RADIO
What is current song?
RSS
ဟာသလေးတွေးပါ.၊၊၊၊
ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစနော်....
ရေရဲ့ဖော်မြူလာ
ဆရာ ။ ။ ရေရဲ့ ဖော်မြူလာ ဘာလဲ။
ဂျင်မီ ။ ။ H,I,J,K,L,M,N,O
ဆရာ ။ ။ ဒါဆရာပြောခဲ့တဲ့ ရေရဲ့ ဖော်မြူလာ မဟုတ်ပါဘူး။
ဂျင်မီ ။ ။ ဆရာပဲ H to O ဆို။
မီးမီးကြောက်တယ်
ဆူဆီလေးက သူ့အမေကိုသူတို့ အိမ်သစ်မှာမနေချင်ဘူးလို့ပြောပါတယ်။ ဒါနဲ့အမေက ဘာကြောင့်မနေချင်တာလဲမေးတော့
"ဘေးအိမ်က အဘွား ကြီးက တစ်နေကုန်အော်ငိုနေတယ်။ မျက်နှာချင်းဆိုင်တိုက်က အန်တီကလည်း တစ်ချိန်လုံး ကြမ်းပြင်မှာကပ်ပြီး ညည်းနေတယ်။ သူ့သားဆိုရင် နံရံကို ခေါင်းနဲ့ဆောင့်နေတာ အကြိမ်ကြိမ်ပဲ။ လူထူးလူဆန်းတွေ မေမေရယ် ... မီးမီးကြောက်တယ်" တဲ့။
ဒါနဲ့ဆူဆီ့မေမေက သူတို့တစ်တွေကို သွားမကြည့်ဖို့ပြောတော့ ဆူဆီပြန် ပြောတာက "မီးမီးက သူတို့ကို အမြဲကြည့်နေတာမဟုတ်ပါဘူး။ မီးမီး
ဘာသာတစ်နေကုန် လင်းကွင်း တီးပြီး ဗုံပဲတီးနေတာပါ မေမေရဲ့” တဲ့
ပစ်တာလည်းပစ်ပေါ့ နဲနဲတော့သတိထား
မြို့ မှာ တက္ကသိုလ်သွားတက်တဲ့သားပြန်လာတော့ တောမှာနေတဲ့
အဖေက(ရိုးရိုးအအ)ဒီလိုပြောတယ်။
အဖေ။ ။ ။“ငါ့သား မြို့မှာကျောင်းသွားတက်တာ ပညာကိုကြိုးစားသင်နော်။
အပျော်အပါးတို့ လောင်းကစားတို့မလုပ်နဲ့ ကြားလား”
သား။ ။ “မလုပ်ပါဘူးအဖေရယ်။ တစ်ခါတစ်ရံပိုကာလေးဘာလေးတော့ ပစ်တာပေါ့။”
အဖေ။ ။ “အေး အေး။ ပိုကာပစ်ရင်လည်း သေချာကြည့်ပစ်။ မျက်စိမျက်နှာ မှန်ဦးမယ်။”
တိကျတယ်လေ
ဟိုတယ် -
ဧည့်ကြိုဝန်ထမ်းတွေကို မန်နေဂျာက မျက်စိလျင်ဖို့ တိကျဖို့ သွန်သင်ဆုံးမရင်း
“ဥပမာကွာ… ခရီးသည် တစ်ယောက်လာရင် သူ့ခရီးဆောင်အိတ်မှာ နာမည် ကပ်ထားတတ်တဲ့ ကတ်ပြားကိုဖတ်ပြီး မင်းတို့ နှုတ်ဆက်လို့ရတယ်။
ဟယ်လို မစ္စတာစမစ်.. ဘာညာပေါ့။
သူ့နာမည်ကို ကိုယ်က သတိပြုမိတယ်ဆိုတာသိရင် သူလည်း အံ့သြ ဝမ်းသာမှာပေါ့” လို့ဆိုတော့ ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ တိုနီက အသေအချာ မှတ်ထားပါတယ်။
ဒါနဲ့ နောက်နေ့ ဧည့်သည်လာတော့ ဧည့်သည်ရဲ့ ခရီးဆောင်အိတ်မှာ ကပ်ထားတဲ့ ကပ်ပြားကိုကြည့်ပြီး တိုနီက ဒီလိုနှုတ်ဆက်ပါတယ်။
“မင်္ဂလာပါ မစ္စသားရေအစစ် ကြိုဆိုပါတယ်”
တစ်ခါပဲ ခွင့်လွှတ်တယ်
ရသောလခကို ရေတွက်ကြည့်ရင်းက ကိုဘမောင် ငွေကိုင်စာရေးကို ပြောသည်။
“ကျွန်တော့်ကို ပေးတဲ့လခတစ်ထောင်တိတိ လျော့နေပါလားဗျ”
“ဟုတ်တယ်။ လွန်ခဲ့တဲ့လက ခင်ဗျားကို ကျွန်တော် တစ်ထောင်ပိုပေးခဲ့မိတယ်လေ၊ အဲ့ဒီတုံးက ခင်ဗျား ငြိမ်နေခဲ့တယ် မဟုတ်လား”
“ပထမအကြိမ်မှားတာပဲလေဆိုပြီး သည်းခံခဲ့တာဗျ၊ အခု ဒုတိယအကြိမ် မှားပြန်ပြီဆိုတော့ လွန်လွန်းတယ်ဗျာ”
ဒါတောင်အားမပါသေးဘူး
ကွန်ပျူတာ စာသင်ခန်းတစ်ခုတွင် သင်တန်းဆရာက မြန်မာစာလက်ကွက်ရိုက်နည်း စသင်မည့်နေ့တစ်နေ့တွင် ဖြစ်သည်။
“အားလုံးနားထောင်ပါ။ Microsoft Word ထဲမှာ မြန်မာစာရိုက်ဖို့ Font ပြောင်းပြီးရင် Caps Lock Key ကို ပိတ်ရိုက်ရမယ်။ ကဲ… စရအောင်”
ထိုအချိန်တွင် အခန်းနောက်ဆုံးတွင် ထိုင်နေသော ကျောင်းသားတစ်ယောက်ဆီမှ …
“ဖြောင်း” ဟူသော အသံတစ်ခုကြားလိုက်ရာ သင်တန်းဆရာက ထိတ်လန့်သောအသံဖြင့်…
“ဟေ့ ဟိုနောက်ဆုံးက ဘာဖြစ်တာလဲ”
ကျောင်းသားက ပြန်ပြောလိုက်တာကတော့…
“ဆရာက Caps Lock Key ကို ပိတ်ရိုက်ဆိုလို့ ရိုက်လိုက်တာပါ။ ဒါတောင် အားမပါသေးဘူး ဆရာ”
တို့မိသားစု
လူတယောက်က မိတ်ဆွေတဦးကို ရှင်းပြလိုက်၏။ “ငါတို့အိမ်ထောင်စုကတော့ နိုင်ငံတနိုင်ငံနဲ့ တူတယ်ကွ။ ငါ့ဇနီးက ဘဏ္ဍာရေးဝန်ကြီး၊ ငါ့ယောက္ခမကြီးက ကာကွယ်ရေးဝန်ကြီး၊ ငါ့သမီးက နိုင်ငံခြားရေးဝန်ကြီးကွ။”
မိတ်ဆွေဖြစ်သူက ပြောလိုက်သည်။ “စိတ်ဝင်စားစရာပဲကွ၊ ဒီတော့ မင်းက ဘယ်ရာထူးမှာလဲ။”
“ငါက ပြည်သူလူထုလေ။ သူတို့ကို ငါက တချိန်လုံးလုပ်ကျွေးနေရတာပေါ့ကွာ။”
အကြောက်ချင်းပြိုင်
“ ကျုပ်အိမ်ကခွေးကို ကြည့်လို့မရတော့ဘူးဗျာ...
ဘယ့်နှယ့်ဗျာ..တ့ခါးခေါက်သံကြားတယ်ဆိုရင်
ခုတင်အောက်ဝင်ပုန်းတော့တာပဲ.... ။.”
“ သူ့ခမျာ ကြောက်လို့ဖြစ်မှာပေါ့....၀င်ပုန်းပါစေပေါ့....”
“ ကုတင်အောက်မှာ ကျုပ်တို့နှစ်ယောက်ဆို ကျပ်တယ်ဗျ......”
အတူတူပဲ
အမေရိကန်စစ်သားတစ်ယောက်က အမောတကောထွက်ပြေးလာရင်း သီလရှင် တစ်ပါး ကိုတွေ့တယ်။
“ကျေးဇူးပြုပြီး ဆရာလေးရဲ့ စကပ်အောက်ထဲ ကျွန်တော့်ဝင်ပုန်းပါရစေ”
ပြောပြောဆိုဆိုနဲ့ စကပ်အတွင်းထဲ စစ်သားလေးဝင်ပုန်းတယ်။ သူ့နောက်လိုက်လာကြတဲ့ အခြားစစ်သားတွေ ကျော်ဖြတ်သွားမှ စကပ်အောက်က ပြန်ထွက်လာတယ်။
“ကျေးဇူးတင်ပါတယ် ဆရာလေးရယ်။ ကျွန်တော် အီရတ်စစ်ထဲမလိုက်ချင်လို့ပါ။”
လို့ စစ်သားလေးကပြောတယ်။ ပြီးတော့ အားတောင့်အားနာပုံနဲ့
“စိတ်တော့မရှိပါနဲ့နော်။ ဆရာလေးရဲ့ ခြေသလုံးတွေက အကြီးကြီးတွေနော်။ ခြေသလုံးမွှေး တွေလည်း အများကြီးပဲ”
လို့ ဆက်ပြောတယ်။ သီလရှင်က အခုလိုပြန်ပြောပါတယ်။
“အပေါ်မော့မကြည့်တာ တော်သေးတာပေါ့။ ကျုပ်လဲအီရတ်မသွားချင်ဘူးလေ။”
လက်ဆင့်ကမ်း
အတွင်းရေးမှူး။ ။ သူဌေး သူဌေးကတော်က သူဌေးကို မအားလဲနေပါတဲ့ ဖုန်းထဲက နမ်းမလို့တဲ့။
သူဌေး။ ။ အေး ..အေး..ငါ့မိန်းမ အနမ်း မင်းပဲ ခဏ လက်ခံထားလိုက်ပါ။ ပြီးမှ ငါ့ကို ပြန်ပေး။
သူဌေးနဲ့ ဒီဝန်ထမ်း(ဟာသ)
သူဌေး - "မင်းသုံးနေတဲ့ကွန်ပြူတာက ကုမ္ပဏီက ကွန်ပြူတာပါ။ ဒီကွန်ပြူတာမှာ မင်းရဲ့ကိုယ်ရေးကိုယ်တာတွေ မသိမ်းထားပါနဲ့။ မင်းမိန်းမဓာတ်ပုံ၊ မင်းကလေးဓာတ်ပုံတွေကိုလည်း မသိမ်းထားပါနဲ့။ ဒီဓာတ်ပုံတွေကြည့်ပြီး မင်းကောင်းကောင်း အလုပ်မလုပ်ဘူး"
ဝန်ထမ်း - "ဒီလိုဆိုရင် ကျွန်တော့်အိမ်ကကွန်ပြူတာနဲ့ ခင်ဗျားအလုပ်တွေကို မလုပ်ခိုင်းနဲ့။ မီတာအတက်တော့ ကျွန်တော်မခံဘူး။ ရုံးချိန်မဟုတ်တဲ့အချိန်မှာ ကျွန်တော်လက်ထိပ်တွေ ပိုလို့တောင် အပွန်းမခံနိုင်ဘူး"
သူဌေး - "ရုံးချိန်အတွင်း မင်းရဲ့ကိုယ်ပိုင်အလုပ်တွေကို မလုပ်ပါနဲ့။ ဥပမာ- လက်သည်းညှပ်တာတို့၊
ဆံပင်ဖြီးတာတို့... "
ဝန်ထမ်း - "ကျွန်တော်လည်း ခင်ဗျားကိုပြောချင်တယ်။ ရုံးချိန်အတွင်း ကျွန်တော်ဖြီးလိုက်တဲ့ဆံပင်၊ ညှပ်လိုက်တဲ့ လက်သည်းတွေဟာ ကျွန်တော်ရုံးတက်နေတုန်း ရှည်ထွက်လာတဲ့အရာတွေပါ"
သူဌေး - "ရုံးချိန်အတွင်း ရုံးဖုန်းကိုသုံးပြီး ကိုယ်ရေးကိုယ်တာ မပြောပါနဲ့"
ဝန်ထမ်း - "ဒီလိုဆိုရင် ကျွန်တော်အိမ်မှာ အနားယူနေတုန်း ခင်ဗျားဆက်လာတဲ့ဖုန်းကိုလည်း ကျွန်တော်မကိုင်ဘူး"
သူဌေး - "ကုမ္ပဏီက သုံးဖို့ပေးတဲ့ကားက ကုမ္ပဏီကိစ္စအတွက်သုံးဖို့ပဲ။ မင်းလျှောက်စီး၊ လျှောက်မောင်းဖို့မဟုတ်ဘူး"
ဝန်ထမ်း - "ဒီလိုဆိုရင် ကျွန်တော့်ကို ဖိနပ်အသစ်တရံပေးပါ။ ကုမ္ပဏီကားကို ဂီယာနင်းတဲ့အခါ ကျွန်တော့်ကိုယ်ပိုင်ဖိနပ်ပွန်းသွားမှာ စိုးလို့ပါ..."
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
0 comments:
Post a Comment