RADIO

What is current song?

RSS

"ဖတ်မိတဲ့ ဟာသလေးတွေပါ"

ဘာဝအမော်တွေပြေနိုင်ကြပါစေနော်..............
ကယ်တင်ရှင်


ဇိမ်ခံ သင်္ဘောပေါ်တွင်လိုက်ပါလာသော အပျိုချောတစ်ဦး၏ နေ့စဉ်မှတ်တမ်းတွင် အောက်ပါအတိုင်းရေးထားသည်


ပထမနေ့...အပျံစားသင်္ဘောဖြစ်သည်။သင်္ဘောပေါ်ရှိယောက်ျားများ

တွင်
captain သည် အချောဆုံး အခန့်ဆုံး ဖြစ်သည်





ဒုတိယနေ့...ထမင်းစားခန်းတွင် captain နှင့်တစ်စားပွဲတည်း ကျသည်။


တတိယနေ့...သင်္ဘောကို captain က လိုက်ပြသည်။ထို့နောက် ချစ်ရေးဆိုသည်။


စတုတ္ထနေ့....ယနေ့ည သူ၏အခန်းသို့မလာပါက သင်္ဘောကို မှောက်ပစ်မည်ပာု ခြိမ်းခြောက်သည်။


ပဉ္စမနေ့... မနေ့က ညက ခရီးသည် 380 နှင့် သင်္ဘောသား 120 တို့၏ အသက်ကို ကယ်တင်လိုက်သည်။


အမေနှင်.သမီး

အမေ..သူ့သမီးအခန်းကိုဖြတ်သွားစဉ်..အိပ်ရာခင်းကို..သပ်သပ်ရပ်ရပ်ခေါက်ထားပြီး..အားလုံးသန့်သန့်ရှင်းရှင်းဖြစ်နေတာမြင်တော့အံသြသွားသည်..


အိပ်ရာဘေးက..မှန်တင်ခုံပေါ်မှာ..စာအိတ်တခုထောင်ထားတာတွေ့သွားသည်။..အမေသို့..လို့ရေးထားသည်..။


သူမ..တုန်လှုပ်စွာဖြင့်..စာအိတ်ကိုဖောက်ပြီး..စာကိုဖွင့်ဖတ်လိုက်သည်...။


အမေ


သမီး..ဒီစာကိုရေးနေတဲ့အချိန်မှာ..အရမ်းလည်းနောင်တရတယ်..၀မ်းလည်းနည်းတယ်..။...သမီး..သမီးရည်းစားနဲ့..ခိုးရာလိုက်သွားပြီ..အမေ...သမီးတော့..တကယ့်ကိုသမီးချစ်တဲ့လူကိုတွေ့ပြီ...သူက..သူရဲ့နားကွင်း..ဆေးမင်ကြောင်..နဲ့သူဝတ်တဲ့..အ၀တ်အစားနဲ့..တကယ်ကိုပဲကြည့်လို့ကောင်းတယ်..။...ဒါပေမဲ့..သမီး..သူ့နောက်လိုက်သွားတာ..ဒါတခုတည်းကြောင့်မဟုတ်ဘူး..အမေ..သမီးမှာ..ကိုယ်ဝန်ရှိနေပြီ..။..သူကပြောတယ်.သမီးတို့ပျော်ပျော်ရွင်ရွင်နေကြရမှာတဲ့..။..တောထဲမှာ..သူပိုင်တဲ့..တဲလေးရှိတယ်တဲ့..။သူက..သမီးနဲ့အတူ..ကလေးတွေအများကြီးလိုချင်တယ်တဲ့....။.သူကသမီးတို့..ဆေးခြောက်တွေ..ကိုကင်းတွေကိုစိုက်ပြီး..အသက်မွေးကြမယ်တဲ့လေ..။...အဲဒီ့အချိန်အတွင်းမှာ..သမီးတို့..အေအိုင်ဒီအက်စ်ကို..ကုလို့ရမယ့်..ဆေးပေါ်လာပါစေလို့..ဆုတောင်းမယ်..ဒါမှ..သမီးရည်းစားမြန်မြန်သက်သာမှ

ာ..။
သမီးတို့အတွက်..စိတ်မပူပါနဲ့အမေ..။..သမီးက..အခုဆို..၁၅နှစ်တောင်ရောက်နေပြီ..ကိုယ်ကိုယ့်ကို.ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ..သမီးသိပါတယ်..။တနေ့နေ့ကြရင်..အမေတို့ဆီ..သမီးတို့ပြန်လာပြီး..အမေ့မြေးလေးတွေကို..လာပြမှာပါ..


အမေ့ရဲ့..သမီး..


PS: အမေ..အပေါ်မှာရေးထားတာတွေ..တခုမှ..မဟုတ်ဘူးသိလား..။..သမီးအခု..သမီးသူငယ်ချင်းအိမ်မှာ..။...ဘ၀မှာ..သမီးမှန်တင်

ခုံပေါ်က.အံဆွဲထဲက.
report cardထက်..ပိုပြီးဆိုးရွားတဲ့..အရာတွေရှိတယ်ဆိုတာ..သိစေချင်လို့ပါ..။..သမီးအိမ်ပြန်လို့..စိတ်ချရပြီးဆိုရင်..သမီးဆီဖုန်းဆက်လိုက်နော်......။

အကောင်းဆုံး ဟင်းလျာ...

အမျိုးသမီးတစ်ယောက်သည် ဆေးမင်ကြောင်ထိုးပေးသူတစ်ဦး

ထံသို့လာရောက်ပြီး သူမ၏ဘယ်ဘက်ပေါင်ပေါ်တွင် ခရစ္စမတ်ဖိုးဖိုး ( စန်တာကလော့ ) ၏ပုံနှင့် ညာဘက်ပေါင်ပေါ်တွင် ကြက်ဆင် ( turkey ) တစ်ကောင်၏ပုံတို့ကို လှပသောဆေးရောင်များဖြင့် ရေးခိုင်းလေသည်။
အားလုံးပြီးစီးသောအခါ အလွန်လှပသော ဆေးမင်ကြောင်ရုပ်များကို ရရှိလေသည်။ ထို့နောက်အဆိုပါမိန်းမပြန်ခါနီးတွင် ဆိုင်ရှင်က "မိန်းကလေးရယ်.....မင်းမှာဒီ

ီလောက်လှပတဲ့ ပေါင်တံတွေရှိရဲ့သားနဲ့ ဘာလို့ ဒီလိုပုံမျိုးတွေ လာပြီးလုပ်နေရတာလဲကွယ် " လို့ မေးလိုက်ပါတယ်....

အဲဒီတော့အဲဒီမိန်းမက ဒေါသထွက်တဲ့ လေသံနဲ့.....
" မပြောပါနဲ့တော့ရှင်.....အိမ်က ကျမယောင်္ကျားပေါ့ ခရစ္စမတ်နဲ့ အီစတာပွဲတော်ရက် တွေကြားထဲမှာဆို ဘယ်ညစာစားပွဲ မှမရှိလို့ ဘာစားရမလဲတောင်မသိတော့ဘူးလို့ ခဏခဏ ညီးညူနေလို့ ဒင်း ဘာစားရမလဲဆိုတာသိအောင် လာဆွဲရတာပါရှင် "တဲ့ ......


သိတယ်ဟုတ်.....



မတူရင် မတုနဲ့


တစ်နေ့တော့ အောင်မြင်ထင်ရှားတဲ့ စကားပြောကောင်းသူ Mr A ဟာ သူရဲ့ပရိသတ်ကို စကား ဟောပြောဖို့အတွက် စင်ပေါ်ကို ရောက်နေပါတယ်…. စင်ပေါ်မှာ စိတ်လှုပ်ရှား တက်ကြွ စရာ စကားတွေပြောနေရင်းနဲ့ သူက စကားလေးတစ်ခွန်းကို ပရိသတ်ကို ပြောလိုက်ပါတယ်..


” ကျွန်တော်ဗျာ….ကျွန်တော့်ဘ၀ရဲ့ အကောင်းဆုံးနဲ့ အပျော်ရွှင်ဆုံး အချိန်တွေကို ကျွန်တော့မိန်းမ မဟုတ်တဲ့ အခြားမိန်းမတစ်ယောက်ရဲ့ လက်ထဲမှာ ကုန်ဆုံးခဲ့တယ် ”


အဲလိုလဲပြောလိုက်ရော ပရိသတ်ကြီးဟာ တစ်ခါတည်း အံ့သြပြီး ငြိမ်ကျသွားတယ်…ဒီလူ ဘယ်လိုများ ပြောလိုက်တာပါလိမ့်…ဒီလိုပေါ်တင်ကြီး ပြောစရာလားပေါ့….


အဲဒီချိန်မှာဘဲ ဆက်ပြီးသူပြောလိုက်တဲ့စကားက “ အဲဒီအမျိုးသမီးကတော့ ကျွန်တော့ အမေပါ ” တဲ့…




သူရဲ့စကားကြောင့် နားထောင်နေတဲ့ ပရိတ်သတ်တွေအားလုံး အားရပါးရ ရီမောကြပြီး အားရပါးရ လက်ခုပ် သြဘာ ပေးလိုက်ကြတယ်…




နောက်တစ်ပတ်ကြာတဲ့အခါ သူရဲ့ဟောပြောပွဲကို တက်ရောက်ခဲ့တဲ့ ရာထူးကြီးကြီး အရာရှိကြီး တစ်ယောက်က ဒီ Mr A ရဲ့ ထိရောက်လှတဲ့ ဟာသလေးကို အိမ်မှာ ပြန်ပြီး အရွှန်းဖောက်ဖို့ စိတ်ကူးရလိုက်တယ်..


အဲဒီညနေခင်းမှာ ထမင်းမစားခင် အရာရှိကြီးဟာ အရက်တော်တော်များများကလဲ သောက်ထားတော့ ခပ်ထွေထွေဖြစ်နေပြီ…..သူ့မိန်းမက ညနေစာအတွက် ထမင်းပွဲ ပြင်နေတယ်… သူ့မိန်းမကြားအောင် အရာရှိကြီးက အော်ပြောလိုက်တယ်…




” ငါ့တော့ ငါ့ဘ၀ရဲ့အကောင်းဆုံးအချိန်တွေကို မင်းမဟုတ်တဲ့ မိန်းမတစ်ယောက်ရဲ့ လက်ထဲမှာဘဲ ကုန်ဆုံးခဲ့ပြီဟေ့”




အရာရှိကြီးရဲ့ မိန်းမက တအံ့တသြနဲ့” ရှင်ဘာပြောလိုက်တယ် …ပြန်ပြောစမ်းပါဦး ” ဒေါသတကြီး လှမ်းအော်ပါတော့တယ်…




အရက်ကြောင့် ထွေနေတဲ့ အရာရှိကြီးက ရုတ်တရက် ဘာဆက်ပြောရမှန်း စဉ်းစား မရတော့ဘူး…..ဟောပြောပွဲမှာတုန်းက Mr A က ဘယ်လို ဆက်ပြောလိုက်တယ် ဆိုတာကိုလဲ ပြန်စဉ်းစားမရတော့ဘူးတဲ့….ဒီတော့ သူက ပြောမိပြောရာ ပြောလိုက်မိတာက


” ဟာ….အဲဒီမိန်းမက ဘယ်သူလဲဆိုတာ ငါလဲဆက်စဉ်းစားလို့မရတော့ဘူးကွ…..မေ့သွားပြီ “




နောက်ဆုံးတော့ အဲဒီအရာရှိကြီးက ဆေးရုံ ရောက်သွားပါတယ်….ရေနွေးပူပူနဲ့ အပက်ခံ လိုက်ရလို့ပါတဲ့……




ပက်လိုက်တဲ့သူကိုတော့ စာဖတ်သူများ ရိပ်မိပြီးဖြစ်မှာပါနော်……


ချစ်သောဇနီး


လူတစ်ယောက်ဟာ ဟိုတယ်တစ်ခုမှာ

အခန်းယူပြီး သူ့အခန်းထဲကို ၀င်တော့ အခန်းထဲမှာ ကွန်ပြူတာတစ်လုံးတွေ့တာနဲ့

သူအတော်ဝမ်းသာသွားတယ်။

ဒီတော့ သူ့မိန်းမဆီကို လှမ်းပြီး သတင်းပို့မှပဲဆိုပြီး
အီးမေးလ်တစ်စောင်ပို့လိုက်တယ်။


ဒါပေမယ့် သူ အီးမေးလ်လိပ်စာ မှားရေးလိုက်တာကို သူကိုယ်တိုင်တောင်မသိလိုက်ဘူး



အဲဒီအီးမေးကို ပို့လိုက်မိ ပြီလေ။

အဲဒီအချိန် ….

ရန်ကုန်မြို့ရဲ့ တစ်နေရာမှာ မုဆိုးမတစ်ယောက်ဟာ သူ့ယောက်ျားရဲ့အသုဘ ပို့ရာကနေ

ပြန်ရောက်လာပြီး သူ့ကွန်ပြူတာမှာ အီးမေးလ်စစ်ဖို့ ပြင်ဆင်နေတယ်။
နိုင်ငံရပ်ခြားရောက်နေကြတဲ့

ဆွေမျိုးမိတ်ဆွေ သူငယ်ချင်းတွေရဲ့

အားပေးစကားလေးတွေ

ကြားရမလားလို့ အီးမေးလ်ကို စစ်လိုက်တယ်။ ခဏအကြာမှာ အောင်မလေး

လို့အော်တဲ့အသံကြားရလို့ သူ့သားက အပြေးလေးဝင်လာတော့

အမေလုပ်တဲ့လူက ကြမ်းပြင်မှာ ပက်လက်လန်ပြီး မေ့နေပြီ။

ဒါနဲ့ ကွန်ပြူတာကို ကြည့်လိုက်တော့ မော်နီတာ စကရင်မှာ ပေါ်နေတာက

သို့ … ချစ်ဇနီး

အကြောင်းအရာ ။ ။ ကိုယ်ရောက်ပါပြီ

နေ့စွဲ ။ ။ ၂၁ ရက် အောက်တိုဘာလ ၂၀၀၇

မင်း ကိုယ့်ဆီက သတင်းကြားရရင် အတော်အံ့သြသွားမယ်ဆိုတာ ကိုယ်သိနေတယ်။

သူတို့ဆီမှာလည်း ကွန်ပြူတာရှိတယ်ကွ။ ကိုယ်ချစ်တဲ့သူတွေဆီကို အီးမေးလ်ပို့ဖို့

ခွင့်ပြုထားတယ်လေ။ အခုပဲရောက်တယ်။ နေစရာလည်း အဆင်ပြေပါတယ်။ မင်း

မနက်ဖြန်လာရင်
အဆင်ပြေအောင် ကိုယ်အားလုံးစီစဉ်ပြီးပါပြီ။
ကိုယ်ကိုယ်တိုင်

မင်းကိုလာကြိုပါ့မယ်။ မနက်ဖြန် တွေ့ကြတာပေါ့။

မင်းကိုချစ်တဲ့
မောင်….


ချစ်သူ့အတွက်(၁၄)

၁ ယောက်သောသူအတွက်

၂ လုံးတည်းသောစကား ပြောကြားချင်တယ်၊

၃ နေကျစကားမဟုတ်လို့
၎ လေးနက်နက်နားထောင်ဖို့လိုမယ်



၅ တစ်ကောင် ကုန်းပေါ်ရောက်နေတဲ့အလား မင်းမရှိရင်

၆ ကပ်အထီးကျန်မှုတွေ ခံစား နေရလို့

၇ သံချီဟစ်ပြီး ဖွင့်ပြောမယ်

၈ တယ် ‘ချစ်တယ်’ အချစ်ရယ်။

၉ ကွယ်ရာမဲ့ ရေတိမ်နစ်နေတဲ့နလုံးသား

၁၀ ယူဖေးမလို့ ကြင်နာသနားပါ။

၁၁ ကြိုးကဝေအတတ်နဲ့ ပြုစားခံရလို့

၁၂ ရာသီအလွမ်းဖျားတွေနဲ့ ငါ့အသဲနှလုံး မင်းမရှိရင်
၁၃ လို့ မရတော့အောင်ကွဲကြေနိုင်တဲ့အရေး ကာကွယ်ပေးဖို့


၁၄ ရက်(ချစ်သူများနေ့)အမှီ တုံ့ ပြန်မေတ္တာပေးလှည့်ပါနော်။



မလိုတော့ဘူး

အမျိုးသားနှင့် အမျိုးသမီးတို့ အသိမိတ်ဆွေ ဖြစ်ပြီး ညတစ်ညလုံး အတူတူ

အချိန်ဖြုန်းလိုက်ကြသည်။

နောက်တစ်နေ့ မနက်တွင် အမျိုးသမီးက မေးသည်။

“ရှင့်မှာ AIDS ရောဂါ ကင်းရှင်းကြောင်း ဆေးလက်မှတ်ရှိလား။´´

“ရှိတယ် ဘာဖြစ်လို့မေးတာလဲ။´´
“သြော်….လွှင့်ပစ်ချင်ရင် လွှင့်ပစ်လို့ ရတယ်လို့ ပြောမလို့ပါ။´´


အပေါင်းအသင်းကောင်းသူ

“သူ့မှာ ရန်သူလုံးဝ မရှိဘူး၊ဒါပေမယ့် သူ့ရဲ့ မိတ်ဆွေတွေထဲက
သူ့ကိုကြည့်လို့ရတဲ့သူ တစ်ယောက် မှ မရှိဘူး။´´


သတင်းကောင်း

လူရွှင်တော်မင်းသားတစ်ဦးသည်

အချိန်အတန်ကြာ ရုပ်ရှင်ကား ရိုက်ရန် မည်သည့်

ကုမ္ပဏီမှ မဖိတ်ခေါ်သဖြင့် စိတ်ဓာတ်ကျလျက်ရှိသည် တစ်နေ့ အိမ်သို့
ပြုံးပြုံး ရွှင်ရွှင်နှင့်ရောက်ရှိလာပြီး

ကုမ္ပဏီတစ်ခုနှင့် ကားရိုက်ရန် စာချုပ်

ချုပ်လိုက်ပြီဖြစ်ကြောင်း၊
မနက်ဇြန်တွင် နယ်ထွက်ရိုက်ရမည်ဇြစ်ကြောင်း

 ဇနီးဖြစ်သူအားပြောသည်။

“သူတို့ စိတ်ပြောင်းခဲ့ရင် ဒီနေ့ ည ၁၂-နာရီ မတိုင်မီ ကြေးနန်းနဲ့

အကြောင်းကြားမယ်ကွ။´´

ည ၁၂-နာရီ မတိုင်မီ ၅ မိနစ် အလိုတွင် ကြေးနန်းရုံးမှ ကြေးနန်းစာ

လာပို့သည်။မင်းသားသည် မျက်နှာ

အပျက်ကြီး ပျက်ကာ ကြေးနန်းစာကို ဖွင့်မဖတ်ဝံ့အောင် ဖြစ်နေသည်။မိန်းမက

တိုက်တွန်းသည်။
“ဖတ်မှာသာဖတ်စမ်းပါ၊ရှေ့မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူပြောနိုင်တာမှတ်လို့။´

´

လက်နှစ်ဘက် တုန်တုန် ယင်ယင်ဖြင့် ကြေးနန်းစာကို
မင်းသားဖွင့်သည်။တဖြည်းဖြည်း
နှင့် ၎င်း၏မျက်နှာ

ရွှေလမင်း လိုဝင်းလက်လာသည်။ထို့နောက် ကုလားထိုင်မှ ထခုန်ကာ ၀မ်းသာအားရပြောသည်။
“ဟေး ဟေး ဟေး၊ဟန်ကျလိုက်တာ၊စာချုပ်ကို သူတို့မဖျက်ဘူးဟေ့၊အခုကြေးနန်းက မင်းအမေ


သေကြောင်း အကြောင်းကြားတဲ့ ကြေးနန်းကွ ရော့ ဖတ်ကြည့်။´´

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment