တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှဗုဒ္ဓမြတ်စွယ်တော်ကိုမြန်မာနိုင်ငံသို့ ၂၀၁၁ခုနှစ်နိုဝင်ဘာ(၆)ရက်နေ့ မှဒီဇင်ဘာ(၂၄)ရက်
ရက်အထိ(၄၈)ရက်တိုင်တိုင်အပူဇော်ခံထားရှိမည်ဟုနိုင်ငံပိုင်သတင်းစာများကဖော်ပြချက်အရသိရပါသည်၊
ဗုဒ္ဓမြတ်စွယ်တော်သည်တရုတ်ပြည်သူ့ သမ္မတနိုင်ငံပေကျင်းမြို့ ၊ကွမ်ရိုးစုဘုရားကျောင်းတွင်ကိန်းဝပ်စံပယ်လျှက်
ရှိသောဗုဒ္ဓဘုရားရှင်ဧ။်အထက်လက်ဝဲဘက်မြတ်စွယ်တော်ကိုမြန်မာနိုင်ငံသို့ စတုတ္ထအကြိမ်ပင့်ဆောင်ပူဇော်ခြင်း
ဖြစ်ပြီးနေပြည်တော်၊ရန်ကုန်နှင့်မန္တလေးမြို့ များတွင်အပူဇော်ခံသွားမည်ဖြစ်သည်။
ယခုစတုတ္ထအကြိမ်အပူဇော်ခံရာတွင်နေပြည်တော်ဥပ္ပါတသန္တိစေတီလှိုဏ်ဂူတော်တွင်နိုဝင်ဘာလ(၆)ရက်မှ(၂၁)ထိ၊
ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေမဟာပါသဏလှိုဏ်ဂူတော်တွင်နိုဝင်ဘာ(၂၂)ရက်မှဒီဇင်ဘာ(၇)ရက်နေ့ အထိ၊
မန္တလေးမြို့ မဟာအတုလဝေယံ(အတုမရှိ)ကျောင်းတော်ကြီးတွင်ဒီဇင်ဘာ(၈)ရက်နေ့ မှ(၂၃)ရက်နေ့ အထိနေ့ စဉ်
နံနက်(၆)နာရီမှည(၉)နာရီအထိအပူဇော်ခံထားရှိမည်ဖြစ်ပြီး၂၀၁၁ဒီဇင်ဘာ(၂၄)ရက်နေ့ တွင်မန္တလေးမြို့ မှတရုတ်
ပြည်သူ့ သမ္မတနိုင်ငံသို့ ပြန်လည်ပင့်ဆောင်သွားမည်ဟုသိရသည်။
တရုတ်နိုင်ငံမှဗုဒ္ဓမြတ်စွယ်တော်အားမြန်မာနိုင်ငံသို့ ၁၉၅၅ခုနှစ်တွင်ပထမအကြိမ်ပင့်ဆောင်ခဲ့ ပြီး(၈)လကြာအပူဇော်
ခံခဲ့ကြောင်း၊၁၉၉၄ခုနှစ်တွင်ဒုတိယအကြိမ်ပင့်ဆောင်ခဲ့ ပြီး(၄၅)ရက်ကြာအပူဇော်ခံခဲ့ ပြီး၁၉၉၆တွင်တတိယအကြိမ်
ပင့်ဆောင်ခဲ့ ပြီးရက်(၉၀)ကြာအပူဇော်ခံခဲ့ ပြီးယခု၂၀၁၁တွင်စတုတ္ထအကြိမ်ပင့်ဆောင်ပြီးရက်ပေါင်း(၄၈)ရက်ကြာ
အပူဇော်ခံသွားမည်ဟုသိရသည်။
ဗုဒ္ဓမြတ်စွယ်တော်မြန်မာပြည်သို့ နိုဝင်ဘာ(၆)ရက်နေ့ မှဒီဇင်ဘာ(၂၄)နေ့ ထိအပူဇော်ခံမည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment