“မသီတာထွေး” မင်းစတေးသည့်
သွေးနီတစ်စက်၊ ပန်းတစ်ခက်နှင့်
အသက်ခန္ဓာ၊ ဘ၀တာသည်
ကြေညာထပ်လောင်း၊ သမိုင်းကြောင်းကို
မောင်းထုစည်တီး၊ ရိုက်ခတ်တီးကာ
မီးမောင်းပြထိုး၊ တပ်လန့်နှိုး၍
ရိုးသားကြိုးစား၊ အမျိုးသားတို့
နိုးကြားစည်းလုံးခဲ့ကြပြီ။
ကိုးကွူယ်ရာသန့်၊ မျိုးနွယ်သန့်သည့်
သန့်စင်နီထွေး၊ ရခိုင်သွေးကို
ညစ်ထေးပက်စက်၊ နင်းချေဖျက်၍
မိုးအက်မြေပြို၊ လောကငိုပြီး
မီးလိုပူပြင်း၊ တုံ့ပြန်ခြင်းတို့
ချက်ချင်း၊ ပဲ့တင်ထပ်ခဲ့ပြီ။
ဘာသာမတူ၊ မျိုးမတူသည့်
အယူကွဲပြား၊ ငရဲသားတို့
လွဲမှားယုတ်မာ၊ ရက်စက်စွာဖြင့်
မိစ္ဆာအယူ
မိစ္ဆာအကျင့်
မိစ္ဆာစရိုက်၊ ပြုမှုမှိုက်၍
ငုံ့ခံလည်စင်း ၊ဆင်းရဲတွင်းမှာ
သက်ဆင်းတုန်လှုပ်၊ စုံးစုံးမြုပ်ကာ
မျိုးပြုတ်ပျက်စီးကြရပြီ။
သာသနာရေး၊ ဘာသာရေး
အမျိုးသားရေး၊ လူမှုရေး
နယ်မြေအရေး၊ ကာကွယ်ရေး
ပြည်ထောင်စုရေး၊ စည်းလုံးရေးကို
သွေးဖြင့်ရေးပြ “ထွေး” နှမငယ်
ဘ၀တူချင်း၊ နှမရင်းမို့
မင်းငိုသံများ၊ ငါတို့ကြား၏
မင်းမျက်ရည်ယို၊ ငါတို့စို၏
မင်းဒုက္ခဆူ၊ ငါတို့ပူ၏
ထပ်တူထပ်မျှ၊ အားလုံးဝအောင်
မျှဝေခံစား၊ ဖြစ်ပုံများကို
ကြားသိပါစ၊ မေးလိုလှ၏
ဘ၀ဖန်ခါ၊ သံသရာဝယ်
ကြမ္မာဂြိုလ်ဆိုး၊ ဤဖြစ်မျိုးနှင့်
မတိုးမကြုံ၊ အဆိုးဘုံမှာ
မဆုံစေလို၊ တောင်းဆုဆိုသည်
ပန်းလိုလန်းလှ၊ ပါစေသတည်း၊
စမ်းလို ချမ်းမြ ပါစေသတည်း
ပြည်သူပြည်သား၊ မျက်ရည်များဖြင့်
အားလုံးကြင်နာ၊ ကိုယ်ချင်းစာလျက်
ရင်မှာထွေးသိပ်၊ မေတ္တာစိတ်ကြောင့်
တိုးတိတ်ဖွဖွ၊ ဆုတောင်းကြသည့်
နှမငယ်လေး “သီးတာထွေး”
ဝေးလွင့်ကမ္ဘာ၊ ခြားခဲ့ပါလည်း
ရောက်ရာဌာန၊ ဘုံဘ၀မှာ
ဒုက္ခဘေးဆိုး၊ ကင်းပါစေ
ရောက်ရာဌာန၊ ဘုံဘ၀မှာ
ချမ်းမြသန့်စင်နိုင်ပါစေ၊
ရောက်ရာဌာန ဘုံဘ၀မှ
နှမ သာဓုခေါ်ပါလေ။
ဘာသာအရေး၊ အသက်ပေး၍
လူမျိုးအရေး၊ အသက်ပေး၍
ဒေသအရေး၊ အသက်ပေး၍
နိုင်ငံအရေး၊ အသက်ပေး၍
လေးစားတသ၊ ဂုဏ်ပြုရသည့်
နှမငယ်လေး၊ “သီးတာထွေး”ရယ်
မင်းသွေးအသက်၊ ဤမြေထက်မှာ
ရက်ပေါင်းများစွာ ----
လပေါင်းများစွာ -----
နှစ်ပေါင်းများစွာ ------
ရာစုပေါင်းများစွာ၊ ရှည်မြင့်ကြာလည်း
ကမ္ဘာတည်သရွေ့ ဒို့မမေ့ပါ
နေ့စဉ်ရက်ဆက၊် ကမ္ဘာပျက်တိုင်
အသက်တည်ရာ၊ ကိုယ်ခန္ဓာ၌
ညင်သာလှည့်ပြေး၊ နီနီစွေးသည့်
သွေးရှိနေသမျှ၊ သတိရပြီ
တမ်းတဂုဏ်ပြု၊ လွမ်းရတုကို
ပေါင်းစုမျှော်တွေး၊ သွေးဖြင့်ရေး၍
သွေးဖြင့်ဂုဏ်ပြုအပ်ပါသည်၊
သွေးဖြင့် မော်ကွန်းတင်ပါသည်၊
သွေးဖြင့်သစ္စာဆိုပါသည်။
By/
ဆရာ စစ်တွေညိုသန့်
0 comments:
Post a Comment