RADIO

What is current song?

RSS

=== ရယ်စရာရွှင်စရာ ဟာသစုံလင် ===

အကြောင်းအရင်း

*************
ပထဝီသင်နေချိန်တွင် ငိုက်နေသော မောင်မောင်အား...
ဆရာမ--- ဆောင်းတွင်းဆို ငှက်တွေဟာ ဘာဖြစ်လို့
             တောင်ပိုင်းကိုပျံကြတာလဲ မောင်မောင်
မောင်မောင်--- လမ်းလျှောက်သွားရင် ဝေးလို့ပါဆရာမ ........။
  အမှန်ဆုံးမဖြေ
*************
တတိယတန်း သမိုင်းသင်နေချိန်တွင် ...
ဆရာမ--- ပုဂံခေတ်က သူရဲကောင်းတွေအကြောင်း
             မင်းဘာသိလဲ မောင်ခွေး...
မောင်ခွေး--- ဟို.. ဟို.. သူတို့လုံး သေကုန်ကြပါပြီ ဆရာမ........။
  ကြော်ရမယ့် ဥနှင့် ပြုတ်ရမယ့် ဥ
************************
 ဇီဇာအလွန်ကြောင်းသော ယောက်ျားက ကြက်ဥကြော်ပေးသော သူ့မိန်းမကို ကြက်ဥပြုတ်
မဟုတ်ရကောင်းလားဟု အပြစ်တင်သည်။
 သို့နှင့် သူမိန်းမက နောက်တစ်နေ့တွင် ကြက်ဥပြုတ်ပေးရာ ကြက်ဥကြော်မဟုတ်ရကောင်း
လားဟု အပြစ်တင်ပြန်လေသည်။
 နောက်တစ်နေ့တွင် မိန်းမဖြစ်သူက ကြက်ဥကြော်ရော ကြာက်ဥပြုတ်ရော နှစ်မျိုးစလုံးစီမံ
ထားပေးရာ ယောက်ျားဖြစ်သူက သေချာစွာ စေ့စေ့စပ်စပ်ကြည့်လျှက်.
 “ မင်းနှယ့်ကွာ ကြော်ရမယ့်အလုံးကိုပြုတ်ထားပြီး ပြုတ်ရမယ်အလုံးကို ကြော်ထားရတယ်
လို့ ဟင်း......”
  စေ့စပ်သေချာသူ
***************
 ပထမတန်း သင်္ချာအပေါင်းလေ့ကျင့်ခန်း သင်နေချိန်တွင်...
ဆရာမ--- သမီးလေးဂျမ်းဂျမ်း ဒီကနေ့ ကြောင်ကလေး သုံးကောင်းပေးမယ် နောက်တစ်နေ့
             မှာ ကြောင်ကလေးငါးကောင်ထပ်ပေးမယ်ဆိုရင် သမီးမှာ စုစုပေါင်း ကြောင်ဘယ်
             ဘယ်နှစ်ကောင်ရှိမလဲ...
ဂျမ်းဂျမ်း--- ကိုးကောင်ရှိပါတယ်ဆရာမ ။
ဆရာမ--- သုံးကောင်းနဲ့ ငါးကောင်းပေါင်းတာ ဘယ်လိုလုပ် ကိုးကောင်းဖြစ်သွားရတာလဲ...
ဂျမ်းဂျမ်း--- ကျွန်မတို့အိမ်မှာ နဂိုကတည်းက တစ်ကောင်ရှိနေလို့ပါဆရာမ...........။
  အတူတူပဲ
***********
   သူငယ်ချင်းနှစ်ရောက် လဖက်ရေဆိုင်တွင် ထွေရာလေးပါးပြောဆိုလျှက်ရှိသည်...
တိုးတိုး--- မနေ့ညက အိမ်မက်မက်တာ စိတ်ညစ်စရာကောင်းလိုက်တာကွာ။ အပျိုချောလေး
            နှစ်ယောက်နဲ့ ငါနဲ့အတူတူ ပြေးလွှားဆော့ကစားကြ ရေးကူကြ မုန့်တွေစားကြနဲ့
             စိတ်ပျက်စရာပါကွာ...။
ကံကောင်း--- ဟကောင်ရ ဒီလောက်ပျော်စရာကောင်းတဲ့ အိပ်မက်ကို မင်းကဘာဖြစ်လို့
                  စိတ်ညစ်ရတာလဲ...။
တိုးတိုး--- အိပ်မက်ထဲမှာ ငါလည်း သူတို့လို မိန်းကလေးဖြစ်နေလို့ပေါ့ကွာ ဟိဟိ...။
  စာကျက်ပါတယ်
*****************
  အိမ်စာကျက်ခိုင်းလိုက်ရာ ကဗျာမရ၍ ကျောင်းသားလေး မောင်ခင်မောင်အဆူခံနေရသည်...။
ဆရာမထိုက်ထိုက်--- ကဲမောင်ခင်မောင် မင်းဘာဖြစ်လို့ ညကစာမကျက်လာတာလဲ...။
မောင်ခင်မောင်--- ကျွန်တော်ညက ၁၂ နာရီထိအောင်စာကျက်ပါတယ်ဆရာမ...။
ဆရာထိုက်ထိုက်--- ဘာကွ .. ၁၂ နာရီထိ ကျက်တာတောင် ဒီကဗျာလေးတစ်ပုဒ်ကို
                         မရဘူးလား မင်းကွာ...။
မောင်ခင်မောင်--- ဟုတ်.. ဟုတ်.. ပါတယ်ဆရာမ ကျွန်တော်ကြည့်တဲ့ ဗီဒီယိုဇာတ်လမ်းက
                       ၁၁ နာရီ ၄၅ မိနစ်မှ ပြီးလို့ပါခင်ဗျာ...........။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment