အကောင်ကြီးပါက ပိုမို၍ အညောင်း ပြေစေနိုင်သည်ဟု သိရသည်။ ထို့ပြင် အခကြေးငွေအားဖြင့်လည်း အရွယ်အစား သေးငယ်သည့် မြွေများဖြင့် အနှိပ်ခံလျင်ပင် ပေါင်စတာလင်(၃၀)လောက်အထိ ပေးရပြီး အကောင်ကြီးပါက ဈေးပိုကြီးမည် ဖြစ်သည်။ ခန္ဓာကိုယ်ပေါ်၌ မြွေများ လူးလွန့် သွားလာနေသဖြင့် ပုံမှန်လူများအဖို့ အလွန် အသည်းယားစရာ ကောင်းမည်ဖြစ်သော်လည်း လာရောက်အနှိပ်ခံနေကျ လူများအဖို့မူ အဆင်ပြေကြကြောင်း သိရသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment