RADIO

What is current song?

RSS

မသန်းတင် ( ၁၇ နှစ် ) မှ့ပုပ်ပွ နံစော် အမြစ် ဗလပွ ဖြစ်နေတဲ့ သားမျက် ကင်ဆာ ရောဂါ ဆိုးကြီးအား အနိုင်တိုက်ခဲပြီး သေမိန့် ဗီဇာ ကြီးအား လတ်တလော ဖျက်ဆီးနိုင်ခဲ့ခြင်း


မောင်းထောင်မြေဇင်း ဆရာတော် ဘုရားကြီးအား ယ္ခု သာသနာပိုင် သကျသီဟ ဝဋံသကာ၊ ပါဠိ သိရောမဏီ၊ ဘီအေ
အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ
အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ
“အဘိဓဇ မဟာရဋ္ဌဂုရု”
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌ
တိပိဋက နိကာယကျောင်းတိုက်ကြီးများ၏ စီမံအုပ်ချုပ်မှု မဟာနာယက
ကျေးဇူးတော်ရှင် (နဝမ) ဗန်းမော်ဆရာတော်ဘုရားကြီး
ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ မှ ကန်တော့ ဦးခိုက်နေစဉ်
သူနံမည်က မသန်းတင် အသက်က ၁၇ နှစ်လောက်ရှိပါသေးတယ် ၊ သူမှာသားမျာက် ကင်ဆာ ဖြစ်ပါတယ် ။ သုံးနှစ်လောက်ကြမှ သွားကုတဲ့ အခါကြတော့ ဆေးရုံမှာသွားပြတာ မရတောဘူး ပုပ်ပွနေပြီ အထဲထဲမှာ အမြစ်တွေလဲ ပြန့်နေပြီ ဒီခလေးမလေးဟာ နောက်ထက် ၆ လဘဲခံတောမယ် ၊ အဲတော သူကို ပျော်သလိုသာထား စားချင်တာသာကျွေးကြပါတော့ ပြန်ပြောလိုက်တယ် ။ မိဘတွေလည်း ပူဆွေးတက ပူဆွေးပေါဗျာ ၊ အဲဒိမှာ ဘေးကနေပြောကြတာပေါ သေရမယ့် အတူတူ သူ့အတွက် နောင်ဘဝ ကောင်းစားအောင် ဘုန်းကြီးဆီ ပိုပြိးတော တရားထိုင်ခိုင်းပါလား ဆိုပြီး အကြံပေးကြတော့ အဲမိဘတွေလည်း လာပိုတယ်ဆိုကြပါဆို လာတဲအခါမှာလည်း ဒီခလေးမလေးတော မသိရဘူးပေါ တရားအားထုတ်ရအောင် ဆိုပြိးပိုတာ အနံတွေရတထောင်းထောင်းနဲ့ဗျာ ၊ အင်ကျီရဲ ရင်ဘတ်မှာလည်း သွေးတွေကဆိုရွဲလို ခြောက်လဘဲခံတောမယ်ဆိုတော ရှိနေတဲ့ ယောဂီအားလုံးက သနားကြတာပေါ ၊ အဲဒိမှာ ညောင်ကန်ရွာက လာအားထုတ်တဲ့ ဆရာမဟောင်း ဒေါ်မြင်ဆိုတာ ရှိတယ် သူနဲ့တွဲထားတယ် သူကပြုစုတတ်တယ် ၊ အားပေးတတ်တယ် ၊ အဲဒီလိုတွဲထားလိုက်ကာ အားထုတ်တယ် ။ အဲဒီလို ပုဂ္ဂိုလ်တွေ ကြတော့ ဆရာတော်ကြီးက ဘုရားတွေဘာတွေ မဖူးခိုင်းတောဘူး ၁၀ ရက်လောက် ၁၅ ရက်လောက် သမထ တရားအားထုတ်ခိုင်းပြီင်္း ဝိပဿနာ ပြောင်းပေးလိုက်တယ် ။ အဲဒိအခါမှာ သူ့ရဲခန္ဓာကိုယ်ကြီး ရောင် ပွ ပုပ် ဖောင်းကား ပြီး တဖြည်းဖြည်းနဲ အဲဒိက ပေါက်ကွဲ သွေးတွေပြည်တွေထွက် အဲဒီမှာ သူမနေနိုင်တောဘဲနဲ ဆရာတော်ကြီး ကြောက်လှချီရဲဘုရား ဆိုင်္ပြိး ဆရာတော်ကြီးဆီ ပြေးလာတယ် ။ ဆရာတော်ကြီးက ဟဲနင်ဘယ်လိုဖြစ်လိုတုန်း တပည်တော် သွေးတွေပြည်တွေ တပွက်ပွက်နဲ့ထွက်တယ်ဘုရား တပည်တော် မကြည့်ရဲဘူးဘုရား ကြောက်တယ်ဘုရား ။
အေး.........ဒီခန္ဓာကိုယ်ကြီး ရနေရင်ကတော ဒီဟာတွေက ရှောင်လိုမလွတ်ဘူး ၊ နင်တို တစ်ချိန် အိုတဲ့ နာတဲ့ သေတဲ့ အခါမှာ ဒါတွေနဲ့ ရင်ဆိုင်တွေ့ရမှာဘဲ အဲဒိရဲအဖြစ်အပျက်တွေကို ဒါကပြနေတာ နင်ကြိုးစားအားထုတ် ဒါလွတ်ချင်ရင် သံသာရာက လွတ်မှရမယ် နင်ကြိုးစားအားထုတ် ဆရာတော်ကြီးကလည်း အားပေးတယ်မျိုးစုံ တရားဟောပေးလိုက်တဲ့ အခါမှာ သူကြိုးစားအားထုတ်တဲ့ အတွက် တဖြည်းဖြည်းနဲ့ အားထုတ်ရဲလာတယ် ၊ ဒီလိုနဲ့ဘဲနေလိုက်ကြတာ ကျွန်တော်တိုလည်း မေ့မေ့ပျောက်ပျောက် ၊ နောက်ကျွန်တော်တိုက ထင်တာပေါ အော်....ဒိုနှာခေါင်းယဉ်သွားလိုထင်တယ် ဒီကောင်မလေးနား ဖြတ်သွားရတာ ဖြတ်လာရတာ ဘာမှမနံတောဘူးတဲ့ သတိတောထားမိတယ် အစာစားတဲ့အခါလည်း သူလည်းခေါ်ပြီးစားရတာကို သီးခံပြီးစားကြရတာပေါ ပထမတောနံတယ် ပြည်စော်တွေရာ ပုပ်စော်တွေရော နံတယ် ၊ နောက်တော မနံတောဘူး ၊ နှာခေါင်းယဉ်သွားတာလိုထင်တာပေါ ၊ အဲဒိလိုနဲ့ဘဲ သူ ၄၅ ရက်လောက် အားထုတ်ပြီးတော့ ရောက်ခါစက မှိုင်မှိုင်တွေတွေ ကုတ်ကုတ်ကလေး ၊ ဟော တဖြည်းဖြည်းနဲ့ စကားပြောတွေပါတွေ သွက်လာတယ် သွားတာလာတာတွေ လှုပ်ရှားတာတွေ သွက်လာတယ် အဲဒါသတိထားမိတယ်။ အဲဒိလိုနဲ ၄၅ ရက်လောက် အားထုတ်ပြီးပြန်သွားတယ်ဆိုကြပါဆို ၊ အဲဒိရဲနောက်မှ နောက်တစ်ကြီမ် ကျွန်တော်တိုရွာက ဆရာမ မမြင်နဲ့ သွားတွေတယ် ၊ တွေတဲ့ အခါကြတော့ ဟဲကင်ဆာဖြစ်တဲ့ ခြောက်လခံမယ်ဆိုတဲ့ ကောင်မလေး သေဘူးတော......... နင်ရောဂါဘယ်လိုတုန်း ပျောက်ပြီလား ၊ ဆရာမ လာဆိုပြီ်း စိတ်ကွယ်ရာခေါ်ပြီးတော သူ့အနာလှမ်ပြတယ်တဲ့ ဘာမှမရှိတောဘူး အကောင်းပကတိ ၊ မရှိဘူးတဲ့ နင်သေချာအောင် သွားမစစ်ဘူးလား ၊ စစ်တာပါ ဆရာမရယ် ဆေးရုံမှာ သွားပြတော ဆရာဝန်ကြီးတွေက အံသြတာပေါ မြင်မြင်ခြင်း ၊ ၆ လနဲ့သေမယ်လို ပြောထားတဲ့ဟာ အခုဟာက တနှစ်တောင်ကျော်သွားပြီ သူသွားပြတဲ့ အချိန် မသေဘူးလေ ၊ ဟာ.....နင်တောမှာနေပြီး ဘာဆေးတွေ စားတုန်း ဗမာဆေးတွေလား ဒို့ကိုပြောစမ်းပါ အဲလိုရောဂါသည် တွေကို ဒို့ကုပေးရအောင် ၊ ဖြန်ဝေရအောင် ၊ ဒေါက်တာကြီးတွေရယ် ကျွန်မ ဘာဆေးမှ မစားဘူး ဒီက ဒေါက်တာကြီးတို့ ဆီက အပြန် တရားသွားအားထုတ်တာ ။ အေးလေ တရားအားထုတ်တာ အားထုတ်တာပေါ တရားအားထုတ်ရင် နင်စားတဲ့ ဆေးတွေပြောတာ ၊ မဟုတ်ဘူး ဘာဆေးမှ မစားဘူး တရားအားထုတ်တာ သက်သက်ဘဲ အဲသလိုနဲပျောက်သွားတာ ကျွန်မလည်း ကျွန်မကို ကျွန်မတောင် သတိမထားမိဘူး အဲဒိလိုဘဲ ပြောလိုက်တဲ့ အခါကြမှ ၊ ဟင်.......တယ်ကောင်းတဲ့ ဆေးတော်ကြီးပါလား ဘုရားရဲတရားတော်ဟာ နိဗ္ဗန်ရောက်ကြောင်း သီးသန်ဘဲဆိုတာ ဟုတ်မှာဘဲ အင်မတန် ကြောက်စရာကောင်းတဲ့ ကင်ဆာ ရောဂါကြီးတောင်ပျောက်ပါလား အင်မတန်ကောင်းတဲ့ တရားဆေးတော်ကြီး ပါလားလို ဒေါက်တာတွေက အံသြတကြီးပြောကြတယ်တဲ့ ၊ ကဲဗျာစဉ်းသာ ကြည်ကြပါတော့ ၊ အခုအဲကောင်မလေး ဒီ ဝါတွင်းရက်ကြီးမှာ လာပြီး ဆရာတော် ဘုရားကြီးကို ကန်တောတယ် ၊ ကျွန်တော်ကိုယ်တိုင် တွေ့တယ် ဝဝဖြိုးဖြိုးနဲ ။ ဟဲနင် အကုန်လုံး အဆင်ပြေနေပြီးလား ကောင်းနေပြီးလား ဆိုတော ဟုတ်တယ် လိုဖြေတယ် သူက ရှက်လည်းရှက်တတ်တယ် ။ ဒီအမျိုးသမီးလေး တကယ် အဖြစ်အပျက် မောင်းထောင်မြေဇင်းတောရှဆရာတော် ဘုရားကြီး၏ ကမ္မဌာန်းပြ လက်ထောက် ဆရာ ဦးရွှေ ပြန်လည်ပြောပြထားသော အသံ ဖိုင်မှာ ဖွင့်လိုက် ရေးလိုက် ၊ ဖွင့်လိုက် ရေးလိုက် လုပ်ရင်နဲ့သူငယ်ချင်းများ ကုသိုလ် ပြုလိုက်ခြင်း ဖြစ်ပါသည် ။ ယ္ခုဝေဒနာရှင် အမျိုးသမီး ကလေးသည် သက်ရှိထင်ရှား ရှိနေပါသေးသည် တွေဆုံ မေးမြန်းချင်သူများ စစ်ကိုင်းတိုင်း မောင်းထောင် တောရတွင် သွားရောက် စုံစမ်းတွေဆုံနိုင်ကြပါသည် ။ အဖ ဗုဒ္ဓဘုရားရဲ သမထ ၊ ဝိပဿနာ တရားတော်များသည် လောကသားတိုအား ယ္ခု ပစ္စုပ္ပန် ဘဝမှာလည်း ဒုက္ခ ဆင်းရဲများကို လျှော့ပါး သက်သာသွားစေသလို နောင် သံသာရာမှာလည်း ဒုက္ခဆင်းရဲ ခတ်သိမ်းတိုအား လျှော့နည်း သွားစေသလို အပြီးအပိုင်တိုင်အောင်လည်း ချုပ်ငြိမ်းသွားစေပါတယ် ။ ထိုကြောင့် သူငယ်ချင်းများ အားလုံးလည်းဘဲ ကျင့်ကြံအားထုတ်နိုင်တဲ့ ကျန်မာသန်စွမ်းတဲ့ ခန္ဓာကိုယ်တွေ ဖြစ်ရှိနေတုံး လေ့လာ အားထုတ်ကြည်ကြပါလို ကောင်းမြတ်သော စေတနာတိုဖြင့် တိုက်တွန်းလိုက်ပါရစေဗျာ......

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment