အားလုံးပဲ မင်္ဂလာပါနော်
ပျင်းနေကြတဲ့ သူငယ်ချင်းတွေ အတွက် ကျွန်တော် ဥာဏ်စမ်း ၃ ခု တင်ပေးလိုက်ပါတယ်
နှစ်ခုလောက် မှန်တယ် ဆိုရင်ပဲ ခင်ဗျား မဆိုးဘူးလို့ ကျွန်တော်ကတော့ အသိအမှတ်ပြုရမှာပါ ။ ။
ကဲ ဥာဏ်ဘယ်လောက် ပြေးသလိုဆိုတာ ဖြေကြည့်လိုက်ပါဦး။ ။
၁။ ။ ရွာတစ်ရွာမှာ သားအဖနှစ်ယောက် ရှိကြတယ် ဆိုပါတော့ဗျာ...တစ်နေ့တော့ သူတို့သားအဖ တောထဲကို
ထင်းခုတ်သွားကြတယ် ဗိုက်ဆာရင် စားဖို့ဆိုပြီးတော့ အဖေလုပ်တဲ့သူက ထမင်းထဲ့ခဲ့ဖို့မှာတယ် ..
အဲဒီလိုနဲ့ ထမင်းစားချိန်ရောက်တော့ အဖေလုပ်တဲ့သူက ထမင်းထုပ်ကိုတောင်းလိုက်တယ် တစ်ဆက်တည်းမှာပဲ
“ မင်း ငါ့သား မဟုတ်ဘူး ” လို့ပြောလိုက်တယ် ...
ကျွန်တော်သိချင်တာက အဲဒါဘာဖြစ်လို့လည်း ။
စဉ်းစားထားနော် !
၂။ ။ တစ်ခါတုန်းကပေါ့ဗျာ ! ဟိုး တစ်ခါတုန်းက ပေါ့ ...
အလွန်ဆိုးတဲ့ ခွေးတစ်ကောင် ရှိခဲ့ဖူးပါတယ်.. လွယ်လွယ်ပြောရရင် ခွေးသူခို့ပေါ့
အဲဒီခွေးက တစ်နေ့မှာ ဈေးသည်တစ်ယောက်ရဲ့ ဟင်းတွေကို ကိုက်ချည်ပြေးတယ်ဗျ...
ဟင်းကတော့ အများကြိးမဟုတ်ပါဘူး.... ဒါပေမယ့် လူတွေက အဲဒီခွေးကို မျက်မှုန်းကျိုးနေတော့
အသေသတ်ပစ်မယ်ပေါ့ ....အဲဒီလိုနဲ့ ဓားတွေတုတ်တွေ ကိုက်ပြီး လူတစိစုက ခွေးနောက်ကို အပြေးလိုက်ကြတယ်...
ခွေးကလည်း ပါးတယ်ဗျ သူ့နောက်ကို လူတွေလိုက်လာတယ် ဆိုတာ သိတော့ စွပ်ပြေးတယ်....(ခွေးပါးပဲ)
ဒါပေမယ့်ကြာကြာမပြေးလိုက်ရဘူး သူပြေးရမဲ့ လမ်းမှာ ချောင်းတစ်ခုက ရှိနေတယ်
ခုန်ကူးလို့လည်း မရဘူး ချောင်းကတော်တ်ာလေးကျယ်တယ် အဲဒီတော့ ခွေးလည်း ကြောက်ကြောက်လန့်လန့်နဲ့
ရေထဲကို ဆင်းပြီး တစ်ဖက်ကမ်းကို ကူးသွားလိုက်တယ်....
တစ်ဖက်ကမ်းလည်းရောက်ရော ခွေးကော လိုက်လာတဲ့လူတွေကော အံ့သြသွားကြတယ်
ဘာဖြစ်လို့လည်း ဆိုတော့ အဲဒီခွေးရဲ့ ဝှေးစေ့ကို ရေမစိုဘူးတဲ့ဗျ
မှတ်ချက် ။ ။ မိုက်ရိုင်းတာမဟုတ်ဘူးနော် .. ပြောပြတာ ဟဲဟဲ........ဟဲဟဲ ။ ။
ကဲ ....ထားတော့
ကျွန်တော်သိချင်တာက ရေထဲဖြတ်ပြေးလာတာဖြစ်ရဲ့နဲံ ဘာဖြစ်လို့ (....) က ရေမစိုတာလဲ ။ ။
စဉ်းစားထားနော် !
၃။ ။ လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကပေါ့ ... ရွာတစ်ရွာမှာ ဖျားရောင်းပြီး အသက်မွေးဝမ်းကြောင်း ပြုရတဲ့ မိန်းမကြီးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ရှိတယ် ( ကြိုပြောထားမယ် အဲဒီကောင်မလေးက ချောတယ်)
တစ်နေ့မှာတော့ သူတို့နှစ်ယောက်က တခြားရွာတွေကို လှည့်ရောင်းကြတယ်..ရွာတစ်ရွာ အရောက်မှာတော့
မိုးချုပ်သွားတယ် အဲဒီတော့ သူတို့နှစ်ယောက် ဒုက္ခရောက်ပြီပေါ့
အဲဒါနဲ့ အရဲစွန့်ပြီး အိမ်တစ်အိမ်မှာ သူတို့တစ်ညလောက်အိပ်ဖို့ ခွင့်တောင်းကြတယ်
အိမ်ရှင်မိန်းမကြီးကလည်း သဘောကောင်းတော့ ရပါတယ် အိပ်ပါလို့ ပြောလိုက်တယ် ...ဒါပေမယ့်
မိန်းမတို့ဘသာဝ အတိုင်း နည်းနည်းလောက် စပ်စုကြည့်တယ်ဗျ ( ဟဲဟဲ မိန်းမမကောင်းကြောင်းပြောနေတာ
မဟုတ်ဘူးနော်) ထုံးစံအတိုင်းဘာတော် ကြသလဲ နေမှာပေါ့ဗျာ..
အဲဒီတော့ ဖျာသည် မိန်းမကြီးက ....... ........
“ သူ့ဦးလေးက ကျုပ်ဦးလေးကို ဦးလေး လို့ခေါ်တာပါ” လို့ ပြောလိုက်တယ်
အိမ်ရှင်မိန်းမကြီးလည်း ဘာတော်သလဲ စဉ်းစားနေတာနဲ့ မိုးလင်းတာတောင် တစ်ရေးမှ မအိပ်လိုက်ရဘူးတဲံဗျာာာ
ကျွန်တော် သိချင်တာက သူတို့ ဘာတော်လည်းဆိုတာ မဟုတ်ပါဘူး ..
တကယ်လို့ ခင်ဗျားသာ စောစောက ကျွန်တော်ပြောခဲ့တဲ့ ဖျာသည်ချောချောလေးနဲ့ ရခဲ့ရင်
ခင်ဗျား နဲ့ ဖျာသည် အဖွားကြီး နဲ့ ဘာတော် မလဲ ..
အဲဒါ သိချင်ပါတယ်.....
တစ်ခုပြောချင်တာက ဘာဖြစ်လို့ အဲဒီလိုတော်ပါတယ် ဆိုတာကို ရှင်းပြပေးပါ
ကဲ ဖြေလို့ရပြီဗျာ...
တစ်ခုမှ မသိတဲ့သူကတော့ တော်တော်တုန်းနဲ့လူပဲ လို့
ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုလိုက်ပါ ။ ။ ဟဲဟဲ ။
ကျေး ဇူး တင် ပါ တယ် ။ ။
မသိရင် မကြည့်နဲ့(ဆိုလို့ မကြည့်ပဲနဲ့ တော့မနေကြနဲ့ နော်....)
3:44 pm |
Labels:
ကစားနည်းများ
Subscribe to:
Post Comments (Atom)
1 comments:
နံပါတ်(၂)မေးခွန်းအတွက်အဖြေ = ခွေးမ
Post a Comment