သူငယ်ချင်းမောင်နှမများအားလုံးကောင်းသောနေ့လေးပါနော်..
ခုဆိုရင်ပဲ..အင်တာနက်သုံးတဲ့သူလူငယ်များထဲမှာ..သုံးပုံနှစ်ပုံလောက်ဟာ..Chatting မှာ..
ပျော်မွေ့နေတာကိုလေ့လာမိခဲ့ပါတယ်ရှင်...
ဆုဂျေရော..မပျော်မွေ့ဘူးလား..
ဘယ်လိုပြောလိုက်ပါလိမ့်ရှင်..စစချင်းအင်တာနက်ဆိုတာကို..စသုံးဖူးတဲ့အချိန်မှာ
တော့..ဆုဂျေအတွက်..Chatting လောကဟာ..အင်မတန်မှ...စွဲလမ်းစေခဲ့တဲ့နယ်ပယ်လေးတစ်ခု
ပေါ့ရှင်...နောက်ကြာလာတာနဲ့အမျှ...(အလိမ်ခံရတာများလာတာနဲ့အမျှ)...Chatting ကို...
ဆုဂျေ...အယုံအကြည်နည်းလာခဲ့ပါတယ်ရှင်...
ဆုဂျေခင်ချင်တာက..တကယ့်သူငယ်ချင်းကောင်းတွေကိုလေ..
တွေ့တော့တွေ့ခဲ့ပါတယ်..
ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ပေါ့..
ခုချိန်မှာတော့...Chatting ကရတဲ့..သူငယ်ချင်းကောင်းလေးတွေနဲ့...အကိုအမတွေ
ညီမလေးတစ်ချို့တစ်လေနဲ့..ဆုဂျေရောင့်ရဲတတ်လာခဲ့ပါတယ်..ခက်တာက...ခုမှစသုံးဖူးတဲ့...ဆုဂျေ
တပည့်လေးတစ်ချို့...စာမေးပွဲကနီးလာပြီ...သူတို့စာထဲစိတ်ဝင်စားမှုက...နည်းသထက်နည်းလာတာကို
တွေ့လာရပါတယ်...အကြောင်းရင်းကို..ဆန်းစစ်ပြီးသကာလ...ဆုဂျေခုပို့စ်လေးကို..ဖန်တီးမိခဲ့ပါတယ်နော်..
ကြိုတင်ပြောထားချင်တာက..ချက်တင်မှာပျော်မွေ့နေကြတဲ့..နောက်ပြီး..လိမ်ညာမှု
ကင်းတဲ့..သူငယ်ချင်းစစ်စစ်များရဲ့စိတ်ကိုစော်ကားလိုစိတ်မရှိခဲ့တာအမှန်ပါရှင်..
ချက်တင်မှာ...ကောင်းကျိုးလည်းရှိနိုင်သလို..ဆိုးကျိုးလည်းရှိနေတာကိုတွေ့ရပါတယ်နော်..
Chatting မှာ..တွေ့ရတဲ့ကောင်းကျိုးတွေကတော့....
**မိတ်ဆွေတိုးမယ်..(Getting Friends)
ချက်တင်တက်လိုက်တာနဲ့...ပုံအလန်းလေးတင်ထားတာနဲ့..စကြားရမှာကတော့..
ဟိုင်း..ဆိုတဲ့အသံလေးပါပဲ...ဒီလိုနဲ့..အပြန်အလှန်ဖောကြရင်းနဲ့...ကြာလာတော့..အနယ်နယ်
အရပ်ရပ်ကသူငယ်ချင်းတွေတိုးလာခဲ့တာပေါ့နော်...မိုက်တယ်မလား...လည်လည်သွားရင်
ထမင်းစားဖို့မပူရတော့ဘူးနော့..း)
**ဗဟုသုတတွေဖလှယ်နိုင်မယ်..(Exchanging knowledge)
ကဲ...ကိုယ်နဲ့ခင်တဲ့သူငယ်ချင်းတွေထဲမှာမှ..စာပေ၀ါသနာပါတဲ့သူပဲဖြစ်ဖြစ်..
တစ်ခြားနည်းပညာကျွမ်းကျင်သူပဲဖြစ်ဖြစ်...သူု့မြို့..ကိုယ့်မြို့အကြောင်းပဲဖြစ်ဖြစ်...စာကူရှာခိုင်းတာပဲ
ဖြစ်ဖြစ်ပေါ့..သူသိတာ..ကိုယ်သိတာလေးဖလှယ်နိုင်တာလည်း..ချက်တင်လေးပဲမဟုတ်လားရှင်..
**ဖူးစာရှင်တွေ့နိုင်တယ်..(Finding your life-partner)
ဟဲဟဲ..ဘာပဲဖြစ်ဖြစ်...ချက်တင်ကနေ...ခင်..ခင်ရာက..မင်..မင်ရာက..ချစ်သွားကြပြီး..
ဘ၀လက်တွဲဖော်ရသွားကြတဲ့သူတွေလည်း..ဒုနဲ့ဒေးနော့..(ကဲ..ဒီစာဖတ်ပြီးတာနဲ့..အမြန်ဆုံးလှုပ်ရှား
လိုက်တော့နော်..)
**အဂ်လိပ်စာစွမ်းရည်တိုးတက်နိုင်တယ်( Improving your English Skill)
ကိုယ်နဲ့ချက်တဲ့သူငယ်ချင်းတွေထဲမှာမှ...အဂ်လိပ်လိုကျွမ်းကျင်တဲ့သူငယ်ချင်းပါလာရင်တော့..
ဆုဂျေတို့အခိုက်ပေါ့...လေ့ကျင့်ရာလည်းရောက်...ကိုယ်သိသူသိလည်းဖလှယ်နိုင်တယ်လေနော်..
မြန်းကလိခ်ျတော့ဟုတ်ဘူးနော်..အီးစစ်စစ်..နော့..း)
Chatting မှာတွေ့ရတဲ့ဆိုးကျိုးတွေကတော့..
**အချိန်ကုန်မယ်..(Time waste)
ကိုယ်နဲ့ချက်နေတဲ့သူနဲ့ကြူနေတာ..အလွမ်းသည်နေတာနဲ့ပဲ...တစ်နာရီက..ဖြုတ်ကနဲ့...
ဖြုတ်ကနဲ့နော့..ဆုဂျေတို့လည်း..လေးငါးနာရီတော့အသာလေး..ထိုင်ခဲ့ဖူးပါတယ်...တရားသာအဲ
လောက်ကြာကြာထိုင်နေလို့ကတော့..ကုသိုလ်တွေရမှာတစ်လှေကြီးလို့...မေမေကေတော့ပြောရှာသား..း)
**ငွေကုန်မယ်..(Money waste)
ဒါလည်း..ငြင်းလို့မရဘူးနော်...ဘာကုန်သလဲမမေးနဲ့..တစ်ခါတစ်ခါလချုပ်လိုက်ရင်..
ဆုဂျေလစာလေးတောင်ပြောင်လို့..ကျော်ထွက်သွားတယ်နော်..သူငယ်ချင်းတို့ရော...?
**အညောင်းမိမယ်..(Getting body stiffness)
ဒါလည်း..ပြောနေတုန်းတော့..ထမင်းမေ့..ဟင်းမေ့နော်..အောက်ပြီးလို့..ကျောဆန့်လိုက်တာ
နဲ့...အောင်မလေး...တစ်ကိုယ်လုံးညောင်းလိုက်တာ..အနှိပ်သည်တောင်ခေါ်နှိပ်ဖူးတယ်..ဆုဂျေရာဇ၀င်မှာဗျ..ခိခိ..
**လိမ်ညာခံရမယ်..(Meeting liers)
ဘယ်လိုလဲ...အလိမ်မခံရဘူးတဲ့သူဘယ်သူရှိလဲ...လက်ပြလို့ရတယ်နော်...ဟိဟိ...
သေးသေးအလိမ်ခံရတာနဲံ့...ကြီးကြီးအလိမ်ခံရတာတော့ကွာတာပေါ့နော်...ခက်တာက...ဘ၀နဲ့ရင်းပြီး..
အလိမ်ခံနေရတဲ့သူတွေလည်း...အများကြီးပဲတဲ့နော်...
**အသည်းကွဲမယ်..(Being heart-broken)
ဒါလည်းပဲ...မရှိဖူးတဲ့သူမရှိစလောက်နော်...အသဲကွဲတယ်လို့ရေရေရာရာပြောလို့မရရင်တောင်
နှလုံးသားမှာ..စပ်ဖျင်းဖျင်းလေးခံစားရအောင်လုပ်သွားတဲ့သူတွေနဲ့..ကြုံဖူးမယ်မလား...ကိုယ်ကိုယ်တိုင်ရော
လုပ်ဖူးလားဟင်...ဆုဂျေကတော့...ဆုဂျေကြောင့်အသည်းကွဲဖူးမယ်မထင်...ကိုယ်ပဲခံနေရတာ...း)
**မိဘငြူစူတာခံရမယ်..(Be envious with your parents)
ဒီအချက်လည်း..ဆုဂျေအမြဲကြုံနေရတဲ့အချက်လေးနော့..အထူးသဖြင့်မေမေပေါ့..
ထိုင်လွန်းလို့..ဆူခံရတာလည်းခဏခဏနော်...သူငယ်ချင်းတို့ရော..ဆူခံထိဖူးလားဟင်...
ကဲ..သူငယ်ချင်းတို့ရေ...ဆုဂျေကြုံရတဲ့...ကောင်းကျိုးဆိုးကျိုးလေးတွေကိုတော့
ချပြပြီးပြီနော်...ဘာလို့ဒီပို့စ်လေးကိုရေးရတာလည်းဆိုတာတော့...ချက်တင်နဲ့အချိန်ကုန်နေပြီး..
ခံစားနေရတဲ့လူငယ်လေးတွေကို...သတိပေးချင်တာပါနော်..စေတနာနဲ့ပါ..ဆရာကြီးလုပ်တာမဟုတ်ဘူးလေနော်..
မိမိရင်းနှီးနေရတဲ့..အချိန်တွေ..ငွေတွေ..နောက်..စိတ်ခံစားမှုတွေနဲ့...ထိုက်တန်ပါရဲ့လားဆိုတာလေးကိုတော့
တစ်ချက်...သုံးသပ်ကြည့်ကြည့်ပါနော်...ချက်တင်မှ..လိမ်ညာခံရခြင်းမှ..ကင်းဝေးပါစေလို့..ဆုဂျေ
ဆုတောင်းရင်း...................................................................................။
သူငယ်ချင်းတို့ရဲ့..ချက်တင်နဲ့ပတ်သက်တဲ့အမြင်လေးလည်းသိချင်ပါတယ်နော်..
**Chatting ထိုင်ခြင်းသည်..ကျန်းမာရေးကိုဆိုးဝါးစွာထိခိုက်စေနိုင်ပါသည်**
7:23 pm |
Labels:
ကျန်းမာရေး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment