RADIO

What is current song?

RSS

အချစ်ခြင်း....ဆိုသည်မှာ........

ချစ်ခြင်း..ဆိုသည်မှာ......။



                     အချစ်...ဟု  ခေါ်ဆိုသော ချစ်ခြင်းတွင်  ချစ်ခြင်းမျိုးစုံ  ပါဝင်လေ၏..။ မိဘ မောင်ဘွား ချစ်ခြင်း၊ ကိုယ်မြတ်နိုးသော အရာဝတ္ထုများ  အပေါ် တပ်မက်သော ချစ်ခြင်း၊ မိမိ ကိုယ်ကို  ချစ်ခြင်း၊ သူစိမ်းတရံစာ  ဆန့်ကျင်ဘက် လိင်အပေါ် ချစ်ခြင်း  ဟူ၍....
အစရှိ သဖြင့် သော  ချစ်ခြင်း များသည်  သက်ရှိလောကတွင်  ရှိလေ၏...။
                        ထိုသော ချစ်ခြင်းများထဲ မှ  လူသားသက်ရှိ များအပေါ် ကိုင်လှုပ်ချုပ်ကိုင်မှု့  အပြင်းဆုံး ချစ်ခြင်းသည်  ဆန့်ကျင်ဘက် လိင်  အပေါ် ချစ်ခင်တွယ်တာသော  ချစ်ခြင်း ဖြစ်ပါသည်....
             ထို ချစ်ခြင်းနှင့် ချစ်သော အချစ်များကို ဋီကာ ဖွင့်၍  ပြောရမည် ဆိုလျှင်....
တချို့က ဤ ချစ်ခြင်းကို  ပိုင်ဆိုင် မှု့၊ စွန့်လွှတ် မှု့ ၊ ရယူခြင်း ၊ပေးစပ်ခြင်း  ဟူသော အဓိပ္ပါယ်များစွာ  ဖွင့်ကာ ချစ်နေ သလို.... တချို့ကတော့.......ချစ်ခြင်း ဟူသည်.....(sex) လိင် ကိစ္စ ဟု  နားလည်ကာ    တစ်ယောက်နှင့်တစ်ယောက်  တစ်ဦးနှင့်တစ်ဦး  "ကာမ"ကို အခြေခံကာ  ချစ်ကြလေ၏...။
           အထက်က ဆိုခဲ့သော....ချစ်ခြင်းများ အနက်မှ....မှန်ကန်သော ချစ်ခြင်း၏  အမှန်စင်စစ် အဓိပ္ပါယ်မှာ.......
အချစ်သည်.....
ရယူ ပိုင်ဆိုင်ထားခြင်းလည်း  မဟုတ်.......။
ပေးစပ် စွန့်လွှတ်ခြင်းလည်း  မဟုတ်.......။
လိင်(sex) ကိစ္စချည်း ပဲလဲ  မဟုတ်ပါ........။
                     အချစ်သည် သူတွင် သီးခြားသော  ခံစားမှု့နှင့်  နက်နဲသော အဓိပ္ပါယ် ဖွင့်ဆိုချက် များ ရှိပါသည်...။
အချစ်သည် ဖန်တီး ယူ၍ အရာမဟုတ် သလို.....မလိုအပ်၍ ရှောင်ကွင်းထားနိုင်သော အရာတစ်ခုလဲ မဟုတ်ပါ....။
အချစ်သည် သူ၏သဘောကို သူဆောင်၍ သူဖြစ်တည်သော အချိန်တွင် သူ့ဘာသာ သူဖြစ်တည်မည်ဖြစ်ပြီး.... သူပြတ်စဲချင်သော
အခါတွင် သူ့ဘာသာ အမုန်းအဖြစ် အသွင်ပြောင်းကာ ပြတ်စဲသွားပါလိမ့်မည်....။
               သတ္တလောကတွင် ချစ်သူများစွာနှင့် ချစ်တတ်လွန်းသူများ  များစွာ ရှိနေပါသည်...။ သို့သော်....မှန်ကန်သော ချစ်ခြင်းနှင့်
ချစ်သူများကတော့  အလွန်အင်မတန်ပင် နည်းကာနေသေးသည်ကို တွေ့ရပါသည်...။
               အဘယ်သို့ ပုံစံများ  ဖြစ်ကြ......ချစ်ကြ၍  ဤသို့  နည်းရ သနည်း.....။ အဖြေသည် ရှိနေပါသည်...။ ထို အဖြေသည်
အခြားမဟုတ်ပါ  ....တစ်ဦးနှင့်တစ်ဦး ချစ်ကြသော  ချစ်မြတ်နိုးခြင်းများကို  အချစ်စစ် ဟု အမည်ခံ၍ မချစ်တတ်ပဲ ချစ်နေကြသော
ကြောင့် ဖြစ်ပါသည်...။
              (ချစ်ခြင်း၏ တကယ့်အစစ် အမြုတေ ခံစားမှု့ သည်  ကိုယ်ချစ်သော ချစ်သူ၏ အနားမှာ နေ၍  လိုအပ်သမျှ ဖြည့်ဆည်း
ခွင့်လွှတ် လုပ်ဆောင်ပေးနေရခြင်း  ဖြစ်ပါသည်...။)
               အချစ်စစ်တွင် အတ္တ မပါ..ပါ.....အတ္တ မရှိပါ...တကယ့် ချစ်ခြင်း နှင့် ချစ်တတ်လာသော သူတစ်ဦးသည်  ကိုယ်ချစ်သောသူကို ပိုင်ဆိုင်၍  လိင်ကိစ္စ ဆက်ဆံဖို့ထက်  မိမိချစ်သော သူအား သာလွန်မြင့်မြတ်ပြည့်စုံသော ဘ၀တွင်  လှပတင့်တယ်   နေစေရန်သာ ဆန္ဒရှိကြပါသည်.....။ ကိုယ်၏ ချစ်သူ အကျိုးပျက်စီးကြောင်း ကိစ္စများကို တကယ့်ချစ်ခြင်းနှင့် ချစ်သော ချစ်တတ်သူများသည်.....မည်သို့မည်ပုံမျှ  ကြိုးစာလုပ်ဆောင်ကြခြင်း မရှိကြပါ...။ 
သူတို့ အလွန် စိုးရွံ့ထိတ်လန့်စေသော  ကိစ္စ သည်လည်း  သူတို့၏ ချစ်သူ ရုတ်လျော့ ပျက်စီးသွားမည့်အရေးဖြစ်ပါသည်....။ ကိုယ့်ချစ်သူသာ ပျှော်၇ွှင်မယ် ဆန္ဒတွေပြည့်ဝ၍   ဘ၀ ပြည့်စုံမည် ဆိုလျှင်....မိမိဘ၀နှင့်  ခန္ဓာကိုယ်  ကို  အဆုံးတိုင် ပေးစပ်ရဲသော  သတ္တိသည် တကယ့်ချစ်ခြင်း၏ မူပိုင် အရောင်အသွေး တစ်ခု ဖြစ်ပါသည်....။ သို့သော် ...ထိုပေးစပ်မှု့ သည်  မှန်ကန်သော ပေးစပ်မှု့ မျိုးလည်း ဖြစ်စေရပါမည်...။

(စကားချပ်။         ။ မိမိချစ်သူအား တန်ဖိုးထား မြတ်နိုး၍ (Valentine) နေ့တွင် မိမိ ခန္ဓာကိုယ် အား အမှတ်တရ ပေးအပ်ခြင်း မျိုးသည်..ချစ်တတ်သူတို့၏  မှန်ကန်သော ပေးစပ် ချစ်တတ်ခြင်းမျိုးမဟုတ်ပါ...ထိုသို့ ပြုလုပ်ဆောင်ရွက်မှု့ မျိုး သည် မိမိတို့အား
ဂ၇ုတစိုက် ပိုးမွေးသလို မွေးခဲ့သော မိဘများအား ရင်ကျိုးစေသော ကိစ္စ ဖြစ်ပါသည်...ချစ်သူအားလဲ အချစ်စစ်နှင့် ချစ်ရာမရောက်ပါ..။)

                 ထို့ကြောင့်.....။
                 တကယ့် စစ်မှန်သော ချစ်ခြင်းနှင့် ချစ်တတ်သော သူများသည်  လူချင်းမနီးနေသော်လည်း....ဝေးနေရသော ဘ၀၌ ပင်
သူ၏ ချစ်သူအပေါ်  မြတ်နိုးစွာ သစ္စာစောင့်သိ ၍ ချစ်နေတတ်ကြခြင်း ဖြစ်ပါသည်...။ ထို့အတူပဲ   လူချင်းနီးနေသော်လည်း ရယူတပ်မက်ခြင်း  ကင်းငြိမ်စွာ ပေးစပ်ရင်း ချစ်နေနိုင်ကြခြင်းလည်း   ဖြစ်ပါသည်.....။
                လိင်(sex) ကိစ္စ  ပြုလုပ်ခြင်းသည် အချစ်၏ အဓိကကြသော ကိစ္စဆိုပါလျှင်  စာရေးသူ မြင်ဖူးသော (sex) နှင့် အသက်ဆိုင်
သော ချစ်ခြင်း တစ်ခုအား ပြောပြ ပါအံ့........။
ထိုသူ နှစ်ဦး သည်  လင်မယား ဖြစ်ပါသည်....လင်မယားမှ ညားကာစ  လင်မယား ဖြစ်ပါသည်.....ညားကာစ ဆိုသော် ကာလမှာ (sex)
ကိစ္စ ပြင်းထန်များပြားသော ကာလ ဖြစ်ပါသည်..။
               ထိုကာလတွင်.....  ဇနီး ဖြစ်သူတွင် ပြင်းထန်သော ရောဂါဝေဒနာကြီး  စွဲကပ်၍ ဆေးကုသ သည့် ဆရာဝန်များ၏ ညွှန်းကြား
ချက်အရ...လောက သဘာဝ ဖြစ်သော လိင် ဆက်ဆံခြင်း အမှု့ကို ပြုလုပ်ခွင့်မရတော့ပါ....။ ညားကာစ  လင်မယား ဘ၀တွင် ထိုဖြစ်ပေါ်သွားသော  ယင်းပြဿနာ  ကြီးသည်  မည်မျှ ကြီးအံ့  ထင်ပါသနည်း......။  အလွန်ကြီးမားသော  ပြဿနာကြီး ဖြစ်ပါသည်..
တကယ့်ချစ်ခြင်းနှင့်သာ သူတို့နှစ်ဦး ဘ၀တစ်ခုကို မတည်ဆောက်ထားကြပါလျှင်......... ကွာရှင်းသွားရပါမည်... .ယောကျာင်္းဖြစ်သူ   ဖောက်ပြန်ပါမည်...။ 
               သို့သော်...သူတို့ နှစ်ဦးမှာ  တစ်ဦးနှင့်တစ်ဦး  မှန်ကန်သော ချစ်ခြင်း နှင့် ချစ်ကြသည် ဖြစ်ခြင်းကြောင့် သူတို့နှစ်ဦး ကွာရှင်းမသွားပါ....ပြတ်စဲ မသွားခဲ့ပါ....။ယောကျာင်္းဖြစ်သူသည်  ထိုရောဂါကြောင့် ဇနီးဖြစ်သူ သေဆုံးသွားသော (၃) နှစ်တာ ကာလခ၇ီးကို ဇနီး လူမမာ နဘေးတွင် မလျော့သော ချစ်ခြင်းများဖြင့်  သူမလိုအင် ဟူသမျှ ဖြည့်ဆည်းပေးကာ  ချစ်သွားခဲ့.....  ချစ်ပေးသွားခဲ့ပါသည်..။ 
                ထို အဖြစ်အပျက်သည်  အချစ်စစ်တို့ သည် (sex) ကိစ္စ နှင့် မသက်ဆိုင်ခြင်းကို ရှင်းလင်းစွာ ညွှန်းပြနေသော ဖြစ်စဉ်တစ်ခု ဖြစ်ပါသည်....။ အချစ်ကိစ္စ တွင် (sex) ကိစ္စသည် တစ်စိတ်တစ်ပိုင်း ဆက်နေသည်မှာ မှန်သော်လည်း
အဓိက မကျသော သာအည ကိစ္စလေးမျှ သာ ဖြစ်ပါသည်...။
                လိင် ကိစ္စဟူ သည် ချစ်ခြင်းတရား ၌ နှစ်ဦးနှစ်ဖက်၏ (generation) (မျိုးဆက်) အတွက်သာလျှင် အဓိကကြသော   ပြုလုပ်ဆောင်တာ ကိစ္စ ငယ် တစ်ခု  ဖြစ်ပါသည်...။ချစ်ခြင်းနှင့် တစ်စိတ်တစ်ပိုင်း ဆက်နွယ်နေသော (sex) လိင်ကိစ္စကို သာယာမှု့
ရယူရန်နှင့် နှစ်ကိုယ်တူ နီးစပ်မှု့ရရန် ဦးစားပေး အကြောင်းအဖြစ် အလေးအနက်ထားသော သူများသည် အချစ်စစ်အချစ်မှန်နှင့်
ချစ်သောသူများ မဟုတ်နိုင်ကြပါ..။ ထိုသူများ သည် အတ္တအချစ်သမားများသာ ဖြစ်ကြပါလိမ့်မည်....။
           တကယ့် စစ်မှန်သော ချစ်ခြင်း မေတ္တာ ဟူသည်......ကိုယ်ချစ်သောသူ အနားမှာနေ၍ ဖြစ်စေ....(သို့)အဝေးမှာ နေ၍ ဖြစ်စေ
ကိုယ်ချစ်သောသူ ၏ ဘ၀တစ်လျှောက်တွင် ကောင်းရာကောင်းကြောင်းများ ဖြစ်စေရန်....ဖြည့်ဆည်းပေးနေခြင်းသာ ဖြစ်ပါသည်...။
          ကိုယ့်ချစ်သူသာ မှန်ကန်သော ဘ၀၌ ပျှော်၇ွှင်စွာ ရပ်တည်ခွင့်ရမည် ဆိုပါလျှင်....မိမိဘ၀နှင့် အသက်ကိုပင် စွှန့်လွှတ်ပေးစပ်ဝံ့
သော သူ...အားသာလျှင် တကယ်မြင့်မြတ်သော  ချစ်ခြင်းအစစ်အမှန်နှင့် ချစ်တတ်သောသူ မည်ပါ၏..။

                  (စာရေးသူ၏ စာဖတ်ပရိတ်သတ်များလည်း မိမိ၏ ချစ်သူအပေါ် မှန်ကန်လေးနက်သော ချစ်ခြင်းများနှင့် ချစ်နိုင်ကြပါစေကြောင်း ရည်သန်လို့ ဤဆောင်းပါးလေးကို သိသလောက်ရေးသားလိုက်ရပါသည်....။)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment