RADIO

What is current song?

RSS

၂၀၁၃ တွင် ထိုင်းသို့ သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၁၀၀၀ မှ ကုဗပေသန်း ၈၀၀ သို့ လျော့ရောင်း၍ ပြည်တွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် သုံးစွဲမည်

လာမည့် ၂၀၁၃ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေကို ကုဗပေသန်း ၁၀၀၀ ခန့် ရောင်းချရာမှ ကုဗပေသန်း ၈၀၀ သို့ လျော့ချရောင်းချသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက စက်တင်ဘာလ တတိယပတ်အတွင်း ပြုလုပ်သည့် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုဖိတ် ခေါ်ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ထိုသို့ ထိုင်းနိုင်ငံသို့ လျော့ချရောင်းချရာမှ ရရှိလာမည့် သဘာဝဓာတ်ငွေ့ကုဗပေသန်း ၂၀၀ကို ပြည်တွင်းလျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။
'လာမယ့်နှစ်မှာ ထိုင်းနိုင်ငံကို သဘာဝဓာတ်ငွေ့ ရောင်းချတာကို ကုဗပေသန်း ၂၀၀ လျော့ချရောင်းချသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီက ထွက်တဲ့ သဘာဝဓာတ်ငွေ့က အကန့်အသတ်လေးတွေ ရှိနေတယ်။ ၂၀၁၃ လောက်ဆိုရင် ကုဗပေသန်း ၂၀၀ လောက်ပိုရဖို့ ရှိတယ်။ ရေနံ၊သဘာဝဓာတ်ငွေ့တွေကို အရန်အဖြစ် သိမ်းမထားဘဲ နိုင်ငံဖွံ့ဖြိုးမှုအတွက် ရှာဖွေဖော်ထုတ်သင့်တယ်လို့ ယူဆပါတယ်။ ရရှိလာတဲ့သဘာဝဓာတ်ငွေ့တွေကို ပြည်တွင်းလျှပ်စစ်ကဏ္ဍအတွက် သုံးစွဲသွားမှာပါ''ဟု  စွမ်း အင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက စက်တင်ဘာလ တတိယပတ်အတွင်း ပြုလုပ်သည့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးရေးအတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
စွမ်းအင်ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်က''အရင်သဘာဝဓာတ်ငွေ့ ရောင်းချထားတဲ့ စာချုပ်အဟောင်းတွေကို ပြည်တွင်းသဘာဝဓာတ်ငွေ့ လိုအပ်ချက်တွေအရ ပြန်လည်ညှိနှိုင်းနေပြီ ဖြစ်ပါတယ်။ နောက်တစ်ခုက ပြည်တွင်း လိုအပ်ချက်အရ အစိုးရသစ်လက်ထက် ထပ်မံတွေ့ရှိရသမျှ ရေနံနဲ့ သဘာဝဓာတ်ငွေအားလုံးကို  ပြည်တွင်းအတွက်ပဲ သုံးပြီး ပြည်ပကို ရောင်းချတော့မှာ မဟုတ်ပါဘူး။ ပြည်တွင်းသုံးစွဲလို့ ဖူလုံပြီဆိုမှ Value Added တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။
''မိမိတို့ အစိုးရသစ်လက်ထက်မှာ ထပ်မံတွေရှိသမျှ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အားလုံးပြည်တွင်းသုံးကို ဦးစားပေးဖို့ မူဝါဒပြုပြင်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အစိုးရသစ်ကာလချုပ်ဆိုသော စာချုပ်အားလုံးမှာ ထပ်မံတွေ့ရှိလာတဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့တွေအားလုံးကို ပြည်တွင်းသုံး ဦးစားပေးဖို့ မူဝါဒပြုပြင်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ယခင်က နိုင်ငံအချင်းချင်း ချုပ်ဆိုခဲ့တဲ့ စာချုပ်များကိုလည်း လေးစားလိုက်နာရမှာဖြစ်တဲ့အတွက် လျော့နည်းနေတဲ့  ပြည်တွင်းသုံး သဘာဝဓာတ်ငွေ့လိုအပ် ချက်ကို ၀ယ်ယူသူနဲ့ အပြန်အလှန် နားလည်မှု၊ ချစ်ကြည်လေးစားမှုကို အခြေခံပြီး ငြိမ်းချမ်းစွာညှိနှိုင်းခဲ့ရာမှာ စာချုပ်ပါရောင်းချရမယ့် ပမာဏ မည်သို့ပင် ရှိစေကာမူ မြန်မာနိုင်ငံ လိုအပ်ချက်အတွက် တိုးမြှင့်ရယူပြီး ၀ယ်ယူသူနိုင်ငံက လျော့ပေါ့ ရယူရန်တို့ကိုလည်း အကြမ်းဖျင်း ညှိနှိုင်းရရှိပြီးဖြစ်ပါတယ်။ ယခင်စာ ချုပ်ဟောင်းများမှ မြန်မာနိုင်ငံအတွက် မည်၍ မည်မျှ တိုးမြှင့်ရယူ နိုင်မည်ကို အသေးစိတ်ညှိနှိုင်းပြီးတဲ့အခါ လွှတ်တော်မှတစ်ဆင့် အသိပေး တင်ပြသွားမှာဖြစ်ပါတယ်''ဟု စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထို့နောက် အမျိုးသားအဆင့် အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီ(National Energy Management Committee)ကို ၀န်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များသာမကဘဲ နယ်ပယ်အသီးသီးမှ ပါဝင်သင့် ပါဝင်ထိုက်သူများ စုံစုံလင်လင်ပါ ၀င်ဖွဲ့စည်းနိုင်ရန် မူကြမ်းပြုစုလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြော ကြားခဲ့သည်။
မြန်မာနိုင်ငံ၏ လူတစ်ဦးချင်း လျှပ်စစ်မီးသုံးစွဲနိုင်မှုပမာဏမှာ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အနည်းဆုံးဖြစ်နေကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြော ကြားခဲ့သည်။
စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက''မလေးရှားနိုင်ငံမှာ လူတစ်ဦး လျှပ်စစ်သုံးနိုင်တဲ့ ယူနစ် ၃၆၁၄၊ တရုတ်မှာ ၂၆၁၃၊ ထိုင်းမှာ ၂၀၄၅၊ ဗီယက်နမ်မှာ ၉၂၈၊ အင်ဒိုနီးရှားမှာ ၅၃၀၊ ကမ္ဘောဒီးယားမှာ ၁၃၁ နဲ့ မြန်မာနိုင်ငံမှာ ၁၀၄ လို့ ဆိုတားပါတယ်။ ခေတ်မီစက်မှုနိုင်ငံကြီး စွမ်းအင်အမျိုးအစားအလိုက် ရုပ်ကြွင်းလောင်စာ ရေနံသုံးစွဲမှုမှာ အမေရိကန်ပြည်ထောင်စုက တစ်နေ့ကို ရေနံစည်ပေါင်း ၁၈ သန်း ၈ သိန်း၅ သောင်း၊တရုတ်က စည်ပေါင်း ၉ သန်း ၇ သိန်း ၅သောင်း ၈ထောင်၊ ဂျပန်က စည်ပေါင်း ၄ သန်း ၄သိန်း ၁သောင်း ၈ထောင်နဲ့ ထိုင်းနိုင်ငံက တစ်နေ့ကို ရေနံစည် ပေါင်း ၁ သန်း ၈ သောင်းလောက် သုံးနေချိန်မှာ မြန်မာနိုင်ငံရဲ့သုံးစွဲမှုက စည် ၁ သိန်း မပြည့်သေးပါဘူး။ ထုတ်လုပ်မှုက လည်း ကုန်းတွင်း၊ ကမ်းလွန် နှစ်ရပ် ပေါင်းတစ်နေ့ စည် ၂ သောင်းအောက်မှာပဲ ရှိပါတယ်။ ဒါ့ကြောင့် လက်ရှိ ပြည်တွင်းသုံး ရေနံလိုအပ်ချက်ကို ပြည့်မီဖို့နဲ့ စက်မှုနိုင်ငံကြီးများ အသုံးပြုနေတဲ့ နေ့စဉ်ရေနံစည်ပေါင်း သန်းဂဏန်းနဲ့အထက် တိုးမြှင့်သုံးစွဲနိုင်ဖို့ မြန်မာမြေပေါ်မှာ ရေနံစိမ်းများ ထပ်မံရှာဖွေဖော်ထုတ်နိုင်ဖို့ လိုပါတယ်''ဟု ပြောကြားခဲ့သည်။
ရတနာသဘာဝဓာတ်ငွေ့စီမံ ကိန်းတွင် ကုမ္ပဏီအလိုက်အစုရှယ် ယာပါဝင်မှုရာခိုင်နှုန်းမှာ TOTAL ကုမ္ပဏီမှ ၃၀.၂၄ရာခိုင်နှုန်း၊ UNOCAL ကုမ္ပဏီမှ ၂၈.၂၆ရာခိုင်နှုန်း၊ PTTEP ကုမ္ပဏီမှ ၂၅.၅၀ရာခိုင်နှုန်း၊ MOGE ကုမ္ပဏီမှ ၁၅.၀၀ ရာခိုင်နှုန်း အသီးသီး ပါဝင်သည်။
ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းတွင် ကုမ္ပဏီအလိုက် အစုရှယ်ယာပါဝင်မှု ရာခိုင်နှုန်းမှာ PETRONAS ကုမ္ပဏီမှ ၄၀.၇၅ရာခိုင်နှုန်း၊ MOGE ကုမ္ပဏီမှ ၂၀.၄၅ရာခိုင်နှုန်း၊ NIPPON ကုမ္ပဏီမှ ၁၉.၄၀ ရာခိုင်နှုန်း၊ PTTEP ကုမ္ပဏီမှ ၁၉.၄၀ ရာခိုင်နှုန်း အသီးသီးပါဝင်သည်။
ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် ကုမ္ပဏီအလိုက် အစုရှယ်ယာ ပါဝင်မှုရာခိုင်နှုန်းမှာ DAEWOO ကုမ္ပဏီမှ ၈၅.၀ရာခိုင်နှုန်း၊ OVL ကုမ္ပဏီမှ ၁၇.၀ ရာခိုင်နှုန်း၊ MOGE ကုမ္ပဏီမှ ၁၅.၀ ရာခိုင်နှုန်း၊ GAIL ကုမ္ပဏီမှ ၈.၅ရာခိုင်နှုန်း၊ KOGAS ကုမ္ပဏီမှ ၈.၅ ရာခိုင်နှုန်း အသီးသီး ပါဝင်သည်။
ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းတွင် ကုမ္ပဏီအလိုက် အစုရှယ်ယာပါဝင်မှု ရာခိုင်နှုန်းမှာ PTTEPI ကုမ္ပဏီမှ ၈၅.၀ရာခိုင်နှုန်း၊ MOGE ကုမ္ပဏီမှ ၁၅.၀ ရာခိုင်နှုန်း အသီးသီး ပါဝင်သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment