RADIO

What is current song?

RSS

*** သိကောင်းစရာ ကျင့်ဝတ်များ ***

*** သိကောင်းစရာ ကျင့်ဝတ်များ ***

မိဘကျင့်ဝတ်
မကောင်းမြစ်တာ … ကောင်းရာညွှန်လတ်
အတတ်သင်စေ …    ပေးဝေနှီးရင်း 
ထိမ်မြားခင်းလျှင် … ၀တ်ငါးအင်
ဖခင်မိတို့တာ။

သားသမီးကျင့်ဝတ်
ကျွေးမွေးမပျက် … ဆောင်ရွက်စီမံ
မွေခံထိုက်စေ … လှူမျှဝေ၍
စောင့်လေမျိုးနွယ် … ၀တ်ငါးသွယ်
ကျင့်ဖွယ်သားတို့သာ။

ဆရာကျင့်ဝတ်
အတတ်လည်းသင် … ပဲ့ပြင်ဆုံးမ
သိပ္ပမချန် … ဘေးရန်ဆီးကာ
သင့်ရာအပ်ပို့ … ဆရာတို့
ကျင့်ဖို့ဝတ်ငါးဖြာ။

တပည့်ကျင့်ဝတ်
ညီညာထကြွ … ဆုံးမနာယူ
လာမူကြိုဆီး … ထံနီးလုပ်ကျွေး
သင်တွေးအံရွတ် … တပည့်ဝတ်
မချွတ်ငါးခုသာ။

လင့်ကျင့်ဝတ်
မထီမဲ့ကင်း … အပ်နှင်းဥစ္စာ
မိစ္ဆာမမှား … ၀တ်စားဆင်ယင်
မြတ်နိုးကြင်… ငါးအင်လင်ကျင့်ရာ။

မယားကျင့်ဝတ်
အိမ်တွင်းမှုလုပ် … သိမ်းထုပ်သေချာ
မိစ္ဆာကြဉ်ရှောင် … လျော်အောင်ဖြန့်ချိ
ပျင်းရိမမှု … ၀တ်ငါးဆူ
အိမ်သူကျင့်အပ်စွာ။

ကြီးသူကျင့်ဝတ်
ထကြွ နိုးကြား … သနား သီးခံ
ဝေဖန်ထောက်ရှု … ဤခြောက်ခု
ကြီးသူကျင့်ဝတ်သာ။

ရဟန်းဝတ္တရား
မကောင်းမြစ်တာ … ကောင်းရာကိုလှစ်
အသစ်ဟောကျူး … နာဖူးထပ်မံ
နတ်ထံတင်ရာ … မေတ္တာလည်းပြု
ရဟန်းမှု … ခြောက်ခုလွန်သေချာ။

ဒါယကာဝတ္တရား
မေတ္တာစိတ်သက် … ဆောင်ရွက်ချစ်ခင်
ခင်မင်နှုတ်ချို … လိုလျှင်ဖိတ်ထား
တတ်အားလှူစေ … ငါးခုနေ
ပြုလေဒါယကာ။

မိတ်ဆွေဝတ္တရား
ပေးကမ်းချီးမြှင့် … ကိုယ်နှင့်ယှဉ်ထား
စီးပွားဆောင်ရွက် … နှုတ်မြွက်ချိုသာ
သစ္စာမှန်စေ … ၀တ်ငါးထွေ
ကျင်လေမိတ်သဟာ။

မင်းကျင့်တရား ၁၀ ပါး
 ၁။ ဒါနံ        = ပေးလှူခြင်း
 ၂။ သီလံ     = ငါးပါးသီလနှင့်ပြည့်စုံခြင်း
 ၃။ ပရိစ္စာဂ   = အမှုထမ်းတို့အားရိက္ခာပေးကမ်းခြင်း
 ၄။ အဇ္ဖ၀ံ      = ရိုးသားဖြောင့်မတ်ခြင်း
 ၅။ မဒ္ဒ၀ံ        = သာယာနူးညံ့စွာပြောဆိုကျင့်ကြံခြင်း
 ၆။ တပံ         = အကျင့်သီလတို့ကိုခြိုးခြံစွာစောင့်ထိန်းခြင်း
 ၇။ အကောဓံ  = အမျက်မထွက်ခြင်း
 ဂ။ အ၀ိဟိံသံ = မနှိပ်စက်ခြင်း
 ၉။ ခန္တီ          = သည်းခံခြင်း
၁၀။ အ၀ိရောဓနံ= ပြည်သူတို့သဘောနှင့်မဆန့်ကျင်ခြင်း

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment