RADIO

What is current song?

RSS

အချိန်၏တန်ဖိုး

ကျမအတွေး ကျမအမြင်တွေထဲက အချိန်၏တန်ဘိုး
ဒီအကြောင်းကိုပြောရခြင်းဟာ ကျမရဲ့စာမျက်နှာ ကျမရဲ့အိမ်ပေါ့လေအဲဒီကိုလာ
လည်ကြတဲ့သူတွေ ကျမတင်ထားတဲ့ဓါတ်ပုံကိုဝင်ရောက်ကြည့်ရှုကြတဲ့သူအားပေးတဲ့သူတွေ
ထဲမှာ ကျမထက်အသက်ငယ်တဲ့သူလည်းပါမယ် ကြီးတဲ့သူလည်းပါနိုင်သလို အတွေ့အကြုံပို
ရှိပြီး ပိုပြီး ပညာတတ်တဲ့သူတွေလည်းပါမှာပါ ကျမရေးတဲ့အကြောင်းအရာကြောင့်စိတ်
အနှောက် အယှက်ဖြစ်ခဲ့ရင် အားလုံးကိုခွင့်လွှတ်ဘို့တောင်းပန်ကြောင်းပြောခြင်ပါတယ်။
အခုကျမရေးတဲ့စာကို ဘယ်အမျိုးအစားလို့ကျမမပြောနိုင်ပါဘူး ဆိုလို တာက ကျမမသိဘူးလို့ဆိုလိုတာပါ။
ရေးခြင်စိတ် ဖြစ်ပေါ်လာရတာကတော့ ကျမရဲ့ ပါတ်ဝန်းကျင် ကျမနေထိုင်တဲ့မြို့
မှာရှိတဲ့လူတန်းစားပေါင်းစုံ ကိုအခြေခံပြီး အဓိက ကတော့ ကျောင်းသား၊ကျောင်းသူနဲ့ လက်လုပ်
လက်စားလူတန်းစားတွေရဲ့အခြေအနေကြောင့်ပါဘဲ။
ကျမတို့မြို့လို တိုက်ဆိုင်နိုင်တဲ့အခြေအနေရှိတဲ့အခြားမြို့လေးတွေလဲ ရှိဦးမှာပါ 
အားလုံးခံစားနိုင်ကြပါစေလို့ရည်ရွယ်ပြီးရေးလိုက်ခြင်းဘဲဖြစ်ပါတယ်။
လူ့ဘဝရဲ့သက်တမ်းကို သေသေချာချာတွက်ကြည့်မယ်ဆိုရင် အသက်၇၀ဝန်းကျင် 
ဟာ အများအားဖြင့်ပေါ့ အဆုံးသတ်ချိန်ပါဘဲ။ ဒါပေမဲ့လည်း ၆၅နှစ်ကိုကျော်လွန်သွားရင်တော့ 
အများအတွက် ပါတ်ဝန်းကျင်အတွက် မိမိ မိသားစုအတွက်ထိုသူတွေဟာ စကားပြောပေးရုံကလွဲ
လို့အခြားဘာမှမစွမ်းဆောင်နိုင်တော့ပါဘူး ။သူ့ဘဝရဲ့သက်တမ်းကိုကောင်းမွန်စွာကုန်ဆုံးနိုင်
ဘို့ကို တရားဓမ္မ နှင့်ကောင်းမှုများကသာ အပေါင်းအဖေါ်ဖြစ်လာခဲ့ပါတယ်။
ကျမပြောခြင်တာ အဲဒီ ၆၅နှစ် မတိုင်ခင် သိတတ်သွန်သင်လို့ရနိုင်
နေပြီဖြစ်တဲ့ အပျိုပေါက်၊လူပျိုပေါက် အသက် ၁၃နှစ် ၊၁၄နှစ် အထက် အဲဒီကြားမှာ လူ့ဘဝ 
ကြီးရဲ့ ကောင်းမှု ဆိုးမှု အစုစုကို တင်းပြည့်ကျပ်ပြည့် ခံစားလို့ရနေတဲ့အရွယ်တွေအတွက်ပါ။ 
အားလုံးမှ တွက်ကြည့်မယ်ဆိုရင် ကာလအပိုင်းအခြားလေးက ၅၁နှစ် ၊၅၂နှစ် ဘဲရှိမှာပေါ့ ။
လောကရဲ့ ရသ စုံလင်တဲ့အချိန်တွေပေါ့ ပျော်တာ၊ဝမ်းနည်းတာ၊ရီတာ၊ငိုတာ၊ ချမ်းသာတာ၊
ဆင်းရဲတာ၊ချစ်တာ၊မုန်းတာ၊အဲဒါတွေအားလုံးကို အများအားဖြစ် ကိုယ်ကိုယ်တိုင် ဖန်းတီးကြတယ် 
ဖြစ်ခြင်တဲ့ဆန္ဒအတိုင်းဖြစ်လာတဲ့သူတွေရှိသလို မဖြစ်လာတာတွေလဲရှိကြတယ်။ပြောခြင်တာက
တော့ လူသက်တမ်းက ၇၅နှစ်ဆိုပေမဲ့လည်း ရှင်သန်ရတဲ့၊ အဓိပ္ပါယ်ရှိရမဲ့အချိန်တွေကအနှစ်၅၀
ဝန်းကျင်ပါဘဲ။ အဲဒီ အနှစ်၅၀ဆိုတာလေးမှာ လူတွေအားလုံး အနှစ်၅၀လုံးလုံး အဓိပ္ပါယ်ရှိအောင် 
မလုပ်နိုင်ကြပါဘူး ဘာကြောင့်လဲ ဘာဖြစ်လို့မလုပ်နိုင်ကြတာလဲ စဉ်းစားကြည့်ရအောင်ပါ။
သက်တမ်းလို့ပြောလိုက်တာနဲ့ အသက်ဆိုတာကို ၂၄နာရီ တစ်ရက် ကစလို့တွက်
တွက်ကြရတော့မှာဆိုတာဟုတ်ပါတယ်နော်။ အဲဒီတစ်ရက်ကလေးကိုဘဲဆန်းစစ်ကြည့်ရအောင်။
လူတွေအားလုံးဘယ်လောက်သန်မာတယ် ၊ကျန်းမာကြတယ်ဘဲပြောပြော ၂၄နာရီလုံးလုံး လှုပ်
ရှားနေဘို့ ခန္တာကိုယ်ကခွင့်မပြုပါဘူး အနားပေးဘို့လိုအပ်ပါတယ်။ဘာတွေဘဲလုပ်နေလုပ်နေ
ပေါ့ပေါ့ပါးပါးအလုပ်ဘဲဖြစ်ဖြစ် ၊ လေးလံတဲ့အလုပ်ဘဲဖြစ်ဖြစ် ခန္တာကိုယ် ကိုအနားပေးရမှာပါဘဲ
အများအားဖြင့်တော့ ညအချိန်ကိုဘဲ အနားပေးကြတာများပါတယ် အဲဒီအနားပေးတဲ့အချိန်ဟာ
တစ်ရက်မှာ ၆း၀၀နာရီအနည်းဆုံးရှိပါလိမ့်မယ် ဘာဖြစ်လို့လဲ ကျန်းမာရေးဆောင်းပါတွေမှာလဲ 
လူတစ်ယောက်ဟာ အနည်းဆုံး ၆း၀၀နာရီလောက် အိပ်သင့်တယ်လို့ဆိုထားပါတယ်။ ဒါမှလဲ
နောက်တစ်နေ့အတွက် ခန္တာကိုယ်ဟာ လန်းဆန်းမှာပါ။အဲဒီလောက်အနားပေးပြီးမှဘဲ နောက်
ထပ် ဆက်လက်လှုပ်ရှားသွားလာဘို့အဆင်ပြေမှာပါ။ ဒါဆိုရင် သင်ရဲ့သက်တမ်း ၅၀ထဲက တစ်
ရက်ကို ၆း၀၀နာရီဟာ အသက်ရှင်နေရတဲ့ခံစားမှု ကိုမရရှိနိုင်ပါဘူး လို့ကျမတွေးမိပါတယ်။
ဒါဆိုရင် ၃၆၅ ရက်အတွက် နာရီပေါင်းတစ်ရက်အတွက်၆း၀၀နာရီလျှော့လိုက်ရင်
၂၁၉၀နာရီတစ်နှစ်မှာ လျော့သွားပါတယ်။အနှစ်၅၀ဆိုရင်တော့ နာရီပေါင်း၁၀၉၅၀၀ အကြမ်းဖျဉ်း
လျော့နေပါလိမ့်မယ်။ တစ်နှစ်ကို နာရီပေါင်း ပျမ်းမျှ ၈၇၆၀နဲ့တွက်မယ်ဆိုရင် ကျမတို့ဟာ ၁၂နှစ်ခွဲအတွက် လောကအရသာပျောက်ဆုံးနေရတယ်လို့ ပြောရမှာပါဘဲ ဒါပေမဲ့လည်း ဒီအ
တိုင်းဘဲ လည်ပါတ်နေမှဖြစ်မဲ့အခြေအနေမို့ ဒါကိုပြုပြင်ဘို့ကြိုးစားလုပ်ကိုင်မယ်နားချိန်ကိုလျှော့
မယ်ဆိုရင် တစ်ချိန် ခန္တာကထိခိုက်လာမှာပါ။ ဘာဘဲပြောပြောပေါ့ ၅၀ကျော်လေးထဲမှာ လောက
ကိုထိတွေခံစားနိုင်တာ ၃၈နှစ်ဝန်းကျင်ဘဲကျန်ပါတော့တယ်နော်။ 
ဒီလောကကြီးမှာမွေးဖွားလာကြတဲ့ကျမတို့ ကောင်းတာ၊ဆိုးတာ၊ ဖြစ်ခြင်တာ၊
ရင်ထဲမှာရှိတဲ့ဆန္ဒ တွေကို လက်တွေ့ ပြုပြင်ဖန်တီးလို့ရတဲ့အချိန်က အနှစ် ၄၀ဝန်းကျင်ဘဲ ရှိ
ပေါ့။ "ကောင်းပြီ ဒါကိုကောကျမတို့အကုန်ရပါ့မလား" ။ မရနိုင်ဘူးထင်ပါတယ် တစ်ရက် တစ်
ရက်တွေထဲမှာဘဲ နောက်ထပ် မိမိစိတ်က ဆန္ဒ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ "အိပ်ချိန်လိုပါဘဲ"
လုပ်ကိုလုပ်ရမဲ့ဟာတွေရှိနေသေးတယ် ။အဲဒါကတော့ အစာဟောင်းစွန့်ခြင်း အစာသစ်စား
ခြင်းတို့ပါဘဲ အဲဒီအချိန်တွေကိုလည်း ကိုယ်ဆန္ဒရှိတဲ့အတိုင်းလုပ်လို့မရတာမို့လို့"အိပ်ချိန်လို"
အသက်ရှင်နေတဲ့ခံစားမှုမဟုတ်နိုင်ပါဘူး အစိုးမရနိုင်ဘူးလို့ပြောချင်တာပါ။
အဲဒီနှစ်ခုပေါင်းရင်တစ်ရက်ကိုမိနစ် ၃၀လောက်တော့ရှိမှာပါ
တစ်နှစ်ကို ၇ရက်ကျော်ကျော်လောက်လျော့သွားမယ် အနှစ်၅၀မှာဆိုရင် ရက်ပေါင်း၃၅၀ဆိုတော့
တစ်နှစ်နီးပါးပါဘဲ ။မျက်နှာသစ်ရမယ် သွားတိုက်ရမယ် ဒါတွေလဲကုန်ဦးမှာဘဲအချိန်တွေ မနဲလှပါ
ဘူး။ သက်တမ်းကိုစေ့အောင်နေရပြီးကျန်းမာပါတယ်ဆိုရင်တောင် ဆုံးဖြတ်ချက်တွေ ခံယူချက်
တွေနဲ့ ရှင်သန်ကြမယ်ဆိုရင်တောင် အချိန်အားဖြင့် ၃၅ နှစ်လောက်ဘဲ အဲဒီခံယူချက်တွေအ
တွက် လှုပ်ရှားလို့ရမယ်။ ဒါကြောင့် ကျမကောက်ချက်ချမိတာကတော့ အသက်ရှင်ရတဲ့သက်
တမ်းလေးက တစ်ဘဝလုံးမှာ အနှစ်၃၀ ကျော်သာရှိပါတယ် ကျန်တဲ့သက်တမ်းကိုအသက်ရှင်နေ
တယ်လို့သတ်မှတ်လို့မရဘူးဆိုပြီး ကောက်ချက်ချပါတယ်။
ဆိုလိုရင်းကအခုမှဘဲစတင်မှာပါ။ အဲဒီ အနှစ် ၃၀ အတွင်းမှာဘာတွေလုပ်ကြ
မှာလဲ ဘာဖြစ်အောင်လုပ်ကြမှာလဲ မစဉ်းစားသင့်ဘူးလား မတွေးသင့်ဘူးလားလို့ ကျမမေးခြင်
ပါတယ်။ မိမိ ရင်သွေးတွေအတွက် မိမိအတွက်မိမိပတ်ဝန်းကျင်အတွက် လျှောက်ရမဲ့လမ်းတွေကို
ကြိုတင် မရွေးချယ်ထားသင့်ဘူးလား။ ရင်သွေးဆိုတဲ့သားသမီးတွေကရော မိမိကိုလမ်းပြပေးနေ
တဲ့မိဘ၊ဆရာသမားများရဲ့သွန်သင်မှုတွေအပေါ် မနာခံသင့်ဘူးလား။လမ်းပြပေးနိုင်စွမ်းမရှိတဲ့မိ
ဘများကမွေးလာတဲ့ သားသမီးဖြစ်နေရင်လည်း မိမိဘာသာ တိုးတက်နေတဲ့သူတွေ ၊ ကြိုးစားနေ
ကြတဲ့သူတွေ ကြည့်ပြီး ကိုယ်လျှောက်ခြင်တဲ့လမ်းကို ရွေးချယ်ပြီးမကြိုးစားသင့်ဘူးလား။ 
လျှောက်ခြင်တဲ့လမ်းကိုတော့တွေ့ပါရဲ့ အခြေအနေအရပ်ရပ်နဲ့မကိုက်ညီခဲ့ဘူးဆိုရင် အလားတူ
ကိုယ့်ဘဝသက်တမ်းလေးတစ်ခုအတွက် အထောက်အကူပေးနိုင်မဲ့လမ်းကြောင်းကိုရှာဖွေပြီးမ
လျှောက်သင့်ဘူးလား။ အခုပြောနေတဲ့စကားတွေ မေးခွန်းတွေဟာ လူတိုင်းကိုမဆိုလိုပါဘူး။တစ်
ချို့ကသိကြပါတယ်။သိတဲ့အတိုင်းလဲလုပ်ကြပါတယ်။အခုပြောတာက မသိသေးတဲ့သူတွေ သိပြီး
မလုပ်ရသေးတဲ့သူတွေအတွက်ပါ။ လုပ်တိုင်းမဖြစ်နိုင်တဲ့လောကကြီးမှာ ဘာမှလုပ်ဘူးဆိုရင်
တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူးဆိုတာသေချာပါတယ်။ 
ခေတ်ကာလအနေအထားက ဒီအခြေအနေကို သွေဖီဘို့ တွန်းအားပေးလာ
တဲ့အချိန်ကာလ လို့ပြောရမှာပေါ့။ ဒီလိုပြောရတဲ့အကြောင်းအရင်းကတော့ လွန်ခဲ့တဲ့ နှစ်
ပေါင်း ၄၀လောက်ကနဲ့မတူဘဲ တစ်ကမ္ဘာလုံး နှင့်တန်းတူ မြန်မာနိုင်ငံမှာရှိတဲ့မြန်မာပြည်သားတွေ
ဟာလည်း လူနေမှုအဆင့်အတန်းတွေတိုးတက်လာတယ်လို့ပြောရမှာပါ။ 
အဲဒီတိုးတက်လာတဲ့အားလုံးသောအခြေအနေတွေကြားထဲမှာ အဓိကတိုးတက်လာ
တာကတော့ "Entertainment "တွေပါဘဲ ပင်ပန်းနွမ်းနယ်နေတဲ့အချိန် စိတ်ရှုပ်ထွေးမှုတွေ များ
ပြားပြီးခဏတာအပန်းဖြေဘို့ အတွက်ကတော့ အမှန်တစ်ကယ်လိုအပ်တဲ့ပစ္စည်းတွေပါ။
ဒါပေမဲ့ ဘယ်အရာမဆိုတန်ဆေးလွန်ဘေးပါဘဲ။ ရရှိထားတဲ့ အနှစ်သုံးဆယ်ကျော်
ဝန်းကျင်ဆိုတဲ့အချိန်အတွက် စိတ်အပန်းဖြေမှုကိုလည်း လိုအပ်သလောက်ဘဲပေးမှကောင်းမှာပါ
ပိုသွားရင်တော့ အချိန်တွေဖြုန်းတီးပြစ်တာနဲ့တူသွားမှာပါဘဲ။ လုပ်ပိုင်ခွင့်ရှိတဲ့အချိန်တွေထဲက
လျော့နည်းသွားမှာကိုသိရမှာဖြစ်တယ်။ 
ကျမနေထိုင်တာ နယ်စပ်မြို့ ။ လူတိုင်း ၊ဆိုက်ကားသမား ၊လမ်းတကာလှည့်
ရောင်းတဲ့ခေါင်းရွက်ဈေးသည်၊ ကုန်စိမ်းသည်၊ အထမ်းသမား ကဲစုံနေပါပြီ အကုန်လုံးဖုန်းရှိကြပါ
တယ် ။ဒါမျိုးမြန်မာတစ်နိုင်ငံလုံး မှာရှိရင်လဲ ဒေသအချို့ဘဲဖြစ်ပါလိမ့်မယ်။တော်တော်နည်းမှာပါ
ဆိုးရွားတာက ကျောင်းနေတဲ့ကျောင်းသားလေးတွေ ကျောင်းသူလေးတွေ ၆တန်း ၇တန်းအရွယ်
တွေကစလို့ဖုန်းကိုယ်စီနဲ့ပါ။ ယခုဖုန်းတွေက ဖုန်းဆက်တာတစ်မျိုးတည်းမဟုတ်တော့ဘူးရှင့်
သီချင်းနားထောင်လို့ရတယ် ။ ဗွီဒီယို ကြည့်လို့ရတယ်။ မြဝတီရုပ်သံလိုင်းကြည့်လို့ရတဲ့ဖုန်းအ
မျိုးစားတွေလည်းရှိတယ်။မကောင်းဘူးလား ကောင်းတာပေါ့သိပ်ကောင်းတာပေါ့ နေရာနဲ့အသုံး
ချရင်ပြောတာပါ။ကောင်းတာတွေနဲ့ထပ်တူဆိုးတာတွေကပ်ပါလာတတ်တာသဘာဝပါဘဲ။ ဒီဖုန်း
တွေထဲမှာ ပါတဲ့(တစ်နည်း) ထည့်ထားတဲ့ ဗွီဒီယိုတွေဟာ မကောင်းတဲ့ညစ်ညမ်းတဲ့ဗွီဒီယိုတွေ
ဖြစ်နေမယ်ဆိုတာ သေချာပါတယ်။
ဒါတွေဟာ အရွယ်ရောက်ပြီးတဲ့ သူတွေ ဆိုက်ကားနင်းတဲ့သူ၊ ကုန်ထမ်းနေ
တဲ့သူတွေမှာရှိတာ အကြောင်းမဟုတ်ပေမဲ့ စာသင်ကြားနေကြတဲ့ ကောင်းသားတွေဆီမှာရှိနေ
တာဟာ ဘယ်လိုမှကောင်းတဲ့အကြောင်းမဟုတ်ဘူးထင်ပါတယ်။
ဒါတွေအပြင် နယ်စပ်ဖြစ်တော့လွတ်လပ်တယ် ငွေရှာရတာလွယ်တယ် 
ကောင်းတဲ့နည်းရောမကောင်းတဲ့နည်းရောပေါ့။ ဒါကိုလည်းမိဘတွေနဲ့ဆက်စပ်ပြီး ကလေးတွေ
သိနေကြတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment