RADIO

What is current song?

RSS

ပါးစပ်မစိနိုင်စေသောဟာသများ

အလိုက်မသိတဲ့ဂျပန်
................................
အနုတ် ၁၀၀၀ ဒီဂရီ စင်တီဂရိတ် အထိ အအေးဓါတ်ပေးနိုင်သော ရေခဲသေတ္တာ တမျိုးကို ဂျပန်တို့က တီထွင်လိုက်ကြသည်။

ဤ ရေခဲသေတ္တာ အထဲတွင် အကြာဆုံးနေနိုင်သူအား တိုရှီဘာ ကုပ္မဏီ ကို အလကားပေးမယ်ဟု ကြောငြာလိုက်၏။

ပထမဆုံးပြင်သစ်က မိမိအရင်ဝင်ထိုင်မည်ဟုပြော၏။

အမျိုးသမီးတဦးနဲ့ အရက် တစ်သေတ္တာ ပေးရန်လည်းတောင်းဆို၏။ဂျပန်တို့ ကလည်းခွင့်ပြု၍ ပြင်သစ်လဲဝင်ထိုင်လိုက်၏။

အနုတ် ၂၀၀ ဒီဂရီတွင် တစ်မိနစ်မျှအောင် ပင် မထိုင်နိုင်ပဲပြန်ထွက်လာ၏။

နောက် ရှရုားလူမျိုးမှ လည်း ဗော်လ်ကာ အရက် နှင့်သိုး.ကင်တခု ယူဆောင်ကာ ၀င်ထိုင်လိုက်၏။

အနုတ်ဒီဂရီ ၃၀၀ ခန့်တွင် ရှရုားလူမျိုးလည်း မခံနိုင်တော့ပဲ ချက်ချင်းဆိုသလို အော်ဟစ်ပီး ထွက်လာပြန်၏။

တိုအခါ မြန်မာ ကိုယ်စားလှယ်မှ မြန်မာ့ဆက်သွယ်ရေးမှရောင်းချပေးသောအင်တာနက်ဖုန်းတလုံးနှင့်လက်တော့ တစ်လုံးကိုကိုင်ကာ မိမိ ၀င်ထိုင်မည်ဟုပြော၏။

ဂျပန်တို့က လည်း အရက်ကောယူဦးမလားဟုမေး၏။

မြန်မာက.....နိုး။......ဟုပြောကာရေခဲသေတ္တာ ထဲဝင်ထိုင်လိုက်လေ၏။

အအေးဓါတ်ကို အနုတ် ၁၀၀၀ ဒီဂရီ စင်တီဂရိတ် အထိနှိမ့်ချလိုက်သည်။

၁-နာရီကြာသွား၏။မြန်မာကားထွက်မလာ။သို့နှင့် ဂျပန်အချင်း၂ ပြောကြ၏။

" ဒီမြန်မာတော့ ရေခဲပီး သေနေလောက်ပီ ထင်တယ်။တံခါးဖွင့်ပီး သူ့ကို ထုတ်ကြရအောင်ဟေ့..." ..လို့ဆိုပီးဂျပန်တယောက်မှတံခါးကို ဖွင့်လိုက်လေ၏။

ထိုအခါ ချွှေးတလုံး၂ ဖြင့် ရေခဲသေတ္တာ အတွင်းမှ ထွက်လာသောမြန်မာက ဂျပန်၏ ခေါင်းကို တယ်လီဖုန်းဖြင့်ထုလိုက်၏။

နုတ်မှလည်း......

" အင်တာနက်လိုင်းမမိလို့ ချွှေးပြန်နေရတဲ့ကြားထဲ ဒီကောင်က တံခါးကို လာဖွင့်နေရသေးတယ်။အလိုက်ကန်းဆိုးလုံးဝ မသိတဲ့ အကောင်တဲ့..."
.......................................................................။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။................။။။။။။။။။။.။။။။။။။။။။.။။။။။။။။။။။။။။။။။။............
သိုင်းပြိုင်ပွဲ
..................
ဗမာသိုင်းသမားတစ်ယောက် ညနေခင်းနေ၀င်ချိန်တောင်ခြေတွင် တစ်ဦးတည်းသိုင်းကျင့်နေစဉ်-

ဘယ်ကရောက်လာမှန်းမသိသော တရုတ်သိုင်းသမားတစ်ယောက် ရောက်လာပြီး ဗမာသိုင်းသမားအား လာရောက်စိန်ခေါ်သည်

တရုတ်။ ။ဟေ့ ဗမာ မင်းနဲ့သိုင်းပြိုင်ချင်လို့ ။

ဗမာ ။ ။ ရပါတယ်၊ဘယ်လိုပြိုင်ချင်သလဲ။

တရုတ်သိုင်းသမားကအသင့်ပါလာသောမှင်အိုးကိုထုတ်လိုက်သည်။

မှင်အိုးထဲသို့လက်ညိုးနှင့်မှင်ဆွတ်လိုက်ပြီး--အဝေးမှပြေးလာကာကောင်းကင်ပေါ်ခုန်လိုက်ပြီးလက်ကိုလေထဲဝှေ့ရမ်းကာ ညင်ညင်သာသာပြန်ကျလာသည်-

ကောင်းကင်ပေါ်ကြည့်လိုက်တော့--ရှောင်လင်ကျော်ကြားတရုတ်ပြည်ကသိုင်းသမား--ဟူသောစာကြောင်းမှာ ဖြေးညှင်းစွာ ကျလာလေသည်။

တရုတ် ။ ။ကဲမြင်လား၊အခုမင်းအလှည့်။

ဗမာ ။ ။ရပါတယ် ။

ပြောပြောဆိုဆိုမှင်အိုးကိုမြေပြင်ပေါ်မှောက်ချလိုက်ပြီး၊သူဝတ်ထားသောပုဆိုးကိုချွှတ်ကာ မှင်ကွက်ပေါ်တက်ထိုင်လိုက်သည်။

ပြီးနောက် အဝေးမှပြေးလာကာလေထဲတွင်တစ်ပါတ်ကျွှမ်းထိုးပြီးထိုင်ချလိုက်သည်။

ဗမာ ။ ။ပြီးပြီ ။

တရုတ်သိုင်းသမားကခေါင်းတစ်ပတ်လည်လေထဲဝှေ့ရမ်းပြီးလိုက်ရှာသည် ။ကောင်းကင် တွင် ဘာမှမတွေ့ ။

တရုတ်။ ။ဘယ်မှာလဲ မင်းဘာလုပ်လိုက်တာလဲ။

ဗမာသိုင်းသမားထရပ်လိုက်ပြီး မြေကြီးကိုလက်ညိုးထိုးပြလိုက်သည်။

ဖင်ကွက်ရာမှင်ကျန်ရစ်သည်။

အောက်မှာကြည့်လိုက်စမ်း။ လိပ်ပြာပုံလေ ။

ဟဲဟဲဟဲ---ဒါတောင်ယောင်္ကျားမို့လို့ ၊မိန်းမဆိုရင်လိပ်ပြာအငယ်တစ်ကောင်အပိုပါသေးတယ်ကွ၊ ဟဲဟဲဟဲ...မင်းရှုံးပြီ ၊...တရုတ်....

.....................................။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။...............................................။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သူရဲကောင်းရွေးခြယ်ပွဲ.......
....................................
တစ်ခါကဘုရင်ကြီးတစ်ပါးသည် နိုင်ငံ အတွင်းတွင် သူရဲကောင်းရွေးခြယ်
ပြီးသူကောင်းပြုရန်အတွက် အကြံရလေသည်။ သူသည် သူ၏ဖောင်တော်ကို
မိချောင်းများ မွေးမြူထားသော ရေကန်၏အလယ်တွင် ကျောက်ချစေပြီး
မူးမတ်များကို ဤသို့ကြေငြာစေသည်။
“တိုင်းသူပြည်သားများ ခင်ဗျား ဘုန်းကံ ကြီးမြတ်သော ရွှေနန်းရှင်
၏သူရဲကောင်းရွှေးခြယ် ပွဲကြီး စတင်ပါမည်ခင်ဗျား မိချောင်းများကို
တိုက်ခိုက်၍ ဤရေကန်ကို ကူးခတ်လာနိုင်သူအား ဘုရင်မင်းမြတ် ကြီးမှ
ဆုတော်လာဘ်တော်များ ပေးသနားပြီး သူရဲကောင်းအဖြစ် ချီးမြောက်မည်ဖြစ်ပါသည်။
ပြိုင်ပွဲ စပါပြီခင်ဗျား။ “
ပရိတ်သတ် များသည်ကမ်းလုံးပြည့်မျှစည် ကားလှ၏။ အမတ်ကြီးက
ထိုသို့ကြေငြာလိုက်သော်လည်း ပရိတ်သတ်ကြီးက တုတ်တုတ်မျှမလှုပ်။ မည်သူမှ
ရေထဲ မဆင်းရဲပဲ ငြိမ်သက်နေကြသည်။ အတန်ကြာ တော့ ဘုရင်ကြီးဒေါသထွက်လာသည်။
ငါကိုယ်တော်ရဲ့တိုင်း ပြည်ထဲမှ ရဲစွမ်းသတ္တိရှိတဲ့သူ မရှိတော့ ဘူး လားဟု
မူးမတ်များကို မေးသည်။ တစ်ခဏနေ သော် ရေထဲသို့ လူတစ်ယောက် ဗွမ်းခနဲ့
ခုန်ချ သွား သည်။ မိချောင်းများက သူ့ထံသို့ စုပြုံ လိုက်ကြလေသည်။
ထိုသူသည် မိချောင်းများကို ရှောင်တိမ်း ရင်း ဖောင်ဆီသို့
ရောက်အောင်ကြိုးပမ်းလေ၏။ ပရိတ်သတ်ကြီး လည်း အသက်ပင် မရှုနိုင်ပဲ သည်းထိတ်
ရင်ဖို စွာ ကြည့်ရှု့ကြလေသည်။ နောက်ဆုံးတွင် ထိုသူသည် ဖောင်တော်ဆီ သို့
အောင်မြင်စွာ ရောက်ရှိလေ သည်။ ထိုအခါ ဘုရင်ကြီးက အားရတော်မူပြီး
ရွေဓါးဆုကို ချီးမြင့်လေသည်။ မူးမတ်များ က ချီးကျူး စကား ဆိုကြ၏။
ပရိတ်သတ်များကလည်း သောင်းသောင်းဖျဖျ လက်ခုပ်တီး သြဘာပေး ကြလေသည်။
ထို့နောက် ပရိတ်သတ်များ ငြိမ်သက်စေရန် အမတ်ချုပ်ကြီးက လက်ကာပြလိုက်ပြီး
သူရဲကောင်းကြီးအား “သူရဲကောင်းကြီး အနေနဲ့ ပရိတ်သတ်ကြီးကို
ဘာများပြောချင်ပါသေးသလဲခင်ဗျာ“ မေးလိုက်ရာ သူရဲ ကောင်းကြီးမှ
ပရိတ်သတ်ကြီးဖက်ကို လှည့်လိုက်ပြီး.........
“ဘယ် မအေ..... ငါ့ကိုတွန်းချတာလဲကွ“ ဟူ၏။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment