RADIO
What is current song?
RSS
ထူးဆန်းသောလက်ထပ်ခြင်းဓလေ့နှင့်ပွဲများ
ပန်းကန်ခွဲခြင်းဓလေ့---
     ဂျာမန်လူမျိုးများသည်လက်ထပ်ပွဲမကျင်းပမီမှာသတို့သာူသတို့သမီးရဲ့မိသားစုနဲ့သူငယ်ချင်းတွေက
     များပြားလှတဲ့ပန်းကန်တွေကိုကြမ်းပြင်မှာခွဲလိုက်ကြတယ်အဲ့လိုခွဲပြီးနောက်မှာသတို့သားနဲ့သတို့သမီးက
     အဲ့ဒီပန်းကန်တွေကိုနှစ်ယောက်အတူတူရှင်းလင်းရတယ်ဆိုလိုတာက..
     ပန်းကန်အကွဲတွေကိုနှစ်ယောက်အတူရှင်းလင်းခြင်းအားဖြင့်သူတို့ရဲ့ဘ၀သစ်ကိုအတူတူစလို့ရပြီဟု
     ယူဆကြပုံရတယ်ပြီးတော့ကံကောင်းခြင်းတွေသယ်ဆောင်လာတယ်လို့လည်းယုံကြည်ကြတယ်
   ဆွီဒင်နိုင်ငံရဲ့မင်္ဂလာဆောင်တွေမှာလာရောက်တဲ့ဧည့်သည်တွေဟာသတို့သားနဲ့သတို့သမီးကို
   နမ်းလို့ရတဲ့အခွင့်အရေးတွေရကြပါတယ်
   အကယ်လို့သတို့သမီးဟာအိမ်သာထဲကိုခဏ၀င်နေချိန်မှာအပြင်မှာကျန်ခဲ့တဲ့သတို့သားကို
   တတ်ရောက်လာတဲ့အမျိုးသမီးများက၀ိုင်းနမ်းခွင့်ရှိပါတယ်
   တကယ်လို့များဧည့်ခန်းထဲမှာသတို့သားကသတို့သမီးရှိရာသို့ကြည့်မနေဘဲတစ်ဖက်လှည့်ပြီး
   စကားပြောနေမယ်ဆိုရင်ယောက်ကျားလေးများဟာသတို့သမီးကိုနမ်းလို့ရပါတယ်
 သတို့သမီးကိုပြန်ပေးဆွဲခြင်းဓလေ့
   ဂျာမနီနိုင်ငံရဲ့ရွာငယ်လေးမှာပြုလုပ်လေ့ရှိတဲ့ဓလေ့ဖြစ်သည်သတို့သားသတို့သမီးရဲ့သူငယ်ချင်းများသည်
   သတို့သမီးကိုပြန်ပေးစွဲပြီးနောက်တစ်နေရာမှာဖွက်ထားကြရသည်
   ထို့နောက်သတို့သားကဖွက်ထားသောသတို့သမီးကိုရှာဖွေရသောဓလေ့ဖြစ်သည်
   ရျာဖွေရာတွင်သတို့သားသည်ပရိတ်သတ်များပါဝင်လာအောင်ဖိတ်ခေါ်ပြီးသတို့သမီးကိုရှာဖွေရသည်
   ပထမဦးဆုံးရွာရြ့အအေးဆိုင်လေးကစတင်ရျာဖွေရသည်ပြီးမှတခြားဖွက်ထားသည်ဟုထင်နေရသော
   နေရာကိုတစ်ပျော်တပါးရှာဖွေရသည်သတို့သမီးပြန်တွေ့ပြီးနောက်ပိုင်းမှာတော့သတို့သားကသူနဲ့အတူ
   သတို့သမီးရှာခဲ့တဲ့သူတွေကိုစတင်ရှာဖွေခဲ့တဲ့အအေးဆိုင်မှာအအေးဝယ်တိုက်ရပါတယ်
   ဒါဟာအဆိုးတွေကိုအဆုံးသတ်ဖို့အတွက်ပြုလုပ်ခြင်းလို့အားလုံးကလက်ခံယုံကြည်ကြပါတယ်
 သတို့သမီးဖိနပ်ထဲမှငွေအကြွေစေ့များ
   ဆွီဒင်လူမျိုးတွေရဲ့ရှေးဟောင်းအယူအစလေးပါ
   မင်္ဂလာဆောင်တော့မယ်သတို့သမီးရဲ့ဘယ်ဘက်ဖိနပ်ထဲကိုသတို့သမီးအဖေကငွေရောင်အကြွေစေ့လေး
   ထည့်ပေးရပါတယ်သတို့သမီးရဲ့ညာဘက်ဖိနပ်ထဲကိုတော့သတို့သမီးအမေကေ၇ွရောင်အကြွေစေ့လေး
   ထည့်ပေးရတယ်သတို့သမီးရဲ့ဘ၀တစ်လျောက်မရှိခြင်းတွေမရှိရလေအောင်ပြုလုပ်ပေးတာလို့လည်း
   ဆိုကြသည်
 ငွေအကြွေစေ့ကစားပွဲ
  နယ်လေးတစ်နယ်မှာတော့ဓလေ့လေးကတစ်မျိုးဖြစ်သည်သို့သားနှင့်သတို့သမီးသည်လက်ထပ်မင်္ဂလာပွဲ
  ပြီးတဲ့နောက်မှာငွေအကြွေစေ့ကစားပွဲကိုကစားလေ့ရှိကြသည်
  အနီရောင်သုတ်ထားတဲ့ဇလုံကြီးထဲမှာအကြွေစေ့များနှင့်တခြားတိုလီမိုလီပစ္စည်းများကိုထည့်ထားရပါသည်
  ပြီးနောက်အနီရောင်ရှိသောရေများကိုဇလုံထဲသို့လောင်းထည့်ကြပြန်တယ်မင်္ဂလာအခမ်းအနားပြီးနောက်
  သတို့သားမိဘအိမ်သို့ပြန်လာသောသတို့သားနှင့်သတို့သမီးသည်ဇလုံကြီးထဲသို့လက်နှိုက်ကာ
  ငွေအကြွေစေ့များကိုနှိုက်ယူကြပါသည်နှိုက်ယူရာတွင်ငွေအကြွေစေ့ကိုပဲဦးစားပေးနှိုက်ယူကြပါသည်
  ထိုသို့ဖြင့်ဇလုံကြီးထဲလက်နှိုက်လိုက်ငွေအကြွေစေ့ကိုဆယ်ယူလိုက်နဲ့အကြိမ်ကြိမ်ပြုလုပ်ရပါသည်
  နောက်ဆုံးပြီးလို့ရေကြည့်တဲ့အခါမှာငွေအကြွေစေ့အများဆုံးနှိုက်ယူနိုင်တဲ့သတို့သား(သို့)သတို့သမီးဟာ
  ဒီအိမ်ကိုဦးစီးရတဲ့သူဖြစ်လာပါတယ်ဒါဟာကံကြမ္မာအရအိမ်ရြ့ဦးစီးကိုရွေးချယ်ပေးတဲ့ပွဲဆိုရင်လဲမမှားပါဘူး
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
0 comments:
Post a Comment