RADIO

What is current song?

RSS

ဤသို့သောယောင်္ကျားမျိုးထဲ "သင်"ပါဝင်ပါသလား?????

 မိန်းကလေးတွေပဲပြောနေရင် စိတ်ဆိုးကြမှာစိုးလို့ ...ကောင်းလေးတွေအတွက်နော်....
လေ့လာမိသမျှတွေထဲကတကယ်လက်တွေ့ဘ၀အမြင်တွေကိုတင်ပြပေးလိုက်ပါတယ်နော်... သက်ဆိုင်သူ"အမျိုးသားများ"အတွက်သာဖြစ်ပါတယ်...... :- )

၁ ။ထမင်းစားလျှင် မုတ်ဆိတ်ပေါ်သို့ ဟင်းများဖိတ်စင်သည်ကို"မသန့်စင်"ပဲဒီအတိုင်းထားသူ...  မုတ်ဆိတ်မွှေးထားသူအများစု

၂ ။အိမ်သာတက်ပြီးပြန်ထွက်လျှင် လက်ကိုဆပ်ပြာနှင့်မဆေးပဲ "သောက်ရေခွက်"သွားကိုင်သူ...  ကျန်းမာရေးဗဟုသုတနဲပါးသူ

၃ ။ချက်တင်ထိုင်တာနဲ့ မိန်းကလေးမှန်းမသိယောင်္ကျားလေးမှန်းမသိ"ရီးစားစကား"ရမ်းပြောသူ..  နှာဗူး၊ သို့ မျက်နှာရူး

၎ ။အိမ်ကမိန်းမဘယ်လောက်လှလှ မာဆတ်က "မိတ်ကပ်"လူးထားတဲ့မိန်းကလေးကိုမှသာယာသူ.... အပျော်ကျူးသူ

၅ ။ပိုက်ဆံကိုမိန်းမကျတော့ ပုံစံနဲ့ပေးပြီး ကိုယ်တိုင်ကျတော့ "အမြှောင်"ထားကာကြိုက်သလိုသုံးစွဲသူ..  အတ္တကြီးသူ

၆ ။ကိုယ်တိုင် ရီးစားထည်လဲတွဲကာ ကိုယ့်ချစ်သူကိုတော့ "သူများ"ကြည့်တာတောင်မကြိုက်တဲ့သူ.....  လောဘကြီးသူ

၇ ။ချစ်သူရီးစားကိုဘေးနားထိုင်စောင့်ခိုင်းထားပြီး ကိုယ်တိုင်ကျတော့ "ဂိမ်းဆော့"နေတတ်သူ........  ကိုယ်ခြင်းမစာတတ်သူ

၈ ။မိန်းကလေးများနှင့်စကားပြောလျှင်အဆင်ပြေချောမွေ့သလောက် အိမ်နီးနားခြင်းနှင့်မသင့်မြတ်သူ..  ဇီဇာကြောင်သူ

၉ ။ကိုယ့်ရီးစားတစ်ခြားယောင်္ကျားလေးတစ်ယောက်နှင့်တွဲလျှင်ကိုယ်ထိလက်ရောက်"ရန်ဖြစ်"ထိုးကြိတ်သူ..  ပြသနာရှာသူ၊ရန်လိုသူ

၁၀။ကိုယ်ရှာသောပိုက်ဆံအားကိုယ့်ဆွေမျိုးများကိုသာကျွေး၍ မိန်းမဖက်မှဆွေမျိုးများအားမသထာသူ...  တွန့်တိုတတ်သူ

၁၁ ။အလှူခံလာလျှင် ရိုင်းပျစွာပြောဆိုငေါက်ငမ်းတတ်သူ....  သဘောထားသေးသိမ်သူ

၁၂။ မိန်းမတစ်ယောက်ထဲ မနိုင်မနင်းသယ်ပိုးနေသောအလေးအပင်ပစ္စည်းများကိုကူညီသယ်မ မပေးသူ..  တစ်ကိုယ်ကောင်းဆန်သူ

၁၃။ မိမိကလေးများအား သူတစ်ပါအိမ်သို့ပို့ဆောင်ခိုင်းစေကာ ငွေကြေးကြိုထုတ်၍ လောင်းကစားလုပ်သူ...  လက်ကျောမတင်းသူ
၁၄။ အ၀တ်မလျှော် ထမင်းဟင်းမချက်တတ်သူ အိမ်ထောင်သည်ဖြစ်ပြီးဘောင်းဘီဖင်ကျပ်အမြဲဝတ်သူ....
အလှကြိုက်သူ

၁၅။ ဘယ်လောက်ဆူဆူဆဲဆဲ မျက်နှာပိုးမသေ မနာတတ်အမှတ်မရှိသူ မျက်နှာပြောင်သူ.............................   လူပျော်၊ လူပျင်း


ကိုင်း။ ဒီအချက်နဲ့ကင်းလွတ်တဲ့သူတွေအများကြီးပါပဲ...... ဒါပေမဲ့... တော်တော်ရှိကြတယ်နော်..... :- o

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment