RADIO

What is current song?

RSS

'ချစ်မေတ္တာ သ၀ဏ်လွှာ နှစ်စောင် !@!'

တစ်ခုသော မနက်ခင်းမှာ ယောက်ျားဖြစ်သူဟာ ဇနီးဖြစ်သူနဲ့ ရုံးသွားခါနီး နှုတ်ဆက်ပါတယ်။ "စိတ်မကောင်းပါဘူး အချစ်ရယ်... မပြောချင်ပေမဲ့ ပြောရတော့မယ်...မောင်တို့ ကုမ္ပဏီမှာ အခုတစ်လော စီးပွားရေးမကောင်းလို့ ၀န်ထမ်းတွေ လျှော့တယ်... ၃ ယောက်မှာ တစ်ယောက်လောက်ကို လျှော့ပစ်တယ်လို့ကြားတယ်...ဒီနေ့ အလုပ်ဖြုတ်ပစ်တဲ့ ၀န်ထမ်းစာရင်းကို ကြေငြာမယ်တဲ့... အဲဒါမောင်လဲ ပါမယ်ထင်တယ်.. အဲလိုသာဆိုရင် မနက်ဖြန်ကစပြီး မောင် အလုပ်မရှိတော့ဘူးပေါ့....." လို့ စိတ်ပျက်စွာနဲ့ ပြောပြတယ်။ ဇနီးဖြစ်သူက စိတ်ထဲမှာ မကောင်းပေမဲ့ ဘာမှ မဖြစ်တဲ့ပုံစံနဲ့ ယောကျာ်းဖြစ်သူကို အပြုံးမပျက်ပဲ ခါတိုင်း နှုတ်ဆက်နေကျပုံစံအတိုင်း "သတိထားသွားနော် မောင်" လို့ပဲ ပြန်ပြောလိုက်ပါတယ်။

ရုံးရောက်တော့ ၀န်ထမ်းလျှော့ပစ်တဲ့ စာရင်းဆိုင်းဘုတ်ရှေ့မှာ လူတွေ တန်းစီနေတာတွေ့ရပါတယ်။ ဒါနဲ့ သူလဲ လူအုပ်ကြားထဲကို အတင်းတိုးဝင်ပြီး စာရင်းမှာ သူ့နာမည် ကို ရှာကြည့်လိုက်ပါတယ်။ ကံကောင်းချင်တော့ သူ့နာမည်က စာရင်းထဲမှာ မတွေ့ပါဘူး။ သူလဲ သေချာထပ်စစ်ပြန်တယ်။ တကယ်ကို သူ့နာမည် မပါပါဘူး။ ဒါနဲ့ သူလဲ အရမ်းဝမ်းသာသွားပါတယ်။

ရုံးဆင်းတော့.. အိမ်ကို သူက ၀မ်းသာအားရနဲ့ ပြန်လာပါတယ်။ အိမ်ထဲဝင်တော့ မီးဖိုချောင်က မွှေးကြိုင်တဲ့ ဟင်းနံ့ထွက်လာတာကိုသတိပြုမိပါတယ်။ စားပွဲပေါ်မှာလဲ ဟင်း သုံးလေးမျိုးက အဆင်သင့်ရောက်နေပါတယ်။ ပွဲတော် အထူးအခမ်းအနား အထိမ်းအမှတ် ရှိတဲ့ နေ့မှသာ ဇနီးဖြစ်သူက ဟင်းတွေကို အလျှံပယ်ချက်လေ့ရှိပါတယ်။ ဒါနဲ့ သူလဲ ၀မ်းသာသွားပြီး မီးဖိုချောင်ထဲကို ပြေးဝင်သွားပါတယ်။ ပြီးတော့ ဇနီးဖြစ်သူရဲ့ နောက်ကနေ ခါးကိုဖက် ပြီး မေးပါတယ်။ "မောင် လူလျှော့ပစ်တဲ့ထဲ မပါတဲ့ သတင်းကို သိပြီးပြီ မဟုတ်လား... အချစ်"

သူမက ဘာမှ မပြောပဲ ဟင်းတွေကို ကြော်လှော် ချက်ပြုတ်ပြီးတော့ စားပွဲပေါ်မှာ ဟင်းပွဲတွေ ပြင်ဆင်လိုက်ပါတယ်။ ပြီးတော့ သူတို့ နှစ်ယောက်အတူတူ ထမင်းဝိုင်းကို အားရပါးရ စားသောက်ကြပါတယ်။

စားနေရင်းနဲ့ ယောက်ျားဖြစ်သူက ထမင်းစားပွဲပေါ်တင်ထားတဲ့ စာလေးတစ်စောင်ကို တွေ့ပါတယ်။ ရေးထားတာက "ယောက်ျား ကံကောင်းပါစေ လို့ ဆုတောင်းပေးပါတယ်၊ ကျွန်မ မောင့်ရဲ့ အစွမ်းအစကို ယုံကြည်တယ်... ကံကောင်းခြင်းတွေက ကျွန်မတို့ နှစ်ယောက်ကို စောင့်ရှောက်မယ်ဆိုတာ ကျွန်မ တစ်ထစ်ချ ယုံကြည်တယ်.. " ။ ဒီစာလဲ ဖတ်ပြီးရော ဇနီးဖြစ်သူကိုကြည့်လိုက်တော့ သူ့ကို ပြုံးပြီး ကြည်နူးနေတာတွေ့ရပါတယ်။ ယောက်ျားဖြစ်သူကတော့ စိတ်ထဲမှာ ဇနီးရဲ့ အကြင်နာမေတ္တာတရားတွေကို ခံစားမိလိုက်ပါတယ်။

ထမင်းစားပြီးတော့ ... ဇနီးက ထမင်းစားပွဲကို သိမ်းဆည်းပါတယ်။ ယောက်ျားဖြစ်သူက ဇနီးလက်ကို ဆွဲလိုက်ပြီး "မောင်လဲ မင်းကို အတူတူ ကူညီပေးချင်တယ်..." ဆိုပြီး ဇနီးဖြစ်သူ ကိုယ်ပေါ်က အိမ်ရှင်မ အကျီင်္ကို ၀တ်... မီးဖိုချောင်ထဲဝင်သွား ပြီး သီချင်းတအေးအေးနဲ့ ပန်းကန်ဆေးပါတော့တယ်။

အားလုံး ဆေးကြောပြီးတော့ ယောက်ျားလုပ်သူက သူဝတ်ထားတဲ့ အိမ်ရှင်မ အကျီင်္နဲ့ လက်သုတ်လိုက်တော့ ... အကျီင်္အိပ်ကပ်ထဲမှာ တစ်ခုခုကို စမ်းသပ်မိပါတယ်။ ဒါနဲ့ သူလဲ ထုတ်ကြည့်လိုက်တော့ စာရွက်ခေါက်လေး တစ်ခုဖြစ်နေပါတယ်။ အထဲမှာ ရေးထားတာက "ချစ်တဲ့မောင်ရေ... လူလျှော့ခံရလို့ စိတ်မပျက်ပါနဲ့ ...တံခါးတစ်ချပ်မောင့်အတွက် ပိတ်သွားပေမဲ့ နောက်ထပ် ၉၉ ချပ်သော တံခါးတွေ မောင့်အတွက် ပွင့်ဖို့ စောင့်နေကြပါတယ်။ ကျွန်မက တော့ မောင် အမြဲတမ်း အကောင်းဆုံး လုပ်နိုင်မယ်လို့ ယုံကြည်တယ်"

ယောက်ျားဖြစ်သူက စာရွက်ခေါက်လေးကို တိတ်တိတ်လေး ပြန် ခေါက်သိမ်းလိုက်ပါတယ်။ ပြီးတော့ မျက်ဝန်းထဲမှ မတားဆီးနိုင်တဲ့ မျက်ရည်တွေဟာ တလိမ့်ပြီးတလိမ့် ကျဆင်းလာပါတော့တယ်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

` အဆိုးတွေလား အကောင်းတွေလား ´

                                            ` မြေခွေး နှင့် ငှက်ကြား ´
          တစ်ခါတုံးက မြေခွေး တစ်ကောင်နဲ့ ငှက်ကြားတစ်ကောင်ဟာ သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေပေါ့.. ။ တစ်ရက်မှာ မြေခွေးဟာ သူ့သူငယ်ချင်း ငှက်ကြားကို ခင်လို့ အိပ်မှာ ဖိတ်ကာ စွပ်ပြုတ် တိုက်တယ်… ။ ငှက်ကြားကို အရမ်းချစ်တော့ သူသောက်နေကျ ပုခံပြားနဲ့ ထည့်ပြီး ဧည့်ခံတယ်.. ။ အဲဒီမှာ ငှက်ကျားက စွပ်ပြုတ်သောက်ရတာ ဒုက္ခရောက်တယ်… နှုတ်သီးကအရှည်ကြီး ဆိုတော့  ပုဂံပြားထဲမှာ ထည့်ထားတဲ့ စွပ်ပြုတ်ကို သောက်တာ ဘယ်လို မှ သောက် မရခဲ့ဘူးလေ.. ။ လည်ချောင်းထဲ မရောက်ခင် အကုန် ပြန်ထွက်ကျ ကုန်တာပေါ့ ။  ငှက်ကျားဟာ စိတ်ဆိုးတယ်.. မြေခွေးက သူ့ကို သက်သက်မဲ့ ခေါ်ပြီး အရှက်ခွဲတယ် လို့ ထင်ခဲ့တယ်… ။ ဒါပေမဲ့ သူဟာ သူငယ်ချင်းစိတ် နဲ့ မြေခွေးကို ပြန်လည်ကျွေးမွေးပြုစုဖို့ တာဝန်ကျန်သေးတာမို့  မြေခွေးကို မနက်ဖြန်မှာ သူ့အိမ်ကို အလည်လာဖို့ ပြန်လည် ဖိတ်ခေါ်ခဲ့တယ်။
          နောက်ရက်မှာ မြေခွေးက ငှက်ကျားအိမ်ကို ရောက်တော့ ငှက်ကျားက သူသောက်နေကျ လည်ပင်းရှည်ရှည် ရေတကောင်းထဲမှာ စွပ်ပြုတ်ကို ထည့်တိုက်တယ်… ။ မြေခွေး နှုတ်သီးက တုတ်နေတော့ ရေတကောင်းထဲက စွပ်ပြုတ် ကို ဘယ်လိုမှ သောက်မရခဲ့ဘူး… ။ အဲဒီနောက် မြေခွေးလဲ စွပ်ပြုတ်မသောက်ခဲ့ရဘဲ ပြန်လာခဲ့ရတယ်..။ မြေခွေးလဲ ငှက်ကျားက သူ့ကို သက်သက်မဲ့ ခေါ်ပြီး အရှက်ခွဲတာပဲလို့ ထင်ခဲ့တယ်… ။
      နောက်တော့ မြေခွေးနဲ့ ငှက်ကြားဟာ တစ်ကောင့်ကို တစ်ကောင် အထင်လွဲပြီး မခေါ်ကြတော့ဘူးတဲ့… ။

( ဒီပုံပြင်လေးဟာ အသွင်မတူတဲ့ ၂ ဦး ရဲ့ ပြုမူ နေထိုင်လုပ်ကိုင် လုပ်ကိုင်ပုံတွေဟာ ဖလှယ်လို့ မရဘူး.. ဆိုတဲ့ သဘောကို ပြသ သွားတာ ဖြစ်ပါတယ်။)

                                             ` ခြသေ့င်္မင်းနှင့် ဖားသူငယ် ´
          တစ်ခါတုံးက တောဘုရင် ကေသရာဇာ ခြင်္သေ့မင်းကြီးဟာ တောအုပ်တစ်ခုကို စိုးမိုးနေသတဲ့။ သူဟိန်းဟောက်လောက်တာနဲ့ သူ့ရှေ့က သားကောင်ဟာ သူ့အသံကို မခံနိုင်လို့ တုန်လှုပ်ခြောက်ခြားပြီး သေဆုံး ရသတဲ့… ။ အဲဒီတောအုပ်ထဲမှာ ရေကန်ကြီး တစ်ကန်လဲ ရှိတယ်.. ။ ရေကန်ကြီး ထဲက ဖားသူငယ်လေးက တော့ တောဘုရင် ခြင်္သေ့ကြီးကို မကြောက်ဖူးတဲ့… ။ ဒီသတင်းကို ကေသရာဇာ ခြင်္သေ့မင်းကြီးကြားတော့ ဖားသူငယ် ရှိရာ ရေကန်ကို သွားသတဲ့… ။ ဟိုရောက်တော့ ဖားသူငယ်ကို မေးတယ်… ။ မင်းငါ့ကို မကြောက်ဖူးဆိုတာ ဟုတ်သလား ပေါ့.. ။ ဖားသူငယ်လည်း ကြာရွက်လေးပေါ်ကနေ ထိုင်ရင်း ..  ဟုတ်တယ်.. မကြောက်ဖူးလို့ ပြောသတဲ့.. ။ ဒါနဲ့ ခြသေ့င်္ကြီးလဲ ဒေါသထွက်ပြီး ဟိန်းဟောက်လိုက်တယ်… ။ အဲဒီအချိန်မှာ ဖားသူငယ်လေးက ရေထဲကိုခုန်ဆင်း ချလိုက်တော့ သူ့ဟိန်းဟောက်သံကို မကြားလိုက်ရဘူးပေါ့.. ။
          နောက် ဖားသူငယ်လေးက ကြာဖက်ပေါ် ပြန်ခုန်တက်လာပြန်တယ်.. ။ ခြသေ့င်္ကြီးက နောက်တစ်ကြိမ် အသံကို မြှင့်ပြီး ထပ်မံ ဟိန်းဟောက်ပြန်တယ်… ။ ဖားကလေး ကလည်း .. သူ့အသံ ထွက်မလာခင်လေးမှာ ရေထဲကို ငုပ်ပြီး ခဏ ပုန်းနေတယ်.. နောက်ပြန်တက်လာပြန်တယ်.. ။ ခြင်္သေ့ကြီးဟာ ဒေါသထွက်လာပြီး အသံကုန် ဟစ်ကာ ဖားလေး တက်လာတိုင်း ဟိန်းဟောက်ရင်း နောက်ဆုံးတော့ သူပဲ အမောဆို့ကာ သေဆုံး သွားရတယ်… ။

( ဒီပုံပြင်လေးကတော့  အနှိုင်အရှုံးလုရာမှာ  နေရာဒေသ အခြေအနေ ဟာ လွန်စွာမှ အရေးပါကြောင်း ပြသတဲ့ ပုံပြင်လေး ဖြစ်ပါတယ်.. )

          လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကျော်လောက်ကပါ… ။ အင်္ဂလန်နိုင်ငံ .. အားကစားကွင်းတစ်ခုမှာ အားကစား ပြိုင်ပွဲ တစ်ခု လုပ်ပါတယ်… ။ အဲဒီပြိုင်ပွဲက မသန်မစွမ်းသူ များ အပြေးပြိုင်ပွဲ ဖြစ်ပါတယ်.. ။ လာကြတဲ့ သူတွေဟာ ပြောရရင် တော့ ဒုက္ခိတ တွေချည်းပေါ့ဗျာ… ။ ပြိုင်ပွဲကိုတောင်မှ wheel chair နဲ့ လာကြရတာ.. ။ ပြိုင်ပွဲမစခင် တာထွက် မဲ့ နေရာမှာ နေရာယူနေကြတဲ့အချိန်မှာ.. ပွဲကြည့်ပရိတ်သတ် ထဲက တစ်ယောက်က အဲဒီလူတွေကို ကြည့်ပြီး… သူတို့ဟာ .. အရင်ဘ၀တုံးက မကောင်းမှုလုပ်ခဲ့လို့ ဒီဘ၀မှာ အခုလိုဖြစ်နေတာလို့ ဘေးကလူကို ပြောလိုက်တယ်… ။ ဘေးကလူက မကျေနပ်တော့ ရဲကိုသွားပြောတယ်.. ။ ရဲက အဲဒီလူကို ဖမ်းပြီး တရားရုံးကို ပို့တယ်.. ။ တရားရုံးက ပြောတဲ့လူကို အခြေအမြစ်မရှိတဲ့ စကားတွေနဲ့ လူတွေကို ပုတ်ခတ် စော်ကားပါတယ် ဆိုပြီး တရားစီရင်ခံရတယ်… ။ ဒါက သူတို့ နိုင်ငံဟာ ကံ ကံရဲ့ အကျိုးကို လုံးဝ အယုံအကြည်မရှိတဲ့ နိုင်ငံဖြစ်တယ်.. ။ ပြောတဲ့သူက ကျုပ်တို့ အရှေ့တိုင်းက ကံ ကံ၏အကျိုးကို ယုံကြည်သူဖြစ်တယ်.. ။
          ကျုပ်တို့ နိုင်ငံမှာ အဲလိုကြောင့် အဲလိုဖြစ်ပါတယ် ဆိုတာ ကာယကံရှင်တွေ ကိုယ်တိုင်တောင် ယုံကြည်မှု ရှိပါတယ်… ။ ဘယ်သူလာပြောပြော.. ဘာမှ ပြသနာ မရှိပါဘူး.. ။ ဒါပေမဲ့ သူတို့ ဆီမှာတော့ ပြောခွင့်ကို မရှိတာ..။

                                    ` တစ်ထွာလောက်ပြဲသွားသော ပုရွက်ဆိတ်ကလေး ´
          တစ်ခါတုံးက မာဂဓ စကားကို နားလည်တဲ့ လူတစ်ယောက် ရှိတယ်တဲ့.. ။ တစ်ရက်တော့ သူဟာ လမ်းဘေး ကို ထိုင်နေတယ်… ။ အဲဒီအချိန်မှာ စကားပြောသံတွေကြားလို့ ကြည့်လိုက်တော့ ပုရွက်ဆိတ် တစ်ကောင်က အော်ပြောနေတယ်တဲ့.. ။ ` လာကြပါဦး… ဒီမှာ လမ်းပေါ်က လွင့်စင်လာတဲ့ ကျောက်ခဲလေးနဲ့ တိုက်မိလို့ ပါ ´ လို့ ဆိုတော့ ပုရွက်ဆိတ်တွေ ပြေးလာကြတယ်တဲ့.. ။ လာတဲ့ ပုရွက်ဆိတ်တွေက ဒဏ်ရာကိုကြည့်ပြီး.. ` ဟာ ဒဏ်ရာက တစ်ထွာလောက် ရှိတယ်.. သူ့ကို မြန်မြန် အိမ်ခေါ်သွားကြရအောင် ´  လို့ ပြောသတဲ့.. ။
          ဒါနဲ့ ထိုင်ကြည့်နေတဲ့ လူက ` သူ့တစ်ကိုယ်လုံးတောင် တစ်ထွာလောက် မရှိပဲနဲ့ တစ်ထွာလောက် ပြဲသွားတယ် ဆိုတာ ဖြစ်နိုင်ပါ့မလား ´ လို့ဆိုတော့ ပုရွက်ဆိတ်ကလေးက ပြန်ပြောတယ်.. ` ပုရွက်ဆိတ်လဲ ပုရွက်ဆိတ် အထွာနဲ့ ပေါ့ဗျာ… ´ တဲ့.. ။
( ဒါကတော့ လူတွေမှာ သူ့ဒုက္ခနဲ့ သူ ၊ သူ့ အတိုင်းအတာနဲ့သူ ၊ ရှိနေကြတာ မှန်တယ် မှားတယ် ပြောလို့ မရဘူး.. လို့ ဆိုလိုချင်တဲ့ သဘော ဖြစ်ပါတယ်…. ။ )

                         ` အဆိုးတွေလား အကောင်းတွေလား ´
          အနောက်တိုင်း အတွေးအခေါ် အယူအဆ သမားတွေက ပြောကြပါတယ်… ။ အိမ်ထဲမှာ ဘုရားကို အမွှေးတိုင် ပူဇော်တာကို ရောဂါကို ငွေပေးပြီး ရှာယူနေကြတာတဲ့… ။ သူတို့ဆီက လေလံပွဲတစ်ခုမှာ .. ဘရစ်တနီစပီးယား ၀ါးပြီးသား ပီကေ ကို ဒေါ်လာ ၄၀၀၀ နဲ့ ၀ယ်ယူ သွားတဲ့သူကိုကျတော့ ဂုဏ်ပြုကြေငြာသွားတယ်ဗျ… ။ သူတို့ဟာ ရှေ့ကသာ ၀တ်ကောင်းစားလှလေးနဲ့ ကနေတာ.. နောက်ကနေကြည့်ရင်တော့ ဖင်ဟောင်းလောင်း ပဲဗျ… ။
          ကျုပ်တို့ မြန်မာမလေးတွေ စီးပွားရေးအခြေအနေချို့တဲ့မှုကြောင့် ပြည့်တန်ဆာလုပ်စား နေကြရပါတယ်..တဲ့..။
ဒါဆို ငွေကြေး ချို့တဲ့မှု့ တစ်ခုကြောင့် လုပ်စားနေတာလား ဆိုတာ စဉ်းစားကြည့်ရအောင်.။ သူတို့ နိုင်ငံမှာကော အဲလိုမျိုး မရှိဘူးလား… ။ သူတို့ နိုင်ငံရဲ့ နေ့စဉ်ထုတ် သီတင်းစာ ကြော်ငြာကဏ္ဍ ကိုကြည့်လိုက်ပါ.. ။
Hot… , Housewife , Nearly virgin , Gay ,  0.85 $ per minute , 0.99$ per minute, 1.2$ per minute,
ဆိုပြီး သူ့ဈေးနဲ့သူ ကြော်ငြာပေးထားလေရဲ့.. ။ နောက်ပြီး.. တစ်ခုလောက်တော့ ဘာသာပြန်ပြလိုက်ပါဦးမယ်..
` ကျွန်မ၏ ယောက်ကျားသည် ဟာဝိုင်ရီ အလုပ်ကိစ္စဖြင့် တစ်ပတ် ခရီးထွက်သွားပါသည်။ ထို့ကြောင့် ကျွန်မအိမ် တွင် လာလိုက လာနိုင်ပါသည်။ ကျွန်မ၏ ကိုယ်ခန္ဓာ အတိုင်းအတာ မှာ ခါး … တင်…. ..  ရင်…. .. ဖြစ်ပါသည်။ prize မှာ 0.75$ p/m ဖြစ်ပါသည်…. ´ တဲ့ ဗျာ… ။
အဲဒါက ဆိုးတယ် ထင်တဲ့ဟာတွေ ဖော်ပြတာပါ… ။
          ကောင်းတယ်ထင်တာတွေလဲ ဖော်ပြပါဦးမယ်… ။ ရုပ်မြင်သံကြား မှာ သီတင်းတစ်ခုကြေငြာတယ်.. ။ လူတိုင်း စဉ်းစားပေးကြပါဆိုပြီး.. တရားသူကြီး တစ်ယောက်က တင်ပြတာပါ.. ။
          တရားခံ တစ်ဦးသည်.. တရားစီရင်ချက်ချမည့် နေ့ရက်တွင် တရားရုံးသို့ လာရောက်သည့်အခါ ယောက်ကျား ဘ၀ ကို သိပ္ပံနည်းဖြင့် ပြုပြင် ပြောင်းလဲကာ မိန်းမဘ၀ဖြင့် ရောက်လာခဲ့ပါသဖြင့် စီရင်ချက်ကို မည်သို့ မည်ပုံ ချရမည်ကို ခက်ခဲ နေကြောင်း တင်ပြထားသည့် သီတင်း….။
          ရှေ့နေ တစ်ယောက်မှ သူ တာဝန်ယူရသည့် သေတမ်းစာ တစ်ခုတွင် အသက် ၈၀ ကျော် အဖွားကြီးက သူသေခဲ့လျှင် သူ့ ပိုင်ဆိုင်မှု့အား.. သူ့အိမ်မှ ခွေးအား အကုန်လွဲပြောင်း ပေးရန်.. ရေးသားထားခဲ့ပါသည်။ ယခု ထိုခွေးကို လည်းလွှဲပြောင်း ပေးလိုက်ပြီးပါပြီ.. ။ ထိုခွေးကို တိရိစ္ဆာန် ထိန်းသိမ်းရေး ဌာန ပို့ထားစဉ်.. သေဆုံးသူ အဖွားကြီး၏ သားသမီး နှစ်ယောက်က ထိုခွေးကို ပိုင်ဆိုင်ဖို့အတွက် တောင်းယူနေကြကြောင်း.. ။ ၄င်းသားသမီး များမှာ မိခင်ကြီးနှင့် ခွဲခွာ နေထိုင်လာသည်မှာ နှစ်ပေါင်း ၃၀ ကျော်ကြာမြင့်ပြီဖြစ်ကြောင်း.. ယခု သူ့အဖို့ မည်သို့ လုပ်ဆာင်သင့်သည်ကို အကြံပေးကြစေလိုကြောင်း …… အဲလိုရေးထားတာတွေ တွေ့ရပါတယ်.. ။
          ကမ္ဘာလောကကြီးမှာ ကျုပ်တို့ မသိသေးတာတွေကလည်း အများကြီးပါ… ။ အွန်လိုင်းပေါ်မှာ ဘယ်သူမှန် တယ် မှားတယ်.. လို့ ဝေဖန်နေမယ့်အစား.. ကိုယ်မသိသေးတဲ့ အရာ.. ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင် အတွက် ကောင်းကျိုးပေးမဲ့ အရာ.. ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် အကျိုးရှိမဲ့ အရာတွေ ရှာကြရအောင်လားဗျာ… ။
       ဒီတော့ ကျုပ်တို့လဲ သူများကိုပြောချင်ရင် ကျုပ်တို့ဘက်က အပြစ်ကင်းအောင် ပထမလုပ်ရမယ်.. ။ အများ ဖတ်ဖို့ ဘလော့ တစ်ခုရေးပြီဆိုရင် .. ပြန်ဖတ်ပြီး ကိုယ့်ဘက်က အားနည်းချက်ကို အရင်ကိုကြည့်ပါ..၊ ဝေဖန်ခံ ရရင်လည်း.. ကိုယ့်တိုးတက်ရာ တိုးတက်ကြောင်းကို ညွှန်ပြတာ လို့ သဘောထားနိုင်ရပါမယ်.. ။
ဒါဆိုရင် ကျွန်တော့ စေတနာ ကျွန်တော့ တင်ပြချက်ကို သူငယ်ချင်းတို့ သဘောပေါက်မယ်ထင်ပါတယ်… ။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

"လိုအပ်နေသော ကွက်လပ်များ"

ဘာတွေဖြစ်နေသလဲဆိုတော့ ရင်ထဲမှာ ပူလောင်နေတယ် ဒါကို ငြိမ်းအေးစေဖို့ အအေးဓာတ် တွေလို နေ တယ်။ ရေဆာတဲ့ လူတွေအတွက် ရေလိုနေတယ် အစာဆာနေတဲ့လူတွေအတွက် အစာလိုနေတယ်။ တောင်းဆိုမှုတွေက များနေပြီးတော့ လိုအပ်တာကို မဖြည့်စွက်နိုင်ရင် ဒါကပြဿနာပဲ။ ဖြည့်စွက်နိုင်ရင်တော့ ဘာပြဿနာမှ မဖြစ်နိုင်ဘူး။ ဘုရားဟောပါဠိတော်က “သဗ္ဗောလောကော ဦနော ” တစ်လောကလုံးဟာ မပြည့်ဘူး လိုနေတယ်။ ကမ္ဘာ့လိုအပ်ချက်ကို ဗုဒ္ဓဘာသာရှုဒေါင့်က ဘာနဲ့ ဖြည့်မလဲဆိုရင် “ဓမ္မ”နဲ့ ဖြည့်ရမယ်။ ဓမ္မနဲ့ ဖြည့်မှ တကယ်ပြည့်မှာ၊ ပစ္စည်းတွေနဲ့ ဖြည့်လို့တော့ ဘယ်တော့မှ ပြည့်မှာ မဟုတ်ဘူး။ ငွေလိုတဲ့ လူကို ငွေပေးလိုက်ရင် ရွှေထပ်တောင်းမှာပဲ၊ ကားလိုတဲ့လူကို ကားပေးလိုက်တော့ လေယာဉ်လို့မှာပဲ၊ ရွှေပေးလိုက်ရင် စိန်ထပ်တောင်းမှာပဲ စသည်ဖြင့် လိုအပ်တာတွေ တစ်ခုပြီးတစ်ခု ထပ်တောင်းနေမှာပဲ၊ လူတိုင်းရဲ့ လောဘသည် ဘယ်တော့မှာ ပြည့်စုံတယ်ရယ်လို့ မရှိဘူး။ အလိုမပြည့်သမျှသည် ဒုက္ခ။ လိုချင်မှုများလေလေ ဒုက္ခများလေလေပဲ၊ ကောင်းကင်က မိုးရေ ဘယ်လိုပဲ ရွာချရွာချ ပင်လယ် သမုဒ္ဒရာက ပြည့်ရိုးထုံးစံမရှိပါ။ လောဘတို့မည်သည်မှာလည်း မလိုချင်ဘူးဆိုတာ မရှိပါဘူး။ တစ်ခု စဉ်းမိတယ် အခုက လူဦးရေ သုံးပုံနှစ်ပုံလောက်က အမျိုးသမီးတွေဖြစ်နေတယ်။ ယောက်ျားတွေက တဖြည်းဖြည်းနဲ့ နည်းနည်းလာတယ်။ နောက်နှစ်ပေါင်း တစ်ရာလောက် ဒီအတိုင်းသွားနေမယ်ဆိုရင် မိန်းမဦးရေ ပိုများလာပြီးတော့ ယောက်ျားဦးရေလျော့လာမယ် ဒီတော့ ပျောက်ဆုံးသွားတဲ့ ယောက်ျားနေရာမှာ မိန်းမတွေကို ဘယ်လို အစားထိုးရမလဲ အရည်ချင်းမှီလာအာင် ဘယ်လို ပြုပြင်ပေးမလဲ ဆိုတာ ပိုမို စိတ်ဝင်စားစရာကောင်းပါတယ်။ လိုအပ်တဲ့ ကွက်လပ်ကလေးတွေကို ဖြည့်ဆည်းပေးဖို့ စဉ်းစားမိဖို့လိုပါတယ်၊ အခုလူငယ်တွေရော ခေါင်းဆောင်တွေပါ စဉ်းစားဖို့လိုပါတယ်။ လိုအပ်ချက်တွေကို ကြိုတင်မဖြည့်စွက်နိုင်ရင် တောင်းဆိုလာကြမှာပါ။ လိုတယ်ဆိုတာကို ဆွဲထုတ်နိုင်မှ အလိုတွေ ပျောက်သွားနိုင်တယ်။ ဓမ္မာစင်္ကြာသုတ်မှာ “ယံ ပိစ္ဆံ နလဘတိ၊ တံ ပိ ဒုက္ခံ။ ” လိုတာကို မရတာ ဒုက္ခ၊ လိုချင်ဆိုတာ သမုဒယ၊ လိုသလောက်မရတာ ဒုက္ခ၊ ဒါကြောင့် ဗုဒ္ဓဘာသာအစ သစ္စာက၊ ဗုဒ္ဓဘာသာ၏ အစသည် အမှန်ကို နားလည်ခြင်း၊ သစ္စာတရား(၀ါ) အမှန်တရားကို အမှန်တကယ်နားလည်မှ ပညာတတ်လို့ခေါ်ထိုက်တယ်။ ဘ၀တစ်ခုလုံး၏ အမြတ်ဆုံး ဥစ္စာသည် သီလနဲ့ ပညာ၊သီလနဲ့ ပညာသည် လူသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုပါ။ ရိုးရိုးလေးစဉ်းစားလိုက်ပါ။ သီလရှိတယ် ပညာမတတ်ရင် သူတော်ကောင်းလူအလို့ သမုတ်ခံရမှာ၊ ပညာတွေသပ်တတ်ပြီးတော့ အကျင့်ပျက်နေရင် ပညာတတ်လူမိုက်ဆိုပြီး သိပ်ကြောက်ဖို့ကောင်းတယ်။ ဒီနှစ်ခု ဟန်ချက်ညီရင်တော့ သိပ်ကောင်းတာပေါ့။ ပညာရှိသူတော်ကောင်းလို့ ခေါ်ထိုက်တာပေါ့။ လိုအပ်နေတဲ့ ကွက်လပ်ကလေးကို ဟန်ချက်ညီစွာ ဖြည့်စွက်နိုင်ကြပါစေ။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဘုရားဖြစ်တော်မူသည့် ဗုဒ္ဓ၀င် အကျဉ်းနှင့် ပုံတော်များ

ဗုဒ္ဓဘုရားရှင် ဗျာဒိတ်တော်ခံယူသည်မှအစ တရားအလုံးစုံကို အကုန်အစင် သိတော်မူသော အတုမရှိ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်ရှိတော်မူပှုံ များကို သရုပ်ဖော်ပုံ ရှင်းလင်းစာများနှင့်အတူ ဖော်ပြပါမည်။
သုမေဓာရှင်ရသေ့ဘဝ
သုမေဓာရှင်ရသေ့သည် နောင်လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာသောအခါ တရားအလုံးစုံကို ကိုယ်တော်တိုင်သိတော်မူသော သဗ္ဗညုတဉာဏ်ရှင် ဂေါတမမြတ်ဗုဒ္ဓဖြစ်လိမ့်မည်ဟု ဒီပင်္ကရာဘုရား ဗျာဒိတ်စကား ပေးတော်မူပုံ
မဟာသက္ကရာဇ် ၆၇ခုနှစ် ဝါဆိုလပြည့်နေ့၌ ကပ္ပိလဝတ်ပြည့်ကြီးရှင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားတော် မယ်တော်မာယာ အိမ်မက်မြင်မက်ပီ ဘုရားအလောင်းတော်နတ်သားသည် နတ်ဗြဟ္မာများ တောင်းပန်မှုကြောင့် ချမ်းမြေ့စွာ မယ်တော်ဝမ်းဝယ် သန္ဓေယူတော်မူပုံ
ဖွားတော်မူခန်းမဟာသက္ကရာဇ် ၆၈ခုနှစ် ကဆုန်လပြည့်နေ့၌ ကပ္ပိလဝတ်နှင့် ဒေဝဒဟနှစ်ပြည်ထောင်လမ်းခရီးအကြား အင်းကြင်းတော၌ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားငယ်ကို မယ်တော်မာယာ ဝမ်းကြာတိုက်မှ ဖွားမြင်တော်မူပုံ
ဒေဝီလရှင်ရသေ့၏ ဦးခေါင်းတော်ကိုထိပုံခမည်းတော်သုဒ္ဓေါဒနမင်းကြီး ကိုးကွယ်သော အဘိညာဏ်ရ ဒေဝီလရှင်ရကို ဖူးမြှောက်ရန် သိဒ္ဓတ္ထမင်းသားငယ်ကို ချီပွေ့ယူဆောင်လာရာ ဘုန်းကံပိုမို ကြီးမားသော အလောင်းတော် မင်းသားငယ်၏ ခြေတော်အစုံတို့သည် ဒေဝီလရှင်ရသေ့၏ ဦးခေါင်းတော်ကို ထိခိုက်မိပုံ
အာနာပါနပထမဈာန်သမာဓိကို တည်ငြိမ်အေးချမ်းစွာ ဝင်စားနိုင်ပုံခမည်းတော် သုဒ္ဓေါဒနမင်းကြီ လယ်ထွန်မင်္ဂလာပြုနေစဉ် အလောင်းတော်မင်းသားလေးက အတိတ်ဘဝ ပါရမီဓာတ်အဟုန်ကြောင့် သင်ပြပေးသူ မရှိဘဲ မိမိအလိုလိုသာလျှင် အာနာပါနပထမဈာန်သမာဓိကို တည်ငြိမ်အေးချမ်းစွာ ဝင်စားနိုင်ပုံ
လက်ရုံးရည် နှလုံးရည် စွမ်းရည်သတ္တိကို အံသြဘွယ်ပြသနေပုံဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး ယောက်ျားတို့ တတ်အပ်သော အဋ္ဌရသတစ်ဆယ့်ရှစ်ရပ်ကို မိမိရဲ့ ရှေးဘဝပါရမီဟုံကြောင့် သင်စရာမလိုဘဲ ကျွမ်းကျင်တတ်မြောက်ပြီးဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး သာကီဝင်ဆွေတော်မျိုးတော်တို့၏ ရှေ့တော်မှောက်၌ မိမိရဲ့ လက်ရုံးရည် နှလုံးရည် စွမ်းရည်သတ္တိကို အံသြဘွယ်ပြသနေပုံ
ယသောဓရာဒေဝီနှင့် စုလျားရစ်ပတ်ပီ သာကီဝင်နန်းစည်းစိမ်ခံစားခြင်းအလောင်းတော်သိဒ္ဓတ္ထမင်းသားလေး သက်တော် တဆယ့်ခြောက်နှစ်မြောက်သောအခါ ဘဒ္ဒကဉ္စနာ (ယသောဓရာဒေဝီ)နှင့် စုလျားရစ်ပတ်ပီ သာကီဝင်နန်းစည်းစိမ်ကို သိမ်းပိုက်၍ သာကီဝင်ဆွေတော်မျိုးတော်တို့၏ အကျိုးစီးပွားကို ဆောင်တော်မူခန်း
သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးမြင်တော်မူခြင်းအလောင်းတော် သိဒ္ဓတ္ထမင်းသား နန်းသက် တစ်ဆယ့်သုံးနှစ် သက်တော် နှစ်ဆယ့်ကိုးရောက်သောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်ပီ သတိသံဝေဂ ရတော်မူခန်း
တောထွက်မည်ဆဲဆဲ ဖခင်တစ်ယောက်ရဲ့ကြီးမားသောမေတ္တာတော်ဖြင့်ကြည့်ခြင်းအလောင်းတော် သိဒ္ဓတ္တမင်းသားလေး မဟာသက္ကရာဇ် ၉၇ခုနှစ် ဝါဆိုလပြည့်နေ့ တောထွက်မည်ဆဲဆဲ ဖခင်တစ်ယောက်ရဲ့ ကြီးမားသော မေတ္တာတော်ဖြင့် မိမိရဲ့ တစ်ဦးတည်းသော ဖွားမြင်ခါစ သားတော်ကြီး ရာဟုလာလေးကို ယုယပိုက်ထွေး လိုသဖြင့် လာရောက် ရှုစားတော်မူခန်း
ရဟန်းပြုတော်မူပုံ
အလောင်းတော်သိဒ္ဓတ္ထမင်းသား မဟာသက္ကရာဇ် (၉၇)ခုနှစ် ဝါဆိုလပြည့် တနင်္လာနေ့မှာ ဖွားဖက်တော် မြင်းမြီးဆွဲ မောင်ဆန်နဲ့ အတူ တော်ထွက်တော်မူပီ အနောမာသောင်ကမ်း၌ ဆံမုတ်ဆိတ်ကျင်စွယ်ကို ပယ်တော်မူပီ ရသေ့ရဟန်းပြုတော်မူပုံ
ဗိမ္ဗိသာရမင်းကြီးကနန်းစည်းစိမ်တဝက်ကို ခွဲပေးနန်းစည်စိမ်ကို စွန့်ပီ တောထွက်တော်မူလာသော ဘုရားအလောင်းတော်ကို ကြည်ညိုလွန်းလှဖြင့် ရာဇဂြိုလ်ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီးက မိမိရဲ့ နန်းစည်းစိမ်တဝက်ကို ခွဲပေးပုံနှင့် ဘုရားဖြစ်သောအခါ၌ မိမိတိုင်းပြည်မှာ အရင်ဦးဆုံး တရားဟောကြွပါရန် လျှောက်ထားတောင်းပန်ပုံ။
လောကီဈာန်သင်ယူတတ်မြောက်ပုံဘုရားအလောင်းတော်သည် တောထွက်လာပြီနောက် ထိုခေတ်အချိန်အခါက ထင်ပေါ်ကျော်ကြားတဲ့ အာရဠရသေ့ကြီးထံ လောကီဈာန်သမာပတ်ခုနှစ်ပါးကို မပင်မပန်းဘဲ သင်ယူတတ်မြောက်ပုံ
ဒုက္ကရစရိယာကို (၆)နှစ်ကျင့်
အာဠာရ၊ဥဒကရသေ့နှစ်ဦးတို့၏ ဈာန်သမာပတ်များသည် မသေရာ အမြိုက်နိဗ္ဗါန်ကို
ရောက်နိုင်သည်မဟုတ်ဟုသိမြင်တော်မူပြီး မိမိလန္ဓာကိုယ်ကို ဆင်းရဲးပူလောင်ပင်ပန်းစေသော သူတကာတို့ ကျင့်နိုင်ရန် ခက်ခဲးသော
ဒုက္ကရစရိယာကို (၆)နှစ်တိုင်တိုင် မှားယွင်းစွာ ကျင့်တော်မူပုံ
အိမ်မက်မြင်မက်တော်မူပုံ.....ဘုရားဖြစ်ခါနီး၌ ဘုရားအလောင်းတော်သည်. မြေအပြင်ကို အိပ်ယာပြုလျက် ဟိမဝန္တာတောင်ကို ခေါင်းအုံးပြုကာ. လက်တော်ခြေတော်များ သမုဒ္ဒရာလေးစင်းလုံးသို့ ဖြန့်ကျက်ထားလျက် အိပ်စက်ရသည်ဟု အိမ်မက်မြင်မက်တော်မူပုံ
ပိုးရွများ ဒူးခေါင်း အထိတက်လာကြပုံ.။
ဘုရားအလောင်းတော်ရဲ့ ချက်တော်မှ မြက်ပင်တစ်မျိုးသည် အထက်ဘဝဂ်ထိတက်
သွားပုံ။အရပ်လေးမျက်နှာမှ ပျံသန်းလာသော ညို၊နီ၊ရွှေရောင် ငှက်များသည် ဘုရားအလောင်းတော် ရှေ့တော်၌ ဖြူဆွတ်သွားပုံ။ကိုယ်လုံးဖြူပြီး ဦခေါင်းမဲးသော
ပိုးရွများ ဒူးခေါင်းအထိတက်လာကြပုံ။မစင်အညစ်အကြေးများရှိရာကို လျှောက်လှမ်းရသောလည်း အညစ်အကြေးများလူးလည်းပေကျံမူ မရှိပုံတိုကို အိမ်မက် မြင်မက်တော်မူပုံ
သုဇာတာနို့ဃနာဆွမ်းကပ်ဘုရားဖြစ်တော်မူခါနီး၌ သေနာနိဂုံးမှ သူဌေးသမီး သုဇာတာက အထူးစီမံထားသော အနံ့ အရသာနှင့် အလွန်ပြည့်စုံသော နို့ဃနာဆွမ်းကို ဘုရားအလောင်းတော်အား ညောင်ပင်စောင့် နတ်မင်းကြီးအထင်နှင့် လာရောက်ဆက်ကပ်လှူဒါန်းပုံ
မာန်နတ်မင်းတိုက်ခိုက်ဘုရားဖြစ်တော်မူခါနီး အပရာဇိတပလ္လင်ထက်ဝယ် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူသော ဘုရားအလောင်းတော်ကို ဝသဝတ္တီနတ်ပြည်မှ မာန်နတ်မင်းနှင့် အပေါင်းပါတို့က နှောက်ယှက်တိုက်ခိုက်ကြသည်ကို နေမဝင်မီ ဖြည့်ကျင့်ခဲ့ဖူးသော ပါရမီတော်အပေါင်းတို့ဖြင့် အောင်မြင်တော်မူပုံ
သဗ္ဗညုဘုရားအဖြစ်သို့ ရောက်ရှိတော်မူပုံမဟာသက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ပုရိမယာမ်၌ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ မဇ္ဈိမယာမ်၌ ဒိဗ္ဗစက္ခုအဘိညာဏ်၊ ပစ္ဆိမယာမ်၌ အာသဝက္ခယဉာဏ်ကို ရတော်မူပီ ဆရာမရှိဘဲ ကိုယ်တော်တိုင်သာလျှင် တရားအလုံးစုံကို အကုန်အစင် သိတော်မူသော အတုမရှိ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။
http://satekuupuyar.blogspot.com/
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မိဘများနှင့်ဆရာများရဲ့ ဆိုဆုံးမမှုနည်းလမ်းမှားယွင်းခြင်းနောက်ဝယ်.......

မိဘများနှင့်ဆရာများရဲ့ ဆိုဆုံးမမှုနည်းလမ်းမှားယွင်းခြင်းနောက်ဝယ်.......



လွန်ခဲ့ သောနှစ်အနည်းငယ်ကဖြစ်ပါတယ်...သာသနာ့မူလိကာရာမ စာသင်တိုက်မှ

စာချဆရာတော်များ အိပ်ရာအသီးသီးတွင် ကျိန်းစက်တော်မူနေကြပြီဖြစ်ပါသည်...ထိုအချိန်မှာပင် ရုတ်တရက်

မြင်းခွါသံကြားလိုက်ရသဖြင့် ဆရာတော်ဘုရားတစ်ပါး က အိပ်ရာမှထထိုင်ကာ နားစွင့်နေမိပါတယ်...အချိန်မတော် မြင်းလှည်းဝင်လာခြင်းမှာ သွေးအလှူလာခံသည်ကိုသိနေပြီဖြစ်သည်...နာရီဝက်ခန့် ရှိနေပြီဖြစ်သော်လည်း

သွေးအလှူလာခံသော မြင်းလှည်းပြင်မထွက်သွားသောကြောင့် သွေးအလှူရှင်မရှိသေးသည်ကို တစ်ဆင့်သိလိုက်ရပြန်ပါသည်...ဆရာတော်ဘုရားချက်ချင်း ထမသွားသည်မှာ ပထမအကြိမ်သွေးလှူပြီးသည်မှာ

လေးလမပြည့်သေးသောကြောင့်ပင် ဖြစ်ပါသည်..." ဒီလိုနေလို့ တော့မဖြစ်သေးပါဘူးဟု" တွေးကာ ကျောင်းတံခါးဝဆီသို့ ကြွတော်မူပါသည်...ကျောင်းဆောင်ရှေ့ အရောက်မှာပင် ကိုရင်တစ်ပါးနဲ့ တွေ့ ဆုံပါတယ်..

" ကိုရင်သွေးလှူရှင်မရသေးဘူးလား..."

" မရတာမဟုတ်ပါဘူးဘုရား...သွေးလှူရှင်ကိုယ်တော်တွေ ကဒီလူနာမျိုးကို သွေးမလှူရှင်လို့ ရှာမရဖြစ်နေတာ"

" ဟာ... ဘာလို့ မလှူချင်ကြတာလဲ..."

" လူနာကသေကြောင်းကြံပြီး...ကိုယ့်ကိုယ်ကိုဆေးသောက်လို့ ပါဘုရား..အသက်သေချင်လို့ သေကြောင်းကြံချင်တဲ့ လူနာကိုအသက်ပြန်ရှင်အောင်လှူစရာမလိုဘူး ဆိုပြီး မလှူကြတာပါဘုရား.."

" အဲဒီအယူအဆကိုကိုယ်တော်လက်မခံဘူး..ကိုရင်ရော..."

" တပည့်တော်တော့ လက်ခံတယ်...ဒါကြောင့်တပည့်တော်လည်းမလှူလိုက်တာပါဘုရား..."

ဆရာတော်ဘုရားဟာ....သေကြောင်းကြံသူမှာအပြစ်မရှိကြောင်းနဲ့ ထိုသို့ မခံယူသင့်ကြောင်းကို တရားတော်များနဲ့ ရှင်းပြပြီးနောက်...

ဆရာတော်ဘုရားကသွေးလှူရန်သွက်သွက်ကလေးထွက်လာခဲ့ ပါသည်...ပြေပြောဆိုဆိုနှင့် သွေးအလှူရှင်စောင့်မျှော်နေသော...အသက်(၅၀) အရွယ်ဒကာကြီးတစ်ဦးကိုတွေ့ လိုက်ရသည်....

ဒကာကြီးသွေးအလှူရှင်ရပလား..

" မရသေးပါဘုရား..."

" ဘယ်နှစ်ပုလင်းလဲ..."

" တစ်ပုလင်းပါဘုရား.."

" သွေးအမျိုးအစားကရော..."

" ဘီသွေးပါဘုရား..."

" ကဲ....ဒါဆိုရင်သွားကြစို့ ...ကိုရင်ဘဲလှူမယ်...တခြားစောင့်မနေနဲ့ ...ရမှာလည်းမဟုတ်ဘူး..."

ို ဆိုကာမြင်းလှည်းလေးဆေးရုံဆီသို့ ထွက်လာခဲ့ ပါတယ်...

ဆေးရုံသို့  မေ၇ာက်ခင်လမ်းတစ်ခုလပ်သို့ေ၇ာက်သောအခါ

" ဒကာကြီး ...လူနာကဘယ်လိုဖြစ်ရတာလည်း...နည်းနည်းလေးပြောပြပါလား..."

" မှန်ပါ...ပြောပြပါမယ်ဘုရား...တပည့်တော်တို့ ကတောကပါဘုရား...သမီးလေးကိုစာတတ်ပေတတ်ဖြစ်စေချင်

လို့  သူ့ ဦးလေးအိမ်မှာ နေခိုင်းပြီး မြို့ မှာကျောင်းတက်ခိုင်းပါတယ်ဘုရား..ဒီနှစ် ဆယ်တန်းကျတော့ စာမကြိုးဘဲ

အပျော်လွန်တယ်ထင်ပြီး လူရှေ့ သူရှေ့ မှာရိုက်နှက်ဆုံးမမိပါတယ်ဘုရား...အဲဒါ သမီးလေးက အရှက်ရပြီး

ဘာမီတွန်တွေ သောက်ပစ်လိုက်ပါတယ်ဘုရား...တပည့်တော်တို့ သိတဲ့ အချိန်မှာ ပါးစပ်ကအမြှုပ်တွေတောင်

ထွက်နေပါပြီဘု၇ား...ဆေးရုံေ၇ာက်တော့သွေးလိုတယ်ဆိုလို့  တပည့်တော်ထွက်လာတာပါဘု၇ား..

နောက်မှသိရတာကသမီးလေးက အပျော်လွန်နေလို့  စာမေးပွဲကျတာမဟုတ်ပါဘူး..စာမေးပွဲဖြေကာနီး..

နေမကောင်းဖြစ်လို့ မဖြေန်ုင်ခဲ့ တာပါဘုရား...မစူးစမ်းမဆင်ခြင်ဘဲ...လူရှေ့ သူရှေ့ မှာရိုက်နှက်ခဲ့ တဲ့ ...

တပည့်တော်တို့ ရဲ့ အပြစ်ပါဘုရား..."

ပြောနေရင်းပင် ဒကာကြီးမျက်လုံးမှမျက်ရည်များအဆက်မပြတ်စီးဆင်း

လာခဲ့ ပေပြီ...

" အဆိုးထဲကအကောင်းပေါ့ဒကာရယ်...နောက်သားသမီးတွေကိုဆုံးမတဲ့ အခါ ဒီလိုမဖြစ်စေဖို့ 

သင်ခန်းစာယူရမှာပေါ့...စိတ်ပညာကျမ်းတွေအရလူဟာ...ကိုယ့်ကိုယ်ကို အထင်အကြီးဆုံးဘဲတဲ့ ...ကလေးသူငယ်တွေ

ရဲ့ တလူလူတက်နေတဲ့ အညွှန့် တွေကို မိဘဆရာတွေကချိုးမိသလိုမဖြစ်အောင် အမြဲတမ်းဂရုစိုက်ကြရမယ်...တပည့်သားသမီးတွေကို

အပြစ်ပြောပြီးဆုံးမ စရာတွေ၇ှိလာတဲ့ အခါကွယ်ရာခေါ်ပြီးတိုးတိုးတိတ်တိတ် ဆုံးမပြီး...လူရှေ့ မှာဆိုရင်တော့...ကောင်းကွက်လေးတွေကို

ရှာပြီချီးမွမ်းပါတဲ့ ...ရှေးဆရာတွေက နည်းလမ်းပေးခဲ့ ပါတယ်...မှတ်သားစရာပေါ့ကွယ်..."

" အရင်ကသာသိခဲ့ ရင် တပည့်တော်သမီးလေးခုလိုအဖြစ်ဆိုး ဘယ်ကြုံရပါ့မလဲဘုရား.."



ပြောပြောဆိုဆိုနှင့် ဆေးရုံရောက်ခဲ့ ပါပြီ...ဆရာတော်ဘုရားလည်းသွေးလှူခန်းသို့ 

ဝင်ကာ လိုအပ်နေတဲ့ သွေးလှူခဲ့ ပါတယ်...သွေးလှူပြီးနောက်ဒကာကြီးကတောင်းဆိုသောကြောင့်...လူနာကိုတရားဟောခဲ့ ပါတယ်...

ထူးခြားသည်မျာ...သေလုမြောပါးဝေဒနာခံစားနေရသော...လူနာရဲ့ မျက်နှာဟာ..

တင်းမာခက်ထန်နေပါတယ်...စကားတော့မပြောနိုင်ရှာပါ...တရားနာကြားပြီးနောက်တင်းမာခက်ထန်နေသော...ဆယ်တန်းကျောင်းသူလေး

ရဲ့ မျက်နှာဟာ..နူးညံ့လာပါတယ်...လက်အုပ်ချီကန်တော့ချင်သောအမူအရာပြသဖြင့် မိဘများက ရင်ဘတ်ပေါ်

လက်တင်ပေးလိုက်ရပါတယ်...ဆေးရုံမှဆရာဝန်များနှင့် လူနာရှင်များကတရားပြီးနောက်သာဓုခေါ်ကြပါတယ်...

နောက်သုံးရက်လောက်ကြာတော့...ဒကာကြီးပြန်ေ၇ာက်လာပါတယ်...

" အရှင်ဘုရား...တပည့်တော်သမီးလေး...ဆုံးသွားပါပြီဘုရား...

ပထမတော့ကောင်းတော့မလိုနဲ့ နောက်တော့မကယ်နိုင်တော့ပါဘူးဘုရား..." သမီးလေးမဆုံးခင်အရှင်ဘုရားကိုလျောက်ခိုင်း

တာလေးလာလျောက်တာပါဘုရား...သမီးလေးပြောသွားတာက...ဘ၀တန်ဖိုး...ဘာသာတန်ဖိုးမသေခင်မှာသိသွားရလို့  သူသိပ်ဝမ်းသာပါတယ်....သေခါနီးမှသိရတဲ့ အတွက်ဘာကိုမှအားထုတ်ခွင့်မရလို့ ဝမ်းနည်းမိပါတယ်ဘုရားလို့ ပြောခဲ့ ပါတယ်ဘုရားလို့ လျောက်ပါတယ်...



အဖြစ်အပျက်လေးကတော့အဲလောက်ပါဘဲနော်...အခုအဖြစ်အပျက်လေးကသင်ခန်းစာယူစရာပါနော်....ဘာလို့ လဲဆိုတော့တစ်နေ့ နေ့ 

မှာ မိုးသားအပါအ၀င်သူငယ်ချင်းတွေဟာ...ဆရာ..ဒါမှမဟုတ် မိဘနေရာမရောက်နိုင်ဘူးလို့ မပြောနိင်ပါဘူးနော်..အဲလိုဖြစ်လာတဲ့ အခါမိမိရဲ့ သားသမီးတပည့်တွေ ကိုဆိုဆုံးမမှု နည်းလမ်းမှားကြောင့်နောင်တမရစေချင်ပါဘူး...စေတနာအမှားမို့ အပြစ်ပြောလို့ မရပါဘူး...

ဘယ်လိုဘဲဖြစ်ဖြစ်ဘယ်အမှားမှမကောင်းပါဘူးနော်...မိုးသားဖတ်ဖူးတဲ့ စာအုပ်လေးထဲကဖြစ်ရပ်မှန်လေးပါနော်...သူငယ်ချင်းတို့ အတွက်တင်ပေးတာပါ...ကိုယ်တိုင်လည်းအရမ်းသဘောကျလို့ ပါ....( မှတ်ချက်...မြို့ လေးကနယ်စွန်ဖြစ်တာကြောင့်ရယ်...

အခုလိုခေတ်မီစက်ကိရိယာတွေမရှိတာကြောင့်ရယ်ကြောင့်သွေးလိုအပ်ချက်ကို ဆေးရုံကမဖြည့်စွမ်းနိုင်တာပါ...အခုလိုမထွန်းကားလို့ ပါ...)
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဒီလိုအတွေးလေးတွေရှိသင့်တယ်

ကော်ဖီရဲ့ အချိုအခါးက မွှေတဲ့အပေါ် မူတည်တာမဟုတ်ဘူး။ သကြားထည့်မထည့်ဆိုတဲ့အပေါ်မှာပဲ မူတည်တယ်။ ထိခိုက်ခံစားခဲ့ရတဲ့ နာကျင်ခြင်းက ဘယ်လိုမေ့ရမယ်ဆိုတဲ့အပေါ် မူတည်တာမဟုတ်ဘူး။ အသစ်တစ်ဖန် ပြန်စရဲတဲ့ သတ္တိအပေါ်မှာပဲ မူတည်တယ်။

လူ့ဘ၀ဆိုတာ ရေနွေးကြမ်းတစ်ခွက်နဲ့တူတယ်။ ခါးသက်ရာက ချိုမြိန်တယ်။
လူ့ဘ၀က တစ်သက်လုံး ခါးသီးနေမှာမဟုတ်ဘူး။ ခါးသီးပြီးနောက် ချိုမြိန်မှာပါပဲ။

ကမ္ဘာကြီး လည်နေပါတယ်။ ဒါကြောင့် လူတစ်ယောက်ဟာ ဘယ်တော့မှ ကံဆိုးခြင်းဆိုတဲ့နေရာမှာ တစ်သက်လုံး ရပ်မနေနိုင်ဘူး။

တခြားလူအတွက် ဆူးညှောင့်ခလုတ်ကို ဖယ်ရှားပေးတာဟာ ကိုယ့်အတွက် ချိုင့်ဖို့လမ်းခင်းလိုက်တာနဲ့ အတူတူပဲ။

ဆင်ခြေသုံးသပ်ချက်တွေကို တခြားလူထက် ကိုယ်ပိုသိတာဟာ တခြားလူထက် ကိုယ်လုပ်တဲ့အမှား ပိုများလို့ဖြစ်တယ်။

အချိန်ဆိုတာ ပိုက်ကွန်နဲ့တူတယ်။ ကိုယ်ပိုက်ချတဲ့နေရာမှာပဲ ကိုယ့်အတွက်ရိက္ခာရှိတယ်။

လူ့ဘ၀မှာ အလိုမကျခြင်းနှစ်ခုရှိတယ်။ လိုတာမရတာနဲ့ ရတာမလိုတာဖြစ်တယ်။

ရင့်ကျက်တယ်ဆိုတာ စိတ်အိုသွားတာမဟုတ်ဘူး။ ရင့်ကျက်တယ်ဆိုတာ ငိုချင်သည့်တိုင် အပြုံးကိုထိန်းထားနိုင်တာဖြစ်တယ်။

နှုတ်ဆက်တာကို အရမ်းအလေးထားစရာမလိုဘူး။ ဒါပေမယ့် နှုတ်ဆက်တိုင်း စိတ်ပါလက်ပါ ရှိရမယ်။

တူညီတဲ့ အအေးပုလင်းပါပဲ။ ဆိုင်မှာ ၅ ကျပ်နဲ့ရောင်းတယ်။ ကြယ်ငါးပွင့်ဟော်တယ်မှာ ၅၀နဲ့ရောင်းတယ်။ များသောအားဖြင့် လူတစ်ယောက်ရဲ့တန်ဖိုးကို သူ့တည်နေရာနဲ့ ဆုံးဖြတ်ကြတယ်။

အလုပ်များတယ်ဆိုတာ ပျော်ရွှင်ခြင်းတစ်မျိုးပဲ။ နာကျင်ခြင်းတွေကို ကျွန်တော်တို့ သတိမရစေလို့ဖြစ်တယ်။
အပြေးအလွှားဆိုတာ ပျော်ရွှင်ခြင်းတစ်မျိုးပဲ။ ဘ၀ရဲ့တကယ့်အရသာကို ကျွန်တော်တို့ ခံစားစေလို့ဖြစ်တယ်။
ပင်ပန်းတယ်ဆိုတာ ဇိမ်ခံခြင်းတစ်မျိုးပဲ။ အချိန်ဖြုန်းတဲ့ တန်ဖိုးမဲ့သူမဟုတ်ကြောင်း ကျွန်တော်တို့ကို ခံစားစေလို့ဖြစ်တယ်။

လူတစ်ယောက် ခရီးဝေး ဘယ်လောက်လျှောက်နိုင်မလဲ? သူနဲ့အတူ တွဲလျှောက်တဲ့လူကို ကြည့်ရမယ်။
လူတစ်ယောက် ဘယ်လောက်ထိ ထက်မြက်ထူးကဲနိုင်မလဲ? သူ့ကို သင်ကြားညွှန်ပြတဲ့လူကို ကြည့်ရမယ်။
လူတစ်ယောက် ဘယ်လောက်ထိ အောင်မြင်နိုင်မလဲ? သူ့ဘေးက တွဲခေါ်ဖေးမတဲ့လူကို ကြည့်ရမယ်။

သူငယ်ချင်းမိတ်ဆွေဆိုတာ ကိုယ့်အကြောင်းကို ဂဃနဏသိသည့်တိုင် ကိုယ့်ကိုနှစ်သက်သူဖြစ်တယ်။

လူအများက သင်ဘယ်လောက်ထိ အမြင့်ပျံသန်းနိုင်မလဲဆိုတာကို သတိပြုနေချိန်မှာ လူတချို့က သင်ပျံသန်းတာ မောမမောဆိုတာကို ဂရုစိုက်မယ်။ ဒါဟာ ခင်မင်မှုဖြစ်တယ်။

လူ့ဘ၀ရဲ့ အထွတ်အထိပ်ဆိုတာ စိတ်ကူးတွေ အကောင်အထည်ဖော်နိုင်တဲ့ တခဏမဟုတ်ဘူး။
စိတ်ကူးတွေ အကောင်အထည်ဖော်ဖို့ ကြံ့ကြံ့ခံနိုင်တဲ့ စိတ်ဓာတ်ဖြစ်တယ်။

လူ့ဘ၀ရဲ့ အေးစက်ခြင်း၊ နွေးထွေးခြင်းကို စိတ်ဓာတ်ရဲ့အပူချိန်နဲ့ အဆုံးအဖြတ်ပေးတယ်။ (ဖူဇာရှင်လေးဆိုဒ်မှ ကူယူဖော်ပြသည်)
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပါရမီဆယ်ပါးအကြောင်း

ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဘုရားဖြစ်ကြောင်း တရားကောင်းတို့ကို ဆင်ခြင်တော်မူသောအခါ ဒါန၊ သီလ၊ နေက္ခမ္မ၊ ပညာ၊ ၀ီရိယ၊ ခန္တီ၊ သစ္စာ၊ အဓိဋ္ဌာန်၊ မေတ္တာ၊ ဥပေက္ခာ ဟူသော ပါရမီဆယ်ပါးတို့ကို အစဉ်အတိုင်း တွေ့မြင်တော်မူကာ ဘ၀များစွာ ဖြည့်ကျင့်ခဲ့ရလေသည်။

ဒါနပါရမီ ဖြည့်ကျင့်တော်မူပုံ မိမိပိုင်သက်ရှိသက်မဲ့ပစ္စည်းများကို သူတစ်ပါးအားပေးကမ်း စွန့်ကြဲလှူဒါန်းမူဒါနပါရမီကို ပထမဆုံး ဖြည့်ကျင့်တော်မူသည်၊ ဘ၀များစွာ ဒါနပါရမီကို ဖြည့်ကျင့်ရာ၌ ဤကောင်းမူကြောင့် လူစည်းစိမ် နတ်စည်းစိမ်လောကီ ဂုဏ်သိန်များကို သတကာတို့ကဲ့သို့ မတောင့်တ မမျှော်မှန်း၊ သတ္တ၀ါအများကို ကယ်မရန် သဗ္ဗညုတဉာဏ်ရဖို့သာ ရည်သန်တောင့်တတော်မူသည်။

ဘ၀များစွာ ဒါနပါရမီကို ဖြည့်ကျင့်ရာ၌ သိဝိမင်းဘ၀နှင့် ဝေသန္တရာမင်းဘ၀ကား အလွန်ထင်ရှား၍ အသိများသော ဘ၀များဖြစ်ပေသည်။

ဘုရားအလောင်းတော်သည် သိဝိမင်းဖြစ်စဉ် အလှူဒါနဘက်၌ စိတ်အားထက်သန်ပုံကို စုံစမ်းလို၍ သိကြားမင်းသည် မျက်မမြင်ပုဏ္ဏားအိုယောင်ဆောင်ကာ မျက်စိတစ်ဘက်ကို အလှူခံလာသည်၊ သိဝိမင်းကြီးသည် မျက်စိနှစ်ဘက်ကိုပင်ထုတ်၍ ရက်ရက်ရောရော ပေးလှူလိုက်လေသည်။

ဝေသန္တရာမင်းဘ၀၌လည်း ဘုရားအလောင်းတော်သည် အလှူမဏ္ဍပ် ၆-ခု ဆောက်လုပ်၍ နေ့စဉ် ၆-သိန်းတန် အ၀တ်တန်ဆာ အစားအစာများကို လှူ၏၊ တစ်ခါကမူ ကလိင်္ဂတိုင်းမှ ပုဏ္ဏားတို့သည် တန်ဖိုးမဖြတ်နိုင်သော ဆင်ဖြူတော်ကိုပင် အလှူခံလာကြရာ ရက်ရက်ရောရောပင် လှူတော်မူ၏။

ဆင်ဖြူတော်လှူ၍ ပြည်သူတို့မကျေနပ်သဖြင့် ထီးနန်းစွန့်ကာ ဟိမ၀န္တာဝင်္ကဘာတောင်သို့ ထွက်ခွာသွား၏၊ မဒ္ဒီမိဖုရား သားတော်ဇာလီ၊ သမီးတော်ကဏှာဇိန်တို့နှင့်အတူ ရသေ့ဝတ်ဖြင့် နေလေသည်၊ ထိုအခါ၌လည်း အလှူခံလာသော ဇူဇကာပုဏ္ဏားအား သားတော်သမီးတော်တို့ကို လှူပြန်၏၊ ပုဏ္ဏားယောင်ဆောင်လျက် မိဖုရားကို အလှူခံလာသော သိကြားမင်းအားလည်း မဒ္ဒီမိဖုရားကို လှူပြန်သည်။

ဤသို့လျှင် ဘုရားအလောင်းတော်သည် ဘ၀များစွာ ဖြစ်လေရာတို့၌ ဒါနပါရမီကို ဖြည့်ကျင့်ရာတွင် ပစ္စည်းဥစ္စာကိုသာမက ဇနီး၊ မယား၊ သမီးသား တို့ကိုပင် စွန့်လှူခဲ့သည်၊ ထိုမျှသာမက များစွာသောဘ၀တို့၌ အင်္ဂါ ခြေ လက်နှင့် အသက်ကိုပင် စွန့်လှူခဲ့ဖူးသည်မှာ များလှလေပြီ။ဤသို့လျှင် ဘုရားအလောင်းတော်သည် ဘ၀များစွာ ဖြစ်လေရာတို့၌ ဒါနပါရမီကို ဖြည့်ကျင့်ရာတွင် ပစ္စည်းဥစ္စာကိုသာမက ဇနီး၊ မယား၊ သမီးသား တို့ကိုပင် စွန့်လှူခဲ့သည်၊ ထိုမျှသာမက များစွာသောဘ၀တို့၌ အင်္ဂါ ခြေ လက်နှင့် အသက်ကိုပင် စွန့်လှူခဲ့ဖူးသည်မှာ များလှလေပြီ။

(သီလပါရမီ)

အကုသိုလ်မဖြစ်အောင် ကိုယ်နူတ်တို့ကို စောင့်ထိန်းခြင်းကို သီလဟု ခေါ်သည်၊ ထိုသီလမှာ ငါးပါးသီလ ရှစ်ပါးသီလ စသည်ဖြင့် များစွာရှိသည်၊ ဘုရားအလောင်းတော်သည် ဘ၀များစွာတို့၌ သီလပါရမီတော်ကိုလည်း ဖြည့်ကျင့်ခဲ့သည်၊ အလီနသတ္တုမည်သော မင်းသားဖြစ်စဉ်က သီလပါရမီ ဖြည့်ကျင့်ပုံမှာလည်း ထင်ရှားသော ဖြစ်ရပ်တစ်ခုဖြစ်သည်။

အလီနသတ္တုမင်းသား၏ ခမည်းတော်သည် သမင်လိုက်ရာမှ နယ်ကျွံ၍ ဘီလူးတစ်ဦး စိုးပိုင်သော ညောင်ပင်အောက်သို့ ရောက်သွားသည်။ “နောက်တစ်နေ့ ပြန်လာ၍ ဘီလူးအစားခံပါမည်” ဟူသောကတိဖြင့် ဘီလူးထံ ခွင့်ပန်၍ နန်းတော်သို့ ပြန်လာခဲ့သည်၊ ထိုအကြောင်းကို သားတော် အလီနသတ္တုမင်းသား သိသဖြင့် ခမည်းတော်ကိုယ်စား ဘီလူးအစားခံရန် သွားခဲ့လေသည်၊ မင်းသားသည် မိမိစောင့်ထိန်းထားသော ကိုယ်ကျင့်သီလ ညိုးနွမ်းမည်စိုးရိမ်၍ လက်နက်တစုံတရာကိုမျှ ယူမသွားခဲ့ပေ။

ဘီလူးသည် ဘုရားအလောင်းတော် အလီနသတ္တုမင်းသား၏ မကြောက်မရွံ့ ရဲဝံ့သော အမူအရာကို မြင်၍ မသတ်စားဝံ့တော့ဘဲ နောက်ဆုံးတွင် မင်းသား၏အဆုံးအမကို လိုက်နာကာ ငါးပါးသီလစောင့်ထန်းသူ ဖြစ်လာလေသည်။

ဒါနပါရမီဖြည့်ရာ၌ အသက်ကိုပင် စွန့်လှူရဲသော ဘုရားအလောင်းတော်သည် သီလပါရမီဖြည့်ကျင့်ရာ၌ ကိုယ်ကျင့်သီလကို အဘယ်ကြောင့် အသက်နှင့် မလဲဝံ့ဘဲ ရှိအံ့နည်း။

(နေက္ခမပါရမီ)

လောကီအာရုံ ကာမဂုဏ်များကို မစုံမက်ဘဲ စွန့်ခွာ၍ တစ်ကိုယ်တည်း ရသေ့ရဟန်းပြုလိုခြင်း (တောထွက်ခြင်း)မျိုးကို နက္ခမ္မပါရမီ ဖြည့်သည်ဟုခေါ်၏၊ ဘုရားအလောင်းတော်၏ နေက္ခမ္မပါရမီဖြည့်ကျင့်သော ဘ၀များမှာ လွန်စွာ များလှ၏၊ အယောဃရ မည်သော မင်းသားဘ၀ကို မှတ်သားနိုင်ရုံ ထုတ်ပြမည်။

အယောယရမင်းသား ဖွားမြင်ပြီးနောက် ဘီလူးရန်ကို ကြောက်သဖြင့် ၁၆-နှစ်အရွယ်တိုင်အောင် သံလှောင်အိမ်အတွင်းမှာပင် ထား၍ ပညာသင်ပေးကြရ၏၊ ၁၆-နှစ်အရွယ်ရောက်သော် ထီးနန်းအပ်မည်ဟု စီစဉ်ကာ အပြင်သို့ ထုတ်ဆောင်ကြ၏၊

ထိုအခါ ဘုရားအလောင်းတော်မင်းသာသည် “အမိဝမ်းတွင်း၌ ဆယ်လ၊ သံလှောင်အိမ်အတွင်း၌ ၁၆-နှစ် နေ၍ လွတ်မြောက်လာခဲ့ရသော်လည်း သေခြင်းဘေးကမူ မလွတ်မြောက်နိုင်သေး” ဟု တွေးမိကာ ထီးနန်းစည်းစိမ်ကို လက်မခံဘဲ တောထွက်ကာ ရသေ့ပြုလုပ်သွားလေသည်။

(ပညာပါရမီ)

ပညာပါရမီဖြည့်သည်ဆိုရာ၌ ပထမ မိမိတတ်သိနားလည်အောင် သင်ရ၏၊ တိုးတက်အောင် ကြံစည် စဉ်းစားရာ၏၊ ထိုသို့ တတ်သိနားလည်ထားသော ပညာကို သူတပါးတို့အား တတ်အောင် သင်ပြပေးခြင်း၊ ထိုပညာဖြင့် အများအကျိုးရှိအောင် ဆောင်ရွက်ပေးခြင်းကို ပညာပါရမီဖြည့်ကျင့်သည်ဟု ခေါ်သည်။

ဘုရားအလောင်းတော်သည် ဘ၀များစွာ ပညာပါရမီဖြည့်ကျင့်ရာတွင် မဟောသဓာပညာရှိဖြစ်စဉ်က ပညာတန်ခိုးဖြင့် အများအကျိုးရှိအောင် ရွက်ဆောင်ပုံမှာ ထင်ရှားပေသည်၊ စူဠနီဗြဟ္မဒတ်မင်းသည် ဇမ္ဗူဒိပ်မင်းပေါင်းတစ်ရာကို ဖမ်းပြီးလျှင် အဆိပ်ခပ်သောအရက်ကိုတိုက်၍ သတ်ဖို့ ကြံစည်ထား၏၊ မဟောသဓာသည် ထိုအကြံကို သူ၏ဉာဏ်ပညာအစွမ်းဖြင့် ပျက်အောင် ဖျက်ခဲ့လေသည်၊ စူဠနီဗြဟ္မဒတ်မင်းနှင့် ၀ိဒေဟရာဇ်မင်းတို့ စစ်ခင်းရာ၌လည်း မဟောသဓာသည် တစ်ယောက်တလေမျှ အသက်မသေရအောင် သူ၏ပညာစွမ်းဖြင့် စစ်ပြေငြိမ်းသည်အထိ စွမ်းဆောင်နိုင်ခဲ့သည်။

(ခန္တီပါရမီ)

ငါ့အပေါ်၌ လူမိုက်တို့ပြုလုပ်လာသော စော်ကားမူကို ငါကပြန်၍ တုံ့ပြန်ပြုမူလျှင် ငါလည်း ထိုသူတို့ကဲ့သို့ မိုက်မဲသူသာ ဖြစ်ပေမည်” ဟု ကြံစည်၍ ဒေါသမထွက် စိတ်ပျက်အားငယ်မူ မရှိဘဲ စိတ်အေးအေးနှင့် မိမိက အလျှော့ပေး အနစ်နာခံလိုက်ခြင်းကို ခန္တီပါရမီဖြည့်သည်ဟု ခေါ်၏။

ဘုရားအလောင်းတော်သည် အများအကျိုး သယ်ပိုးရွက်ဆောင်၍ ခေါင်းဆောင်ရသော ဘ၀တိုင်း သည်းခံခြင်း ခန္တီပါရမီကိုလည်းဖြည့်ကျင့်ခဲ့သည်။ မျောက်မင်းဘ၀ တစ်ခုသည်ကား ခန္တီပါရမီ ဖြည့်ကျင့်မူနှင့် စပ်၍ မှတ်သားဖွယ်ကောင်းလှသည်။

ဘုရားအလောင်းတော်သည် တစ်ခါက အားကောင်းသော မျောက်မင်းဖြစ်၏၊ ဒေ၀ဒတ်လောင်း ပုဏ္ဏားတစ်ဦးသည် သစ်ပင်တက်ရာ၌ သစ်ကိုင်းကျိုး၍ ချောက်ထဲကျသွား၏၊ ငိုယိုမြည်တမ်းနေသော ထိုပုဏ္ဏားကို မျောက်မင်းတွေ့၍ ချောက်ထဲမှ ကယ်တင်လေသည်၊ ထို့နောက် မောပန်းသဖြင့် ထိုပုဏ္ဏား၏ ပေါင်ပေါ် ခေါင်းအုံးကာ အိပ်ပျော်သွားခိုက် ပုဏ္ဏားမိုက်သည် ကျေးဇူးတရားကို မထောက်ထားဘဲ မျောက်မင်းအသား စားလို၍ ဦးခေါင်းကို ကျောက်ခဲဖြင့် ထုရိုက်လေသည်။

မျောက်မင်းလန့်နိုးကာ ချက်ချင်း သစ်ပင်ပေါ် ခုန်တက်ပြေးရ၏၊ ထိုရန်သူပုဏ္ဏားမိုက် တောထဲမှာ မျက်စိလည်ကာ သေရှာမည်ကိုလည်း စိုးရိမ်၏၊ အောက်သို့လည်း မဆင်းလာဝံ့။ သစ်ပင်ချင်း ခုန်ကူးကာ ဦးခေါင်းမှကျသော သွေးစက်များကို ခြေရာခံ၍ လိုက်ပါရန် မှာကြားလျက် လူသွားလမ်းအရောက် လမ်းပြပို့ဆောင်ပေးခဲ့သည်။

(ဝီရိယပါရမီ)

သတ္တ၀ါအများ ကောင်းစားချမ်းသာရေး လုပ်ငန်းမှန်သမျှ သက်စွန့်ကြိုးပမ်း အစွမ်းကုန်အားထုတ် ပြုလုပ်ဆောင်ရွက်ခြင်းကို ၀ီရိယပါရမီ ဖြည့်ကျင့်သည်ဟု ခေါ်၏။

ဘုရားအလောင်းတော်သည် မည်သည့်အခါမျှ လုံ့လ၀ီရိယ လျှော့ချလေ့မရှိ၊ ကိုယ်ရေးကိုယ်တာ အတွက်ဖြစ်စေ၊ သူတပါးအတွက်ဖြစ်စေ မကြောက်မရွံ့ စွန့်စွန့်စားစား အားထုတ် ပြုလုပ်မြဲဖြစ်သည်၊ ပူသည် အေးသည် ရမယ်ရှာ၍ မည်သည့်အခါမျှ ပျင်းရိလက်လျှော့ခြင်းမရှိ။ မဟာဇနကမင်းသား ဘ၀၌ လုံ့လ၀ီရိယပြုတော်မူပုံမှာ မှတ်သားဖွယ်ကောင်းလှသည်။

မဟာဇနကမင်းသားသည် သင်္ဘောဖြင့် ကုန်ရောင်းကုန်ဝယ် ထွက်ခဲ့ရာ သင်္ဘောစီးသူ လူအပေါင်းခုနှစ်ရာနှင့်အတူ ပင်လယ်ကူးစဉ် သင်္ဘောပျက်လေသည်၊ လူအားလုံးတို့ အားလျှော့၍ မကြိုးစားဘဲ အသေခံကြသော်လည်း ဘုရားအလောင်းတော်သည် ရှိသည့်အားကို အချည်းနှီးမထားဘဲ ၇-ရက်လုံးလုံး လက်ပစ်ကူးကာ ကြိုးစားခဲ့လေသည်။ ထို့နောက် မဏိမေခလာနတ်သမီး ကယ်ဆယ်၍ အသက်ဘေးမှ လွတ်မြောက်ရရုံမျှသာမက မိထိလာပြည်ကြီးကိုပင် စိုးစံရလေသည်၊ လက်ပစ်ကူး၍ မကြိုးစားခဲ့လျှင်ကား ကယ်ဆယ်သူနှင့် တွေ့နိုင်မည်မဟုတ်၍ အများနည်းတူ အသက်သေရပေမည်။

(သစ္စာပါရမီ)

သူတပါးကို လိမ်၍ ပြောခြင်း၊ ပြောသည့်အတိုင်း၊ ကတိခံသည့်အတိုင်း မလုပ်ခြင်းသည် သူတပါးအကျိုးပျက်အောင် ပြုလုပ်သည်မည်၏၊ လိမ်လည်လှည့်ဖြား မပြောကြားဘဲ ပြုလုပ်နိုင်သလောက်ကိုသာ ပြော၍၊ ပြောသည့်အတိုင်း လုပ်ခြင်း၊ မှန်ရာကိုသာ ပြောဆိုခြင်းသည် သစ္စာပါရမီမည်၏။

ဘုရားအလောင်းတော်သည် ဖြစ်လေရာဘ၀တိုင်း သူတပါးအကျိုးပျက်အောင် မုသားစကားကို မည်သည့်ဘ၀တွင်မျှ မဆိုခဲ့ပေ၊ ဘ၀တိုင်း သစ္စာပါရမီကိုလည်း ဖြည့်ကျင့်ခဲ့လေသည်၊ သစ္စာပါရမီဖြည့်ကျင့်ရာ၌ သုတသောမ မင်းဘ၀ကား ထင်ရှားလှလေသည်။

ဘုရားအလောင်းတော်သည် မဟာသုတသောမမင်းဖြစ်စဉ် ရှင်ဘုရင် ဘ၀မှ လူသားစားမူကြောင့် တိုင်းပြည်မှ ထွက်ခွာသွားရသော ပေါရိသာဒသည် တောထဲမှာပင် နေရ၏၊ လူသားစား ပေါရိသာဒသည် တစ်နေ့သောအခါ သစ်ငုတ်စူး၍ ခြေဖ၀ါး၌ ဖြစ်သော အနာကို “နတ်မင်း ကယ်မပါ၊ ၇-ရက်အတွင်း ပျောက်အောင် ကယ်မလျှင် ဇမ္ဗူဒိပ်မင်းအပေါင်း၏ လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်ပါမည်”ဟု ညောင်ပင်စောင့်နတ်မင်းကြီးအား ကတိခံထား၏၊ ထိုအနာ သူ့ဘာသာ ပျောက်သွားသည်ကို နတ်မသည်ဟု ထင်ကာ ဇမ္ဗူဒိတ်မင်းတို့ကို ယဇ်ပူဇော်ရန် ဖမ်းထားသည်။

တက္ကသိုလ်ပညာသင်စဉ်က ဆရာတော်ဖူးသော သုတသောမမင်းကိုလည်း ဖမ်းသွားသည်၊ သုတသောမမင်းသည် အဖမ်းမခံရမီကလေးကမှ ပုဏ္ဏားတစ်ဦးအထံ၌ တရားဂါထာ နာယူရန် ၀န်ခံခဲ့သော ကတိစကားကို သတိရ၍ “တရားနာပြီးလဆင် ပြန်လာပါမည်”ဟု ပေါရိသာဒထံ ခွင့်တောင်း၏၊ ပေါရိသာဒလည်း လွယ်လွယ်ပင် ပြန်လွှတ်လိုက်သည်၊ တရားနာပြီးသောအခါ သတ်တော့မည်ကိုသိပါလျက် သစ္စာမဖျက်ဘဲ မကြောက်မရွံ့ အသက်စွန့်၍ ပေါရိသာဒထံ ပြန်လာခဲ့သည်။ သုတသောမမင်း၏ သေဘေးမှ အသက်စွန့်၍ ပေါရိသာဒထံ ပြန်လာခဲ့သည်။ သုတသောမမင်း၏ သေဘေးမှ ကြောက်ရွံ့မူမရှိပုံကို မေးမြန်းရာမှ အစပြု၍ အလောင်းတော်သုတသောမမင်း ပြောပြသော တရားစကားကြောင့် ဇမ္ဗူဒိပ်မင်းအားလုံးသည် အသတ်မခံရတော့ဘဲ ပေါရိသာဒလည်း လူကောင်းတစ်ယောက် ဖြစ်လာကာ သူ့ထီးနန်းကို ပြန်ရခဲ့လေသည်။

(အဓိဋ္ဌာန်ပါရမီ)

ဒါနစသော ပါရမီ ကောင်းမူများကို သတ်မှတ်ထားသည့်အတိုင်း မပျက်မကွက် စွဲစွဲမြဲမြဲ အောင်မြင်ပြီးမြောက်အောင် ပြုလုပ်မည်ဟု စိတ်ကို ဆုံးဖြတ်ထားမူ၊ ဆုံးဖြတ်သည့်အတိုင်း ပြုလုပ်မူကို အဓိဋ္ဌာန် ဟုခေါ်၏၊ ဘုရားအလောင်းတော်သည် ဘ၀များစွာ အဓိဋ္ဌာန်ပါရမီတော်ကိုလည်း ဖြည့်ကျင့်ခဲ့သည်။ တေမိယမင်းစားဖြစ်စဉ်က အဓိဋ္ဌာန်ပါရမီ ဖြည့်ကျင့်ပုံမှာ အလွန်ထင်ရှားလှပေသည်။
ဘုရားအလောင်းတော်သည် တေမိယမင်းသား မဖြစ်မီ ဘ၀တစ်ခုတွင် ရှင်ဘုရင်ဖြစ်စဉ်က အငြင်ပွားမူများကို တရားအဆုံးအဖြတ်ပေးရာတွင် အနည်းငယ်မှားယွင်းခဲ့သဖြင့် ငရဲကျခဲ့ရဖူးသည်၊ တေမိယမင်းသားကလေးသည် တစ်လသားအရွယ် ထီးဖြူအောက်၌ ပက်လက်နေစဉ် ထီးဖြူကို မြင်သည်မှ စ၍ ရှေးဘ၀များကို ပြန်လည် သိမြင်နိုင်သော ဇာတိဿရဉာဏ်ကို ရလေသည်။ ရှေးမင်းဖြစ်စဉ်က အဆုံးအဖြတ် အမိန့်ပေးလွဲ၍ ငရဲကျခံရပုံကို ပြန်လည်သတိရကာ မင်းဖြစ်ရမည်ကို လွန်စွာ ကြောက်ရွံ့ထိတ်လန့်သွားလေသည်။

ထိုအခါ ရှေးဘ၀က မိခင်ဟောင်းဖြစ်ခဲ့ဖူးသော ထီးချက်စောင့်နတ်သမီး သိသွားသဖြင့် “ချစ်သား-- တေမိယမင်း--မကြောက်ပါနှင့်၊ မင်းမလုပ်ချင်လျှင် ဆွံ့ အ နားပင်းဟန် ဆောင်နေလိုက်ပါ” ဟု တိုက်တွန်း အကြံပေးလေသည်။

ထိုအခါမှစ၍ “မည်သည့်အကြောင်းကြောင့်မျှ စကားမဆိုတော့အံ့၊ ဆွံ့ အ ယောင် ဆောင်နေတော့မည်” ဟု စိတ်ကိုခိုင်မာစွာ ဆောက်တည်အဓိဋ္ဌာန် ပြုလေသည်၊ မပြော မဆို၊ ငိုလည်း မငိုပဲ အရွယ်ရောက်လည်း မထိုင်မထ၊ ပြောသမျှလည်း မကြားဟန် ဆောင်နေခဲ့ရာ အသက်တစ်ဆယ့်ခြောက်နှစ် အရွယ်သို့တိုင်အောင် အခိုင်အမာ ဆုံးဖြတ်၍ နေထိုင်ခဲ့လေသည်၊ ထိုအခါကျမှ ခမည်းတော်မင်းကြီးက “ထီးနန်းနှင့်မတန်”ဟု ဆုံးဖြတ်၍ တောထဲသို့နျင်ထုတ် သတ်ပစ်ရန် အမိန့်ပေးလေရာ တောထဲရောက်သောအခါ ရသေ့ရဟန်း ပြုသွားလေသည်။

(မေတ္တာပါရမီ)

သူတစ်ဘက်သား ကြီးပွားချမ်းသာစေလိုသော စိတ်ထားသည် မေတ္တာမည်၏။ မေတ္တာစိတ်ထားရှိသူတို့သည် မိမိအပေါ် သူတပါးက မတော်မတရား ပြုမူ ပြောဆိုစေကာမူ ထိုသူ၏ အပြစ်ကို မရူ၊ ထိုသူ၏ ကောင်းကွက်ကိုသာ ရှာကြည့်ကာ သူ့အကျိုးကို ဆောင်ရွက်မြဲ ဆောင်ရွက်ကြလေသည်။
ဘုရားအလောင်းတော်သည် ဘ၀များစွာ၌ မေတ္တာပါရမီကိုလည်း ဖြည့်ကျင့်ခဲ့သည်၊ သုဝဏ္ဏသာမ ရသေ့ဖြစ်စဉ် တောထဲ၌ မျက်မမြင် မိဘနှစ်ပါးကို ပြုစုနေ၏၊ ခြင်္သေ့၊ သစ်၊ ကျား၊ သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ် စသော သားကောင်းများအပေါ်၌ပင် တကယ့်မေတ္တာစိတ်ဖြင့် ချစ်ခင်နေ၏၊ မိမိအား သားကောင်မှတ်၍ လေးဖြင့်ပစ်သတ်ခဲ့သော ပီဠိယက္ခမင်းကိုပင် မေတ္တာမပျက်ခဲ့ပေ၊ နောက်ဆုံး မေတ္တာ၊ သစ္စာကြောင့် မြားဆိပ်လည်းပြေ၊ အသက်လည်း မသေဘဲ မျက်မမြင်မိဘနှစ်ပါးလည်း မျက်စိနှစ်ကွင်း အလင်းရကြလေသည်။

(ဥပေက္ခာပါရမီ)
သူတစ်ဘက်သားအား မုန်းလည်းမုန်း၊ ချစ်လည်းမချစ်၊ ဘက်မလိုက် လျစ်လျူရူခြင်းဟု ခေါ်၏။ ဘုရားအလောင်းတော်သည် ဘ၀များစွာ ဤဥပေက္ခာပါရမီကိုလည်း ဖြည့်ကျင့်ခဲ့သည်၊ လောမဟံသ ခေါ်သော ဘ၀မှာ ထင်ရှားလှလေသည်။
ဘုရားအလောင်းတော်သည် မိဘတို့ကွယ်လွန်သောအခါ များစွာသော စည်းစိမ်ဥစ္စာတို့ကို စွန့်လွှတ်၍ တောသို့ဝင်လေသည်၊ ရသေ့ပြုလုပ်လိုသော်လည်း ရသေ့ပြုလျှင် လူအများအထင်ကြီး၍ ချီးမွမ်းကြမည်ကို စိုးရွံ့သဖြင့် ရသေ့လည်းမလုပ်ဘဲ အ၀တ်တစ်ထည်ဖြင့်သာ လှည့်လည် သွားလာနေခဲ့သည်။

မိမိအား လေးစားသူ ပြုမူဆက်ဆံသောနေရာ၌ ကြာကြာမနေ၊ တစ်ရက်လောက်သာနေ၏၊ ရွာတစ်ရွာသို့ ရောက်သွားသောအခါ ကလေးသူငယ်များနှင့် သေသောက်ကြူးများက ပြက်ရယ် ပြောင်လှောင်ကြသော်လည်း ဘုရားအလောင်းတော်ကား စိတ်မဆိုး။ သုသာန်၌ လူရိုးကို ခေါင်းအုံးလျက် အိပ်၏။ ကလေးများ ၀ိုင်းအု့လာရောက်ကာ အလောင်းတော်အား တံတွေးဖြင့် ထွေးကြ၊ ကျင်ကြီးကျင်ငယ် စွန့်ချကြကုန်၏။ ဘုရားအလောင်းတော်သည် ထိုသူတို့အပေါ်၌ စိတ်မဆိုး၊ အပြစ်မယူ၊ စိတ်ပျက်အားငယ်ခြင်းမဖြစ်။ တစ်ချို့လည်း ပန်းနံ့သာနှင့်စားကောင်း သောက်ဖွယ်များကို ပေးလှူကြကုန်၏။ ထိုသူတို့အပေါ်၌လည်း ချစ်ခင်တွယ်တာမူမထား၊ ကောင်းဆိုးနှစ်ဖြာ၌ လျစ်လျူရူကာ မည်သည့်ဘက်မှ မတိမ်းညွတ်ဘဲ တည့်မတ်သော စိတ်ထား(ဥပေက္ခာ)ဖြင့်သာ နေတော်မူလေသည်။

ဒါတွေက ဦးဇင်းတို့ မြတ်စွာဘုရားရှင် သမ္မာသဗ္ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်အောင်ဖြည့်ကျင့်ခဲ့တဲ့ ပါရမီတော်(၁၀)ပါးဖြစ်ပါတယ်။

ထိုပါရမီ(၁၀)ပါးကိုသာမန်ကျင့်ခြင်း၊(ဒသပါရမီ)၊အလယ်အလတ်ကျင့်ခြင်း(ဒသဥပပါရမီ)၊အမြင့်ဆုံးကျင့်ခြင်း(ဒသပရမတ္ထပါရမီ) ဆိုပြီး

တစ်ပါးစီကို အဆင့်သုံးဆင့်နဲ့ကျင့်တော်မူပါတယ်။ဒါကြောင့်ပါရမီဆယ်ပါး၊အပြားသုံးဆယ်လို့ ဆိုတာပါ။ကျင့်ကြံတဲ့ ကြာမြင့်မှုက

ပညာဓိက ဘုရားဖြစ်တော်မူတော်သောကြောင့် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာတော်မူပါတယ်။

ဒီလောက်ဆိုပါရမီဆယ်ပါးအကြောင်းကိုတော်တော်လေး သဘောပေါက်လောက်မှာပါ။

ကိုးကား။ ။ဗုဒ္ဓဘာသာအခြေခံဆင့်(သာသနာရေးဝန်ကြီးဌာန)
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မိဘတွေကို ကြည့်ရင်ကိုယ့်ရဲ့ပုံရိပ်ကြို မင်ရတယ်

မိဘတွေရှိနေကြသေးရင်….



တစ်ရက်….မီးဖိုချောင်ဟာအရင်လို မသန့်ရှင်းတော့ရင်….

တစ်ရက်….ပန်းကန်ဆေးတာမပြောင်တော့ရင်….

တစ်ရက်….အိုးခွက်တွေဟာအရင်လိုမတောက်ပြောင်တော့ရင်….

တစ်ရက်….ပန်းပင်တွေဟာပေါင်းမြက်တွေနဲ့ဖြစ်နေရင်….

တစ်ရက်….ကြမ်းပြင်နဲ့စင်တွေမှာ ဖုန်တွေထူနေရင်….

တစ်ရက်….ဟင်းတွေငန်လာရင်….

တစ်ရက်….အရာရာကိုမေ့လွယ်လာရင်….

တစ်ရက်….အလေ့ထေတွေဟာပျက်ပြယ်ကုန်ရင်….

တစ်ရက်….သစ်သီးတွေစားရတာကိုမကြိုက်တော့ရင်….

တစ်ရက်….ဆန်ပြုတ်စားရတာကြိုက်လာရင်….

တစ်ရက်….အသွားအလာအရမ်းနှေးကွေးလာရင်….

သူတို့ကအအေးမိရုံလောက်ပဲဆိုပြီး မနေပါနဲ့…အဲဒါဟာ…အိုလာတာပါ…..



တစ်ရက်….သူတို့အပြင်မထွက်တော့ရင်…

သူတို့တကယ်အိုလာပါပြီ။

သားသမီးတွေရဲ့ပြုစုမှုကိုလိုလားတဲ့အချိန်ပါ….

သူတို့ကိုအချိန်ပေးပါ…

စိတ်ရှည်ပါ…သည်းခံပါ…

သူတို့ဘာလုပ်လုပ်အရင်လိုမဟုတ်တော့ဘူး။

သူတို့ရဲ့အိပ်ယာတွေကို လဲပေးပါ…..သူတို့ဒါတွေကို သတိထားမိတော့မှာမဟုတ်ပါဘူး….

မိဘဆိုတဲ့ ဂုဏ်အတိုင်း တင့်တယ်အောင်ထားပါ……

ရေချိုးပေးပါ….ကိုယ်တိုင်သန့်စင်အောင်သူတို့မလုပ်နိုင်တော့ပါဘူး…..

သူတို့တွေစားလို့ရနိုင်တဲ့ အစားတွေချက်ထားပေးဖို့လည်း မမေ့ပါနဲ့…..

ကောင်းကောင်းဝါးနိုင်တဲ့ သွားတွေမရှိတော့ပါဘူး….



မွေးကင်းစကတည်းက မိဘတွေလုပ်ပေးနေတဲ့ အရာအားလုံးကိုမမေ့ပစ်ပါနဲ့…..

လမ်းလျှောက်တာတွေ၊ စာရေးတာတွေ၊ အစစအရာရာ အခြေခံကနေ သင်ပေးခဲ့တယ်….

သူတို့တကယ် ဘာမှအလုပ်မလုပ်နိုင်တော့ဘူးဆိုရင်…ကိုယ်ပြန်လုပ်ပေးရမဲ့အလှည့်ပါ….

အားလုံးမှတ်ထားကြပါ….မိဘတွေဟာကိုယ့်ရဲ့ပုံရိပ်ပါ…

အားလုံးလဲတနေ့အိုလာကြမှာပါ….



အိုတဲ့အချိန်မှာ ဘယ်လိုနေထိုင်ချင်တယ်ဆိုတာ စဉ်းစားထားလား။

အခုလို လူလွတ်ဖြစ်နေတဲ့အချိန်မှာတောင် သင့်မိဘကို ဂရုစိုက်ဖူးလား။

သင့်မိဘကကော သင့်ကိုဘယ်အချိန်ထိစောင့်နေနိုင်ဦးမှာလဲ။



(စာကြွင်း ..။ ။ ..မှတ်သားဖူးတာလေးပါ .... )

------------------------------------------------------------------------------------------------------------

“ငါအိုသွားတဲ့အခါ”


ငါအိုသွားတဲ့အခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး၊ ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။

ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။

အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ၊ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တည ပုံပြင်တွေကို မရိုးအောင် ပြောရင်း ငါချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။

မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။

ခေတ်သစ်၊ နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက “ဘာကြောင့်”ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။

စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါကိုကူတွဲပေးပါ၊ လမ်းလျောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျောက်ကျင့်ပေးခဲ့ ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။

အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာ တွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ၊ စကားအကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။

တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည်ပေးပါ အားပေးပါ၊ အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံး အချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့ အေးမျှမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။””

သူငယ်ချင်းအားလုံး သတိရကြပါစေဗျာ...
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စိတ်မကောင်းစရာလေးပါ.......သတိထားကြနော်...

တရုတ်ပြည်၊ Si chuan (စီချွမ်)ပြည်နယ်မှာဖြစ်ပွားခဲ့တာပါ။
မူးနေတဲ့တက္ကသိုလ်ကျောင်းသူ မိန်းကလေးတစ်ယောက်က ကပွဲမှာ
ယောကျာင်္းလေးတစ်ယောက်နဲ့ တွေ့ခဲ့ရကာနေ ဟိုတယ်ကို သွားဖို့သ
ဘောတူကာလိုက်သွားခဲ့ပါတယ်။ ဟိုတယ်ရောက်တော့လဲ အရက်ထပ်သောက်ခဲ့ပြီးအိပ်ပျော်သွားခဲ့
တယ်။ နှိုးလာတဲ့အချိန်မှာတော့သူမဟာရေခဲတွေအပြည့်ထည့်ထားတဲ့ကန်ထဲကိုရောက်နေခဲ့တယ်။

“ နံပတ်၁၂၀ိုဖုန်းဆက်ပါ၊မဟုတ်ရင်နင်သေလိမ့်မယ်”လို့ရေးထားတဲ့စာတစ်စောင်ကိုကန်ရဲ့ဘေးနားမှာတွေ့ခဲ့တယ်သူမရဲ့ဖုန်းကိုလဲ
အဲ့စာရဲ့ဘေးနားမှာပဲတွေ့ခဲ့တယ်။ ဒါနဲ့သူမကဖုန်းဆက်ပီးအခုအဖြစ်အပျက်
ကိုပြောပြတော့ ဆရာဝန်က သူမရဲ့နောက်ကျောဘက်ကိုစစ်ဆေးကြည့်ဖို့
အကြံပေးခဲ့တယ်။


စစ်ဆေးကြည့်တဲ့အခါကျတော့ နောက်ကျောဘက် အောက်ဘက်နားလောက်မှာ ၉လက်မ ရှည်တဲ့
ဒါဏ်ရာ အပေါက်၂ခုကို တွေ့ခဲ့တယ်။ ဆရာဝန်က သူမကို ချက်ချင်းပဲရေခဲကန်ထဲကို
ပြန်သွားပြီး မလှုပ်ရှားပဲနေဖို့ပြောလိုက်ပြီး၊ကယ်ဆယ်ရေးအဖွဲ့ကိုလွှတ်ပေးခဲ့တယ်။တကယ်တော့သူမကကျောက်
ကပ်အခိုးခံလိုက်ရတာပါ။ ဒါဏ်ရာအပေါက်၂ခုကတော့ ကျောက်ကပ်ထုတ်ယူတုန်းက
ဖြစ်ခဲ့တဲ့ဒါဏ်ရာပါ။ မှောင်ခိုဈေး(တရားမ၀င်ဈေး) မှာ ကျောက်ကပ်တစ်လုံးဟာ
ယွမ်၃သိန်းတန်ပါတယ်။

မှု့ခင်းဆရာဝန်ပြောပြချက်အရ၊ ကျောက်ကပ်အခိုးခံရတဲ့ မိန်းကလေးသောက်ခဲ့တဲ့
အရက်ထဲမှာ မူးယစ်ဆေးတင်မကပဲ ထုံဆေးတစ်မျိုးပါ ပါဝင်နေပါတယ်လို့ဆိုပါတယ်။ ပြီးတော့
ရေခဲဟာလဲအသားကိုထုံကျင်စေထားတဲ့အတွက် အခိုးခံရတဲ့သူဟာ ကျောက်ကပ်အခိုးခံနေရစဉ်မှာ
နာကျင်မှု့မခံစားရတာပဲဖြစ်ပါတယ်။

ကျောက်ကပ်အခိုးခံရတဲ့မိန်းကလေးကတော့ဆေးရုံပေါ်မှာပဲကျောက်ကပ်အလှူရှင်ကိုစောင့်ရင်း
ကွယ်လွန်သွားခဲ့ပါတယ်။
ဒီလိုမျိုးကျောက်ကပ်ခိုးယူမှု့ဟာခုမှပေါ်လာတဲ့ပြစ်မှု့ကျူးလွန်တဲ့ပုံစံမျိုး
ဖြစ်ပါတယ်။ လူငယ်တွေ၊ ခရီးသွားတွေ၊ ကျောင်းသူကျောင်းသားတွေဟာအဓိကပစ်မှတ်ဖြစ်နိုင်ပါ
တယ်လို့ ရဲတွေကသတိပေးထားပါတယ်။

ပြီးတော့ ဒီလိုမျိုး
အမှု့အခင်းတွေဟာမြို့ကြီးများမှာပိုဖြစ်လေ့ရှိပါတယ်လို့လဲ
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကောင်မလေးတွေ သိစေဖို့နော် .... :P

၁။ ယောကျာ်းလေးတွေကမိန်းကလေးတယောက်ကို ကြိုက်ဖို့လွယ်ပါတယ်။ ချစ်ဖို့တော့ အဲလောက်မလွယ်ပါဘူး။









၂။ ယောက်ျားလေးတွေပြောတဲ့ လာမယ့် ၆လ၊ ၁နှစ် ကိုမိန်းကလေးတွေက ၁၀နှစ်၊ ၁၅နှစ်လို့

ယူဆပြီးယောက်ျားလေးတွေကအချိန်တိုအတွင်းရင်းနှီးအောင် ကြိုးစားနေချိန်မှာမိန်းကလေးကတော့ ချစ်မယ်ကြိုက်မယ်လက်ထပ်မယ်

ဆံပင်တွေဖြူတဲ့အထိအတူတူရှိမယ်တွေ စဉ်းစားနေတယ်။









၃။ သူငယ်ချင်းထက်နည်းနည်းပိုတဲ့ မိန်းကလေးမိတ်ဆွေမျိုးများများလိုချင်တာယောက်ျားလေးတွေရဲ့ စိတ်ကူးတိုင်းမှာဝှက်ထားတတ်တယ်။











၎။ ညဏ်ကောင်းပြီးသိပ်တော်တဲ့ မိန်းကလေးတွေကို စိတ်ဝင်စားတဲ့ ယောက်ျားလေးတွေမများဘူး။ ဒီလိုမိန်းကလေးတွေနဲ့ သူတို့

အတူနေဖို့ နေရာမရှိဘူးလို့ယူဆတယ်လေ။









၅။ သူကြိုက်တဲ့ ကောင်မလေးရှိတဲ့အချိန်ဆိုယောက်ျားလေးတွေ စကားများလာတယ်။ ပိုပြီးသွက်လက်တယ်။ သူ့ဘက်ပါအောင် စကားနဲ့

ဆွဲဆောင်လာတယ်။ သူသဘောကောင်းတယ်ဆိုတာနဲ့ ပတ်သက်တဲ့ စကားတွေကိုပဲပြောတယ်။ ရီရတယ်ထင်တဲ့ ဟာသတွေ

ထုတ်ပြောတယ်။ ကောင်မလေးရီလို့ သဘောကျတဲ့အထိပေါ့။









၆။ ယောက်ျားလေးတယောက်ဆိုတာရင့်ကျတ်ပြီဖြစ်တဲ့ယောက်ျားနဲ့ ကလေးနဲ့တူတဲ့ယောကျာ်း ၂ယောက်ပေါင်းထားသလိုပါပဲ။

ရင့်ကျတ်တဲ့အပိုင်းကတော့ အရာရာတိုင်းကိုကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ဆိုင်နိုင်ပြီးကလေးနဲ့တူနဲ့ယောက်ကျာင်္းကတော့

ဘယ်အရာမဆိုကိုယ်ပိုင်ဆုံးဖြတ်ချက်မချနိုင်ဘဲကလေးတစ်ယောက်လိုအခြေအနေကိုထည့်တွက်နေရတဲ့ သူမျိုးဖြစ်ပါတယ်။











၇။ ကောင်မလေးစိတ်ထဲမှာကောင်လေးရဲ့ အရင်ရည်းစားအကြောင်းသိချင်မယ်။ ကောင်လေးကျတော့ ပြတ်သွားတဲ့ ကောင်မလေးနောက်

ဘယ်ရည်းစားထားမလဲဆိုတာကိုပိုသိချင်နေတယ်။ သူငယ်ချင်းဆက်ဖြစ်နေသေးတယ်ဆိုရင် နင့်အခုရည်းစားကဘာဖြစ်တယ်

ညာဖြစ်တယ်နဲ့ ပြောတတ်လေ့ရှိတယ်။









၈။ ကောင်မလေးတယောက်ကိုချစ်မိရင် အတိတ်ကအရေးမကြီးဘူး။ လက်ရှိကိုချစ်တာလို့ပြောတတ်တယ်။









၉။ ကောင်မလေးတွေရဲ့ အရင်ရည်းစားအကြောင်းပြောတာကိုကောင်လေးတွေ နားမခံနိုင်ဆုံးဖြစ်တယ်။









၁၀။ သူချစ်တဲ့မိန်းကလေးတယောက်အပေါ် လက်တွဲဖို့ တွန့်တိုလေ့ရှိပြီးမချစ်နိုင်ပဲ ကြိုက်ယုံကြိုက်တဲ့ မိန်းကလေးတယောက်အပေါ်

ရဲတင်းလွန်းပါတယ်။









၁၁။သူတို့ တစ်ကယ်ချစ်တဲ့ မိန်းကလေးဆိုရင်တော့ ဘယ်လောက်ပဲအခြေအနေပေးနေပါစေရီးစားအဆင့်ကနေကျော်လွန်ခြင်းလုံးဝမရှိပါဘူး ကိုယ့်ချစ်သူရဲ့ အပျိုစင်ဘ၀ကို အရမ်းတန်ဖိုးထားတတ်ကြပါတယ်။









၁၂။ အဲ့လိုကောင်လေးကမှသာလျှင် ကိုယ့်ကိုတစ်ကယ်ချစ်တဲ့သူပါ သူတို့ဟာသူတို့

ချစ်သူမိန်းကလေးတွေကိုအရမ်းတန်ဖိုးထားတတ်ကြပါတယ် ဘာအကြောင်းကြောင့်နဲ့မှ မထိခိုက်စေချင်ဘူးအရမ်းလဲချစ်ကြတယ်

အခွင့်အရေးလဲမယူတတ်ကြဘူးသူတို့ ချစ်သူသဘောမတူတာကိုဘယ်တော့မှလုပ်လေ့မရှိဘူးတပ်မက်မှုတွေလဲမပါတဲ့ ချင်ခြင်းနဲ့ချစ်ကြတာပါ။











၁၃။ အချို့သောကောင်လေးများဟာချစ်လို့ ဆိုတဲ့အကြောင်းပြချက်နဲ့ အခွင့်အရေးတွေ ယူတတ်ကြပါတယ်

ဒါဟာချစ်တာမဟုတ်ပါဘူးကိုယ့်ကိုဒုက္ခပေးတာနဲ့ အတူတူပါပဲအဲ့လိုလူမျိုးဆိုရင်တော့ ဘယ်လောက်ပဲချစ်နေပါစေ ဝေးဝေးကသာရှောင်လိုက်ပါ။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဘ၀အတွက် သင်ခန်းစာလေးပါ။

တခါတုန်းက ဘုန်းကြီးတစ်ပါးနဲ့ ကိုရင်လေးတစ်ပါးဟာခရီးတစ်ခုကို အတူတူထွက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ခရီးလမ်းမှာ မြစ်တစ်ခုကို ဖြတ်ကူးဖို့ဖြစ်လာပါတယ်။ တံတားကလည်း အိုမင်းပျက်စီးနေပါပြီ။မြစ်ကို ဖြတ်ကူးဖို့ဆိုရင် တံတားကို မသုံးပဲ ရွှံ့ရေထဲကနေ ဖြတ်လျှောက်မှ ရမှာပါ။ ဒီအချိန်မှာ ဘုန်းတော်ကြီးတွေလိုပဲ မြစ်ကို ဖြတ်ကူးဖို့ မိန်းမချောလေးတစ်ယောက်လည်း ရောက်လာပါတယ်။သူမ မြစ်ကို ဖြတ်မကူးနိုင်ဘူးဖြစ်နေတာပေါ့။ဘုန်းတော်ကြီးက မိန်းကလေးကို သူကျောပိုးပြီးခေါ်သွားမယ်လို့ ပြောတော့ မိန်းကလေးကလည်း လက်ခံလိုက်ပါတယ်။ဘုန်းတော်ကြီးရဲ့ ဒီလုပ်ရပ်ကို ကြားတော့ ကိုရင်လေးဟာ အလွန်ထတ်လန့် အံ့သြသွားပါတယ်။ တရားတော်မှာ မာတုကာမ တွေနဲ့ လုံးဝ ပတ်သတ်ထိတွေ့ချင်းမရှိရလို့ သင်ကြားထားရတယ်မလား။ ဒါပေမယ့် ကိုရင်လေးဟာ ဆိတ်ဆိတ်သာနေနေပါတယ်။

ဘုန်းတော်ကြီးက မိန်းကလေးကို ကျောပေါ်တင်ပြီး မြစ်ကိုဖြတ်ကူးပါတယ်။ကိုရင်လေးကတော့ နောက်ကနေ စိတ်ညစ်ညူးစွာနဲ့လိုက်ခဲ့ရတာပေါ့။မြစ်တဖက်ကမ်းရောက်တော့ ဘုန်းတော်ကြီးဟာ မိန်းကလေးကို ချပြီး လမ်းခွဲထွက်လာခဲ့ပါတယ်။

ခရီးဆက်ထွက်ခဲ့တာ မိုင်ပေါင်းတော်တော်လေးရောက်လာတဲ့ ထိအောင် ကိုရင်လေးရဲ့စိတ်မှာ မပျော်ရွှင်နိုင်သေးပါဘူး။ ဘုန်းတော်ကြီးရဲ့ လုပ်ရပ်ကို တွေးတွေးပြီး သူ့စိတ်မှာ အခဲမကျေနိုင်ဖြစ်နေတာပေါ့။ဒါပေမယ့် သူက ဆိတ်ဆိတ်သာနေပါတယ်။ တခွန်းမှ မပြောဘူးပေါ့။

နာရီပေါင်းများစွာခရီးနှင်ပြီး အပန်းဖြေစခန်းတစ်ခုကိုရောက်တဲ့ အချိန်မှာတော့ ကိုရင်လေး လုံးဝ သည်းမခံနိုင်တော့ပါဘူး။ ဘုန်းတော်ကြီးကို မျက်နှာချင်းဆိုင် ဖြေရှင်းတော့တာပေါ့။" ကိုယ်တော်ဟာ သန့်ရှင်းစင်ကြယ်တဲ့ ဘုန်းတော်ကြီးလို့ ဘယ်လို ပြောနိုင်တော့မှာလဲ....မိန်းကလေးတစ်ယောက်ကို ထိခဲ့တဲ့နောက်တော့ ကိုယ်တော်ဟာ ရိုးသားဖြူစင်နိုင်ပါတော့မလား.....ဘာကြောင့်ပါလဲ...သူမဟာ လှပလို့လား...? "

ဒီစကားကို ဘုန်းတော်ကြီးကြားတော့ ဘုန်းတော်ကြီးက ကိုရင်လေးကို အထူးတဆန်းကြည့်ပြီးမေးလိုက်ပါတယ်...။

" ငါက မိန်းကလေးကို လွန်ခဲ့တဲ့ နာရီပေါင်းများစွာသတည်းက ချထားခဲ့ပါပြီ.....မင်းကတော့ သူမကို ဒီအထိခေါ်လာခဲ့တာလား...."။။။။။။။။။။။



မှတ်ချက်။ ။ ဒီပုံပြင်လေးဟာ ရှေးဟောင်းတရုတ်ပုံပြင်လေးပါ။ဒီနေ့ခေတ်လူသားတွေအတွက် တွေးစရာတွေအများကြီးပါတာပေါ့။ကျွန်ုပ်တို့ရဲ့ဘ၀မှာ စိတ်မချမ်းသာစရာ၊ စိတ်ညစ်ညူးစရာ၊ ဒေါသထွက်စရာ အဖြစ်အပျက်တွေ အများကြီးနဲ့ကြုံတွေ့ခဲ့ရမှာပါ....။ဒါပေမယ့် ကျွန်ုပ်တို့ဟာ ကိုရင်လေးလိုပဲ ဒီအရာတွေကို ဘ၀တလျှောက်သယ်ပိုးလာခဲ့ပါတယ်။စိတ်မချမ်းသာစရာ အဖြစ်အပျက်တွေကို အဲဒီ့နေရာ အဲဒီ့ အချိန်မှာပဲ ထားခဲ့လိုက်ပါ။ ဘ၀ကို ဆက်လျှောက်ဖို့သင်ယူနိုင်
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဆိုတေး ရဲ့မီးအိမ်ရှင်.....


>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဂဏန်ဗေဒင်လေးပါမွေးနေ့နဲ့ကြည့်ရတာတဲ့ ကြည့်လိုက်ပါအုံး........

ဖတ်ပြီးတဲ့အချိန်မှာတော့..တချို
့အချက်တွေက သွေးထွက်အောင်မှန်ကန်နေတာကို တွေ့တဲ့အတွက်..

ခင်ဗျာတို့ကိုလည်း.. အနည်းငယ် မျှဝေပေးလိုက်တာပါ..

နည်းနည်းရှည်ပေးမယ်.. ဖတ်လို့ကောင်းမယ်လို့မျှော်လင့်ပါတယ်..


မွေးနေ့..မွေးရက်များနဲ့ သူရဲ့ ဂုဏ်သတ္တိများ.

တကယ်လို့..မင်းဟာ..လတွေရဲ့. 1st, 10th, 19th, 28th  မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၁) သမား... တကယ်လို့..မင်းဟာ..လတွေရဲ့. 2nd, 11th, 20th, 29th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၂) သမား... တကယ်လို့..မင်းဟာ..လတွေရဲ့. 3rd, 12th, 21st, 30th   မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၃) သမား... တကယ်လို့..မင်းဟာ..လတွေရဲ့.  4th, 13th, 22nd, 31st မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၄) သမား... တကယ်လို့..မင်းဟာ..လတွေရဲ့.  5th, 14th, 23rd          မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၅) သမား... တကယ်လို့..မင်းဟာ..လတွေရဲ့.  6th, 15th, 24th          မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၆) သမား... တကယ်လို့..မင်းဟာ..လတွေရဲ့.   7th, 16th, 25th         မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၇ သမား... တကယ်လို့..မင်းဟာ..လတွေရဲ့.   8th, 17th, 26th         မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၈ သမား... တကယ်လို့..မင်းဟာ..လတွေရဲ့.   9th, 18th, 27th         မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၉) သမား...


နံပါတ် (၁)

မင်းဟာ..ပါးနပ်တယ်..စကားကိုရှင်းရှင်းပြောတက်တယ်..ဟာသဥာဏ်ရွှင်တယ်..

ခေါင်းမာတယ်. ရိုးသားတယ်.. တဖက်သားကို မနာလို ၀န်တိုတက်တယ်..ကြင်နာတက်တယ်..ဒေါသလွယ်တယ်..

ဖော်ရွှေတယ်..တာဝန်ယူလိုစိတ်ရှိတယ်..အမြဲတမ်းကျော်ကြားသူတယောက်ဖြစ်ချင်တယ်..

လူတွေအားလုံးရဲ့အထက်မှာပဲ နေချင်တယ်.. တခါတရံမှာ လွတ်လပ်မှုကို မြတ်နိုးတယ်.. သူတပါးရဲ့အုပ်ချုပ်မှုကို မခံချင်ဘူး.

မိမိကိုယ်ကို ယုံကြည်တက်တဲ့ လူစားမျိုးဖြစ်တယ်..

ငယ်ငယ်ရွှယ်ရွှယ်နဲ့ အချစ်ကို တွေ့တက်ကြတယ်..ဒါပေမယ့်.. ရင့်ကျက်တဲ့အရွယ်ရောက်မှပဲ လက်ထက်ဖြစ်ကြတာများပါတယ်..

အမြင်မတူတဲ့သူတွေနဲ့ ပြဿနာတက်ရတာကို နှစ်သက်တယ်..

အငြိုးအတေးကြီးပြီး..လက်စားချေတက်ကြတယ်..အသုံးအဖြုန်းကြီးသူတယောက်ဖြစ်ပေမယ့်..

မင်းမှာ အလုပ်အကိုင်ကောင်းတွေ ရတက်ပါတယ်..

မင်းသာ အမျိုးသားဆိုရင်..အရမ်းနာမည်ကျော်မယ်.. ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေမှာဖြစ်ပြီ..လူတိုင်းက မင်းကို လေးစားနေပါလိမ့်မယ်..မင်းဟာ.နေရာစုံ ၀င်ဆန့်နိုင်တဲ့သူတယောက်ဖြစ်တယ်.. ရပ်ကွက်ထဲမှသည်.. ဟိုအပေါ် ပါလီမန်တွေထိကို

မင်းက နေရာစုံသွားနိုင်သူပါ..ဘာဖြစ်လို့လဲ ဆိုတော့..ကိစ္စတော်တော်များများကို မင်းက တဖတ်ကန်ခတ်အောင် သိနေတက်တယ်လေ..

ဒါပေမယ့်..မင့်ရဲ့ဘ၀မှာ..တချို့လူတွေက မင်းဘ၀နှိပ့်ကျသွားအောင်..နာမည်ပျက်သွားအောင် လုပ်တာမျိုး..ကြုံရတက်ပါတယ်...

ဒါကလည်း မဆန်းပါဘူး...လူတွေရဲ့မနာလိုမှုကြောင့်ပါပဲ..

မင့်ရဲ့မိသားစုဘ၀က အေးချမ်းလွန်ပါတယ်.. မင်းဟာ အဖော်မွန်ကောင်းကို ပိုင်ဆိုင်ပြီ..

ချစ်စဖွယ်သားသမီးတွေနဲ့ နေထိုင်ရပါလိမ့်မယ်..မင်းဟာ..ရှေ့ဆောင်သူ..လွတ်လပ်မှုကို မြတ်နိုးသူ.. ဘာသာတရားကို ကိုယ်ရှိုင်းသူတယောက်ပါပဲ..

မင်းရဲ့အကောင်းဆုံးအဖော်မွန် နံပါတ်တွေကတော့.. 4, 6, 8 ...သင့်တင်တဲ့သူတွေကတော့.. 3, 5, 7!!!


နံပါတ်(၂)

မင်းဟာ ဘာကြီးပဲဖြစ်နေနေ.. မင်းကို လူတိုင်းက ချစ်ကြပါတယ်..

ဘာဖြစ်လို့လဲ ဆိုတော့..မင်းဟာလ နဲ့ တူလို့ပါ.. လကို လူတိုင်းက သဘောကျသလိုမျိုးပေါ့..

ပြီးတော့ မင်းဟာ..စိတ်ကူးအရမ်းယဉ်တက်သူ တစ်ဦးလည်းဖြစ်တယ်...

မင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအလွန်နည်းတယ်..မင်းဘ၀မှာ ပြန်ပြီးသုံးသပ်သင့်စရာတွေချည်းပဲ...

မင်းဟာ ခန့်မှန်းရခက်တဲ့သူ တစ်ဦးလည်းဖြစ်တယ်.. အချိန်နဲ့အခြေအနေကို လိုက်ပြီး မင်းဟာ အမြဲတမ်းပြောင်းလဲနေတယ်..

တကိုယ်ကောင်းဆန်ပြီ.. အနုပညာဘက်မှာ အားအတော်သန်တဲ့သူဖြစ်တယ်.. အပြောအဆို

ညက်ညောပြေပြစ်တယ်.

မင်းရဲ့အပြုအမှုတွေဟာ လလို့ပဲ..  နေအလင်းရောင် ပျောက်မှ လထွက်လာသလိုမျိုး.... လူတွေ စိတ်ဓါတ်ကျနေတဲ့အချိန်ဆို

ရောက်လာပြီ.. သူတို့တွေ စိတ်ဓါတ်မြင့်တက်လာပြီဆိုရင် မင်းဟာ သူတို့ဘ၀ထဲက ပျောက်ကွယ်သွားတက်တယ်..

မင်းဟာ.. ငြိမ်းချမ်းမှုကို မြတ်နိုးတဲ့.ဒုတိယ ဂန္ဒီ ဖြစ်နိုင်သလို...ငြိမ်းချမ်းမှုကို ဖျက်ဆီးမဲ့.. ဒုတိယ ဟစ်တလာ လည်း ဖြစ်နိုင်ပါတယ်

(ကျနော်ဆိုလိုတာက မင်းရဲ့ပတ်ဝန်းကျင် ဆက်ဆံရေးပေါ်မှာပါ).

တကယ့်လိုများ..ဘုရားတရားကို နက်နက်ရှိုင်းရှိုင်းလုပ်မယ်ဆိုရင်...မင်းဟာ အောင်မြင်မယ့်သူတစ်ဦးပါ...

အများစုသော မင်းရဲ့စကားလုံးတွေဟာ ပျော်ရွှင်မှုတွေဆီကိုပဲ ဦးတည်နေတာပါ..!

တခါတရံ မင်းဟာ ရှေ့ရေးကို ကြိုပြီး ခံစားမိတက်သူတစ်ဦးပါ.

မင်းဟာ ကဗျာဆရာ..စာရေးဆရာ.. အနုပညာနယ်ပယ်မှာ ကျင်လည်မှုသူတစ်ဦးပါ...

မင်းဟာ အချစ်ကို အရမ်းကြီးမယုံကြည်တက်သူတစ်ဦးပါ.. မင်းလက်ထက်ပြီးတဲ့အထိတောင် အဲဒီအတိုင်းပဲ

မင်းဟာ အချစ်အပေါ် သာမန်ပဲခံစားနေတက်သူတစ်ဦပါ..

မင်းဟာ မိန်းကလေးဆိုရင်တော့..မိသားစုမှာ တာဝန်သိအမျိုးသမီးတဦးဖြစ်နေပါလိမ့်မယ်..

မင်းဟာ ယောကျာ်းလေးသာဆိုရင်တော့ မိသားစုမှာ ခိုက်ရန်ဖြစ်တာတွေ..ငြင်းခုန်မှုတွေကို သယ်ဆောင်လာသူ ဖြစ်နေပါလိမ့်မယ်..ဒါမှမဟုတ် ပြောင်းပြန်လည်း ဖြစ်နေတက်ပါတယ်..ဆိုလိုတာက.

မိသားစုကောင်းစားဖို့အတွက် မင်းဘ၀ကိုတောင် စွန့်လွတ်ဖို့ ၀န်မလေးတဲ့သူတစ်ဦးပါ...

မင်းဟာ သိမ့်မွေ့တယ်..အမြင်ကျယ်တယ်..သူတပါးရဲ့စိတ်ကို ခံစားနားလည်ပေးနိုင်တယ်..

လူတွေနဲ့ လိုက်လျောညီထွေနေတက်တဲ့သူ တစ်ဦးပါ...

မင်းရဲ့အကောင်းဆုံး အဖော်မွန်ကတော့ 2, 5, 9 ..တခြားသူတွေနဲ့ဆိုရင်တော့..အဆင်ပြေဖို့ခဲ့ရင်းပါတယ်..!!!


နံပါတ် (၃)

နှလုံးသားမာကျောပြီ.. တကိုယ်ကောင်းဆန်တက်တယ်.. ဒါပေမယ့် ဘာသာတရားကို ကိုင်းရှိုင်းတက်သူတစ်ဦးပါ..

တိုးတက်မှုကို မြတ်နိုးတဲ့သူတစ်ဦးပါ.. မင်းဟာ မိသားစုပြဿနာတွေကို လျှော့ကျဖို့လိုလားပေမယ့်..

ပြဿနာတိုင်းက မင်းဆီကနေပဲ မြစ်ဖျားခံတက်တာများပါတယ်..

မင်းဟာ သြဇာအာဏာကြီးမားပြီး.. နှစ်လိုဖွယ်မျက်နှာထားကို ပိုင်ဆိုင်သူ တစ်ဦးပါ..

ဒါကြောင့်.. ဘယ်နေရာကိုသွားသွား.. မင်းအလိုရှိတာတွေကို အဆင်သင့် ရနိုင်နေတာပေါ့..

မင်းဘ၀မှာ မွေးဖွားလာကတည်းက တခုခုကို ရဖို့အတွက် အမြဲတမ်း ပြင်းထန်စွာကြိုးစွာနေရတက်တယ်..

မကြိုးစားဘဲနဲ့ ရလာတာဆိုတာ အလွန်ပဲ ရှားပါးလှပါတယ်....   အရွယ်ရောက်လာတဲ့အခါမှာ.. မင်းဟာ ကိုယ့်ထက်ငယ်ရွယ်သူတွေကို  ဆိုဆုံးမတက်တယ်..

ဘာကြောင့်လဲဆိုတော့.. ကြီးတဲ့သူကို ငယ်သူက ရိုသေမှုပြသရတာကို မင်းဟာ နှစ်သက်လို့ပဲ.. အဲလိုလည်း

မင်းဟာ စံပြနေလေ့ရှိပါတယ်.. ဒါပေမယ့်..ယေဘုယျအားဖြင့်တော့.. မင်းဟာ အေးဆေးတည်ငြိမ်တဲ့သူတယောက်မဟုတ်ပါဘူး..

မင်းနဲ့ဆက်ဆံဖို့ဆိုတာ..ခက်ခဲတဲ့အလုပ်တခုပါ..မင်းဟာ စိတ်ဓါတ်မာတဲ့ ပြိုင်ဘက်တယောက်လိုပဲ...

ဒါပေမယ့်လည်း.. တစုံတယောက်ရဲ့အပြုအမှုကို မင်းသဘောကျသွားပြီဆိုလည်း..

မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အရမ်းကို ခိုင်မာနေတက်ပါတယ်...

မင်းဟာ အမြဲလိုလို..သူတပါးဆီက လေးစားမှုကို ရရှိနေတက်သူ တစ်ဦးပါ..

မင်းဘ၀မှာ ရန်သူတွေ.ပြဿနာတွေ အများကြီးရှိမယ်လို့ ထင်ရပေမယ့်.. အဲဒါတွေက ကြာရှည်မခံပါဘူး..

ဘာကြောင့်လည်းဆိုတော့.. မင်းက ပါရမီရှင်တယောက်လိုပါပဲ.. သူတို့နဲ့ဖြေရှင်းရာမှာ ပိုင်နိုင်လွန်းပါတယ်..

မင်းဟာ ပိုက်ဆံကို အနည်းငယ်ပို မက်မောတဲ့အတွက်.. သူရဲ့စေခိုင်းမှုအောက်မှာ..အဆုံးမရှိ ကြိုးစားခြင်းတွေ .ရုန်းကန်ခြင်းတွေနဲ့..

မင်းဟာ နပန်းလုံးနေရတက်တယ်...

မင်းဟာ အမျိုးသားတစ်ဦးဆိုရင်တော့..အားလုံးဟာ ပြီပြည့်စုံနေပါပြီ.. မိသားစုကို စောင့်ရှောက်တယ်..

သူငယ်ချင်းတွေကို ကူညီတယ်.. ဘ၀ကို ပေးကမ်းမှုတွေ..ကြင်နာတွေနဲ့ အချိန်ကုန်လွန်စေတဲ့သူပေါ့ (ဒါပေမယ့် ၂၁ ရက် မွေးသူမပါပါ). ပြီးတော့ မင်းဟာ စံပြတယောက်ဖြစ်နေပါလိမ့်မယ်..

တကယ်လို့..မင်းဟာ အမျိုးသမီးဆိုရင်လည်း.. အကျင့်စရိုက်ကောင်းတွေ.. ယဉ်ကျေးသိမ်မွေ့မှုတွေ.. အလုပ်ကြိုစားမှုတွေ

နဲ့ ပြည့်နေမှာပါ..

မင်းဟာ လွတ်လပ်မှုကို မြတ်နိုးသူ.. တီထွင်သူ.. ရည်မှန်းချက်ကြီးသူ..အာရုံစူးစိုက်လုပ်တက်သူ

ပြီးတော့. ကမ္ဘာကို အလှ..မျှော်လင့်ချက်..ပျော်ရွှင်မှုတွေကို သယ်ဆောင်လာသူ တစ်ဦးပါပဲ...

မင်းရဲ့ အကောင်းဆုံး အဖော်မွန်ကတော့...  6, 9. သင့်တော်တဲ့အဖော်မွန်ကတော့..1, 3, 5!!!


နံပါတ် (၄)

မင်းလည်းပဲ ခေါင်းအလွန်မာတဲ့သူ တဦးပါပဲ..

အလုပ်ကို အရမ်းကြိုးစားတယ်..ဒါပေမယ့် ဘ၀ရဲ့ အရေးကြီးတဲ့ ကိစ္စတွေမှာတော့ ကံမကောင်းတက်ပါဘူး..

အေးဆေးနေတက်တယ်..ကူညီတက်သူဖြစ်ပေးမဲ့..စကားပြောတာက ပွင့်လင်းလွန်းပါတယ်..

အမျိုးသားဆိုရင်တော့  အဲဒီအတွက်နဲ့ပဲ..  တခြားလူတွေကို စိတ်အနှောက်ယှက်ပိုဖြစ်စေပြီ..  မင်းကိုထားပြီ

အဝေးကို ပြေးသွားတက်ကြပါတယ်..

မင်းဟာ တခါတရံမှာတော့.. တခြားလူတွေနဲ့ သူတို့ရဲ့ ပြဿနာတွေကို ကောင်းကောင်းကြီး နားလည်နေပြန်ေ၇ာ့.....

အချိန်တိုင်းလိုလို မင်းဟာ အမျိုးသမီးမိတ်ဆွေတွေနဲ့ အချိန်ဖြုန်းနေတက်ပြီ..

အမျိုးသမီငယ်တွေနဲ့ ပျော်ရွှင်ရတာကို နှစ်သက်သူ တစ်ဦးပါ..

မင်းသူငယ်ချင်းတွေဟာ မင်းရဲ့အချိန်တွေ..ငွေတွေကို သုံးဖြုန်းပြီ.. အဝေးကို ပြေးသွားတက်ကြပါတယ်..

အဲဒီခါကြရင်တော့..မင်းဟာ ခိုးကိုယ်ရာမဲ့နေပြီဆိုတာ..အသေအချာပါပဲ..အဲဒီအတွက်..

လုံးဝသတိပြုပါ.. မင်းရဲ့စီတ်ထားကောင်းကတော့.. မိသားစုနဲ့သူငယ်ချင်းတွေကို ကူညီတက်တာပါပဲ..

မင်းဟာ ငယ်ရွှယ်စဉ်မှာပဲ.. အချစ်ကို တွေ့ရှိတက်ပါတယ်..

မင်းဘ၀မှာ တခါတရံ အဆင်မပြေမှုတွေနဲ့ ပြည့်နက်နေတက်တယ်.. ဥပမာ..

မင်းဟာ ဘွဲ့တခုခုရထားပေမယ့်..အလုပ်လက်မဲ့ဖြစ်နေတာမျိုးပေါ့.. ဒါမှမဟုတ်.. အောက်ခြေအလုပ်ကို လုပ်နေရတာမျိုးပေါ့..

ဒါပေမယ့်..မင်းရဲ့မိသားစုကိုတော့..မင်းဟာ ကောင်းကောင်းစောင့်ရှောက်နိုင်ပါတယ်..

အဓီက သတိထားရမယ်လူတွေကတော့.. မင်းရဲ့ကြင်နာတက်တဲ့ စိတ်ထားကို အခွင့်ကောင်းယူမယ့်သူတွေကိုပါပဲ..

ဒါကြောင့်..မင့်နဲ့ပတ်ဝန်းကျင်ဆက်ဆံရေးကို အထူးသတိပြုပါ..

အမျိုးသမီးဆိုရင်တော့..  မင်းဟာ ပညာရပ်ပိုင်းနဲ့ အနုပညာပိုင်းမှာ

ထွန်းပေါက်နိုင်ပါတယ်..

မင်းဟာ..စိတ်ရှည်တယ်.. ခေါင်းမာတယ်.. ရှေးရိုနည်းနည်းဆန်ပြီ..

အစီအစဉ်တကျလုပ်ကိုင်တက်သူတယောက်ဖြစ်တယ်...

မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 8.သင့်တော်တဲ့သူတွေကတော့...5, 6, 7!!!


နံပါတ် (၅)

မင်းဟာ မင့်ပတ်ဝန်းကျင်မှာ ကျော်ကြားတဲ့သူတစ်ဦးပါ..

မင့်ရဲ့နှုတ်ထွက်စကားလေးနဲ့တင်..မင်းအလိုရှိရာကို ရနိုင်ပါတယ်..မင်းဟာ စီးပွားရေးအမြင်စူးရှသူတစ်ဦးလည်း ဖြစ်တယ်..

ဒါပေမယ့်.. မင်းဟာ စနစ်ရှိတော့မဟုတ်ပါဘူး..ခေါင်းထဲပေါ်လာကို လုပ်တက်သူပါ.

တကယ်လို့ စီးပွားရေးလုပ်ငန်းတခုကို တည်ထောင်မယ်ဆိုရင်လည်း..အောင်မြင်မယ်သူပါ..

ပြီးတော့ ဟာသဥာဏ်ရွှင်တဲ့သူလည်းဖြစ်နေပြန်ရော့..

မိသားစုနဲ့သူငယ်ချင်းတွေအတွက်တော့.. မင်းဟာ တကယ့်ကယ်တင်ရှင်ကြီးတစ်ဦးပါပဲ..

တကယ်လည်း.. မင်းဟာ လက်တွေ့ကျကျ ကူညီတက်သူတစ်ဦးပါ... မင်းဟာ နည်းနည်းတော့ မြှာပွေတက်ပေမယ့်..

ဘ၀ကို တည်ဆောက်မယ်ဆိုတဲ့အခါမှာတော့.. ကိုယ်ကျိုးတွက် ကြည့်ပြီးမှ ရွှေးချယ်တက်သူပါ...

မင်းဟာ လက်ထက်ပြီးတာတောင်မှ ကျော်ကြားနေဦးမယ်သူပါ..အဲဒီအတွက်.. သတိထားရမယ်အချက်ကတော့

မင့်ရဲ့ ခြေရှုပ်ချင်တဲ့ စိတ်ထားလေးပါပဲ.. အသိတရားနဲ့ ထိန်းချုပ်ရင်တော့..အရာအားလုံး အဆင်ပြေနေပါလိမ့်မယ်...

မင်းဟာ လူတိုင်းနဲ့ ပုလဲနံသင့်ပါတယ်..ဘာကြောင့်လည်းဆိုတော့.. နံပါတ် ၅ ဟာ အလယ်ဂဏာန်း ဖြစ်နေလို့ပဲ..

ပြောင်းလဲမှုနဲ့လွတ်လပ်မှုကို မြတ်နိုးသူ.. ဆွဲဆောင်မှုအပြည့်ရှိတဲ့ မျက်နှာပိုင်ရှင်ပေါ့...

အတွေ့အကြုံကနေ မင်းဘ၀ကို  တည်ဆောက်ရတဲ့သူဖြစ်ပြီ..အဲဒီအတွေ့အကြုံတွေကပဲ..

မင်းရဲ့အကောင်းဆုံး ဆရာသမားတွေဖြစ်နေလေရဲ့...

မင်းရဲ့အကောင်းဆုံးအဖော်မွန်ကတော့....  1, 2, 9. သင့်တော်တဲ့သူကတော့. 6, 8!!!


နံပါတ် (၆)

အိုး... မင်း ပျော်ရွှင်ဖို့အတွက်ပဲ မွေးဖွားလာတာပါလား..

မင်းဟာ တခြားလူရဲ့ခံစားချက်ကို ဂရုမစိုက်တက်သူတစ်ဦးပေါ့..ဆိုလိုတာက မင်းဘ၀မှာ မင်းဟာ အမြဲတမ်း ပျော်ရွှင်နေချင်တဲ့သူပါ..

မင်းဟာ ပညာရေး..အလုပ်..စီမံခန့်ခွဲမှုမှာပဲဖြစ်ဖြစ်..  အောင်မြင်မှုသူတစ်ဦးပါ..

မင်းဟာ ကြင်နာတက်ပါတယ်..(ဒါပေမယ့် မင့်စိတ်ထဲမှာ ကောင်းတယ်လို့ထင်တဲ့ လူတွေအပေါ်မှာသာ).....

ရုပ်ရည်အရမ်းချော်မောနေတက်ပြီ.. ဘ၀ဟာလည်း. ကံကောင်းခြင်းတွေ စုနေတက်ပါတယ်..

ကံကြမ္မာကောင်းတွေဟာ မင်းနဲ့အတူလာတယ်လို့ ပြောလို့ရနိုင်ပါတယ်..

မင်းရဲ့စိတ်ထားနဲ့ခန္ဓာဟာ အချစ်ကိစ္စတွေမှာ လှိုင်လှိုင်လှဲလှဲရှိလှပါတယ်..

တခြားနံပါတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ခံရတက်ပါတယ်...ဒါပေမယ့်..

မင်းဟာ အမျိုးသားဆိုရင်တော့.. လက်ထက်တဲ့အချိန်အထိ မိန်းကလေးငယ်များနဲ့ ရင်းရင်းနှီးနှီးနေရတာကို

နှစ်သက်တဲ့သူတဦးပါ..

အမျိုးသမီးသာဆိုရင်တော့.. စေ့စပ်ကြောင်းလမ်းမှု..ဒါမှမဟုတ် လက်ထက်တာကို စောစောစီးစီး ရင်ဆိုင်ရတက်ပါတယ်..

ကြင်နာတက်သူတွေပဲ မင့်ဘ၀ထဲကို ၀င်လာပါလိမ့်မယ်.. ယေဘုယျအားဖြင့်တော့.. မင်းဟာ အိမ်ရဲ့ဆည်းလှည်းလေးပါပဲ... စာနာတက်သူ...နှစ်သိမ့်မှုပေးနိုင်သူ.မျှတသူ..

အိမ်ထောင်မှုနိုင်နင်းသူ..ဆုံးဖြတ်ချက်ကောင်းမွန်သူတစ်ဦးပါပဲ...ကုန်ကုန်ပြောရရင်.. မင့်ရဲ့အကြင်နာတွေနဲ့..ဒီကမ္ဘာလောကကြီးရဲ့ ဒဏ်ရာ ဒဏ်ချက်တွေကိုကုစားပေးနိုင်သူတယောက်ပါပဲ...

မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 6, and 9. သင့်လျော်တဲ့သူတွေကတော့.. 4, 5!!!


နံပါတ် (၇)

မင်းဟာ ဆွဲဆောင်မှုရှိသူ.. ယထာဘူတ ၀ါဒီတယောက်ပါ..

မိမိကိုယ့်ကို ယုံကြည်တက်တယ်..ပျော်ပျော်ရွှင်ရွှင်နေတက်ပြီ..ပညာရေးမှာ ထူးချွန်သူ တစ်ဦးပါ..

ဂီတ.အနုပညာ..သီချင်းဆို..သရုပ်ဆောင်နယ်ပယ်တွေမှာလည်း.. ထူးချွန်နိုင်သူပါ..

မင်းရဲ့ပြဿနာကတော့..မင့်ရဲ့ဒေါသစိတ်ပါပဲ..

 အမျိုးသမီးဆိုရင်တော့. အထက်ကအချက်တွေနဲ့ မင်းဟာ အောင်မြင်နိုင်ပါတယ်..

မင်းဟာ..မင့်မိဘအတွက် ဘာမဆို စွန့်လွှ့တ်နိုင်သူလည်းဖြစ်တယ်..(ဆိုလိုတာက မိသားစုကို အရမ်းတန်းဖိုးထားတက်တာပါ)

 အရွယ်ရလာတာနဲ့အမျှ မင်းရဲ့အဆင့်အတန်းကလည်း တဖြည်းဖြည်း မြင့်တက်နေမှာပါ..

အမျိုးသားတစ်ဦးသားဆိုရင်တော့ အမျိုးသမီးထုကြားမှာ ရေပန်းစားမယ့်သူပါ..ဘက်စုံထူးချွန်သူတစ်ဦးလည်းဖြစ်နေပါတယ်..

နံပါတ် (၇) သမားအများစုဟာ သူတို့ရဲ့အိမ်ထောင်သည်ဘ၀မှာ အဆင်မပြေကြတာများပါတယ်..

အနည်းစုလောက်ပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ကို တည်ဆောက်နိုင်ကြတာပါ.... မင်းရဲ့ဘ၀မှာ အရာအားလုံးရှိနေပေမယ့်..

အလိုမကျမှုတွေ..စိုးရိမ်ကြောင့်ကျမှုတွေ ကလည်း ရှိနေတက်ပြန်ရော့.. ဒါကလည်း..ဘုရားသခင်က မင်းကို အရာအားလုံးမျှတအောင် ပေးထားတဲ့သဘောလို့ထင်ပါတယ်..  မင်းလို ထူးချွန်တဲ့သူ ၁၀၀လောက်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်

မင်းတယောက်လောက်ပဲ အိမ်ထောင်ရေးမသာယာတာမျိုးတွေ့ရတက်ပါတယ်.. ဒါကြောင့်.. ကြင်ဖော်ကို စောင့်စားနေတာထက်..

ကိုယ်နဲ့ လိုက်လျော်ညီထွေမယ့်သူကို စောစောစီးစီး ရှာထားသင့်ပါတယ်...အဲလိုမှ မလုပ်ချင်ဘူးဆိုရင်တော့..မင်းဟာ ဘ၀ကို အထီးကျန်စွာ ဖြတ်သန်းသွားရမှာ အသေအချာပါပဲ..ဒါကြောင့်..ဒီကိစ္စနဲ့ပတ်သက်ပြီး သေချာဂရုစိုက်အလေးထားသင့်ပါတယ်..

မင်းဟာ အံဖွယ်ကောင်းသော.ဖော်ရွှေသော.ယဉ်ကျေးသိမ့်မွေ့သော ပျော်ပျော်နေတက်တဲ့ လူတယောက်ပါ..မင်းဟာ

ဒီကမ္ဘာလောကကြီးကို ဖြည့်ဆည်းပေးဖို့ မွေးဖွားလာသူတစ်ဦးပါ..

မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 2. သင့်တော်တဲ့အဖော်မွန်ကတော့.. 1,4 !!!


နံပါတ် (၈)

မင်းရဲ့ ဘ၀ဟာ ကြမ်းတမ်းလွန်းပါတယ်. ဘာကြောင့်ဆိုတာ. ဘယ်သူမှ မင်းကို နားလည်နိုင်မှာ မဟုတ်ပါဘူး..

သူတပါးကို အပြစ်ပြောရာမှာ မင်းဟာ တဖက်ကမ်းခတ် ကျွမ်းကျင်လှပါတယ်.. မင်းရဲ့ ငယ်စဉ်ဘ၀ဟာ ဆင်းရဲ့နုံချာနိုင်ပါတယ်..

အခြေအနေက မပေးဘူးဆိုရင်တော့.. မင့်ရဲ့မိဘတွေကိုတောင်  စောစီးစွာ လက်လွှတ်ရနိုင်ပါတယ်.. ဒီလိုမျိုးအဖြစ်အပျက်တွေက

မင့်ဘ၀ထဲမှာ မကြာခဏဖြစ်နေမယ်အရာတွေပါ..

ဒီပြဿနာတွေကပဲ မင်းရဲ့ပညာရေးကို တားဆီးနေပါလိမ့်မယ်.. ဒါပေမယ့် မင်းဟာ ဘ၀ကို တခြားနည်းနဲ့ လေ့လာသင်ယူနိုင်ပါလိမ့်မယ်.

မင်းဟာ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရဲတဲ့သူတစ်ဦးပါ..ဒါပေမယ့် အဲဒီတိုက်ပွဲမှာပဲ ကျဆုံးနိုင်သူလည်း ဖြစ်နေပြန်ေ၇ာ့.

ပုံမှန်အားဖြင့်..မိတ်ဆွေတွေနဲ့ဆက်ဆံရာမှာ မင်းဟာ တည်ကြည်လေးနက်စွာ နေတက်ပြီ.. ဘ၀ကိုလည်း..အထီးကျန်စွာ

ဖြတ်သန်းနေရမယ့်သူပါ.. ပြီးတော့ တပါးသူကို ကူညီဖို့အသင့်ရှိနေသူ တစ်ဦးပါ..

မင်း အိမ်ထောင်ကျတဲ့အခါမှာတော့ (အဲဒါကလည်း.. အများအားဖြင့် အလယ်အလတ်အရွယ်မှာပဲ ဖြစ်ပွားတက်ပါတယ်)

မင့်ရဲ့ကံကြမ္မာဆိုးအနည်းငယ်ဟာ လွင့်ပျောက်သွားသလို ခံစားရပါလိမ့်မယ်..ပြီးတော့ မင်းဟာ လုံခြုံချမ်းမြေ့မှုကို ရရှိပါလိမ့်မယ်..

မင်းဟာ မမျှော်လင့်တဲ့အန္တရာယ်တွေကိုလည်း..ယှဉ်ဆိုင်တွေ့ရနိုင်ပါတယ်.. ဥပမာ..( အမှုအခင်းများ..အဆိပ်ရှိသတ္တ၀ါများ..မတော်တဆထိခိုက်မှုများနဲံ ကြုံတွေနိုင်ပါတယ်)

သိုပေသိ.. မင်းဟာ စည်းကမ်းလိုက်နာတဲ့သူ..လုံ့လ၀ီရိယရှိသူ.ရဲရင့်သူ.. ခွန်းအားဗလနဲ့ပြည့်စုံသူ. တစ်ယောက်ပါ..

အဲဒါတွေကပဲ မင်းကို အောင်မြင်မှုဆီကို ခေါ်ဆောင်သွားမှာပါ..

မင်းဟာ မိသားစုရဲ့ အဓီက အစိတ်အပိုင်းတခုပါ.. အားကိုယ်ရဆုံးသူတစ်ဦးလည်းဖြစ်ပြီး.. ဖိုက်တာတစ်ဦးလည်းဖြစ်နေပြန်ရော့...

မင်းရဲ့ အကောင်းဆုံးအဖော်မွန်ကတော့..  1, 4, and 8. သင့်တော်တဲ့အဖော်မွန်ကတော့   5!!!


နံပါတ် (၉)

မင်းကတော့ ဒီကမ္ဘာလောကကြီးမှာ သဟဖာတမဖြစ်ဆုံး လူသားတစ်ဦးပေါ့..

မင်းဟာ ရုပ်ပိုင်း..စိတ်ပိုင်း အရမ်းကို ကြံ့ခိုင်လွန်းသူတစ်ဦးပါ.. ရည်မှန်းချက်ကြီးမားသူတဦးလည်းဖြစ်ပြန်ရော့..

မင်းဟာ အလုပ်ကို အရမ်းကြိုးစားလုပ်ကိုင်ရမှာဖြစ်ပြီ.. အောင်မြင်မှုကိုလည်း ခက်ခဲစွာ ရယူရမယ့်သူတစ်ဦးပါ..

သာမန်အားဖြင့်တော့ ငယ်ရွယ်စဉ်မှာ မင်းဟာ မိသားစုပြဿနာတွေနဲ့ လုံးပန်းနေရတက်ပါတယ်..ပြီးတော့ ဘ၀ဟာလည်း.

ရုန်းရင်းဆန်ခတ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်.. ဒါပေမယ့် မင်းအလိုရှိတာကို ရရှိတဲ့အချိန်ကစပြီးတော့ မင်းရဲ့ဘ၀ လုံးဝပြောင်းလဲသွားပါလိမ့်မယ်.. မင်းဟာ   ပတ်ဝန်းကျင်မှာ အလေးစားခံရဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်နေပါလိမ့်မယ်..

စိန်ခေါ်မှုတွေကို နှစ်သက်ပြီ.. ပြိုင်ဘက်တွေကို အလှဲထိုးနိုင်တဲ့သူ တစ်ဦးပေါ့.. ငယ်ရွယ်စဉ်မှာတော့ မင်းဟာ အရမ်းကို ပေတေမဲ့ ကလေးတယောက်ပါ.. မိဘက မကြာခဏရိုက်နက်ဆုံးမရသူ.. ရန်ခဏခဏ ဖြစ်တက်သူတစ်ဦးပေါ့..

မင့်ဘ၀ဟာ ဒဏ်ရာအနာတ၇တွေနဲ့ ပြည့်နက်နေသလိုပါပဲ.. ဒါပေမယ့်..အရွယ်ရောက်လာတဲ့အခါမှာတော့..

မင်းဟာ အေးဆေးတည်ငြိမ်လာပြီ.. ယောကျာ်းပီသစွာ နေထိုင်ပြန်ရော့..

ချစ်ခြင်းမေတ္တာကတော့ မင်းအတွက် လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး.. မင်းဟာ ဆောက်လုပ်ရေးအလုပ်..ဘဏ်အလုပ်တွေနဲ့ သင့်လျှော်ပါတယ်.. ဘာကြောင့်လဲဆိုတော့ လူတွေကို မင့်ကို ယုံကြည့်ကြလို့ပါပဲ..

မင့်ရဲ့မိသားစုဘ၀ကတော့ အရမ်းကို ကောင်းမွန်လှပါတယ်. ဒါပေမယ့် မင့်ကလေးတွေအတွက်တော့ စိုးရိမ်ရပါလိမ့်မယ်..

မင်းဟာ လူလူချင်းစာနာတက်သူ..စိတ်ရှည်သူ..ပညာဥာဏ်ကြီးမားသူ..နားလည်းခွင့်လွတ်ပေးနိုင်သူတစ်ဦးပါ...

မင်းဟာ ရည်မှန်းချက်တွေကို ရယူဖို့.. အဂတိတရားမထားပဲ လူတွေအပေါ် အလုပ်အကျွေးပြုဖို့ မွေးဖွားလာသူတစ်ဦးပါ...

မင်းဟာ အံ့ဖွယ်စိတ်ကူးစိတ်သန်းတွေမှာ လူတိုင်းအတွက် စံပြတယောက်ပါ..

မင့်ရဲ့အကောင်းဆုံး အဖော်မွန်ကတော့.. 3, 5, 6, and 9.  သင့်တော်တဲ့ အဖော်မွန်ကတော့  2!!!

>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တွေးပြီးမှ ပါးပါးလေးပြုံးပါ >......>>>>

ပြန်ပေးပါ


ရဲသားက ဖမ်းထားသူကို ပြောသည် ။

“ လုယက်ဖို့ ကြိုးစားမှုနဲ့ မင်းကို တရားစွဲလိမ့်မယ် ၊ ခုခံဖို့ ပြင်ပေးတော့ ”

“ ကျွန်တော့ ခြောက်လုံးပြူးကို ခင်ဗျားသိမ်းထားတဲ့နောက် ကျွန်တော် ဘယ်လိုခုခံနိုင်မှာလဲဗျ ”


အိပ်ဆေး


“ ကိုင်း... ခင်ဗျားကို အိပ်ဆေးပြားတွေ ပေးလိုက်တယ် ၊

ခြောက်ပတ်စာအတွက် လုံလောက်ပါတယ် ”

“ ဒေါက်တာ ... ကျွန်မ ဒီလောက်အကြာကြီး မအိပ်ချင်ဘူး ရှင့် ”


ကိုယ်လုံးပေါ်မှန်


“ ဘယ်သွားမလို့လဲဗျ ”

“ ဆိုင်မှာ မှန်သွားဝယ်မလို့ ”

“ ဘာလဲ ၊ မှန်အဟောင်း ကွဲသွားလို့လား ”

“ ဟင့်အင်း ၊ ဒါပေမယ့် အိမ်ကမှန်ဟာ ကျုပ်ကိုယ်ကျုပ် ခါးအထိပဲမြင်ရတယ် ၊

အခုရက်ပိုင်း ဖိနပ်မပါဘဲ ရုံးသွားမိတာ သုံးခါတောင်ရှိပြီ ”


လမ်းမှန်



တော်တော်လေး အရက်မူးနေတဲ့ လူတစ်ယောက် လိုင်းကားပေါ်တက်လာသည် ။

ဒယိမ်းဒယိုင်နဲ့ ။ အရက်နံ့တွေ တထောင်းထောင်းဝေလို့ပေါ့ ။

ခုံမှာထိုင်နေတဲ့ ဘုန်းကြီးတစ်ပါးက မနေနိုင်မထိုင်နိုင် လှမ်းဆုံးမတယ် ။

““ဒကာကြီး.... ဒကာခုသွားနေတဲ့လမ်းဟာ ငရဲကိုရောက်မှာပဲ””

““ဟင်... ဘယ်လို..ဘယ်လို... ဟာကွာ... ငါ ကားမှားစီးမိပြန်ပြီ...တောက်””

ရှည်လျားတဲ့ လှေကား



အမူးသမားနှစ်ယောက် ရထားသံလမ်းပေါ် တယိမ်းတယိုင် လှမ်းလျှောက်နေကြသည် ။

ပထမ အမူးသမားက …

“ တောက် />@#@+*/ ဒီလှေကား က တက်လို့ မကုန်နိုင်ဘူး “

ဒုတိယ တစ်ယောက်က

“ အေးလေ လက်ရန်းကလည်း နိမ့်လိုက်တာ လွန်ပါရောကွာ ”


ရှည်လျားတဲ့ လှေကား



အမူးသမားနှစ်ယောက် ရထားသံလမ်းပေါ် တယိမ်းတယိုင် လှမ်းလျှောက်နေကြသည် ။

ပထမ အမူးသမားက …

“ တောက် />@#@+*/ ဒီလှေကား က တက်လို့ မကုန်နိုင်ဘူး “

ဒုတိယ တစ်ယောက်က

“ အေးလေ လက်ရန်းကလည်း နိမ့်လိုက်တာ လွန်ပါရောကွာ ”

မမြင်ဘူးလား


အရက်ဘားမှ လူတစ်ယောက် ရေချိန်လွန်ပြီး ထွက်လာသည် ။

မိမိ၏ ကားရှိရာသို့ ယိုင်တိယိုင်တိုင်ဖြင့် လျှောက်သွားသည် ၊

ရဲသားက ၄င်း အနားရောက်လာပြီး ပြောသည် ။

“ ဒီလို ပုံစံမျိုးနဲ့ ကားမောင်းလို့ ဖြစ်ပါမလားဗျ ”

“ ခင်ဗျား မြင်တဲ့အတိုင်းပဲ ၊ ကျွန်တော်မှ လမ်းမလျှောက်နိုင်တဲ့ဥစ္စာ ”

တစ်ယောက်စာလျှော့


ကပ်စေးနဲတစ်ယောက် အိမ်ခေါင်မိုးတက်ပြင်ရာက ရုတ်တရက်ခြေချော်ပြီး ခေါင်မိုးပေါ်ကပြုတ်ကျတယ် ။

မီးဖိုချောင် ပြတင်းကိုဖြတ်ကျစဉ်မှာ -

“ မိန်းမရေ... တစ်ယောက်စာလျှော့ချက်ဟေ့ ” လို့ လှမ်းအော်သွားလေရဲ့ ။


ရှေးခေတ်က ကားနံပတ်



ပြတိုက်ထဲကို မူးနေတဲ့လူနှစ်ယောက်ဝင်လာတယ် ။

ဆေးစီရင်ထားတဲ့ မံမီအလောင်းကောင်တစ်ခုအောက်မှာ

BC-6512 လို့ရေးထားတာကိုတွေ့တာကြောင့် တစ်ယောက်က နောက်တစ်ယောက်ကို မေးတယ် ။

““ဒီဂဏန်းက ဘာကိုဆိုလိုတာလဲဗျ””

““သူ့ကိုတိုက်သတ်သွားတဲ့ ကားနံပတ်ဖြစ်မယ်ထင်တယ်””


လာစမ်းလို့ ဘယ်ရမလဲ


မိတ်ဆွေဖြစ်သူ ကိုနီ နှင့်အတူ မြို့တက်၍ နွားသွားရောင်းချရာမှ ပြန်ရောက်လာသော

အောင်မင်းက အိမ်ရောက်ရောက်ချင်း မိန်းမကို ပြောပြသည် ။

“ ကိုနီခဗျာ သနားစရာကွာ ။ သူ့ နွားကို ရောင်းလဲပြီးရော သူရတဲ့ ပိုက်ဆံအားလုံး

ခါးပိုက်နှိုက်တွေ အလစ်သုတ်လို့ ကုန်ပါလေရော ”

“ အို ..... စိတ်မကောင်းစရာပဲ ။ ရှင်ကတော့ သတိလက်မလွတ်ဘူး မဟုတ်လား ”

“ ငါ့ကို ဒီကောင်တွေ ဘာလုပ်လို့ ရမလဲ ၊ ဒီကောင်တွေကို ငါ တော်တော်လေး ညှင်းဆဲခဲ့သေးတယ် ၊

ဟိုကွေ့သည်ရှောင်နဲ့ ခြေရာဖျောက်ပစ်တော့ ဒီကောင်တွေ အတော်အကြပ်ရိုက်ကုန်ကြတယ် ၊

ညနေပိုင်း ရောက်တော့မှ ဒီကောင်တွေ ငါ့ပိုက်ဆံအိတ်ကို ရအောင် ယူလိုက်နိုင်တယ်လေ ”
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မှားတပ်မိတဲ့ ကြယ်သီးများ

  ခွေးဟောင်ခံရသူတိုင်းဟာ သူခိုး မဟုတ်သလို ဆံပင်ရှည်ထားသူတိုင်းလဲ အနုပညာသမား မဟုတ်နိုင်ဘူး။ ဒါပေမဲ့ တစ်ချို့လူတွေမှာ “နှိမ်ကြည့်တတ်တဲ့” မျက်လုံးတွေရှိတယ်။ ကိုယ်မြင်သမျှ “လူ”ကို အဲဒီမျက်လုံးတွေက “အထင်အမြင်” မှားစေတတ်တယ်။

   ရုံးပိတ်ရက်တွေမှာ နာမကျန်းတဲ့ မိခင်ကို ကြည့်ဖို့ပြန်တဲ့ မိန်းမကို သူက သောကြာနေ့ ညတိုင်း ဘူတာရုံ လိုက်ပို့တတ်တယ်။ သူ့ မိန်းမစီးတဲ့ ရထားထွက်ပြီး ၁၀မိနစ်အကြာမှာ မိန်းမ မရှိတုန်း အိမ်မှာ လာကူပေးမဲ့ သူ့ညီမစီးတဲ့ ရထားဆိုက်တယ်။ တနင်္ဂနွေနေ့မှာတော့ မိန်းမနဲ့ ညီမရဲ့ ခရီးစဉ်က ပြောင်းပြန်ပါ။ ညီမစီးတဲ့ ရထားထွက်ပြီး ၁၀မိနစ်မှ မိန်းမစီးတဲ့ ရထားဆိုက်တယ်။

တစ်ညမှာ ညီမရဲ့ ရထားထွက်သွားပြီး မိန်းမ ပြန်အလာကို သူဆက်စောင့်နေခဲ့တယ်။ ဘူတာဝန်ထမ်းတစ်ဦးက သူ့ဆီလျှောက်လာပြီး “ဆရာ.. ခင်ဗျာ သိပ်ပိုင်တာပဲ။ တစ်နေ့နေ့ မိသွားမှာ မစိုးရိမ်ဘူးလား” လို့ ရယ်ကျဲကျဲနဲ့ မေးတော့တယ်။

    တစ်ချို့ လူတွေက တစ်ခြားသူတွေနဲ့ ဆက်ဆံရမှာ “ကြိုတင် ရှုတ်ချမဲ့” မျက်မှန်ကို တပ်ထားတတ်တယ်။ လူတွေကို လေးထောင့် “ဘောင်”ထဲ ထည့်ပြီး သူရဲ့အကျင့်စရိုက်၊ သူ့ရဲ့ သဘောထားကို ဘောင်ခတ်ပြီး “သူက လူဆိုး”“သူက လူကောင်း” “နောက်မီးလင်းနေတာ” “သူ့ကိုယ်သူ ဟုတ်လှပြီ ထင်နေတာ” လို့ ထင်မြင်ချက်တွေ ပေးတော့တယ်။ နောက်တော့ အထင်နဲ့အမြင်က တက်တက်စင်အောင် လွဲနေတာတွေ ဖြစ်တတ်တယ်။

    နောက်အဖြစ်အပျက် တစ်ခုက ဆိုင်တစ်ဆိုင်ရဲ့ စားပွဲတစ်လုံးမှာ အမျိုးသမီးနှစ်ဦး ထိုင်ပြီး အစားစားနေကြတယ်။ တစ်ယောက်က သူ့ထီးကို စားပွဲဘေးမှာ ထောင်ထားတယ်။ ကျန်တဲ့တစ်ယောက် အရင်စားပြီးတော့ အယောင်ယောင် အမှားမှားနဲ့ ထီးကို ယူပြီး ထထွက်ဖို့ လုပ်တယ်။ ဒါကို ထီးပိုင်ရှင် အမျိုးသမီးက မြင်တော့ “ဒါ ကျွန်မရဲ့ ထီး” ဆိုပြီး လှမ်းအော်တယ်။ အယူမှားသွားတဲ့ အမျိုးသမီးက အားတုန့်အားနာနဲ့ ကိုယ့်ထီးလို့ထင်ပြီး ယူမိကြောင်း တောင်းပန်ပါတယ်။

ထီးမှားယူမိတဲ့ အမျိုးသမီးက ဆိုင်အပြင် ရောက်တော့ ထီးဝယ်ဖို့ သတိရလိုက်တယ်။ အပြန်လမ်းမှာ သူနဲ့သားအတွက် ထီးနှစ်ချောင်း ၀ယ်လိုက်တယ်။ ဖြစ်ချင်တော့ ဆိုင်မှာတွေ့ခဲ့တဲ့ ထီးပိုင်ရှင်ကို ဘတ်စ်ကားပေါ်မှာ ပြန်တွေ့လိုက်တယ်။ ထီးပိုင်ရှင်က သူ့လက်ထဲက ထီးနှစ်ချောင်းကို ကြည့်ပြီး အထင်အမြင်သေးတဲ့ ပုံစံနဲ့ “ မဆိုးဘူးဘဲ.. ဒီနေ့ တွက်ခြေကိုက်တာပဲ” လို့ ပြောလိုက်တယ်။

    တစ်ချို့လူတွေက တစ်ခြားသူကို ဝေဖန်တဲ့အခါမှာ့  အြဲဒီလူကို “အကောင်း” သို့မဟုတ် “အဆိုး” လိုမင်ပြီး ကိုယ်ထင်မြင်ချက်တွေကို ပေးတတ်ကြတယ်။ ကိုယ့်အတွက် “အကောင်း” လို့ ထင်တဲ့လူကို သူ့ရဲ့စကား၊ သူ့ရဲ့ ကောင်းကွက်ကို ကြည့်ပြီး ဝေဖန်တယ်။ ကိုယ့်အတွက် “အဆိုး” လို့မြင်သူကိုတော့ ကိုယ်မြင်သမျှ မကောင်းကွက်တွေကို သူ့အပေါ် ပုံအောပစ်လိုက်တတ်ကြတယ်။ ဒါကို “Halo Effect” (ရောင်ခြည်အ၀န်း အကျိုးသက်ရောက်မှု) လို့ခေါ်တယ်။ ဥပမာ - လူတွေက လကို ကြည့်လိုက်တာနဲ့ လရဲ့ဘေးမှာ ဖြာထွက်နေတဲ့ ရောင်ခြည်ကိုလဲ သတိထားမိတတ်ကြသလိုပေါ့။

    တစ်ချို့ လူတွေက ကိုယ့်ရဲ့ ပထမဆုံးမြင်တဲ့ ထင်မြင်ချက်နဲ့ တစ်ခြားလူတစ်ယောက်ရဲ့ အပြုအမှု၊ အပြောအဆိုကို ဝေဖန်တတ်ကြတယ်။ စကားပုံတစ်ခုမှာ “နှိမ်ကြည့်တတ်တဲ့ အကြည့်ဟာ အသိဥာဏ်မရှိတဲ့ ကလေးနဲ့ တူတယ်” လို့ ဆိုထားပါတယ်။ လူအများစုက ကိုယ့်ကို နားမလည်သလို ကိုယ်ကလဲ လူတိုင်းကို နားလည်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် နှိမ့်ကျတဲ့အကြည့်၊ အထင်အမြင်မှားတဲ့ အတွေးမျိုးနဲ့ တစ်ဖက်သားကို မဝေဖန်သင့်ဘူး။ ဝေဖန်ခံခဲ့ရရင်လဲ စိတ်ထဲမှာ တေးမှတ်မထားသင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပထမဆုံး ကြယ်သီးတစ်လုံးကို လူတိုင်း မှားတပ်မိခဲ့ဖူးကြမယ် မဟုတ်ပါလား....
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လူပေါင်းသန်းနှင့်ချီလျက် သေဆုံးစေနိုင်သည့် ဥက္ကာခဲကြီး

ကမ္ဘာပေါ်မှ လူပေါင်းသန်းနှင့်ချီလျက် သေဆုံးစေနိုင်သည့် ဥက္ကာခဲကြီး တစ်ခဲ၂၀၃၆ခုနှစ် ဧပြီလ၁၃ရက်နေ့တွင် ကမ္ဘာမြေပေါ်သို့ ကျရောက်မည်ဟုဆို

တစ်နာရီလျှင် ၂၃ç၀၀၀ မိုင်နှုန်းဖြင့် ဥက္ကာခဲကြီးတစ်ခဲသည် ကမ္ဘာမြေပေါ်သို့ ၂၀၃၆ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ကျရောက်နိုင်ပြီး လူပေါင်းသန်းနှင့်ချီလျက် သေကြေစေကာ ကမ္ဘာပေါ်၌ အကြီးမားဆုံး  ဘေးဒုက္ခ ကပ်ကြီး  ဖြစ်ပေါ်စေနိုင်ကြောင်း၊  ဖေဖော်ဝါရီလ ၁၁ ရက်နေ့ သတင်းများက ဖော်ပြသည်။ ယခုအခါ၌ ကြယ်တံခွန်တစ်ခု အဖြစ်ရှိနေသော အဆိုပါဥက္ကာခဲကြီးသည် ၂၀၂၉ ခုနှစ် ဧပြီလတွင် မူလ လမ်းကြောင်းမှ သွေဖယ်သွားကာ နောက်ခုနစ်အကြာ၌ ကမ္ဘာပေါ်သို့ ၀င်ရောက်တိုက်မိလိမ့်မည် ဟု ဆိုသည်။
Apophis အမည်ရှိ အဆိုပါ ဥက္ကာခဲသည် ၂၀၂၉ တွင် ကမ္ဘာမြေ နှင့် အလွန်နီးကပ်ရာသို့ ရောက်ရှိလာမည်ဖြစ်သော်လည်း ၂၀၃၆ ခုနှစ်ကျမှသာ ကမ္ဘာသို့ ၀င်တိုက်လိမ့်မည်ဟု ဆိုသည်။ မူလလမ်းကြောင်းမှ သွေဖယ်သွားသည့် အဆိုပါ ဥက္ကာခဲသည် အလွန်ပြင်းထန်သော ကမ္ဘာမြေ၏ ဆွဲအားကြောင့် ကမ္ဘာသို့ တည့်တည့်ဝင်တိုက် လိမ့်မည်ဟု ဆိုသည်။ ယင်းကဲ့သို့ ဥက္ကာခဲကြီး ကမ္ဘာသို့ ၀င်တိုက်နိုင်ခြေရှိကြောင်း ကို နာဆာအဖွဲ့၏ စီမံချက် အကြီးအကဲတစ်ဦးဖြစ်သော ဒေါ်နယ်ယိုမန်က လက်ခံခဲ့သော်လည်း ရုရှားပညာရှင်များ တွက်ချက်ထားသည့်အတိုင်း ၂၀၃၆ ခုနှစ် ဧပြီလ ၁၃ရက်နေ့တွင် ကမ္ဘာသို့ ၀င်တိုက်မည်ဆိုခြင်းကိုမူ သူက မဖြစ်နိုင်ဟု ဆိုသည်။
သို့သော် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်တက္ကသိုလ်မှ ပါမောက္ခ လီယိုနစ်ဆိုကိုလော့ဗ် ကမူ အဆိုပါဥက္ကာခဲသည် ၂၀၂၉ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ စတင်ကာ တစ်နာရီလျှင် ၃၇ç၀၀၀ သို့မဟုတ် ၃၈ç၀၀၀ ကီလိုမီတာနှုန်းဖြင့် ကမ္ဘာဆီသို့ ချည်းကပ် လာလိမ့်မည်ဟု ဆိုသည်။ ထို့ကြောင့် ဥက္ကာခဲသည် ၂၀၃၆ ခုနှစ် ဧပြီလ၁၃ ရက်နေ့တွင် ကမ္ဘာသို့ ၀င်တိုက်လိမ့်မည်ဟု ဆိုသည်။ ရုရှားသိပ္ပံပညာရှင်များသည် လွန်ခဲ့သည့် ၁၄ လအကြာက အစည်းအဝေးပွဲတစ်ရပ် ကျင်းပကာ အဆိုပါဥက္ကာခဲအား လမ်းကြောင်းလွှဲနိုင်မည့် နည်းလမ်းကို စတင် ရှာဖွေနေပြီဟု ဆိုသည်။ သို့သော် အမေရိကန် ပညာရှင်များကမူ ယင်းကဲ့သို့ ၀င်တိုက်နိုင်ခြေသည်၂၅၀ç၀၀၀ ပုံ တစ်ပုံသာရှိသည်ဟု ဆိုသည်။ ယင်းကဲ့သို့ ၀င်တိုက်မည်ဆိုလျှင်လည်း နာဆာအဖွဲ့သည် အဆိုပါ ဥက္ကာခဲကို လမ်းကြောင်းလွှဲရန် လုပ်ဆောင်နိုင်လိမ့်မည်ဟု ဆိုသည်။ အလွယ်ဆုံးနည်းလမ်း မှာ လူလိုက်ပါမှုမရှိသော အာကာသ ယာဉ်လွှတ်ကာ ဥက္ကာခဲကိုဝင် တိုက်စေလျက် လမ်းကြောင်းလွှဲအောင်လုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အရှင်ဆန္ဒာဓိကရဲ့ဆုံးမစာလေးပါ။

ဘယ်သူကဲ့ရဲ့ကဲ့ရဲ့ ဘုရားမကဲ့ရဲ့အောင်နေ၊
စိတ်မှာအသိဥာဏ်နည်းရင် ရိုင်းတယ်၊
စိတ်မှာအသိဥာဏ်များရင် ယဉ်ကျေးတယ်။
ဆဲဆိုတာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
ကဲ့ရဲ့တာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
ချစ်စရာကောင်းတာသူ့အလုပ်၊ မချစ်မိအောင်သည်းခံတာကိုယ့်တာဝန်။
မုန်းစရာကောင်းတာသူ့အလုပ်၊ မမုန်းမိအောင်သည်းခံတာကိုယ့်တာဝန်။
စိတ်မပူလောင်ချင်ရင် ဘယ်သူ့ကိုမှမချစ်ပါနဲ့၊
စိတ်မဆင်းရဲချင်ရင် ဘယ်သူ့ကိုမှမမုန်းပါနဲ့။
ကိုယ့်ကိုကိုယ်စိတ်ကောင်းရှိတယ်၊ သဘောထားကြီးတယ်လို့ ယူဆထားရင်၊
ကြီးတဲ့အပြစ်သေးအောင်၊ သေးတဲ့အပြစ် ပပျောက်အောင် ပြုလုပ်နိုင်စွမ်းရှိရမယ်။
သူတစ်ပါးရဲ့အမှားချို့ယွင်းချက်ကို အပြစ်မြင်၊ အပြစ်တင်မယ်ကြံတိုင်း၊
ငါ့မှာရော အမှားလုံးဝမရှိဘူးလား လို့ ဆင်ခြင်နှလုံးသွင်းနိုင်မယ်ဆိုရင်တော့၊
သူတစ်ပါးရဲ့လုပ်ရပ်တွေအပေါ် သည်းခံခွင့်လွှတ်နိုင်စွမ်း တိုးပွားလာမှာအမှန်ပဲ။
ဘယ်အာရုံနဲ့တွေ့တွေ့တုန်လှုပ်မှုမရှိပဲ စိတ်ချမ်းသာအောင် နေတတ်ခြင်းဟာ စိတ်ကျန်းမာရေးပါပဲ။
စိတ်ကျန်းမာရေး ချို့ယွင်းသူတွေရဲ့ အဓိကအားနည်းချက်ကတော့၊ အရာရာကို နားလည်မှု ခွင့်လွှတ်မှုခေါင်းပါးခြင်းပဲ။
ကောင်းတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊ ဆိုးတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊ ကောင်းတဲ့အချက်ကို မရရအောင်ရှာကြံတွေးပြီး စိတ်ချမ်းသာအောင်ထားတတ်တာကိုစိတ်ထားတတ်တယ်လို့ခေါ်တယ်။ စိတ်မထားတတ်ရင် စိတ်ချမ်းသာစရာနဲ့ တွေ့နေတာတောင်မှ စိတ်ဆင်းရဲနေတတ်ပါတယ်။
သူတစ်ပါးကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့် အချိန်မဟုတ်တော့ပါဘူး။ ကိုယ်ကောင်းအောင်ပဲ နေရမယ့်အချိန်ဖြစ်နေပါပြီ။
ဘာဖြစ်လို့လဲဆိုတော့ သေဖို့ရာ တဖြည်းဖြည်းနီးလာပြီလေ။
ကောင်းမှုကုသိုလ်အလုပ်ဆိုတာ လုပ်ချင်စိတ်ထက်ထက်သန်သန်ရှိတုန်း မြန်မြန်သွက်သွက် ထလုပ်လိုက်မှ ထမြောက်အောင်မြင်တတ်ပါတယ်။ အကြောင်းတစ်ခုခုပြပြီး အချိန်ဆွဲမယ်ဆိုရင် မလုပ်ဖြစ်တော့ပဲ လွဲချော်သွားတတ်ပါတယ်။
စိတ်ညစ်တယ် စိတ်ဓာတ်ကျတယ်ဆိုတာ တစ်ကယ်တော့ လောကသဘာဝကို မသိလို့သာဖြစ်တယ်။ လောကမှာ ဘယ်အရာမှ ကြာရှည်တည်တံ့တယ်ဆိုတာ မရှိပါဘူး။ ရှုံးလို့စိတ်ဓာတ်ကျနေတာ၊ နိုင်လို့သွေးနားထင်ရောက်နေတာ၊ အားလုံးဟာလောကဓမ္မတာကိုသဘောမပေါက်လို့ဖြစ်ပါတယ်။ တကယ်တော့ ဘယ်အရာမဆို ရေပွက်ပမာပါပဲ။ နိုင်ခြင်းနဲ့ရှုံးခြင်း၊ ပျော်ရွှင်ခြင်းနဲ့စိတ်ညစ်ခြင်း၊ ထောင်လွှားခြင်းနဲ့နိမ့်ကျခြင်း၊ ရှင်ခြင်းနဲ့သေခြင်းဆိုတာတွေရဲ့ကြားမှာ ခြားထားတဲ့စည်းကြောင်းက ပါးပါးသေးသေးမျှင်မျှင်လေးဖြစ်တယ်။ တစ်ဖက်ကတစ်ဖက်ကိုရုတ်တရပ်ချက်ချင်းကြီး ကူးပြောင်းရောက်ရှိသွားနိုင်ပါတယ်။ နိုင်ချိန်မှာ မီးကုန်ယမ်းကုန်ပျော်မြူးပြီး မာနထောင်လွှားတာဟာ အသိဥာဏ်နည်းသူများရဲ့ လက္ခဏာဖြစ်တယ်။ အဲဒီအနိုင်က ဘယ်လောက်ကြာကြာခံမှာမို့လို့လဲ။ တစ်သက်လုံးနိုင်တဲ့နေရာကချည်းနေရမယ်များ ထင်နေလား။ ရှုံးနိမ့်သူက ရှုံးလို့ဆိုပြီး စိတ်ဓာတ်တွေကျဆင်းကာ ဘ၀ပျက်သလို ခံစားနေရတာဟာ လူညံ့ ဖြစ်ကြောင်းပြတဲ့ လက္ခဏာဖြစ်တယ်။ ရှုံးပေမယ့် မညံ့ရင် အနိုင်ဘက်ကို ကူးပြောင်းရောက်ရှိသွားနိုင်တယ်။ အခွင့်ထူးဆိုတာ မြင်တတ် ကြည့်တတ်တဲ့သူတွေအတွက်တော့ အခါမလပ်ရှိနေပါတယ်။ ယူတတ်ဖို့ ယူရဲဖို့လိုတယ်။ လူညံ့ဖြစ်နေရင်တော့ တစ်သက်လုံးအရှုံးချောက်ကမ်းပါးက တက်ဖွယ်မရှိဘူး။
စိတ်ညစ်စရာနဲ့ ကြုံတွေ့ရင် တစ်ကိုယ်ရေတိတ်တိတ်လေး ကျိတ်ကျိတ်မဆွေးပါနဲ့။ ဖြစ်လာတာဟာ ကောင်းဖို့ဖြစ်လာတာပဲလို့ နှလုံးသွင်းပါ။
လူတွေမှာ တစ်ခါတစ်လေ တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်တဲ့စိတ်ဖြစ်တတ်တယ်။ သားသမီးအပေါ်၊ ခင်ပွန်း ဇနီးအပေါ်ကိုသာမက အလုပ်ခွင်မှာလည်း တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်တဲ့စိတ်ရှိနေရင်တော့ စိတ်မချမ်းသာမှုမရှိနိုင်ပါဘူး။ နိုင်တဲ့သူလည်းစိတ်မအေးချမ်းဘူး။ရှုံးတဲ့သူလည်း စိတ်မအေးချမ်းဘူး။ အနိုင်အရှုံးမရှိဘဲ တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစားဆက်ဆံပြောရတာပိုပြီး စိတ်ချမ်းသာတယ်။
အရှင်ဆန္ဒာဓိက
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သူငယ်ချင်းဆိုတာ........(သူငယ်ချင်းရှိသူတိုင်းဖတ်စေချင်ပါတယ်)

သူငယ်ချင်း မိတ်ဆွေတွေနဲ့ပတ်သက်တဲ့ စကားတစ်ခွန်းက ဒီလိုဆိုထားပါတယ်။ "သူငယ်ချင်းမိတ်ဆွေများရင် လျှောက်တဲ့လမ်းက ဖြောင့်သွားတယ်"တဲ့။

သူငယ်ချင်း မိတ်ဆွေတွေ အသစ်တိုးတာ မင်္ဂလာတစ်ပါးပါ။ လူတိုင်း သူငယ်ချင်းအသစ်တွေနဲ့ ခင်မင်ရင်းနှီးနိုင်ဖို့ မျှော်လင့်ကြတယ်။ ဒါပေမဲ့ (American Sociological Review,ASR)က သူတို့လေ့လာဆန်းစစ်ခဲ့တဲ့ ဆန်းစစ်ချက်အရ အခုခေတ်လူတွေမှာ သူငယ်ချင်းတွေ နည်းသထက်နည်းခဲ့ကြတာကို တွေ့ရတယ်။ လေ့လာဆန်းစစ်ခံရသူ ၄ပုံ၁ပုံက သူတို့မှာ သူငယ်ချင်းနည်းရတဲ့အကြောင်းက ဘယ်သူ့ကိုမှ ယုံကြည်လို့မရကြောင်း ဆိုထားကြတယ်။

လျင်သူစားစတမ်း၊ သာသူမြတ်ဆိုတဲ့ ခေတ်ကာလကြောင့် လူအချင်းချင်းကြားမှာ ဘယ်သူက အစစ်အမှန်၊ ဘယ်သူက အတုအယောင်ဆိုတာကို ခွဲခြားဖို့ခက်ခဲသွားတယ်။ "သူငယ်ချင်း"ဆိုတဲ့ အခေါ်ကိုလည်း ကျွန်တော်တို့ ထိတ်လန့်လာခဲ့ကြတယ်။

ဒီလိုဆိုရင် ဘယ်လိုအရာမျိုးကို သူငယ်ချင်းအစစ်အမှန်လို့ ခေါ်သလဲ? လူတစ်သက်မှာ အဲဒီလို သူငယ်ချင်းမျိုး ဘယ်နှယောက်လိုသလဲ?

အမေရိကန်စာရေးဆရာ Todd Parrက "အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ဆီကနေ သင်လိုချင်တဲ့အရာတွေ ရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့"လို့ ဆိုထားတယ်။ အမေရိကန်စာရေးဆရာ Tom Rathက လူတစ်ယောက်မှာ မရှိမဖြစ်တဲ့ သူငယ်ချင်း(၈)မျိုး လိုအပ်တယ်ဆိုပြီး အခုလို့ရေးသားခဲ့ပါတယ်။

(၁) ဆရာနဲ့တူတဲ့ သူငယ်ချင်း
သူတို့က သင့်ကောင်းကွက်တွေ သင်ကိုယ်တိုင် သိမြင်နိုင်ဖို့ သင့်ကိုအမြဲကူညီအားပေးတယ်။ ဒီလို သူငယ်ချင်းမျိုးကို ဆရာအမျိုးအစားလို့ခေါ်တယ်။ သူတို့က သင့်ရဲ့ဆရာဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ သူတို့မှာ အခြားဗဟုသုတ၊ အတွေ့အကြုံတွေနဲ့ ပြည့်စုံတယ်။ သင့်ရဲ့အလုပ်အကိုင်၊ မိသားစု၊ လူလူချင်း ပေါင်းသင်းဆက်ဆံရေးတွေမှာ သူတို့က သင့်ကို အကြံဉာဏ်တွေပေးနိုင်တယ်။ လူ့ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးက သင့်စိတ်ကို ထောက်ကူပေးတဲ့သူဖြစ်တယ်။ သူတို့ဟာ သင့်အနားမှာ အမြဲရှိနေပြီး သင်အတုယူထိုက်သူလည်းဖြစ်တယ်။

(၂) ဖေးမကူညီတဲ့သူငယ်ချင်း
သင့်ကို ဆုံးမလမ်းညွှန်ပြီး လူတွေရှေ့မှာ သင့်ကိုချီးမွမ်းစကားပြောတဲ့ သူငယ်ချင်း... ဒီလိုသူငယ်ချင်းမျိုးက "နင့် ငါ့ကိုကူ၊ ငါ နင့်ကိုကူ"ဆိုတဲ့ အချင်းချင်းကူညီအားပေးတဲ့သူဖြစ် တယ်။ ဘဝရှင်သန်ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ သူငယ်ချင်းရဲ့ ဖေးမကူညီမှု၊ ချီးကျူးမှုတွေက အဖိုးတန်လွန်းတယ်။ ဆင်းရဲဒုက္ခ၊ အခက်အခဲတွေနဲ့ သင်ရင်ဆိုင်ရချိန် ဒီလိုသူငယ်ချင်းမျိုးက သင့်အခက်အခဲတွေကို ကူညီမျှဝေဖြေရှင်းပေးတယ်။ သင့်ရင်ထဲက ဖိအားကို လျော့ချပေးတယ်။ သူတို့ရဲ့ယုံကြည်မှုက သင့်အတွက် စိတ်ဓာတ်အားဆေးဖြစ်တယ်။

(၃) စိတ်တူကိုယ်တူ သူငယ်ချင်း
သင်နဲ့ ဝါသနာတူသူက သင်နဲ့ပေါင်းဖက်ဖို့ အသင့်တော်ဆုံး သူငယ်ချင်းဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးနဲ့ အတူနေချိန် သင့်စိတ်က သူတို့စိတ်နဲ့ အာရုံခံစားမှုချင်းတူတယ်။ ဒါကို "နားလည်မှု"လို့ခေါ်တယ်။ သင့်ပြောတဲ့စကား၊ သင့်တွေးတဲ့အတွေးတွေက သူတို့အတွေးတွေနဲ့ ထပ်တူနီးနီးကျတယ်။ စိတ်ချင်းကူညီအားပေးတဲ့ ခံစားမှုမျိုးကိုရတယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်ကိုယ်သင် အသိအမှတ်ပြုလာအောင် ကူညီပေးသလို သင့်ဝါသနာ၊ သင့်ရည်မှန်းချက်၊ သင့်အကြိုက်တွေကို သူတို့နဲ့အတူ မျှဝေခံစားနိုင်တယ်။ ဒီလို မျှဝေခံစားမှုမျိုးက သင့်စိတ်ကို လုံခြုံစေတယ်။ မိမိကိုယ့်ကို ယုံကြည်မှုရှိစေတယ်။ စိတ်ကူးကို အလွယ်တကူ အကောင်အထည်ပေါ်စေတယ်။ သင့်ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းစေပါတယ်။

(၄) တံတားခင်းပေးတဲ့ သူငယ်ချင်း
ဒီလိုလူမျိုးက ကူညီတဲ့သူငယ်ချင်း အမျိုးအစားဖြစ်တယ်။ သင် အားရကျေနပ် ပျော်ရွှင်ချိန်မှာ သူတို့ရဲ့အရိပ်တွေက သင့်အနားမှာရှိမနေဘူး။ သင့် စိတ်ညစ်အားငယ် ကြေကွဲချိန်ကျမှ သင့်ရှေ့မှောက် ရောက်လာတတ်သူတွေဖြစ်တယ်။ သင်ယုံကြည်စိတ်ချရတဲ့ ကူညီမှုမျိုးကို သူတို့ပေးတယ်။ မျှော်လင့်ချက်နဲ့ အခွင့်အရေးကို သင်ပြန်မြင်ရဖို့ သူတို့စွမ်းဆောင်ပေးတယ်။ စိတ်ဓာတ်တွေ အရောင်တောက်အောင် သူတို့မပြတ်ကူညီပေးတတ်တယ်။

(၅) အားပေးဖော် သူငယ်ချင်း
ဒီလိုလူမျိုးက သင့်ကိုပေါ့ပါးလန်းဆန်းစေတဲ့ သူငယ်ချင်းဖြစ်တယ်။ တချို့သူငယ်ချင်းတွေက သင့်ကိုခင်မင်ရင်းနှီးပြီးတာနဲ့ သင့်ကို တခြားစိတ်တူကိုယ်တူ
သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတယ်။ သင့်စိတ်တွေ မွန်းကြပ်တဲ့အခါ၊ စိတ်ညစ်တဲ့အခါ သူတို့က သင့်ရင်ဖွင့်သံကို ပထမဦးဆုံး နားထောင်ပေးသူတွေဖြစ်တယ်။ ဒီလို သူငယ်ချင်းမျိုးက သင့်အတွက် အကောင်းဆုံးနားထောင်သူဖြစ်တယ်။ သင့်စိတ်ကို ဖြေလျော့စေတယ်။ သူတို့နဲ့ပေါင်းသင်းရတာ သင့်ကို ဘာစိတ်ဖိအားမှ မရှိစေတဲ့အပြင် သင့်ရင်ထဲက မွန်းကြပ်နေတဲ့အရာတွေကို ထွက်ပေါက်ပေးစေတယ်။ သင့်ရဲ့ တည်ငြိမ်အေးချမ်းတဲ့စိတ်ကို အသစ်တစ်ဖန် မွေးဖွားစေပါတယ်။

(၆) အသိအမြင်တိုးပွားစေတဲ့ သူငယ်ချင်း
သင့်ကို ဆန်းသစ်တဲ့အမြင်၊ ဆန်းသစ်တဲ့အခွင့်အရေးတွေကို တွေ့မြင်စေတဲ့သူငယ်ချင်းဖြစ်တယ်
။ ဒီလိုသူငယ်ချင်းမျိုးလည်း ဘဝမှာ မရှိလို့မဖြစ်ပါဘူး။ သူတို့ဟာ သင့်ရဲ့ "ကမ္ဘာ့စာကြည့်တိုက်"ဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်အသိဉာဏ်၊ ဗဟုသုတ၊ ပေါင်းသင်းဆက်ဆံရေးကို ကျယ်ပြန့်စေတယ်။ သင့်ကို မတူတဲ့စိတ်ခံစားမှုမျိုးကို ခံစားစေတယ်။ သင့်ကို မြင့်မြင့်ရပ်၊ ဝေးဝေးလှမ်းကြည့်တတ်ဖို့ သင်ပေးသူတွေဖြစ်တယ်။

(၇) လမ်းပြသူ သူငယ်ချင်း
သင့်စိတ်ကူးအတွေးတွေကို သန့်ရှင်းကူညီပေးသူ၊ လမ်းပြအကြံပြုတဲ့ သူငယ်ချင်းမျိုးဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက လမ်းပြမီး အမျိုးအစားဖြစ်တယ်။ လူတိုင်းမှာ လိုအပ်ချက်နဲ့ အကူအညီဆိုတာ လိုအပ်တယ်။ တချို့အခက်အခဲတွေကို သင့်ကိုယ်ပိုင်စွမ်းအားနဲ့ ဖြေရှင်းဖို့မလွယ်ကူတဲ့အခါ ဒီလိုသူငယ်ချင်းမျိုးက သင့်ကို စိတ်ပါလက်ပါကူညီပြီး အသင့်တော်ဆုံး အကြံတွေကိုပေးတယ်။ သင့်စိတ်ရှုပ်ထွေးတဲ့အခါ၊ စိတ်ညစ်တဲ့အခါပဲဖြစ်ဖြစ် သူတို့ကို သင်ရင်ဖွင့်နိုင်တယ်။ သူတို့က ရှုပ်ထွေးနေတဲ့ သင့်စိတ်ကို ကူညီသန့်ရှင်းပေးပြီး ကြည်လင်တဲ့ဖက်ကို လမ်းညွှန်ပေးတယ်။

(၈) သင့်ကိုအဖော်ပြုတဲ့ သူငယ်ချင်း
ကောင်းတဲ့သတင်းပဲဖြစ်ဖြစ်၊ ဆိုးတဲ့သတင်းပဲဖြစ်ဖြစ် သူတို့ကိုအရင် သင်ပြောပြတယ်။ သူတို့ဟာ သင်နဲ့ အမြဲအတူရှိနေတယ်။ ဒီလိုသူငယ်ချင်းမျိုးက ပင်လယ်ထက်ကျယ်တဲ့ ရင်ခွင်ရှိတယ်။ တောင်တန်းတွေလို မြင့်မားတဲ့ စိတ်သဘောထားရှိတယ်။ သူတို့ကို သင်ဘယ်အချိန်သွားရှာခဲ့ရှာခဲ့ သူတို့က သင့်ကိုနွေးနွေးထွေးထွေး ကြိုဆိုတယ်။ သူတို့က သင့်အတွက် စိတ်ပြည့်ဝ၊ တည်ငြိမ်စေတဲ့ သူငယ်ချင်းဖြစ်တယ်။ တစ်ခါတလေ ပြောစရာ စကားများများစားစား မရှိချင်နေ သင့်အနားမှာ သူတို့ရှိတယ်ဆိုရင်ပဲ သင့်စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။

သူငယ်ချင်းတွေနဲ့ အမြဲမဆက်သွယ်တိုင်း၊ အမြဲမတွေ့ဆုံမိတိုင်း မေ့သွားပြီလို့ မဆိုနိုင်ပါဘူး။ သူငယ်ချင်းဆိုတာ ဟောင်းနွမ်းသွားလို့ရပေမယ့် ခင်မင်ရင်းနှီးမှုက ယုတ်လျော့သွားလို့ မရဘူး။ သင့်ဘဝတစ်သက်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းကောင်း ဘယ်နှယောက်ရှိနိုင်မလဲ? တကယ်လို့ အထက်က သူငယ်ချင်းမျိုးနဲ့ သင်ကြုံဆုံလာတဲ့အခါ သူတို့ကို တန်ဖိုးထားမြတ်နိုးလိုက်ပါ။

ဒီစာလေးကိုဖတ်ပြီးတော့ ကိုယ့်ရဲ့ သူငယ်ချင်းတွေကို ဆန်းစစ်ကြည့်လို့ ရတာပေါ့နော်။ သူငယ်ချင်းတို့ အားလုံး ဘ၀မှာ အကောင်းဆုံးသူငယ်ချင်းတွေနဲ့  အမြဲ ဆုံစည်းနိုင်ကြပါစေ လို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။ ဥပမာ- ကျွန်တော့်လို သူငယ်ချင်းမျိုးပေါ့နော်……..။း )
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS