RADIO

What is current song?

RSS

ရဲတပ်ဖွဲ့ ဝင်များ၏ လူမဆန်စွာရိုက်နှက်မှုကြောင့် ကလေးငယ်တစ်ဦး ဆေးရုံတင်ရခြင်း


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ၊ ဥဿာမြို့ ( ၄ ) ရပ်ကွက်ရှိ အသက် ( ၁၄ ) နှစ်အရွယ်ရှိ မောင်မင်းထက်အောင်အား ရဲတပ်ဖွဲ့ ဝင်များက လူမဆန်စွာ ရိုက်နှက်စစ်ဆေးခဲ့သည့်အတွက် အောက်တိုဘာလ ( ၁ဝ ) ရက်နေ့ တွင် ပဲခူးမြို့ အထွေထွေပြည်သူ့ ဆေးရုံကြီးသို့ တင်ထားရကြောင်း သိရှိရသည်။
မောင်မင်းထက်အောင်သည် မိခင်ဖြစ်သူနှင့်အတူ နေထိုင်ပြီး ပဲခူးမြို့ မဟာမြိုင်လမ်းရှိ အဆွေတော်ကား/ဆိုင်ကယ် ရေဆေးဆီထိုး အလုပ်ရုံတွင် အလုပ်လုပ်နေသော ကလေးငယ်တစ်ဦး ဖြစ်ပါသည်။ အောက်တိုဘာလ ( ၉ ) ရက်နေ့ ည ( ၁ဝ ) နာရီခန့် တွင် မောင်မင်းထက်အောင်အား ငွေကျပ် ( ၄ဝဝဝဝဝ ) ခိုးယူကြောင်း အလုပ်ရှင်၏ စွပ်စွဲချက်ဖြင့် ပဲခူးမြို့ ၊ အမှတ် ( ၃ ) ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးနှင့် ရဲတပ်ဖွဲ့ ( ၂ ) ဦးတို့ မှ လူမဆန်စွာ ရိုက်နှက်စစ်ခဲ့တာ ဖြစ်ပါတယ်။
ငယ်ရွယ်သော ကလေးငယ်တစ်ဦးအား ည ( ၁၂ ) နာရီမှ နံနက် ( မိုးလင်း ) သည့်အထိ နည်းမျိုးစုံဖြင့် ရိုက်နှက်စစ်ဆေးခဲ့ရာ ကလေးငယ်မှာ လမ်းမလျှောက်နိုင်သည့် အခြေအနေသို့ ရောက်ခဲ့ရပါသည်။
ပျောက်ဆုံးသွားသော ငွေကျပ် ( ၄ဝဝဝဝဝ ) ကို မောင်မင်းထက်အောင်မှ ခိုးယူခဲ့ခြင်းမဟုတ်ပါ။ အလုပ်ရှင်မှာ အထားမှားပြီး အမှုဖွင့် စွပ်စွဲခဲ့ခြင်းသာ ဖြစ်သည့်အတွက် အောက်တိုဘာလ ( ၁ဝ ) ရက်နေ့ တွင် အမှုပြန်ပိတ်လိုက်ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့် ပက်သက်ပြီး မောင်မင်းထက်အောင်အား ဆေးရုံတွင်သွားရောက်မေးမြန်းခဲ့ရာ “ သားသူတို့ ပြောသလို ပိုက်ဆံခိုးခဲ့တာ မဟုတ်ပါဘူး၊ အဲ့ဒီမှာ အလုပ်လုပ်တာ ( ၁ ) လပဲရှိသေးတယ်၊ အလုပ်ရှင်နာမည်တွေတောင် ယခုအချိန်ထိ မသိသေးဘူး၊ နံနက် ( ၈ ) နာရီခွဲ အလုပ်ဝင်တယ်၊ ညနေ ( ၅ ) နာရီ အိမ်ပြန်တယ်၊ အဲ့တာပုံမှန်ပါပဲ၊ ညကျတော့ သားဆီကို အလုပ်ရှင်လိုက်လာတယ်၊ သားက ဘာဖြစ်လို့ လဲမေးတော့ မင်းလုပ်တာ မင်းသိမှာပေါ့ဆိုပြီး ရဲစခန်းကို ခေါ်သွားတယ်၊ ရဲစခန်းရောက်တဲ့အခါ တာဝန်ကျအရာရှိနှင့် ရဲတပ်ဖွဲ့ ဝင် ( ၂ ) ဦးမှ ရိုက်နှက်စစ်ဆေးတယ်၊ လက်ကို လက်ထိပ်ခတ်၊ ခြေထောက်ကို ဆင်းခိုင်း၊ နံပါတ်တုတ်နဲ့ လှိမ့်တယ်၊ လူတစ်ကိုယ်လုံး တက်နင်းပြီး လှိမ့်တာ၊ ကျောကုန်းနဲ့ နံရိုးတွေကို နံပါတ်တုတ်နဲ့ ရိုက်တယ်၊ သားလည်းမခံနိုင်လို့ အကျယ်ကြီးအော်ငိုတယ်၊ ရဲတွေက သားပါးစပ်ထဲကို အဝတ်စုတ် ထိုးထည့်တယ်၊ လည်ချောင်းထဲ အထိရောက်တယ်၊ သားအသက်ရူတောင် မဝဘူး၊ သူတို့ သားကိုစစ်တာ ည ( ၂ ) နာရီမှာ အမေသားကို လာခေါ်တော့ သားလမ်းမလျှောက်နိုင်တော့ဘူး၊ ဆိုက္ကာနဲ့ အိမ်ကို ပြန်လိုက်သွားရတယ်၊ အိမ်ရောက်တော့ သား မသက်သာလို့ ဆေးရုံတက်ရသည့် အဖြစ်မျိုး ရောက်ရှိခဲ့ရပါသည် ” ဟုပြောကြားပါသည်။
သားဖြစ်သူ မောင်မင်းထက်အား လူမဆန်စွာ ရိုက်နှက်ခဲ့သည့် ရဲအရာရှိနှင့် ရဲအဖွဲ့ ဝင် ( ၂ ) ဦးအား ထိရောက်စွာ အရေးယူပေးရန် အောက်တိုဘာလ ( ၁၁ ) ရက်နေ့ တွင် ဖခင်ဖြစ်သူ ဦးလှမင်းမှ ပဲခူးတိုင်းရဲတပ်ဖွဲ့ မှူးရုံးနှင့် ပဲခူးခရိုင် ရဲတပ်ဖွဲ့ မှူးရုံးသို့ တိုင်စာပေးပို့ ခဲ့ကြောင်း စုံစမ်းသိရှိရပါသည်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment