RADIO

What is current song?

RSS

သူငယ်ချင်းကောင်း၊ မိတ်ဆွေစစ်ဆိုသည်မှာ..

ဒီခွေးနှစ်ကောင်ပုံကိုကြည့် ပြီးလူပီသတဲ့ ၊ လူစိတ်မရှိတဲ့ လူတွေ မိတ်ဆွေစစ်၊ သူငယ်ချင်းကောင်းဆိုတာ
ဘယ်လိုလည်းဆိုတာ သဘောပေါက်နားလည်နိုင်လိမ့် မယ်လို့ ထင်ပါတယ်...

ခွေးမကြီးလီလီ ဟာအသက်ခြောက်နှစ်ရှိပြီဖြစ်ပြီး မျက်စေ့ နှစ်လုံးစလုံးကွယ်နေရှာပါတယ်...
တိရိစ္ဆာန်ဆရာဝန်တွေက ကျန်းမာရေးကြောင့် သူ့ မျက်လုံးတွေကိုထုတ်ပစ်ခဲ့ လိုက်ရတာဖြစ်ပါတယ်...
ကြေကွဲဝမ်းနည်းဖွယ်အဖြစ်ဆိုးနောက်မှာတော့ လီလီဟာ မက်ဒီဆင် လို့ အမည်ရှိတဲ့ အသက် ၇ နှစ်အရွယ်
ရှိ ခွေးကြီးတစ်ကောင်နှင့် အဆွေခင်ပွန်းဖြစ်ခဲ့ ရပါတယ်...

သူတို့ နှစ်ကောင်ဟာ တစ်သက်တာထာဝရ၊ မခွဲမခွာကြတဲ့ သူငယ်ချင်းမိတ်ဆွေတွေဖြစ်ခဲ့ ကြပါတယ်...
မက်ဒီဆင် က လီလီကိုအမြဲပဲ ကူညီလမ်းညွှန်ပေးခဲ့ ပါတယ်...

ဝမ်းနည်းကြေကွဲစရာကောင်းစွာပင် ထိုခွေးကြီးနှစ်ကောင်ရဲ့ ပိုင်ရှင်တွေက သူတို့ ကိုစွန့် ပစ်သွားခဲ့ ကြပါ
တယ်....အခုတော့ သူတို့ နှစ်ကောင်ဟာ ရှရူးဘာရီအရပ်မှာရှိတဲ့ ခွေလေခွေးလွင့် ၊ စွန့် ပစ်ခံခွေးများ
ခေတ္တယာယီဂေဟာမှာနေထိုင်ယင် သူတို့ ကိုမွေးစားမည့် ယခင်အသစ်၊ အိမ်အသစ်ကိုမျှော်လင့် 
စောင့် စားနေကြရပါတယ်....

အခြေအနေတွေဘယ်လိုပဲဆိုးနေပါစေ...ကံကြမ္မာကဆိုးဝါးရက်စက်ခဲ့ ပေမယ့် လည်း အနားမှာ
မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်း၊ အဖေါ်မွန်ရှိနေခဲ့ လို့ ဘ၀ရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို
လွန်မြောက်ကျော်ဖြတ်နိုင်ခဲ့ တယ်....
ကိုပီတာရဲ့အတွေးပုံရိပ်များမှ ကူးယူဖော်ပြသည်....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment