RADIO

What is current song?

RSS

အောက်တိုဘာ30 ညတွင်အမေရိကန်နိုင်ငံသို့ဝင်ရောက်ခဲ့သော sandy မုန်တိုင်းနှင့် နောက်ဆက်တွဲ အခြေအနေ

ဆန်ဒီ (Sandy) အမည်ရှိ အပူပိုင်းဟာရီကိန်းမုန်တိုင်းသည်အောက်တိုဘာ ၂၉ ရက်ကနယူးယောက်မြို့မှ မိုင် ၄၀၀ ခန့် အကွာ၊ ကိတ်ဟက်တာရက်စ်မြို့ မှ အရှေ့တောင်ဘက်မိုင် ၂၆၀အကွာပင်လယ်ပြင်ကို ဗဟိုပြုလျက် တစ်နာရီကို ၁၀ မိုင်နှုန်းဖြင့် အမေရိကန်ပြည်ထောင်စုသို့ဦးတည်ရွေ့လျားလျက်ရှိပြီးအမေရိကန် အရှေ့ပိုင်းကမ်းခြေဒေသများကို လေတိုက်နှုန်း တစ်နာရီ မိုင် ၁၃၀ နှုန်းဖြင့် ၀င်ရောက်တိုက်ခိုက် လျက်ရှိကြောင်း သိရသည်။
အဆိုပါမုန်တိုင်းကြောင့် မြောက်ကာရိုလိုင်းနားနှင့် ဗာဂျီး နီးယားပြည်နယ်တစ်လျှောက် စတုန်ရန်းမိုင် ၇၀၀ အတွင်းမုန်တိုင်း ဒဏ်ပြင်းထန်စွာခံရဖွယ်ရှိကြောင်း သတိပေးအမိန့်ထုတ်ပြန်ထားသည်။
အဆိုပါမုန်တိုင်းကြောင့် အမေရိကန်အရှေ့ပိုင်းကမ်းရိုးတန်း ဒေသများတွင်
ရေလွှမ်းမိုးမှုနှင့် ကြီးမားသည့်ပျက်စီးဆုံးရှုံးမှုများ ဖြစ်နိုင်သဖြင့် ကမ်းရိုးတန်းနေပြည် သူများဘေးကင်းရာသို့ရွှေ့ပြောင်း နေထိုင်ကြရန် အမေရိကန်ပြည် ထောင်စုမိုးလေ၀သဌာနမှ ကြိုတင် သတိပေးအမိန့်ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် နယူးယောက်မြို့ရှိ ခရီးသွားလုပ်ငန်းများအားလုံးကို ရပ်ဆိုင်းထားပြီး၊ လေယာဉ်ခရီးစဉ် များအားလုံးကိုလည်း ယာယီဖျက် သိမ်းထားသည်။ အောက်တိုဘာ ၂၉ ရက်မှစ၍ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးကိုလည်း ပိတ် ထားပြီး အရေးကြီးအစည်းအဝေး များကိုလည်း ရွှေ့ဆိုင်းထားရသည်။
အဆိုပါမုန်တိုင်းကြောင့်လာမည့် နိုဝင်ဘာ ၆ ရက်တွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲမဲဆွယ်စည်း ရုံးမှုများကိုလည်း ဖျက်သိမ်းထားကြောင်း သိရသည်။
အမေရိကန်နိုင်ငံသို့ ၀င်ရောက်တိုက်ခတ်ခဲ့သော Sandy ဟာရီကိန်းမုန်တိုင်းကြောင့် အမေရိ ကန်တွင် သေဆုံးသူ ၂၆ ဦးခန့် ရှိခဲ့ပြီ မုန်တိုင်းဖြတ်သန်းခဲ့ရာ ကာရေဘီယံဒေသ တွင်လဲ သေဆုံးသူ ၆၇ ဦးခန့် ရှိခဲ့ပြီး အမေရိကန်နိုင်ငံ၏ ပြည်နယ် ၁၅ ခုမှ လူဦးရေ၇သန်းခွဲကျော်မှာ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ကြုံတွေ့နေရကာ မြေအောက်၇ထားလမ်းများလဲပြတ်တောက်သွားပြီးရေလွှမ်းနေကာ လေကြောင်းလိုင်းပေါင်း ၅၀၀၀ ခန့်မှာ ခရီးစဉ်များ ရပ်ဆိုင်းသွားကြောင်း သိရသည်။
ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၂၀ ဘီလီယံကျော်ခန့် ရှိနိုင်ကြောင်းခန့်မှန်းချက်များထွက်ပေါ်လျှက်ရှိသည်။ သေဆုံးသူများမှာ ယာဉ်တိုက်မှုများ ၊ သစ်ပင်ပြိုလဲမှုများ ၊ နေအိမ်ပြိုလဲခြင်းများကြောင့်သေဆုံးခြင်းများဖြစ်ကြောင်းသိရသည်။
ယခုထပ်မံရရှိသောသတင်းများအရ သေဆုံးသူအရေအတွက်မှ ၂၉ဦးသို့တိုးမြင့်သွားကြောင်းသိရသည်။

အမေရိကန် အရှေ့ဘက်ခြမ်းဒေသစံတော်ချိန် အောက်တိုဘာ ၃၀ ရက်နေ့ ည ၁၀နာရီခွဲမှာ စန္ဒီမုန်တိုင်းကြောင့် သေဆုံးသူ စုစုပေါင်း ၅၀ ရှိသွားပြီလို့ အေပီ သတင်းက ဆိုပါတယ်။ သတင်းဌာနတွေမှာ ကွဲလွဲချက်တွေတော့ ရှိနေပါတယ်။ မကြာခင်တော့ အစိုးရက တရားဝင် ကြေငြာနိုင်ပါတယ်။ အခုထိတော့ နေရာအနှံ့မှာ ကယ်ဆယ်ရေးတွေ ဆက်လုပ်နေစဲမို့ သေဆုံးသူအရေအတွက် အများကြီးတိုးလာနိုင်တယ်လို့ ယူဆကြပါတယ်။
.အများစုကကျိုးကျလာတဲ့ သစ်ပင်တွေ ပိပြီး သေဆုံးခဲ့ကြတာပါ။ ပျက်စီးမှုတွေအတွက် ဆုံးရှုံးမှုကိုတော့ ဘီလီယံများစွာလို့ တွက်ဆနေပြီး ဒီအရေအတွက်တွေဟာလည်း ဆက်ပြီးမြှင့်တက်နေပါတယ်။
လတ်တလော မုန်တိုင်းရိုက်ခတ်တဲ့ဒေသက လူသန်းပေါင်း၈.၂သန်းကျော်လျှပ်စစ်မီးမရဘဲ မြို့အတော်များများမှာလည်း
ရေလွှမ်းနေစဲ ဖြစ်ပါတယ်။ရာသီဥတုကြောင့် နယူးယောက် စတော့ဈေးကွက် ၂ ရက်ဆက်တိုက် ပိတ်တယ်ဆိုတာက လွန်ခဲ့တဲ့ နှစ်တရာကျော် ၁၈၈၈ ခုနှစ်က နောက်ဆုံး ဖြစ်ခဲ့ဖူးပါတယ်။ မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာတော့ ပုံမှန်အတိုင်း မနက် ၉ နာရီခွဲမှာ ပြန်ဖွင့်မယ်လို့ ကြေငြာထားပါတယ်
နူးယောက်ခ်မြေအောက်ရထားစနစ် နာလန်ထူနိုင်ရန် တစ်ပတ်ကျော်ကြာနိုင်

အဂ္ဂမဟာ စူပါမုန်တိုင်းကြီးဖြစ်သည့် ဟာရီကိန်း စန္ဒီ (Hurricane Sandy) နူးယောက်ခ်မြို့ကို ကျော်ဖြတ်၍ နိဂုံးခပတ် အဆုံးသတ် သွားခဲ့သော်လည်း ယခုအခါ မုန်တိုင်း၏ နောက်ဆက်တွဲ အနေဖြင့် နူးယောက်ခ်၏ လမ်းပန်းဆက်သွယ်ရေး မြေအောက်ရထားစနစ် (Subway) ရပ်တန့်သွားခဲ့ရပြီး နူးယောက်ခ်မြို့ကြီး ဒုက္ခိတ ဖြစ်ခြင်းတည်း ဟူသော အကျိုးဆက်ကို ထားရစ်ခဲ့ပါတယ်။ ဒီလို ရပ်တန့်သွားမှုကို ပြန်လည် ထူထောင်ပြီး နာလည်ထူလာနိုင်ဖို့ ရက်သတ္တပတ် တစ်ပတ်ကျော်ကြာနိုင် သလို ကုန်ကျစရိတ်အားဖြင့် အမေရိ ကန်ဒေါ်လာ လီလျံချီပြီး ကုန် ကျနိုင်ကြောင်း Bloomberg သတင်းဌာနက ခန့်မှန်းထားပါတယ်။

ယမန်နေ့က လေပြင်းတိုက်ခတ် မြစ်ရေတက်မှုတွင် MTA ၏ မြေအောက် ဥမင်လိုဏ်ခေါင်း ၇ ခု ရေများပြည့်လျှံသွား ခဲ့ရပြီး၊ နေ့ စဉ် နူးယောက်ခ်သူ/ သား ၈.၇ သန်းကျော်တို့ အသုံးပြုနေတဲ့ မြေအောက်ရထားစနစ် ရပ်တန့် သွားခဲ့မှုကြောင့် ၎င်းစနစ်ကို အသုံးပြုပြီး ရုန်းကန်လှုပ်ရှားနေကြရတဲ့ ဆက်စပ်လုပ်ငန်းများ ရပ်တန့်သွားခဲ့ရပါတယ်။ "အချိန်သည် ငွေ၊ ငွေသည် အချိန်" လို့ ဆိုတဲ့အတိုင်း ၎င်းစနစ် နာလန်ထူထောင်နိ

ုင်ဖို့ တစ်ပတ်ကျော် ကြာနိုင်မယ်လို့ ခန့်မှန်းထားပြီး ဘီလျံချီ ကုန်ချနိုင်တာမို့၊ သူ့ကို အမှီသဟဲပြု တဲ့ စီးပွားရေးလုပ်ငန်းများဟာလည်း ရှုံးငွေ တစ်နေ့ကို ဘီလျံနဲ့ ချီပြီး ရှိနိုင်ပြန် ပါတယ်။
လူဦးရေ ၅ သန်းကျော် အသုံးပြုနေတဲ့ နယူးယောက်မြို့ရဲ့ရထားခရီးစဉ်တွေ
လုံးဝရပ်တန့်သွားပါတယ်။ ဒါကလည်း ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးတဲ့ အခြေအနေတရပ်ပါ။ ဘယ်လောက်ကြာမှ ပုံမှန်အတိုင်းပြန်လည် ပြေးဆွဲနိုင်မယ် ဆိုတာ ဘယ်သူမှ မပြောနိုင်သေးပါဘူး။ နယူးယောက်မြို့နဲ့ ၀န်းကျင်မှာ လျှပ်စစ်မီးပြန်ရဖို့ တပတ်လောက် အချိန်ယူရမယ်လို့ လျှပ်စစ်ကုမ္မဏီက ပြောပါတယ်။

မုန်တိုင်းကြောင့် နေအိမ်အဆောက်အဦ ပျက်စီးမှုတန်ဖိုး ဒေါ်လာ ၂၀ ဘီလီယံ၊ စီးပွားရေး လုပ်ငန်းတွေမှာ ပျက်စီးဆုံးရှုံးမှု တန်ဖိုး ဒေါ်လာ ၁၀ ကနေ ၃၀ ဘီလီယံ လို့ ခန့်မှန်းပါတယ်။ အမေရိကန်သမိုင်းမှာ သဘာဝဘေးဒဏ်ကြောင့် တန်ဖိုးအကြီးဆုံး ပျက်စီးဆုံးရှုံးမှုလို့ ပြောနိုင်ပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment