ရွှေစည်းခုံစေတီတော်မြတ်ကြီး၏ ထူးခြားချက်(၉)ချက်
မြန်မာလူမျိုးမှန်ရင် ရွှေစည်းခုံစေတီတော်ကြီးကို မဖူး ဖူးရင်တောင်
မကြားဖူးတဲ့သူမရှိပါဘူး။ ရွှေစည်းခုံစေတီတော်ကြီးသည်ညောင်ဦးမြို့
အနောက်ဘက်မိုင်ဝက်ခန့်အကွာတွင်ကိန်းဝပ်တော်မူလျှက်ရှိသည်။ရွှေစည်းခုံစေတီတော်မြတ်ကြီးကိုပစ္စယာသုံးဆင့်
ခေါင်းလောင်းပုံ ခါးပတ် ဘီလူးပန်ဆွဲ ဖောင်းရစ်အဆင့်ဆင့် ကြာမှောက်ကြာလန်
ထုတ်ကာ ထောင်စိုက်စေတီ နတ်လှေကား စသည့်အဆင်တန်ဆာတို့ဖြင့်
အချိုးကျနပြေပြစ်၍ တင့်တယ်သပ္ပာယ်စွာတည်ထားသည်။ဓာတ်တော်ကြုတ်သဏ္ဌန်
မြေစိုက်စေတီဖြစ်၍ မရိုးနိုင်သော ပုဂံခေတ်ဦး၏ ဆန်းသစ်သောလက်ရာဖြစ်သည်။
အရိမဒ္ဒနပူရမည်သော ပုဂံပြည့်ရှင် သီရိအနုရုဒ္ဓဒေဝခေါ်
အနော်ရထာမင်းကြီးသည် ရှင်အရဟံမထေရ်မြတ်၏ အမိန့်တော်ကိုခံယူလျှက် စွယ်တော်
ညှပ်ရိုးတော် နဖူးသင်းကျစ်တော် ဆံတော်
စသောဓာတ်တော်မွေတော်အပေါင်းကိုထည့်သွင်းဌာပနာလျှက် သက္ကရာဇ် ၄၂၁
ခုနှစ်တွင်တည်ထားခဲ့ပါသည်။ အပြီးမသတ်နိုင်၍ ထီးလှိုင်ရှင်ခေါ်
ကျန်စစ်မင်းကြီးလက်ထက်တွင် အပြီးသတ်ခဲ့ပေသည်။
စေတီတော်မြတ်ကြီး၏
လေးမျက်နှာကြေးဂူတိုက်အတွင်း(၁၃)ပေခန့်ရှိမတ်ရပ်ကြေးဆင်းတုတော်တစ်ဆူစီတည်ထားသည်။
အိန္ဒိယဂုတ္တခေတ်လက်ရာ အနုပညာများဖြစ်သည်။ စေတီတော်ကြီးကား
အံ့ချီးမကုန်အောင် လက်ရာမြောက်လှသည်။
ရွှေစည်းခုံ စေတီတော်ကြီးသည်......
(၁) ထီးတော်ကို ကြိုးမဆိုင်းရဘဲမြဲမြံနေခြင်း
(၂) စေတီတော်အရိပ်သည် တံတိုင်းအပြင်ကိုမထွက်ခြင်း
(၃) စေတီတော်အထက်မှပစ်ချသော ရွှေလှောင်စက္ကူတို့ တံတိုင်းအပြင်သို့မထွက်ခြင်း
(၄) ပရိသတ်မည်မျှများများ မဟာရာမ်တံတိုင်းအတွင်း၌ ပြည့်ကျပ်မနေခြင်း
(၅) ပထမသပိတ်တော်၌ ဆွမ်းဦးမတင်နိုင်ခြင်း
(၆) စေတီတော်ကို ရှိရင်းဉာဏ်တော်ထက်မြင့်သည်ဟုထင်ရခြင်း
(၇) စေတီတော်တစ်ဖက်မှတီးသောစည်သံကို အခြားတစ်ဖက်မှမကြားရခြင်း
(၈) မဟာရာမ်တံတိုင်း၌ မိုးရေမတင်ခြင်း
(၉) ခရေပင်တို့ တစ်နှစ်ပတ်လုံးပွင့်ခြင်း စသည့် ထူးဆန်းအံ့ဖွယ်ရာကိုးပါးရှိသည်။
Ancient pagodas from Bagan-Nyaung U မှထုတ်နှုတ်တင်ပြသည်။
ရွှေစည်းခုံစေတီတော်မြတ်ကြီး၏ ထူးခြားချက်(၉)ချက်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment