RADIO
What is current song?
RSS
***ဘဝတွက် အဓိကအလိုအပ်ဆုံးဟာ ဘာလဲ???***
အားလုံးပဲမင်္ဂလာပါနော်....
လူအမျိုးမျိုးစိတ်အထွေထွေဆိုသလို..လူတဦးစီတိုင်းအတွေးကိုယ်စီ ဆုံးဖြတ်ချက်ကိုယ်စီနဲ့ ပါ။
တွေးရင်း တွေးရင်း အရင်ကအဖြစ်ပျက်တွေသတိရမယ် စိတ်တွေလွင့်မျှောနေမယ်...
လွင့်နေတဲ့ စိတ်တွေကိုဂီတတွေ စာပေတွေနဲ့ ပြန်လဲသိမ်းဆည်းမယ်။
အမျိုးမျိုးပေါ့တကယ်တမ်းကိုယ်လုပ်သင့်တာကိုယ်လိုအပ်နေတာဘာတွေလဲဆိုတာသေသွားတဲ့ ထိ
ိမသေချာမရေရာသေးတဲ့ သူတွေလဲတွေ့ ဖူးပါတယ်။
ခုလဲသက်ထားပြသနာလေးတွေကြုံတွေ့ရတိုင်းဘယ်သူက ဘယ်လိုရှိရင်ဘယ်လိုကောင်းမှာ...
ဘယ်ပစ္စည်းလေးသာရှိခဲ့ ရင်ဘာမှမလိုအပ်တော့ဘူး.....ငါဘာလေးလုပ်နိုင်ခဲ့ ရင်ငါ့ဘဝပြည့်စုံပြီ။
ပြည့် စုံပြီဆိုတာတွေကိုပြန်ကြည့်လိုက်ရင်အရာအားလုံးရှိမှပြည့်စုံမယ်လို့ ဆိုလိုနေသလိုဖြစ်နေပါတယ်။
တကယ်ပဲကိုယ်အလိုချင်ဆုံးကိုယ့်အချစ်ဆုံးအရာတခုကိုရခဲ့ ရင်ပြည့်စုံပြီဆိုတာဟုတ်မဟုတ်ပြန်စစ်ကြည့်ကြမယ်။
ဥပမာ။        ။ကျွန်တော်တို့ စတင်မွေးဖွါးလာတာကစကြည့်မယ်။
လူ့ လောကထဲရောက်တာနဲ့ နို့ ဆိုတဲ့ အရာလိုအပ်မယ်။ဒါဆိုလူ့ လောကထဲရောက်ဖို့ နို့ ဟာအဓိကလား???။
ဒီလိုအဓိကလိုအပ်တဲ့ နို့ ကိုရဖို့ မိခင်ဆိုတာလိုနေပြန်ပြီ....မိခင်ရှိယုံနဲ့ နို့ ရနိုင်မလား???
ဖခင်ကသေချာကျွေးမွေးစောင့်ရှောက်နိုင်မှမိခင်နို့ ထွက်ကောင်းမယ်လေ...ဒီလိုကျပြန်တော့ဖခင်သည်အဓိကလား???
ဒီလိုနဲ့ အရွယ်လေးရောက်ကျောင်းတက်ပြန်တော့ စာပေပညာသင်ပေးနိုင်တဲ့ သူတွေလိုပြန်ရော ဒီထိဘယ်သူကအဓိကလဲဆိုတာမသိသေးပါဘူး။ကျောင်းရောက်တော့လဲဆရာ/ဆရာမတွေနဲ့ တင်လူဘဝဖြစ်မလာနိုင်သေးပါဘူး။
အပေါင်းသင်းသူငယ်ချင်းဆိုတာတွေရှိလာပါတယ်။တဖြည်းဖြည်းအသက်လေးကြီးလာတာနဲ့ ဘဝလောကဓံလေးတွေနဲ့ ထိတွေ့ လာရပါပြီ။
ရင်ထဲတင်းမယ် တင်းကျပ်နေတာတွေကိုရင်ဖွင့်ချဖို့ မိခင်ကိုလဲမရ ဖခင်ကိုလဲမကောင်း ဆရာ/ဆရာမတွေဆိုတာလဲမရဲ။
နောက်ဆုံးတော့ကိုယ့်သူငယ်ချင်းတွေပဲရင်ဖွင့်ရတယ် ကိုယ်ဘာလုပ်ချင် လုပ်ချင်သူငယ်ချင်းတွေနဲ့ တိုင်ပင်စရာတွေပေါ်လာတယ်။
တချို့ ကငွေကြေးချမ်းသာတဲ့ သူနဲ့    ဆင်းရဲတဲ့ သူနဲ့ ဘဝအမျိုးမျိုးကြုံတွေ့ ရတယ်။
ချမ်းသာသူအချင်းချင်းတော့ပျော်စရာတွေဝေမျှကြတယ်။
ဆင်းရဲ တဲ့ သူတွေကျတော့ အချင်းအချင်းဖေးမအားပေးကြတယ်။
ချမ်းသာတဲ့ သူတွေတွက်အပျော်တွေဝေမျှဖို့ သူငယ်ချင်းလိုအပ်သလို.ဆင်းရဲ တဲ့ သူတွေတွက်လဲသူငယ်ချင်းဆိုတာရှိမှရမယ်လေ။
ဒီလိုဆိုရင်သူငယ်ချင်း အပေါင်းသင်းဟာအဓိကလား???
ငွေကြေးချမ်းသာတဲ့ သူတွေ ဆင်းရဲသားတွေကိုဖယ်ရှောင်သလိုနေတတ်ကြတယ်။
အဲ့ လိုမဖြစ်အောင် ဆင်းရဲတဲ့ သူတွေတွက်ငွေကြေးဟာအဓိကလား???
လူတွေဟာပစ္စည်းတိုင်းအရာရာတိုင်းကိုလိုအပ်နေတာချည်းပါပဲ။
မိခင်ဖခင်ကစလို့ လူဘဝစတင်လာထဲကအသုံးပြုခဲ့ တဲ့လူတွေရောပစ္စည်းတွေရောဟာဒီလူသေတဲ့ထိလိုအပ်နေမဲ့ အရာတွေပါပဲ။
မိခင်ဖခင်ထိန်းကျောင်းပေးတဲ့ အနေထားနဲ့ ဆရာ/ဆရာမတွေသင်ကြားပေးတဲ့ စာပေပညာ ငွေကြေးဥစ္စာ
သူငယ်ချင်းပေါင်းဖေါ်တွေရဲ့ကူညီအားပေးမှု့  ကိုယ်နဲ့ လက်တွဲမဲ့ ချစ်သူကြာယာဖက် စသဖြင့်အကုန်လုံးလိုနေတာတွေချည်းပါပဲ။
သမီးမှာမိဘတွေရှိနေရင်ပြည့် စုံပြီ။ ကိုယ့်ဘေးမှာမင်းရှိနေရင်ပြည့်စုံပြီ။လောကမှာငွေရှိရင်ပြည့်စုံတယ်။
ဒီလို ဒီလိုတွေပြောနေကြတာအရူးတွေများဖြစ်နေပြီလားလို့ တောင်ထင်ရတယ်။
ကျွန်တော်ကိုယ်တိုင်လဲအမျိုးမျိုးတောင်းတဖူးတယ်။
တကယ်တော့ မိဘအကူညီလိုအပ်နေချိန်မိဘရှိရင်ပြည့်စုံပြီလို့ ပြောမိကြတာပါ။
ငွေလိုနေချိန် ဘဝမှာငွေရှိရင်အကုန်ရနိုင်တယ်လို့ ထင်ခဲ့ မိတာပါ။
ရင်ထဲတင်းကျပ်ပြီးရင်ဖွင့်ဖေါ်လိုနေချိန် သူငယ်ချင်းသာငါ့တွက်ရင်ဖွင့်ဖေါ်ပါ။
လူတယောက်ကိုချစ်မိချိန်မှာ ချစ်မိတဲ့ သူသာရှိခဲ့ ရင်ဘာမဆိုကျော်ဖြတ်နိုင်တယ် တဲ့ 
တကယ်တမ်းအဲ့ ဒီလိုအပ်ချက်တွေအားလုံးတချိန်ထဲတနေရာထဲကြုံတွေ့ ခဲ့ ရင် ကိုယ်ဘာကိုအဓိကအလိုအပ်ဆုံးလဲဆိုတာဘယ်သူပြောနိုင်ပါသလဲ.......
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
0 comments:
Post a Comment