မန်နိုင်ငံဟာ မြန်မာတိုင်းရင်းသာများ ချစ်ကြည်ရင်းနှီးပြူငှာစွာနဲ့  တစ်ဦးနဲ့ တစ်ဦးရှိုင်းပင်းကူညီမှုဖြင့် နေထိုင်လာကြတာပါ။အနောက်နိုင်ငံ
တွေလိုတစ်ကိုယ်ကောင်းမဆံတတ်ဘဲ မိသားစုစိတ်ဓာတ်ဖြင့် နွေးထွေးမှုတွေရှိကြတာဟာ မြန်မာတို့ ရဲ့ချစ်စရာဓလေ့စရိုက်ကလေးတွေပါ။
သိုပေမဲ့လည်း တစ်ချို့ လူတွေကတော့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့စိတ်နဲ့  လူသားချင်းကိုယ်ချင်းစာနာစိတ်မရှိဘဲ လုပ်နေလိုက်ကြတာ။
ကျွန်တော့်ရဲ့ အတွေ့ အကြုံလေးတစ်ခုပြောပြမယ်နော်။ကျွန်တော် အလုပ်တစ်ခုအတွက်နဲ့  ၀ါးခယ်မမြို့ ကလေးကိုရောက်သွားတယ်။ရန်ကုန်
ကနေ ဧရာဝတီသင်္ဘောနဲ့ သွားရတာလေ။အဲဒီကို ညဘက်ရောက်သွားတာပေါ့။အဲဒီ မြို့ ကလေးက ဧရာဝတီတိုင်း မြောင်းမြခရိုင်ထဲမှာပါတယ်
လေ။အဲဒီမြို့ ကလေးကိုရောက်သွားတော့ ကမ်းနားကကော်ဖီဆိုင်မှာထိုင်နေတုန်း ယောင်္ကျားတစ်ယေက်က ရှိုကြီးတငင်နဲ့ ငိုနေတာတွေ့ 
ဘာအတွက်ကြောင့် ငိုနေတာလဲလို့ မေးတော့ သူ့ ရဲ့အမျိုးသမီး မီးမဖွားနိုင်လို့  ၀ါးခယ်မပြည်သူ့ ဆေးရုံကြီးကိုညတွင်းချင်းတင်တာတဲ့ ဆေး
ရုံရောက်တော့ မီးယပ်သားဖွားဆရာမကြီး ဒေါ်ခင်ဌေးက စမ်းသပ်ပြီးတော့ ပြောတယ်တဲ့ဗျာ ဗိုက်ခွဲပြီင်္းကလေးမွေးရမယ်တဲ့ ဒီညမှမမွေးနိုင်ရင်သေမယ်လို့ လဲပြောတယ်တဲ့။အရင်ဆုံး ငွေ ၃၀၀၀၀၀ (သုံးသိန်း)ပုံရမယ် မပုံနိုင်ရင်ခွဲမပေးဘူးလို့ ပြောတယ်တဲ့ ။အဲဒါကြောင့် ကျွန်တော်ကြံရာမရလို့ အခုလိုလုပ်နေလိုက်တာပါတဲ့လေ။ကာယကံရှင်မပြောနဲ့  ဘေး
ကနေကြည့်ရတဲ့သူတွေတောင် မနေနိုင်တော့ဘူးဗျာ။ဒီယောင်္ကျားကလဲ တစ်နေ့ လုပ်မှတစ်နေ့ စားရတဲ့လက်လုပ်လက်စားသမားတွေလေ
ဒီတော့ သူ့ အနေနဲ့  ဒီငွေမှမရရင် သူ့ ရဲ့ဇနီးသေးမှာကိုထိုင်ကြည်နေရမဲ့ဘ၀။
ကျွန်တော်လဲ မတတ်သာတော့ဘဲ ကျွန်တော့်ရဲ့ သူငယ်ချင်းဆိုင်ကယ်နဲ့ လာကြိုတော့ ကဲညီလေးမင်းမိန်းမတက်နေတဲ့ဆေးရုံကိုလိုက်ပြကွာ
လို့ ပြောပြီ ဆေးရုံလိုက်သွားလိုက်တယ်။ဆေးရုံရောက်တော့ အဲဒီသားဖွားဆရာမနဲ့ တွေ့ ပြီး သူလိုချင်တဲ့ငွေ ကိုပုံပေးလိုက်တော့ ချက်ချင်းလူနာကိုခွဲခန်းထဲ ပို့ တော့တာပါဘဲဗျာ။ကျွန်တော့်မှာလဲ ပါသွားတဲ့ငွေကမလောက်တော့ လာကြိုတဲ့ သူငယ်ချင်းဆီကလိုတာကိုချေးပြီးပေးရတာပေါ့။
ကြည်ကြပါဦးဗျာ.....လုပ်နေတဲ့အလုပ်ကလူတွေရဲ့အသက်ကိုကယ်တင်တဲ့ ကျန်းမာရေးဝန်းထမ်းအလုပ်။တစ်ကယ်လုပ်နေတာက သေအံ့
ဆဲလူတစ်ယောက်ရဲ့အသွေးအသားတွေကိုသောက်သုံးနေတဲ့ မင်းသားခေါင်းဆောင်းထားတဲ့ဘီလူးလိုလူမျိုး။အဲဒီ သားဖွားဆရာမမျိုးကို
လျူေလာကကြီးမှာတောင်မထားသင့်ဘူးဗျာ။အခုထိ အဲဒီဆရာမအဲဒီဆေးရုံမှာရှိသေးတယ်။အဲဒီဆရာမမျိုးနဲ့  မတွေကြပါစေနဲ့ လို ဆုတောင်းပေးလိုက်ကြပါတယ်............
အများအတွက် အထူးသဖြင့် မရှိဆင်းရဲသားတွေအတွက် ကျမ်းမာရေး
11:48 pm |
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment