RADIO

What is current song?

RSS

ယနေ့ ကံရာဇာငယ် လိုမဖြစ်စေဖို့ ၊၊၊၊

ကျွန်တော်တို့ နိုင်ငံတွင် ရုပ်ပြတည်ဆောက်မှုများကို ရှေ့ တန်းတင် လုပ်ဆောင်လာခဲ့ကြသည်မှာ
နှစ်ပေါင်းအတော်ကြာမြှင့်ခဲ့ပါပြီ။တကောင်းရာဇာဝင်တွင် ကံရာဇာကြီးနှင့်ကံရာဇာငယ်
ညီအကိုအကြောင်း လူတိုင်းသိကြမှာပါ။ပထမဦးဆုံးဘုရားတည်ပြီးနိုင်သူက ဘုရင်ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့  ဘုရားတစ်ဆူဖြစ်မြှောက်ဖို့ ယှဉ်ပြိုင်ခဲ့ကြတယ်။ကံရာဇာငယ်က ရုတ်တရက်ဖြတ်
ထိုးဥာဏ်သုံးပြီး ဘုရားတစ်ဆူကို ၀ါးများဖြင့်တည်ဆောက်ခဲ့သည်။ပထမဆုံးပြီးစီးခဲ့၍
စည်းကမ်းသတ်မှတ်ချက်အရ တကောင်းပြည်တွင် ဘုရင်ဖြစ်လာခဲ့သည်။ကံရာဇာကြီးနှင့်
ကံရာဇာငယ်တို့ ၏ စီမံခန့် ခွဲမှုနှင့်စိတ်ဓါတ်ကို ဘယ်သူ့ ကြိုက်သလဲမေးရင်ကံရာဇာငယ်ကိုပဲ
သဘောကျကြိုကနှစ်သက်သည်ဟု လူတော်တော်များများ ဖြေကြမယ်ထင်ပါသည်။အနိုင်ရသွားသည့်
ကံရာဇာငယ်ကိုပဲ ချီးကျူးဂုဏ်ပြုကြလိမ့်မည်။သူရဲ့ လျှပ်တပြက်ဖြတ်ထိုးဥာဏ်ကိုသဘောကျခဲ့ကြသည်။
ကျွှန်တော်တို့ ငယ်ငယ်ကသမိုင်းမှာလည်း ကံရာဇာငယ်ကိုပဲဦးစားပေး၍ အားကျအတုယူ
စိတ်ဖြစ်အောင် ပြဌာန်းစအုပ်တွင်သင်ကြားခဲ့သည်။တကယ်လည်းအားကျအတုယူလက်ခံခဲ့ကြသည်။
ကျွန်တော်တို့ နိုင်ငံတွင် ရုပ်ပြတည်ဆောက်မှုများကို အတော်များများတွေ့ ရသည်မှာ
ကံရာဇာငယ်ကို အားကျအတုယူစိတ်ကြောင့် များလား။အသက်(၃၀)နှစ်ကျာ်နှင့်အထက်
လူတော်တော်များများမှာ ကံရာဇာငယ်ရဲ့ အရှိန်အ၀ါ ရိုက်ခတ်ခံခဲ့ကြရသည်။ ကံရာဇာကြီးနှင့်
ကံရာဇာငယ် ညီအကိုတို့ နှစ်ဦးတည်ခဲ့သော စေတီများ၏ အရည်အသွေး၊ ဂုဏ်သတ္တိနှင့်အနှစ်သာရကို
ပြန်ကြည့်ရင် ကံရာဇာငယ်ကိုအားကျနိုင်အုံးမလား။ကံရာဇာကြီးသည် တကယ့် အုတ်၊သဲ၊ကျောက်
တို့ ဖြင့် အုတ်မြှစ်ချ၍ စေတီကိုစနစ်တကျတည်ဆောက်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့သည်။သူ့ စေတီ
ကိုပြီးစီးအောင်တည်ဆောက်ခဲ့မည်ဆိုပါက ယနေ့ ထိနှစ်ပေါင်းများစွာစတီကို ဖူးမျှော်နိုင်လိမ့်မည်။
ခိုင်မာသည်။ထည်ဝါသည်။ခန့် ညားသည်။အနှစ်သာရပြည့်ဝသည်။နှောင်းလူတို့ နှစ်ပေါင်းများစွာ
ကြည်ညိုသဒ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓါပွားနိုင်လိမ့်မည်။ကံရာဇာငယ်ကမူ စေတီကို ၀ါးများဖြင့် အမြန်ဆောက်ခဲ့သည်။
ဝါးများသည် တာရှည်ခိုင်ခံ့မှုမရှိ။ ဘုရင်ဖြစ်ရေးတစ်ခုတည်းကိုသာ ကြည့်ခဲ့သည်။
သူအောင်နိုင်ခဲ့သောစေတီကို အုတ်၊သဲ၊ကျောက်တို့ ဖြင့်စနစ်တကျ ခိုင်ခန့် စွာ ဆောက်လုပ်ပြီးစီးခဲ့ပါက အလွန်ဂုဏ်ယူစရာကောင်းသော အောင်နိုင်သူ၏ အထိန်းအမှတ်ကို ဖူးတွေ့ ရကောင်းဖူးတွေ့ 
ရပေလိမ့်မည်။ ဘုရင်ဖြစ်ရေးဟူသောဆန္ဒဖြင့် အနိုင်ရရေးတစ်ခုကိုသာကြည့်ပြီး ဂိမ်းတစ်ခုလို
ကစားခဲ့သည်။ မျက်စိအမြင်ဖြင့်  ကြည့်သာမြင်သာရှိအောင်သာလုပ်သည်။ ခိုင်မာမှုအနှစ်သာရမရှိခဲ့။ အစစ်မှန်ယှဉ်ပြိုင်မှုမဟုတ်ဘဲ အလွယ်လမ်းလိုက်ပြီး ဘုရားဖြစ်ရင်ပြီးရောမဟုတ်လားဆိုတဲ့ သဘောမျိုးပိုက်ပြီး စေတီအတုတည်ဆောက်ခဲ့သည်။ ရုပ်ပြပဲတည်ဆောက်သည်။ အတွင်းပိုင်း
အနှစ်သာရကို ထည့်သွင်းမစဉ်းစား။တနည်းအားဖြင့်ဆိုရလျှင် မိမိ၏ ဂုဏ်သိက္ခာကို ထည့်သွင်း
မစဉ်းစားခဲ့ခြင်းပင်ဖြစ်သည်။
ကျွန်တော်ကိုယ်တိုင်ပင်လျှင် ကံရာဇာငယ်ရဲ့စနစ်ကို အားကျလုပ်ဆောင်ခဲ့သည်။ အခြေအမြစ်ခိုင်မာစွာဆောင်ရွက်လိုစိတ်၊အပင်ပန်းခံလိုစိတ်မရှိခဲ့။။လူအများဖြတ်ကနဲမြင်သာမယ့် ရုပ်ပြဘ၀ကိုပဲ ပြသခဲ့သည်။အမှန်ဘ၀ကိုမိမိကိုယ်တိုင်အသိဆုံးဖြစ်သည်။ ဆယ်တန်းဖြေခါနီးကတုန်းက “ခွေးနှင့်တိုက်လို့ ရရ၊တုတ်နဲ့ ရိုက်လို့ ရရ ယုန်ရဖို့ ပဲကွ” ဆရာတစ်ယောက်ကပြောဖူးသည်။ ကြောင် ဖြူဖြူမဲမဲ ကြွက်ရဖို့ ပဲ အဓိကမဟုတ်လားဟု ထင်ထားခဲ့သည်။အစစ်အမှန်က ကြောင်ဖြူနှင့်ကြောင်မဲတို့ ရလာတဲ့ ကြွက်ကတော့ အမျိုးအစား၊အရောင်အသွေး၊အရွယ်ပမာဏတော့ ကွဲပါလိမ့်မည်။ ကျွန်တော်တို့ နိုင်ငံသည်လည်း လွန်ခဲ့သောနှစ်အတန်ကြာက ရုပ်ပြယဉ်ကျေးမှုဖြင့် ခရီးနှင်ခဲ့သည်။လက်ရှိလူငယ်များသည်လည်း ရုပ်ပြဘ၀ကို တည်ဆောက်နေကြသေးသည်။ မိမိဘ၀နှင့် မိမိနိုင်ငံကို ရုပ်ပြတည်ဆောက် ၍ မရတော့သည့်အချိန်ရောက်နေပါ ပြီ။ကုန်လွန်ခဲ့သော နှစ်များအတန်ကြာကြာက ကံရာဇာငယ်လို
ရုပ်ပြတည်ဆောက်မှုများကြောင့် အစစ်အမှန် တိုးတက်မှု၊ဖြိုးမှုများဖြစ်မလာပဲမိုးထဲရေထဲရောက်တော့
မခံနိုင်ကြ၊ ခြစား၊ ဆွေးမြေ့ ပျက်းစီးခဲ့သည်။ နေပူထဲရောက်တော့လည်း အပူဒဏ်မခံနိုင်၊
ကာကွယ်ရန်နည်းလမ်းများလည်းမသိခဲ့၊အားမထုတ်ခဲ့ကြ။ တွေ့ ရာအရိပ်မှာသာ ခဏ၀င်ခိုခဲ့ကြသည်။
နိုင်ငံဖွံ့ ဖြိုးတိုးတက်ဖို့  ပညာရေးသည် အရေးကြီးဆုံးအခြေခံအုတ်မြစ်ဖြစ်သည်။ တက္ကသိုလ်ပေါင်း အရေအတွက် ဘယ်လောက်၊ကျောင်းပေါင်းဘယ်လောက်ဖွင့်လှစ်ခဲ့တယ်ဆိုပြီး ကိုယ်ဘယ်လောက်လုပ်ခဲ့တယ်ဆိုတာကိုပဲ ရုပ်ပြခဲ့ကြသည်။တကယ်တမ်း ပညာသင်ယူရမည့်
ကျာင်းသားတွေအတွက်စာသင်္ခန်း လုံလောက်ရဲ့လား၊ စာသင်ခုံလုံလောက်ရဲ့လား၊ သွားလာမှုစနစ်
ကောင်းရဲ့လား၊ခေတ်နဲ့ ညီတဲ့သင်ထောက်ကူ ပစ္စည်းလုံလောက်ရဲ့လား၊ သင်ကြားပေးမယ့်
ဆရာ/ဆရာမဦးရေ အဆင်သင့် လုံလာက်မှုရှိရဲ့လား၊၀န်ထမ်းများ ဆရာ/မများ၏ နေထိုင်ရေး၊ ဆက်သွယ်ရေးလမ်းကြောင်းအဆင်ပြေရဲ့လား၊Knowledge Age ခေတ်ကြီးထဲမှာ စာကြည့်တိုက်စနစ်၊
ကွန်ပျူတာသင်ကြားရေး၊သုံးစွဲမယ့်စက်အရေအတွက်၊စက်တွေကရော ခေတ်နဲ့ လျော်ညီသေးရဲ့လား
စသည့် လားပေါင်းများစွာ။စသည့်လားပေါင်းများစွာကို ရာခိုင်နှုန်းအတော်တော်များများ လုံလောက်မှု
မရှိတာ တွေ့ ရပါတယ်။ တက္ကသိုလ်ဖွင့်ပွဲတစ်ခုတုန်းက လက်တွေ့ ခန်းသုံးပစ္စည်းတွေကို အခြား
တက္ကသိုလ်တစ်ခုမှ ခေတ္တငှားရမ်းပြီး ချပြထားတာကို တွေ့ ဖူးပါတယ်။လက်တွေ့ ခန်းသုံးပစ္စည်း
အားနည်းပုံက တော်တော်ဆိုးလွန်းပါတယ်။ကျွန်တော့်သမီးခြောက်တန်းကျောင်းသူက
စာကြည့်စားပွဲမှာပုံထိုင်ဆွဲနေရင်း အမေကိုမှန်နှစ်ချပ်လောက်ရမလားမေးနေသံကြားလို့ 
မေးကြည့်လိုက်တော့ ဆရာမက လက်တွေ့ ပြဖို့ မှန်နှစ်ချပ်ရှိရင် ယူလာခဲ့ပါပြောလို့ ဖြေတယ်။
သမီးစာအုပ်ကိုယူကြည့် လိုက်တော့ အထွေထွေသိပ္ပံအခန်း(၄)၊ စွမ်းအင်အခန်းထဲက အလင်းကြောင်း
သင်ခန်းစာ၊”ကယ်လီဒိုစကုပ်၏အခြေခံသဘောနှင့်ပုံရိပ်ဖြစ်ပေါ်ပုံ” အကြောင်း၊မှန်လေးနှစ်ချပ် မျက်နှာချင်းဆိုင်ထောင်ထားတာတွေ့ ရတယ်။မှန်နှစ်ချပ်လောက်တောင်ကျောင်းလက်တွေ့ ခန်းမှာ စုဆောင်းမထားနိုင်တာကတော့ ဝမ်းနည်းဖို့ ကောင်းပါတယ်။
စီပွားရေးဦးတည်ချက်(၄)ရပ်ထဲမှာ “ စိုက်ပျိုးရေးကို ပိုမိုဖွံ့ ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး
ခေတ်မှီစက်မှုနိုင်ငံထူထောင်ရေးနှင့်……” ဆိုတဲ့ဦးတည်ချက်ရဲ့ အခြေခံကြသောလယ်ယာကိစ္စမှာ
လည်း ကံရာဇာငယ်ကို စံနမူနာယူခဲ့ကြသည်ထင်ပါရဲ့။”ကိုယ်တို့ လက်ထက်မှာတော့ ဆည်မြောင်းတာတမံအရေအတွက် ဘယ်လောက်ဆောက်ခဲ့တယ်”ဆိုတာပဲ လက်မထောင်ပြချင်ကြတယ်။
အရေအတွက်ချပြဖို့  မျက်စိနဲ့ မြင်သာမယ့် အဆောက်အအုံကိုပဲဆောက်နေကြတယ်။ ဘယ်လောက်
အသုံးဝင်သလဲ၊ဘယ်လောက်အကျိုးပြုနိုင်သလဲ၊ ထိထိရောက်ရောက်အကျိုးသက်ရောက်မှု
ရှိမရှိဆိုသာအချက်များကို မသိဟန်ဆောင်နေတတ်ကြသည်ကို တွေ့ နေရတယ်။
မြို့ ရွာများဖွံ့ ဖြိုးတိုးတက်လာရန် ဆက်သွယ်ရေးလမ်းကြောင်းသည်အရေးပါလှသည်။
မြို့ မှတောအထိ လမ်းများဖေါက်လုပ်ကြသည်။ကတ္တရာများခင်းကြသည်။ကျေးရွာများထိ ကုန်စည်စီးဆင်းမှု မြန်လာသည်မှာ ဝမ်းသာစရာကောင်းလှသည်။သို့ သော် ကျောက်ခင်းလမ်း၊ ကတ္တရာလမ်းတွေက မကြာခင် ကျင်းတွေ၊ချိုင့်ခွက်တွေပေါ်လာသည်။ကတ္တရာလမ်းပေါ်
ကျောက်ပေါက်မာပေါက်တာ မြန်လွန်းလှသည်။ အကြောင်းမှာ ရုပ်လုံးတစ်ခု အမြန်ပြနိုင်ရေးကိုပဲ
ဇောင်းပေးခဲ့သည်။အရေးကြီးသည့် စံချိန်စံညွှန်းများရှိစေရန် အားထုတ်မှု နည်းခဲ့သည်။
တစ်နှစ်ကြာမှ ပြီးရမည့်အလုပ်ကို ခြောက်လတည်းဖြင့် အပြီးလုပ်ခဲ့လျှင်တော့ အရည်အသွေးက ကျဆင်းမည်။မနိုင်ဝန်ကိုတင်ပြီး မတက်နိုင်သော ကုန်းတက်ကို အတင်းရိုက်တင်ကြသည်။ အမြီးလှန်ချိုးတန်ချိုးခဲ့ကြသည်။အခြားအခြားသောအရေးကိစ္စရပ်များတွင်လည်း အမြီးလှန်ချိုးခဲ့ကြသည်။
ကျွန်တော်တို့ နိုင်ငံမှာ ရုပ်ပြယဉ်ကျေးမှုသည် ကြီးစိုးနေဆဲဖြစ်သည်။
တက္ကသိုလ်စာသင်ဆောင်တစ်ခုမှာ မီးသတ်ဆေးဘူးတွေချိတ်ထားတာ တပတ်လည် အပြည့်ပါပဲ။
သွားကိုင်ကြည့်လိုက်တော့ အခွန်တွေဖြစ်နေသည်။မီးလောင်ရင် အဲဒီဆေးဘူး ဘာတန်ဖိုးမှမရှိ။
အထက်အကြီးကဲလာရင် လာတဲ့လမ်းကြောင်းမှာ မြင်သာတဲ့မျက်နှာပဲ ကောင်းအောင်ပြင်ဆင်
မွမ်းမံကြတယ်။အမှန်ရှိသင့်တဲ့အနေအထားထက် ပိုမိုမွမ်းမံကြသဖြင့် မကုန်သင့်တဲ့နေရာမှာ အလဟ
အကုန်ခံကြတယ်။ဒီလိုလုပ်ပေးလိုက်လျှင် လာတဲ့ပုဂ္ဂိုလ်များကလည်း ကျေနပ်သွားရော (အမှန်ကိုနားမလည်ရှာပါ)။
စာရေးသူအဓိကတင်ပြလိုသောအချက်မှာ ပညာရေးဖြစ်ပါသည်။ကံရာဇာငယ်၏ ရုပ်ပြပညာရေး မဖြစ်စေချင်ပါ။အထူးသဖြင့် ကျောင်းသားများ၏ စိတ်ဓါတ်ကို ပြုပြင်စေလိုပါသည်။
ဆရာ/မများကို တောင်းပန်လိုသည်မှာ ကျောင်းသားလူငယ်များ ကံရာဇာငယ်ကို အားမကျမိစေရန် ၊အလွယ်လုပ်လိုစိတ် မမွေးမိစေရန် သင်ကြားပေးစေလိုပါသည်။စာမေးပွဲဖြေပြီးလျှင်ကော်ပီစာရွက်တွေ
ပလူပျံတာလည်း ကံရာဇာငယ်ရဲ့ စနက်ပဲဖြစ်ပါသည်။
သင်ကြားရေးစနစ်ကို ပြောင်းလဲရန်ကြိုးပမ်းကြသည်။စီမံခန့် ခွဲသူများလည်း ကံရာဇာငယ်လို အလွယ်မလုပ်စေချင်ပါ။အရည်ချင်းရှိသော ဆရာဝန်များ၊အရည်ချင်းရှိသော အင်ဂျင်နီယာများ ၊အရည်းအချင်းရှိသော အသိပညာရှင်/အတတ်ပညာရှင်များ ပေါ်ထွက်လာစေရန်
အတွက် ကျောင်းသာဦးရေကို လျော့ချကန့်  သတ်သည့်အချက်မှာ စဉ်းစားစရာ ဖြစ်လာသည်။ သင်ယူနိုင်တဲ့အရည်အချင်းပြည့်မီပါလျက်နဲ့  သတ်မှတ်လူဦးရေပြည့်တာနဲ့ တင်
ကန့် သတ်ပိတ်ပင်လိုက်သည့်ဆိုတော့ လူငယ်များလိုချင်သော ဘာသာရပ်ကို တက်ရောက်ခွင့်မရပဲ အခြားဘာသာရပ် ( မလိုချင်သည်ပဲဖြစ်စေ) များမှာ သွားသင်ရမှာဆိုတာကတော့ လူငယ်တွေရဲ့အနာဂတ်တစ်ခုလုံး လမ်းလွှဲပေးလိုက်ခြင်းပင်ဖြစ်သည်။
မညှာတာ ရက်စက်ရာရောက်လွန်းလှသည်။ အရည်အချင်းရှိတဲ့ ပညာရှင်တွေ မွေးထုတ်ဖို့ 
အရေအတွက်ကိုလျှော့ချဖို့ လိုအပ်ပါသလား။ အရည်ချင်းပြည့်မီအောင်လုပ်ဆောင်ဖို့ 
အခြားနည်းလမ်းများ ပြောင်းလဲစဉ်းစားသင့်ပါသည်။
ကိုယ့်လက်ဝယ်ရောက်လာသောအရေအတွက်များ(ဖြစ်သင့်ဖြစ်ထိုက်)အားလုံးကို အရည်အသွေး
ကောင်းကောင်းထွက်လာစေဖို့  ဘာတွေလိုအပ်မလဲ။အရည်အချင်းပြည့်မီအရေအတွက်လုံလောက်သော
သင်ကြားရေးဆရာ/မ များ၊စီမံခန့် ခွဲရေးဝန်ထမ်းများ၊၄င်းတို့ ၏ စားဝတ်နေရေးဘဝနေထိုင်မှုများ၊
လုံလောက်သော သင်ထောက်ကူပစ္စည်းများ၊သင်ကြား သူနှင့်သင်ယူသူများ စိတ်အေးကြည်လင်စွာ
သင်ကြား/ယူနိုင်မည့် စာသင်ခန်းများ၊နိုင်ငံ၏ရာသီဥတုအခြေအနေ အရ စာသင်ခန်း၏
အပူအအေးအခြေအနေကို ထိန်ညှိပြုပြင်ပေးမည့် နည်းစနစ်များ၊ခေတ်နှင့်လျှော်ညီသော
သင်ရိုးညွှန်းတမ်းများ၊စာသင်ခန်းသို့ သွားလားရေးဆက်သွယ်ရေးစနစ်များ(လိုင်းကားပေါ်တွင်အချိန်ကုန်မခံစေရန်) စသည်၊စသည်များကို အရည်အသွေးမီအောင် ဦးစွာဆောင်ရွက်မည်ဆိုပါက အရည်အချင်းကောင်းသော ပညာရှင်အရေအတွက်များများ ပေါ်ထွက်လာမည်မှာသေချာပါသည်။
ကံရာဇာငယ်ရဲ့စေတီလိုအလျင်စလိုမဖြစ်စေရန် ပြန်လည်သုံးသပ်စေချင်ပါသည်။
ငါတို့ တော့ ဒီအရေအတွက်လောက်ပဲ အရည်းအချင်းပြည့်ဝအောင် လုပ်ပေးနိုင်မယ်။
ဒီထက်ပိုလုပ်နိုင်တဲ့အရည်အချင်းကိုယ့်မှာမရှိတော့ဘူးလို့ ကြေငြာလိုက်တာနဲ့ တူနေပါတယ်။
စေတနာအရင်းခံနဲ့ နောက်ဆုံးပြောလိုတာက အရည်အချင်းရှိသော အသိပညာရှင်၊အတတ်ပညာရှင်များ အရေအတွက်များများပေါ်ထွန်လားစေရန် ပညာရေးကိုစီမံကြရာတွင်
ကံရာဇာငယ်လိုစေတီတည်ခြင်းမျိုးမဖြစ်စေရန် ရှောင်ရှားသင့်ပါကြောင်း
မိုးဟိန်းသူ  forever friends မှ ကူးယူဖော်ပြပေးလိုက်ပါတယ်....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment