RADIO

What is current song?

RSS

အသုံးဝင်မဲ့ ၀က်ဘ်ဆိုက်လေးများ...

အခမဲ့ အွန်လိုင်းဂိမ်းများ
(http://www.ezone.com)

အခမဲ့ download ပြုလုပ်ပြီးကစားနိုင်တဲ့ ဂိမ်းတွေ စုံလင်တဲ့ဝက်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ ဂိမ်းအမျိုးအစားတွေ စုံလင်ပြီး အွန်လိုင်းကနေလည်း တိုက်ရိုက်ကစားနိုင်ပါတယ်။ Online ဂိမ်းနဲ့ download ဂိမ်းဆိုပြီး ဂိမ်းအမျိုးအစားတွေ ခွဲခြားဖော်ပြထားသလိုဂိမ်းတွေကိုလည်း adventure, arcade, card 3D, puzzle, shooter, sports, strategy ဆိုပြီး ကဏ္ဍတွေလည်း သီးခြားစီဖော်ပြထားပါတယ်။ စမတ်ဖုန်းတွေ မှာထည့်သွင်းအသုံးပြုနိုင်မယ့် app ဂိမ်းတွေကိုလည်း ဒီဝက်ဘ်ဆိုက်ကနေ download ပြုလုပ်ရယူနိုင်ပြီး Wii ဂိမ်းတွေလည်း ရရှိနိုင်ပါတယ်။ နာမည်ကျော်ဂိမ်းအမျိုးအစားစုံလင်ပြီး single ဂိမ်းအမျိုးအစားအပြင် ဇာတ်လမ်းတွဲဂိမ်းတွေကိုလည်းတွေ့မြင်နိုင်ပါတယ်။ စိတ်ကြိုက်ဂိမ်းအမျိုးအစားနဲ့ ကဏ္ဍတွေကိုလည်း ၀က်ဘ်ဆိုက်မှာ ရှာဖွေရယူနိုင်ပြီး download ပြုလုပ်ပြီး ဖြစ်စေ၊ အွန်လိုင်းကနေ တိုက်ရိုက်ဖြစ်စေ ကစားနိုင်မှာဖြစ်ပါတယ်။ ကလေးတွေနှစ်သက်တဲ့ ဇာတ်ကောင်တွေနဲ့ ဂိမ်းတွေကိုလည်းစုံလင်စွာထည့်သွင်းဖော်ပြထားပါတယ်။
MP3 သီချင်းများရယူရန်
(http://beemp3.com)
မြန်မာနဲ့ နိုင်ငံခြား MP3သီချင်းတွေကို တစ်နေရာတည်းမှာစုံလင်စွာ download ပြုလုပ်ရယူနိုင်မယ့် ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ သီချင်းအမျိုးအစားနဲ့ ကဏ္ဍအလိုက် သီချင်းတွေကို ခွဲခြားဖော်ပြထားပြီး နှစ်သက်ရာ တေးသီချင်းတွေကိုလည်း သီဆိုသူအမည်၊ သီချင်းခေါင်းစဉ်၊ တေးသီချင်းအယ်လ်ဘမ်းစသည်ဖြင့်လည်း နှစ်သက်ရာ ရှာဖွေရယူနိုင်ပါတယ်။ သီချင်းအမည်၊ အမျိုးအစား၊ သီဆိုသူစတာတွေကို အက္ခရာစဉ်အလိုက်စီစဉ်ဖော်ပြပေးထားတာကြောင့် အလွယ်တကူနဲ့ လျင်မြန်စွာရှာဖွေရယူနိုင်ပြီး download ပြုလုပ်လိုတဲ့ သီချင်းဖိုင်တွေကိုလည်း လျင်မြန်လွယ်ကူစွာ download ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ သီချင်းတွေယူတဲ့အခါမှာလည်း သီချင်းတစ်ပုဒ်လုံးအပြည့်ကို download ပြုလုပ်နိုင်သလို rington တွေကိုလည်း ဖုန်းအတွက် ရယူနိုင်ပါသေးတယ်။ သီချင်းတစ်ပုဒ်ကိုဖော်ပြတဲ့အခါမှာ သီချင်းအမည်၊ သီဆိုသူ၊ အမျိုးအစား၊ ကြာမြင့်ချိန်၊ နားဆင်သူဦးရေ စသည်ဖြင့် အချက်အလက်ပြည့်စုံစွာဖော်ပြပေးမှာဖြစ်ပါတယ်။
ရုပ်ရှင်များကြည့်ရှုရန်
(http://www.movies.com)
ရုပ်ရှင်ဇာတ်လမ်းတွေနဲ့ ဇာတ်လမ်းတွေအကြောင်း စုံလင်စွာဖတ်ရှုရမယ့် ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ နာမည်ကျော် ဇာတ်လမ်းရုပ်ရှင်တွေအကြောင်း သတင်းတွေ၊ reviewတွေနဲ့ trailerတွေကိုမြင်ရမှာဖြစ်ပြီး ဇာတ်လမ်းသစ်တွေအကြောင်းကိုလည်း အမြဲဖော်ပြပေးနေတဲ့ ၀က်ဘ်ဆိုက်ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားနဲ့ ဖန်တီးသူအမည်အလိုက် ဇာတ်လမ်းတွေကို ရွေးချယ်ရှာဖွေနိုင်သလို လက်ရှိမှာ နာမည်ကျော်နေတဲ့ ဇာတ်လမ်းရုပ်ရှင်တွေကိုလည်း စုစည်းဖော်ပြပေးထားပါသေးတယ်။ နာမည်ကြီး ဇာတ်လမ်းရုပ်ရှင်တွေကို ရုပ်ရှင်ရုံတွေမှာ ပြသနေတဲ့ ဇာတ်လမ်းတွေနဲ့ DVD/Bluray ထွက်ရှိပြီး ဇာတ်လမ်းတွေကိုလည်း ကဏ္ဍတစ်ခုစီခွဲခြားဖော်ပြထားတာကြောင့် အလွယ်တကူရှာဖွေပြီး ရွေးချယ်ကြည့်ရှုနိုင်စေမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းတွေကို trailer အဖြစ်လည်း ကြည့်ရှုနိုင်သလို disc ထွက်ရှိလာတဲ့ ရုပ်ရှင်တွေကိုလည်း Amazon, iTunes နဲ့ Netflix တို့လို အွန်လိုင်းစတိုးတွေကနေ တစ်ဆင့်လည်း ၀ယ်ယူကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
မိုဘိုင်း application များရယူရန်
(http://www.handango.com)
စမတ်ဖုန်းတွေအတွက် application တွေစုံလင်စွာရရှိနိုင်မဲ့ ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ Application တွေ အမျိုးအစားစုံလင်စွာတွေ့မြင်ရမှာဖြစ်ပြီး palm, symbian, android, blackberry, iOS, Windows စတဲ့ operating system အမျိုးမျိုးအတွက်လည်း ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Appတွေကို အမျိုးအစားနဲ့ ကဏ္ဍအလိုက်သီခြားစီ ခွဲခြားဖော်ပြပေးထားတာကြောင့် ရှာဖွေရတာ လွယ်ကူသလို ရွေးချယ်ရာမှာလည်း လျင်မြန်စေပါတယ်။ Utility, Communication, Education, Entertainment , Productivity, Theme, eBook စတဲ့ အသုံးပြုသူတွေအတွက် အကျိုးရှိစေတဲ့ appတွေအပြင် စိတ်အပန်းဖြေရင်း ဆော့ကစားနိုင်မယ့် ဂိမ်း appတွေကိုလည်း စုံလင်စွာတွေ့ရပါတယ်။ Application တွေကိုလည်း ဖော်ပြရာမှာ အသုံးပြုသူအများဆုံး ၊ ထိပ်တန်းအဖြစ်ဆုံး၊ အသစ်ထွက်ရှိတဲ့ appတွေ၊ အခဲမဲ့ရယူနိုင်တဲ့ appတွေကို ထပ်မံခွဲခြားထားသလို ကဏ္ဍတစ်ခုကနေ app တစ်ခု ရှာဖွေလိုက်ပြီဆိုရင်လည်း OSအလိုက် ပြန်လည်ခွဲခြားပေးထားပါသေးတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment