RADIO
What is current song?
RSS
သင့်နှလုံးကို ကယ်တင်ပေးမည့် အစားအစားများ
                                      (၁) လက်ဆက်သော ဆေးဖက်ဝင်အပင်များ
  ဟင်းခတ်အမွှေးအကြိုင်အဖြစ်သုံးစွဲနိုင်သော ဆေးဖက်ဝင်အပင်များ (Rosemary,  Sage ,Oregano, Thyme) ကို ဆား အဆီနှင့် ကိုလက်စထရောတို့နေရာတွင် အစားထိုးအသုံးပြုနိုင်လျှင် နှလုံးကို ကျန်းမာစေနိုင်မည်ဖြစ်ပါသည်။ အစားအစာများကို ပိုမိုစွဲမက်စေပြီး အနံ့အရသာနှင့်ပြည့်စုံစေရုံသာမက နှလုံးရောဂါ လေဖြတ်ခြင်း၊ သွေးတိုးရောဂါနှင့်ကိုလက်စထရောများခြင်းနှင့် ဆီးချိုသွေးချိုရောဂါတို့ကိုလည်း ကာကွယ်ပေးနိုင်ပါသည်။ အဆိုပါဆေးဖက်ဝင်အပင်များတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာ ပါဝင်ကြပါသည်။
                                          (၂) ပဲတောင့်များ
  အမည်းရောင်ပဲတောင့်များတွင် နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမည့် အဟာရများပါဝင်သည်။ဖောလိတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် မဂ္ဂနီဆီယမ်တို့သည် သွေးဖိအားကျစေနိုင်သည်။ အမျှင်ဓာတ်ပါဝင်သဖြင့် သွေးတွင်းရှိ ကိုလက်စထရောဓာတ် ကျစေနိုင်ပြီး သကြားဓာတ်ပါဝင်မူကို မျှတစေသည်။
                                         (၃) ၀ိုင်အနီ
                                     (၄) ငါးသတ္တောငါး
   ငါးသေတ္တာငါးကို စူပါအစားအစာ (Super Food)အဖြစ်ပင် သတ်မှတ်ထားသည်။ အိုမီဂါ -၃ ဖက်တီးအက်စစ်များ ကြွယ်ဝစွာ ပါဝင်သည်။ နှလုံးခုန်နရီစည်းဝါး မှန်ကန်စေမူကို အထောက်အကူဖြစ်စေသည်။ နှလုံးရောဂါကြောင့် သေဆုံးမှုကိုနည်းပါးစေသည်။ သွေးဠ် ထရိုဂလစ်စရိုဒ် အဆီဓာတ်ကိုကျစေသည်။ ရောင်ရမ်းမူကို ကာကွယ်ပေးသည်။ တစ်ပတ်လျှင် နှစ်ကြိမ်စားသုံးသင့်ပါသည်။
                                (၅) ကျူနာငါး
   ကျူနာငါး (Tuna) တွင်လည်း အိုမီဂါ -၃ ဖက်တီးအက်စစ်များ ပါဝင်ကြသည်။ အဖြူရောင် ကျူနာငါး (white Tuna) တွင် အိုမီဂါ-၃ ဖက်တီးအက်စစ် ပိုမိုပါဝင်ကြောင်းတွေ့ရသည်။ အခြားသော အဆီများသည့် ပင်လယ်ငါးများတွင်လည်း အိုမီဂါ-၃ ဖက်တီးအက်စစ်များ ကြွယ်ဝစွာပါဝင်ကြောင်းတွေ့ရပါသည်။
                           (၆) သံလွင်ဆီစစ်စစ်
   သံလွင်ဆီတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ( ပေါ်လီဖီနောလ် Polyphenols) နှင့် မပြည့်ဝဆီများ ပါဝင်ပါသည်။ သံလွင်ဆီ စားသုံးခြင်းဖြင့် သွေးဋ္ဌ် ကိုလက်စထရောဓာတ် လျှော့နည်းသွားစေသည်။ ပေါ်လီဖီနောလ်သည် သွေးကြောများကို ကာကွယ်မူပေးပါသည်။
                       (၇) သစ်ကြားသီး
    လက်တစ်ခုပ်စာ (၁.၅ အောင်စ) သစ်ကြားသီးကို နေ့စဉ်စားသုံးလျှင် သွေးဠ်ကိုလက်စထရောပါဝင်မူလျှော့နည်းစေသည်။ နှလုံးသွေးကြောများရောင်ရမ်းမူကို လျှော့နည်းစေနိုင်ပါသည်။သစ်ကြားသီးတွင် အိုမီဂါ-၃ ဖက်တီးအက်စစ်များ၊ မပြည့်ဝဆီများနှင့် အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်ကြောင်း တွေ့ရပါသည်။ နှလုံးကျန်းမာရေး ကောင်းမွန်စေရန် စားသင့်သော အစားအစာတစ်မျိုးဖြစ်ပါသည်။
                  (၈) ဗာဒံစေ့များ
     ဗာဒံစေ့များကို ဟင်းသီးဟင်းရွတ်များ ငါးများ၊ ကြက်သားနှင့် ရောနှောပြုပြင်ပြီး စားနိုင်ပါသည်။ဗာဒံစေ့လက်တစ်စုပ်စာ စားလျှင် နှလုံးကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါသည်။ ဗာဒံစေ့များတွင် ဗီတာမင်အီး၊ စတီရောဓာတ်ပေါင်းများ၊ အမျှင်ဓာတ်များနှင့် မပြည့်ဝဆီများ ပါဝင်သည်။ သွေးဠ် ကိုလက်စထရောပါဝင်မူကို လျှော့နည်းစေသည်။ မကောင်းသော ကိုလက်စထရော LDL ပါဝင်မူကိုလည်း ကျဆင်းစေသည်။ သွေးချို ဆီးချိုရောဂါဖြစ်ပွါးမူကိုလည်း လျှော့နည်းစေနိုင်ပါသည်။
              (၉) ပဲပုပ်စေ့များ
     ပဲပုပ်စေံများသည် နှလုံးအပါအ၀င် ခန္ဓာကိုယ်တစ်ခုလုံး၏ ကျန်းမာရေးကို မြှင့်တင်ပေးနိုင်သည်။ ပဲပုပ်စေ့နှင့်ပြုလုပ်ထားသော အစားအစာများသည် အရသာရှိသောကြောင့် စားသုံးသူများ နှစ်သက်သော အစားအစာဖြစ်ကြောင်း တွေ့ရပါသည်။ ပဲပုပ်စေ့တွင် ပရိုတင်းဓာတ်ကြွယ်ဝစွာပါပြီး၊ သွေးတွင် ထ၇ိုင်ဂလစ်စရိုက်ပါဝင်မူကို လျော့ကျစေနိုင်ပါသည်။ အမျှင်ဓာတ်များလည်း ပါဝင်ကြောင်း တွေ့ရပါသည်။
          (၁၀) ပဲပြား
    ပဲပုပ်စေ့ဖြင့်ပြုလုပ်သော ပဲပြားသည် လူအများနှစ်သက်သော အစားအစာတစ်မျိုးဖြစ်ပြီး၊ နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်သည်။ အသားများမစားသုံးဘဲ ပဲပြားစားသုံးခြင်းဖြင့် ပရိုတင်းဓာတ်များ လုံလောက်စွာ ရရှိနိုင်သည်။ သတ္တုဓာတ်များ၊ အမျှင်များနှင့် မပြည့်ဝသော အဆီများ ပါဝင်သဖြင့် သွေးကြောများအတွင်း အဆီခဲပိတ်ဆို့မူမှ ကာကွယ်နိုင်ပါသည်။
                                                                                ကောက်နုတ်ချက် ဒေါက်တာအေးကျော် (ဇီဝမ္မဗေဒ)
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
0 comments:
Post a Comment