RADIO

What is current song?

RSS

ပုံပြင်တိုလေးများ.....

(၁)
သူ့ကို သူလက်ထပ်ခွင့်တောင်းတော့ သူစကားတစ်ခွန်းပဲပြောတယ်။ "ငါ့ကို ယုံပါ"

သူ့အတွက် သူပထမဆုံးသမီးလေးမွေးပေးတော့ သူစကားတစ်ခွန်းပြောတယ်။ "နင် ပင်ပန်းပြီ"

သူတို့သမီး မင်္ဂလာဆောင်တဲ့နေ့က သူ့ကို သူဖက်ပြီး စကားတစ်ခွန်းပြောတယ်။ "ငါ ရှိသေးတယ်"


သူဖျားနာကြောင်း သူကြားတော့ သူ့ဘေးနား သူချက်ချင်းရောက်လာပြီး စကားတစ်ခွန်းကို သူထပ်တလဲလဲပြောတယ်။
"ငါ ဒီမှာ"
လောကကြီးထဲကနေ သူထွက်သွားတော့မယ့်တခဏ သူ့နဖူးကို သူနမ်းပြီးပြောတယ်။ "ငါ့ကို စောင့်ပါ"
ဒီတစ်သက် သူ့ကို ချစ်တယ်လို့ သူ မပြောခဲ့ဖူးဘူး။ ဒါပေမယ့် အချစ်က သူတို့အနားမခွဲမခွာရှိခဲ့တယ်။

ဒီလောကမှာ ရင်ထဲကစကားကို ထုတ်ဖော်မပြောပြတတ်တဲ့ လူတွေရှိတယ်။ ထုတ်ဖော်မပြောတိုင်း သူတို့မှာ ချစ်ခြင်းမေတ္တာမရှိတာမဟုတ်ပါဘူး။

(၂)
အဖေဖြစ်သူကားဆေးတော့ သားက ကျောက်ခဲနဲ့ ကားတံခါးကိုခြစ်ကစားတယ်။ ဒါကို အဖေကတွေ့တော့ ဒေါသထွက်ပြီး တုတ်နဲ့ သားလက်ကို ရိုက်လိုက်တယ်။ အဲဒီနောက် သားဆေးရုံရောက်သွားတယ်။ ဆေးစစ်ချက်မှာ သားလက်ချောင်းရိုး အက်သွားတာတွေ့တယ်။ အဖေကိုတွေ့တော့ သားကပြောတယ်... "ဖေဖေ.. မစိုးရိမ်ပါနဲ့ သားလက်က ပြန်ကောင်းလာမှာပါ"တဲ့။ ဒါကို အဖေကြားတော့ ကိုယ့်ကိုယ်ကို ဒေါသဖြစ်မိတယ်။ အိမ်ပြန်ရောက်လို့ ကားကိုရိုက်ခွဲဖို့လုပ်တော့ ကားတံခါးမှာ သားရေးထားတဲ့စာကို သူတွေ့တယ်။ "ဖေဖေကို ချစ်တယ်"တဲ့။

တချို့ကိစ္စက သေသေချာချာတွေ့မြင်ပြီးမှ ဆုံးဖြတ်ချက်ချတာ ပိုကောင်းတယ်။

(၃)
မျက်မမြင် မိန်းကလေးတစ်ယောက်မှာ ချစ်သူကလွဲလို့ ဘာမှမရှိခဲ့ဘူး။ ချစ်သူက "တကယ်လို့ နင်မျက်လုံးတွေ ပြန်မြင်လာရင် ငါ့ကိုလက်ထပ်နိုင်မလား"လို့မေးတော့ ကောင်မလေးက ခေါင်းညိတ်တယ်။ အဲဒီလိုနဲ့ မျက်လုံးအစားထိုးကုသမှုကြောင့် မိန်းကလေးမျက်စိပြန်မြင်လာခဲ့တယ်။ ဒါပေမယ့် သူ့ချစ်သူက မျက်မမြင်ဆိုတာကို သူသိသွားခဲ့တယ်။ ချစ်သူက သူ့ဆီလက်ထပ်ခွင့်တောင်းတော့ မျက်မမြင်ဆိုပြီး သူငြင်းဆန်ခဲ့တယ်။ နောက်ဆုံးမှာ ချစ်သူက သူ့ကိုစကားတစ်ခွန်းပြောခဲ့တယ်။

"ငါ့မျက်စိတွေကို ဂရုစိုက်ပေးပါ"တဲ့။

(၄)
မိန်းကလေးရေချိုးခန်း မီးလောင်တော့ အထဲမှာရေချိုးနေသူတွေ ပျားပန်းခတ်ပြီး အပြင်ကို အဝတ်ဗလာနဲ့ ထွက်ပြေးလာခဲ့ကြတယ်။ အသက်ကြီးပိုင်းတစ်ယောက်က "အမြန်ဖုံးလိုက်ပါ"လို့ အော်ဟစ်သတိပေးတယ်။ မိန်းကလေးရဲ့ခန္ဓာကိုယ်မှာ အရှက်နေရာက သုံးနေရာရှိတော့ ဘာကိုဖုံးလို့ ဘာကိုကွယ်ရမှန်းမသိ ပြာယာခတ်နေခဲ့တယ်။ ဒီအချိန်မှာ အသက်ကြီးပိုင်တစ်ယောက်က "မျက်နှာကိုဖုံးပါ.. အောက်ပိုင်းက အတူတူတွေပဲ"လို့ အော်ဟစ်သတိပေးတယ်။

ထူးခြားတဲ့အခြေအနေမှာ အရာရာကိုဆုပ်ကိုင်နိုင်ဖို့ဆိုတာ ခက်တယ်။ အဓိက,က အရေးပါ၊ အရေးကြီးတဲ့အချက်ကို ဆုပ်ကိုင်နိုင်ဖို့ပါပဲ။

(၅)

အမေအိုကို မကျွေးမမွေးနိုင်တော့တဲ့သားက အမေကို တောထဲမှာစွန့်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ တစ်ညနေမှာ သားက အမေကိုကျောပိုးပြီး တောထဲလျှောက်သွားကြည့်မယ်ဆိုတော့ အမေက ခက်ခက်ခဲခဲနဲ့ သားကျောပေါ်တက်လိုက်ခဲ့တယ်။ တောနက်နက်ထဲရောက်မှ အမေကိုပစ်မယ်လို့ သားကတွေးပြီး တောထဲဝင်ခဲ့တယ်။ အဲဒီမှာ အမေကိုသူငှဲ့ကြည့်တော့ အမေဟာ သူကျောပေါ်ကနေပြီး လမ်းတလျောက် ပဲစေ့တွေပစ်ချနေတာကို သူတွေ့လိုက်တယ်။

"အမေဘာလို့ ပဲစေ့တွေ ကျဲနေသလဲ"လို့ သူစိတ်တိုတိုနဲ့မေးတော့ အမေက "ခဏနေ သားပြန်ရင် သားလမ်းမှားမှာစိုးလို့ပါ"လို့ ပြန်ဖြေတယ်။

မိဘတွေဟာ အိုမင်းသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ သူတို့ရဲ့ချစ်ခြင်းက သင့်အပါးတစ်သက်လုံး မခွဲမခွာရှိနေခဲ့ပါတယ်။


သူငယ်ချင်းတစ်ယောက် ပေးပို့လာတဲ့ အီးမေးလ်ထဲက ပုံပြင်တချို့ပါ။ ဘာသာပြန် မျှဝေပါတယ်..

နိုင်းနိုင်းစနေ ဘာသာပြန်သည်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဟတ်ကြီး ရေအားလျှပ်စစ် စီမံကိန်းမှ ထွက်ရှိမည့် ရေအားလျှပ်စစ် ၉၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့ ရောင်းချမည်

                                                  သံလွင်မြစ်ချောင်းတနေရာ
 ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဟတ်ကြီး ရေအားလျှပ်စစ် စီမံကိန်းမှ ထွက်ရှိမည့် လျပ်စစ်များ၏ ၉၀ ရာခိုင်နှုန်းအား ထိုင်းနိုင်ငံသို့ ရောင်းချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဟတ်ကြီး ရေအားလျှပ်စစ် စီမံကိန်း ပြုလုပ်ရန်အတွက် အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် စီမံရေးဦးစီးဌာနနှင့် ထိုင်းနိုင်ငံမှ EGAT International Co.,Ltd တို့သည် ၂၀၀၅ ခုနှစ် သြဂုတ်လ ၉ ရက်နေ့၌ ပဏာမ သဘောတူညီမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
                                      ဟတ်ကြီးရေအားလျှပ်စစ် စီမံကိန်းပုံစံငယ်ကို တွေ့ရစဉ်
၂၀၁၀ ပြည့်နှစ် ဧပြီလ ၂၄ ရက်နေ့တွင် ရေအားလျှပ်စစ် စီမံရေးဦးစီးဌာန၊ တရုတ်နိုင်ငံမှ SinoHydro Cor-poration Limited၊ ထိုင်းနိုင်ငံမှ EGAT International Co.,Ltd နှင့် International Group of Entre-preneurs Co.,Ltd တို့သည် စီမံကိန်း အကောင်အထည်ဖော်ရေး သဘောတူညီမှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်ဟု သိရှိရသည်။

''၂၀၀၈ ခုနှစ် ဇူလိုင်မှာ EGAT က EIA လုပ်တာ ပြီးသွားတယ်။ ဒါပေမယ့် အခုထိ ထိုင်းပြည်သူတွေရော မြန်မာပြည်သူတွေပါ အဲဒီ EIA ကို မရသေးပါဘူး''ဟု အဆိုပါ စီမံကိန်းအား လေ့လာထားသူ ထိုင်းနိုင်ငံ Earthrights International  မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
စီမံကိန်း အကောင်အထည်ဖော်ရန် ရင်းနှီးမြှုပ်နှံမှုများအနေဖြင့် SinoHydro Corporation သည် ရာခိုင်နှုန်း ၅၀ ဖြင့် ပါဝင်ထားပြီး EGAT International Co.,Ltd က ၃၆ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားသည်ဟု သိရှိရသည်။

''လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကတည်းက ဒီဆည်စီမံကိန်းတွေကို လုပ်ဖို့ စတင်ခဲ့တာပါ။ ထိုင်းနိုင်ငံမှာရှိတဲ့ သံလွင်ပေါ်မှာ ဆည်နှစ်ခု ဆောက်မယ်။ မြန်မာနိုင်ငံထဲမှာ သံလွင်မြစ်ပေါ်မှာ ဆည်ငါးခုဆောက်မယ်လို့ အစီအစဉ်ရှိပါတယ်''ဟု ၎င်းက ပြောပြသည်။
                                   စီမံကိန်းတည်ရှိရာ နေရာပြမြေပုံ

အဆိုပါ ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်နေရာသည် ထိုင်း-မြန်မာနယ်စပ်နှင့် ၃၃ ကီလိုမီတာသာ ဝေးကွာပြီး ဆည်ကြောင့် သက်ရောက်မှုသည် မြန်မာနိုင်ငံတွင် သာမက ထိုင်းနိုင်ငံ၌လည်း ဖြစ်ပေါ်နိုင်ခြေရှိနေသည်ဟု သိရှိရသည်။
''မြန်မာနိုင်ငံဘက်က ရွာခြောက်ရွာက ရေ၀ပ်ဧရိယာမှာ ကျမယ်လို့ EGATက ပြောထားတယ်။ ဒါပေမယ့် ထိုင်းနယ်စပ်မှာနေတဲ့ ဒေသခံတွေဆီ ကွင်းဆင်း လေ့လာတုန်းကတော့ ရေ၀ပ်ခံရမယ့် ရွာတွေဟာ ၃၂ ရွာလောက်ရှိမယ်လို့ ခန့်မှန်းတာကို တွေ့ရှိရပါတယ်''ဟု Earthrights International မှ တာဝန်ရှိသူက ပြောကြားသည်။

တည်ဆောက်ရန် လျာထားသည့် ဟတ်ကြီးဆည်သည် စက်တပ်ဆင်အား ၁၂၀၀ မဂ္ဂါဝပ်ခန့်ရှိကာ ဆည်၏ ခန့်မှန်းအမြင့်မှာ ၃၃ မီတာ ဖြစ်သည်ဟု သိရှိရသည်။
                                        ဘားအံမြို့အနီး သံလွင်မြစ်ကြောင်းတစ်နေရာ

၁၉၉၈ ခုနှစ် ၀န်းကျင်က ဂျပန်နိုင်ငံမှ Japanese Development Consultant က လေ့လာမှုများ ပြုလုပ်ပြီးနောက် ဆည်သည် ထုတ်လုပ်နိုင်စွမ်းအား မဂ္ဂါဝပ် ၃၀၀ ရှိကာ ယင်းပမာဏဖြင့် တွက်ချက်တည်ဆောက်ပါက မြစ်သည် ပုံမှန်အတိုင်း စီးဆင်း နိုင်မည်ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။ သို့သော် EGAT က ၂၀၀၅ ခုနှစ်၌ ထပ်မံလေ့လာမှု ပြုလုပ်ကာ စက်တပ်ဆင်အား မဂ္ဂါဝပ် ၁၂၀၀ အထိ တိုးမြှင့်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
''မြစ်ကို ပိတ်ရင် ရေလမ်းကြောင်းကတော့ မတူတော့ပါဘူး။ အောက်ရေ မရှိသလောက် စီးဆင်းမှာဖြစ်ပါတယ်။ မြစ်ကမ်းစိုက်ပျိုးရေး ထိခိုက်မယ်။ ဇီဝမျိုးစုံမျိုးကွဲတွေ ထိခိုက်မယ်။ နောက်ပြီး သစ်တောပြုန်းတီးမှုတွေလည်း ရှိလာမှာဖြစ် ပါတယ်''ဟု ၎င်းက ပြောပြသည်။
မြန်မာနိုင်ငံဘက်က ရွာခြောက်ရွာက ရေ၀ပ်ဧရိယာမှာ ကျမယ်လို့ EGATက ပြောထားတယ်။ ဒါပေမယ့် ထိုင်းနယ်စပ်မှာနေတဲ့ ဒေသခံတွေဆီ ကွင်းဆင်း လေ့လာတုန်းကတော့ ရေ၀ပ်ခံရမယ့် ရွာတွေဟာ ၃၂ ရွာ လောက်ရှိမယ်လို့ ခန့်မှန်းတာကို တွေ့ရှိရပါတယ် . . .
ဟတ်ကြီးဆည် တည်ဆောက်ပါက ထိုင်းနိုင်ငံတွင်လည်း သက်ရောက်မှုများ ကြုံတွေ့နိုင်မည်ဖြစ်သောကြောင့် ဆည်တည်ဆောက်ရေးနှင့် ပတ်သက်၍ ရပ်တန့်ရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လှုပ်ရှားသူများက တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြပြီး ၂၀၀၉ ခုနှစ် တွင် ကော်မတီအဖွဲ့ခွဲများ ထူထောင်ခဲ့ကြသည်။ နောက်ပိုင်းတွင် ထိုင်းနိုင်ငံ၌ အစိုးရသစ် တက်လာပြီးနောက် ယင်းအဖွဲ့များ၏ လုပ်ဆောင်မှုများ ရပ်တန့်သွားခဲ့သည်ဟု သိရသည်။

''အခုအထိတော့ ဆည်က မစရသေးပါဘူး။ ရှေ့ မဆက်ရသေးပါဘူး။ ဆည်ဆောက်မယ့်နေရာနဲ့ သိပ်မဝေးတဲ့နေရာမှာ ကေအင်န်ယူတွေ ရှိတယ်။ ထိုင်းနိုင်ငံဘက်က ထိုင်းကရင်တွေကတော့ ဒီဆည်ဟာ သူတို့ ကရင်တွေနေတဲ့ ဒေသတွေကို ရေလွှမ်းဒေသတွေဖြစ်စေမယ့် နေရာလို့ ယူဆထားကြတယ်။  ဒီဆည်စီမံကိန်းက ငြိမ်းချမ်းရေးနဲ့လည်း ဆက်စပ်နေပါတယ်''ဟု Earthrights International  မှ တာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။
သံလွင်မြစ်သည် ဆည် လုံးဝ မတည်ဆောက်ရသေးသည့် မြစ်တစ်စင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာမြစ်လည်း ဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာတစ်နိုင်ငံလုံး၌ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှု ရာခိုင်နှုန်းမှာ ၂၂ ရာခိုင်နှုန်းသာ ရှိသေးကြောင်း၊ ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ် အားသုံးစွဲမှုမှာ မဂ္ဂါဝပ် ၂၃၉၀၀ ကျော်ရှိကာ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ် အားသုံးစွဲနိုင်မှုမှာ မဂ္ဂါဝပ် ၁၅၀၀ ကျော်သာ ရှိသေးကြောင်း သိရသည်။
၂၀၁၃ ခုနှစ်တွင် ထပ်မံထွက်ရှိလာမည့် ကမ်းလွန်ဓာတ်ငွေ့မြေ စီမံကိန်းသစ်နှစ်ခုမှ သဘာဝဓာတ်ငွေ့များကို ပြည်ပသို့ ရောင်းချခြင်းထက် ပြည်တွင်းသုံးစွဲရန်အတွက်သာ တိုးမြှင့်ရယူသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားခဲ့သည်။

>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ZawGyi Fonts ဖြင့် Virus ကာကွယ်နည်း

ZawGyi Fonts ဖြင့် Virus ကာကွယ်နည်း ကိုသိသလောက်ပြောပြပေးချင်ပါတယ်.. သိပြီးသားဆိုသူများကလည်း ဒီထက်ကောင်းတဲ့နည်းလမ်းကိုပြောပြပေးကြပေါ့ဗျာ…ကဲ စမယ်နော်။
ကွန်ပျူတာနှင့်မကင်းသူတိုင်း USB Memory Stick များကိုအသုံးပြုသူတိုင်းကြုံဖူးကြပါလိမ့်မယ်..။
အချို့သော Virus များသည် USB Stick ထဲသို့ဝင်ရောက်ပြီးတာနဲ့ နဂိုမူရင်းရှိပီးသား Folder , Files
တွေကို ဖျောက်ပစ် (Hidden) လုပ်ပစ်ကာ..ဖျောက်ပစ်ခြင်းခံရသော Folder , Files တို့ရဲ့ နာမည်ဆင်
တူများကိုသာ ကွန်ပျူတာအသုံးပြုသူမြင်သာအောင် .exe အဖြစ်ပြောင်းလဲပြီး ပြထားတတ်ပါတယ်။
Folder Option ကပြန်ကြည့်မယ်ဆိုရင်တော့ မူရင်း မှိန်နေတဲ့ဖိုင်တွေကို မြင်ရမှာပါ..အဲဒီလိုပြန်ကြည့်စရာမလိုအောင်ကို ကာကွယ်နည်းကိုအခုပြောပြပါတော့မယ်။

ဥပမာ.. Recycler Virus, Shortcut to Virus,Chrome များသည် ၀င်ရောက်လာပြီဆိုတာနဲ့ နဂိုရှိရင်းဖိုင်များကို
ဖျောက်ပစ်ကာ .. နာမည်တူ .exe ဖိုင်များကိုဖန်တီးပီး virus များကိုပွားများပါတော့တယ်..မြင်သာအောင်
ပြောရမယ်ဆိုရင် မိမိရဲ့ USB Stick တွေထဲမယ် Photo , Audio , Video အစရှိသည့် Folder တွေရှိပီးသား
ဆိုပါဆို့….အထက်ပါ Virus များဝင်ရောက်လာတာနဲ့ မူရင်း Photo , Audio , Video အဲဒါတွေကိုဖျောက်ပစ်
ပြီး Photo.exe , Audio.exe , Video.exe ဆိုပြီးပြောင်းလဲပစ်တာပါ။ အသုံးပြုသူက မသိဘဲ ဖွင့်လိုက်မိတယ်ဆို
ရင်တော့ သေပီဆရာပေါ့ဗျာ.. မူရင်းဖိုလ်ဒါတွေက ပျောက်ကုန်ပြီး..Virus ကဖန်တီးထားတဲ့ ဖိုလ်ဒါအတုတွေကိုဖွင့်မိမှတော့..Virus တွေပိုပြီးပွားများလာအောင် လုပ်ပေးလိုက်တာနဲ့အတူတူပါဘဲ။ ကဲဒီတော့
ကာကွယ်နည်းကို အခုစပြောပါတော့မယ်.. Folder တွေ Files တွေကို နာမည်ပေးရာမှာ English နာမည်တွေ
ချည်းမပေးလိုက်ပါနဲ့..ZawGyiFonts လေးနဲ့ နာမည်တွဲပေးပါ။ ဥပမာ New Folder လို့ပေးမယ့်အစား…
မောင်မောင်NewFolderမောင်မောင် ၊ လှNewFolderလှ၊ အဲသလို မြန်မာစာလုံးတွေနဲ့သာ တွဲပေးထားလိုက်ပါ။
ဘယ် Virus မှ ဖွက်မထား၊ဖျောက်မထားနိုင်တော့ပါဘူး..အဲဒါ မြန်မာစာရဲ့ကျေးဇူးပါ။ အောက်မှာ ကျွန်တော့်ရဲ့
USB Stick ထဲက ပုံတွေနဲ့နမူနာပြထားပါတယ်..လေ့လာကြည့်ပေါ့နော်..အားလုံးဘဲအဆင်ပြေကြပါစေ။

Winrar နဲ့ Folder ,Files တွေကို Zip လုပ်ထားရင်လဲ ဘယ်Virus မှဖွက်မထား။ ဖျက်မပစ်နိုင်ပါ။
Problème d'Affichage


>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပန်းရောင်ကမာကောင်ရဲ့ရာဇဝင်......(ဝတ္တုတို)

ပန်းရောင်ကမာကောင်ရဲ့ရာဇဝင်

“ကောင်လေး… ကမာကောင်ရဲ့ ရာဇဝင်ကိုသိလား? ကြားဖူးတာတစ်ခုက ပန်းရောင်ကမာကောင်ရဲ့ ဆက်နေတဲ့ အခွံနှစ်ခုကို ချစ်သူနှစ်ယောက် ပင်လယ်ထဲအတူ ပစ်ချခဲ့ရင် အဲဒီချစ်သူနှစ်ဦး ရာသက်ပန် ပေါင်းရတယ်တဲ့”
“အူကြောင်ကြောင်နဲ့ ကောင်မလေးရယ်! ဒီလို ရာဇဝင်ကိုလည်း ယုံသတဲ့လား! စိတ်ချပါ… ဒီလိုကမာကောင်မရှိလဲ ငါတို့နှစ်ယောက် ရာသက်ပန် ပေါင်းရမှာပါ။ ပေါင်းရအောင်လဲ ငါကြိုးစားမယ်။ နင်အတွေး မများနဲ့နော် ကောင်မလေး!”
“အင်း… ငါတို့ ကမာကောင် မလိုပါဘူးနော် ကောင်လေး”
ကောင်လေးရဲ့အပြောကို ကောင်မလေးက ခပ်ပြုံးပြုံးပြန်ဖြေတယ်။
လအနည်းငယ်အကြာမှာ ကောင်မလေး ပျောက်သွားခဲ့တယ်။
ဖုန်းလည်း ဆက်သွယ်လို့မရ၊ အိမ်လည်း သော့ခတ်လို့ ကောင်မလေး တစ်ယောက် ခြေရာ ဖျောက်သွားခဲ့တယ်။ ကောင်မလေးကို ကောင်လေး အတတ်နိုင်ဆုံး လိုက်ရှာခဲ့ပေမယ့် ရှာမတွေ့ခဲ့ဘူး။ သူ့ကို ကောင်မလေး လှည့်စား လိမ်ညာသွားပြီလို့ ကောင်လေး မျှော်လင့်ချက်မဲ့ ထင်ခဲ့တယ်။ မကြာပါဘူး…. ကောင်မလေးကို လွမ်းတဲ့စိတ်နဲ့ ကောင်လေး ပေတေခဲ့တယ်။ အရက်သောက်တယ်၊ ရန်ဖြစ်တယ်။
—————————————————————————————————————————————————-
“သူ့ကို မပြောပြတာကို နင်နောင်တ မရဘူးလား?”
ကောင်မလေးရဲ့ သူငယ်ချင်းက ကောင်မလေးကို မေးတယ်။
“အင်း… မရပါဘူး။ ငါ့မှာရောဂါရှိကြောင်း သူ့ကိုမသိစေချင်ဘူးလေ.. ဒါကြောင့် ငါပုန်းရှောင်နေတာ”
“သူငိုမှာစိုးလို့လား? သူစိတ်မကောင်းမှာ စိုးလို့လား?”
“အင်း… ” သူငယ်ချင်းရဲ့အမေးကို ကောင်မလေး ခေါင်းညိတ်ရုံသာ အဖြေပေးနိုင်ခဲ့တယ်။
“နင်မရှိတော့မှ သူ့ကို ငါပြောပြရမလား?”
ဒီအမေးကို ကောင်မလေး ဖြေနိုင်စွမ်း မရှိခဲ့ဘူး။ သူငယ်ချင်းကို ဗွီဒီယိုရိုက်စက် ယူခိုင်းပြီး သူ့ကို ဗွီဒီယို ရိုက်စေခဲ့တယ်။
“ရိုက်ပြီးရင် ဒီအခွေ သူ့ကို ပေးပေးပါနော်”
—————————————————————————————————————————————————-
ကောင်လေးရဲ့မွေးနေ့မှာ ကောင်မလေးရဲ့သူငယ်ချင်း ရောက်လာခဲ့တယ်။
“ရော့… ဒါ နင့်အတွက်”
“ငါ့မွေးနေ့ လက်ဆောင်လား! နင်ကလဲ အားနာစရာဟာ၊ ငါ့ကို နောက်ဖို့တော့ မဟုတ်ပါဘူးနော်”
“ဒီခွေကို နင်ကြည့်ပြီးရင် သိလိမ့်မယ်”
ကောင်မလေးရဲ့သူငယ်ချင်းက မျက်ရည် အဝဲသားနဲ့ ပြောတယ်။
သူငယ်ချင်းရဲ့အပြုအမှုကြောင့် ကောင်လေးတစ်ချက် မှင်သက်သွားတယ်။ အိမ်ရောက်ရောက်ချင်း အခွေကို သူဖွင့်ကြည့်တယ်။ ခွေထဲမှာ ကောင်မလေးရဲ့ အရိပ်ကိုမြင်တယ်။ လူနာ ကုတင်ပေါ်မှာ ကောင်မလေး ခပ်ပြုံးပြုံးထိုင်ရင်း စကားစတယ်။
“ကမာကောင်ရဲ့ ရာဇဝင်ကို မှတ်မိသေးလား ကောင်လေး? ပန်းရောင် ကမာကောင်ကို ငါသွားရှာသေးတယ်။ ရှာလို့လည်း မတွေ့ခဲ့ပါဘူး။ ငါ့ကို အူကြောင်ကြောင်နဲ့ ဆိုပြီး နင်ပြောဦးမလား? ပန်းရောင် ကမာကောင်ကို ငါအရမ်းရှာတွေ့ချင်တယ်။ နင်နဲ့ငါ ရာသက်ပန် အတူနေချင်လို့ပါ…. ”
သက်ပြင်း ခပ်တိုးတိုးလေး တစ်ချက် ကောင်လေး ချမိတယ်။ အခွေထဲက ကောင်မလေးရဲ့ဆို့နင့်သံက လွှင့်ပျံလာပြန်တယ်။
“ငါရှောင်ပုန်းနေလို့ ငါ့ကို နင်အရမ်း မုန်းမိမှာပဲနော်။ နင့်ကိုငါ လှည့်စားသွားပြီလို့ နင်ထင်နေမှာပဲ။ ငါဘာဖြစ်လို့ ကမာကောင် သွားရှာခဲ့လဲ နင်သိလား ကောင်လေး! နင်နဲ့ ရာသက်ပန် အတူနေဖို့ ငါ့မှာ ကိုယ်ပိုင်အင်အား မရှိလို့ပါကောင်လေး..
ငါ အစာအိမ် ကင်ဆာရောဂါ ခံစားနေရတယ် ကောင်လေး! နှစ်ဝက်တောင် အသက် မရှင်နိုင်တော့ဘူးလို့ ဆရာဝန်က ပြောတယ်။ ဒါကြောင့် နင့်ကိုငါ ရှောင်ပုန်းခဲ့တယ် ကောင်လေးရယ်။ နင့်ကိုငါ ပြောမပြတော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ ဒါပေမယ့် ငါ့သူငယ်ချင်းက ငါမရှိတော့တဲ့နောက် နင့်ကို သွားပြောပြမှာပဲ။ အဲဒီအချိန်ကျရင် သူ့စကားကို နင်ယုံမှာ မဟုတ်ဘူး။ ဒါကြောင့် ငါခွေရိုက်ပြီး ထည့်ပေးလိုက်တယ်။ နင့်အတွက် ငါ့ရဲ့ နောက်ဆုံး စကားတွေပေါ့။ ဒီခွေကို နင်လက်ခံရရှိတဲ့အချိန် ငါ့အတွက် အချိန်ဘယ်လောက်မှ ကျန်တော့မှာမဟုတ်ဘူး။
“နင့်ကို ငါချစ်တယ်” ငါပြောခဲ့ပါရစေ…. အခုချိန်မှာ ငါဟာ ပန်းရောင် ကမာကောင်ကို အရမ်းလိုအပ်နေပါတယ် ကောင်လေးရယ်..”
ကောင်မလေးရဲ့ ကြေကြေကွဲကွဲ အသံကြောင့် ကောင်လေး မျက်ရည်တွေ ဆို့တက်လာတယ်။ မျက်ရည်တွေ ပြည့်နေတဲ့ အကြည့်တွေကြားမှာ ကောင်မလေးရဲ့ ပုံရိပ်ကို မှုန်ဝါးဝါးသာ မြင်ရပြီး တိုးညင်းတဲ့ အသံကိုပဲ ကောင်လေး ကြားနေရတယ်။
“ကောင်လေး…. နင့်ကိုငါ အရမ်းချစ်တယ်… ငါနှုတ်ဆက်ခဲ့ပါတယ်”
မျက်လုံးအိမ်မှာ ပြည့်နေတဲ့ မျက်ရည်တွေက ကောင်လေး ပါးပြင်ထက် တရဟော စီးကျလာခဲ့တယ်။
“ငါ မငိုခဲ့တာ တော်တော်ကြာပြီ ကောင်မလေးရဲ့…”
ခွေကိုစက်ထဲကထုတ်ပြီး ရင်ခွင်ထဲ တင်းတင်းပွေ့ထားရင်း ကောင်လေးပြောတယ်။
“နင့်ကိုလဲ ငါအရမ်းချစ်တယ် ကောင်မလေးရယ်…”
—————————————————————————————————————————————————-
ရက်အနည်းငယ် အကြာမှာ ကောင်မလေးရဲ့ သူငယ်ချင်းက ကောင်လေးကို သွားခေါ်ခဲ့တယ်။
“နင်တကယ်ပဲ ပန်းရောင် ကမာကောင်ကို ရှာတွေ့ခဲ့တာလား!”
“အင်း… ဟုတ်တယ်။ ဘယ်တော့မှ သူ့သူငယ်ချင်းတွေ သူ့ကို ဝင်တွေ့ခွင့်ပေးမလဲ?”
“အင်း.. အခုရပြီ ထင်တယ်.. လာ”
ကောင်မလေးရဲ့ အသုဘ အခမ်းအနားထဲဝင်ပြီး ကောင်မလေးကို သူတို့ ဝင်တွေ့ခဲ့တယ်။
ကောင်မလေးကို တွေ့တော့ ကောင်လေးက “နင် မကောင်းဘူး… ငါ့ထက်အရင် ထွက်သွားခဲ့တယ်။ ပန်းရောင် ကမာကောင်ကို ငါရအောင် ရှာခဲ့တယ် ကောင်မလေး။ အခွံတစ်ခြမ်းကို ငါပင်လယ်ထဲ ပစ်လိုက်ပြီ။ ဒီအခွံတစ်ခြမ်းက နင့်အတွက်….”
ကောင်လေးက ပြောပြောဆိုဆို အခွံတစ်ခြမ်းကို မီးထဲ ပစ်ထည့်လိုက်တယ်။
“နင်လည်း ဒီအခွံကို ပင်လယ်ထဲ ပစ်လိုက်နော်။ ဒါမှ နောင်ဘဝမှာ ငါတို့ အတူတူ ထာဝရ နေကြရမှာ”
သူ့အတွက် ကောင်မလေးထားခဲ့တဲ့ ဆွဲကြိုးကို ကောင်လေးနမ်းရှုံ့လိုက်ပြီး
“ဒီဆွဲကြိုးကို ငါတစ်သက်လုံး သိမ်းထားမယ်။ နင့်ကို ပန်းရောင် ကမာကောင်ပေးလို့ ပြန်ရတဲ့ လက်ဆောင်အဖြစ် ငါ တစ်သက်လုံး သိမ်းထားမယ်။ နင်လည်း နင့်လက်ထဲက လက်စွပ်ကို ဘယ်တော့မှ မချွတ်နဲ့နော်… နင့်ကို ငါချစ်တယ် ကောင်မလေး ပန်းရောင် ကမာကောင်ရဲ့ ရာဇဝင်ကိုလည်း ငါဘယ်တော့မှ မမေ့ပါဘူး။ နောင်ဘဝမှာ ငါတို့ရာသက်ပန် ပေါင်းဖက်ကြမယ် ကောင်မလေးရယ်”
ပန်းရောင် ကမာကောင်ကို မြင်ဖူးပါသလား! ပန်းရောင် ကမာကောင်ရဲ့ ရာဇဝင်ကို ကြားဖူးပါသလား! မမြင်ဖူး၊ မကြားဖူးလည်း ချစ်သူတိုင်း ရာသက်ပန် ပေါင်းဖက်နိုင်ပါစေ…
မူရင်း– google search or 貝殼ㄉ傳說
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အင်္ဂလိပ် အက္ခရာ နှင့် ဂဏန်းများ.....


အင်္ဂလိပ် အက္ခရာ ABCD . . . Z အထိဆိုရင် ၂၆ လုံး ရှိပါတယ်။ အဲဒီ အက္ခရာတွေကို ဒီလို

နံပါတ်စဉ်တွေ ထိုးပြီး စီကြည့်ရအောင် . . .

A=1, B=2, C=3, D=4, E=5,

F=6, G=7, H=8, I=9, J=10,

K=11, L=12, M=13, N=14, O=15

P=16, Q=17, R=18, S=19, T=20

U=21, V=22, W=23, X=24, Y=25, Z=26

အဲဒီလို စီပြီးသွားရင်တော့ သက်ဆိုင်ရာ အက္ခရာကို ကိုယ်စားပြုတဲ့
နံပါတ်တစ်ခုစီ ရှိသွားပါပြီ။

ကဲ ဘ၀မှာ ရာနှုန်းပြည့်အောင်မြင်ဖို့ ဘာအရေးကြီးဆုံးလဲ တွက်ကြည့်ကြစို့။



၁။ အလုပ်ကြိုးစားခြင်း (Hard Work)

H+A+R+D+W+O+R+K

8+1+18+4+23+15+18+11= 98 %

အဲဒါကြောင့် အလုပ်ကြိုးစားခြင်းဟာ ၉၈ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။

၂။ ဗဟုသုတ (Knowledge)

K+N+O+W+L+E+D+G+E

11+14+15+22+12+5+4+7+5 = 96 %

ဗဟုသုတပြည့်စုံခြင်းကတော့ ၉၆ % အောင်မြင်နိုင်ပါတယ်။

၃။ ချစ်ခြင်းတရား (Love)

L+O+V+E

12+15+22+5 = 54 %

ချစ်ခြင်းတရားဟာ အောင်မြင်ဖို့ ၅၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။

၎။ ကံတရား (Luck)

L+U+C+K

12+21+3+11 = 47 %

ကံတရားကတော့ အောင်မြင်ခြင်းနဲ့ ၄၇ ရာခိုင်နှုန်းပဲ ပတ်သက်ပါတယ်။

ဒါဆိုရင်တော့ မဟုတ်သေးဘူး။ ၁၀၀ ရာခိုင်နှုန်း အပြည့်ရနိုင်မယ့်
အကြောင်းတရား တခုခုတော့ ရှိရမယ်။

သိပြီ ပိုက်ဆံ . . . ။

၅။ ပိုက်ဆံ (Money)

M+O+N+E+Y

13+15+14+5+25 = 72 %

မဟုတ်ပြန်ဘူး . . . ပိုက်ဆံကလည်း ၇၂ ရာခိုင်နှုန်းပဲ စွမ်းဆောင်နိုင်တယ်။ ဒါဆိုရင်

၆။ ခေါင်းဆောင်မှု အရည်အသွေး (Leadership)

L+E+A+D+E+R+S+H+I+P

12+5+1+4+5+18+19+8+9+16 = 89 %

ခေါင်းဆောင်မှုကောင်းရင်တော့ ၈၉ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။
ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိစမြဲပါ။ အဲဒီတော့ ပြဿနာရဲ့ အဖြေကို
စိတ်နေစိတ်ထားလေး ပြောင်းပြီး စဉ်းစားကြည့်ရအောင်။ ဟုတ်ပြီ . . .
စိတ်နေစိတ်ထား။

၇။ စိတ်နေစိတ်ထား (Attitude)

A+T+T+I+T+U+D+E

1+20+20+9+20+21+4+5 = 100 %

ရပါပြီ . . . ဘ၀ကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုပေးနိုင်တဲ့ အရာကတော့
စိတ်နေစိတ်ထားပါပဲ။ “Attitude is everything ” လို့ ဆိုပါတယ်။ ကိုယ့်ရဲ့
စိတ်နေစိတ်ထားကို ပြောင်းလိုက်တာနဲ့ ဘ၀တစ်ခုလုံး ပြောင်းလဲနိုင်ပါတယ်။
အခု အဖြေကို သိရပါပြီ။ ကဲ . . . ဘာဆက်လုပ်ကြမလဲ . . . ။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကမ္ဘာပေါ်ရှိ ထူးခြားဆန်းပြား သောနေရာများ.....


>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပုသိမ်သူ လျှပ်ပြေးရေယာဉ် နစ်မြုပ်ခြင်း သတင်းဓါက်ပုံများ

စိတ်မကောင်းစရာသတင်းလေးတစ်ခုပါပဲဗျာ....                                                                    
                                                                
ပုတောမြို့နယ်၊ ကံဆိပ်ကျေးရွာအနီး င၀န်မြစ်အတွင်း ရှပ်ပြေးအမြန်ရေယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၂၃ ဦးအထိရှိလာပြီး သေ ဆုံးသူများထဲတွင် မူလတန်းနှင့် အလယ်တန်း ကျောင်းသူ ကျောင်းသား ခြောက်ဦးနှင့် ဆရာမတစ်ဦး ပါဝင်ကြောင်း သတင်းရရှိသည်။

ပုသိမ်မြို့မှ ငပုတောမြို့အား ဖြတ်သန်းကာ သရက်တောကျေးရွာအထိ ပြေးဆွဲလျက်ရှိသော ပုသိမ်သူအမည်ရှိ ရှပ်ပြေးအမြန်ရေယာဉ်မှာ မတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်က ငပုတောမြို့နယ် ကံဆိပ်ကျေးရွာ အနီး င၀န်မြစ်အတွင်း နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။
နစ်မြုပ်မှုတွင် ပါဝင်ခဲ့သော်လည်း အသက်ရှင် လွတ်မြောက်ခဲ့သည့် ဦးငွေအေးက ရှပ်ပြေးယာဉ်နစ်မြုပ်သည့် နေရာအား ပြသနေစဉ်
ဖြစ်စဉ်မှာ ပုသိမ်မြို့မှ သရက်တောမြို့သို့ ထွက်ခွာလာသည့် ပုသိမ်သူအမည်ရှိ ရှပ်ပြေးအမြန်ရေယာဉ်မှာ ကံဆိပ်ကျေးရွာတံတားသို့ ဆိုက်ကပ်ရန် သင်္ဘောအားအရှိန်ဖြင့် ကွေ့လိုက်စဉ် အရှိန်များပြီး တိမ်းစောင်းကာ နစ်မြုပ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
နစ်မြုပ်မှုတွင် ပါဝင်သူများအား ပြန်လည်ရှာဖွေရေး လုပ်ဆောင်နေသည်ကို မတ်လ ၂၁ ရက်နေ့က တွေ့ရစဉ်

''ကံဆိပ်ကိုကပ်ပြီးတာနဲ့ ငပုတောကို သင်္ဘောကကပ်မှာ။ ငပုတော ဆိပ်ကမ်းမှာ အဲဒီသင်္ဘောကပ်တာနဲ့ ဈေးရောင်းမယ့်သူတွေက သင်္ဘောလာတာကို စောင့်နေတာ။ သင်္ဘောက လှမ်းမြင်နေရတယ်လေ။ ကံဆိပ်နားရောက်တာကို မြင်နေရတယ်။ ပြီးတော့မှ သင်္ဘောက ပျောက်သွားတာ။ အဲဒီတော့မှ သင်္ဘောမှောက်ပြီဆိုပြီး ပြောကြတာ''ဟု ကိုယ်တိုင်ကြုံရသူက ဆိုပါသည်။
အဆိုပါ ရှပ်ပြေးအမြန်ရေယာဉ်ပေါ်တွင် လူဦးရေ ၉၀ ကျော်လိုက်ပါ လာပြီး အမျိုးသား ၃၈ ဦးနှင့်  အမျိုး သမီး ၃၈ ဦးစုစုပေါင်း ၇၆ဦးကို ကယ်တင်နိုင်ခဲ့ပြီး သေဆုံးသည့်ဦးရေမှာ ၂၃ ဦးရှိကာ သေဆုံးသူများထဲတွင် မူလတန်းနှင့် အလယ်တန်းကျောင်း သူကျောင်းသားခြောက်ဦးနှင့် ဆရာမ တစ်ဦးပါဝင်ကြောင်းလည်း သိရသည်။ မတ်လ ၂၁ ရက်နေ့ ညနေပိုင်းအထိ ရရှိသော သတင်းများအရ ငပုတောမြို့ နယ် ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသူ လေးဦးခန့်ရှိကြောင်းနှင့် အသက်ရှင် လွတ်မြောက်သူများမှာ မိမိတို့ သက်ဆိုင်ရာ ကျေးရွာများသို့ အသီးသီးပြန် လည် ရောက်ရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။
နစ်မြုပ်မှုတွင် ပါဝင်သူများအား ပြန်လည်ရှာဖွေရေး လုပ်ဆောင်နေသည်ကို ရှပ်ပြေးအမြန်ယာဉ် နစ်မြုပ်ရာ ကံဆိပ်ကျေးရွာအနီးတွင် မတ်လ ၂၁ ရက်နေ့က တွေ့ရစဉ်

နစ်မြုပ်ခဲ့သည့် ရှပ်ပြေးအမြန် ရေယာဉ်ကို မတ်လ ၂၂ ရက်နေ့တွင် ပြန်လည်ဆယ်ယူသွားမည်ဖြစ်ပြီး ဒေသဆိုင်ရာအဖွဲ့အစည်းများမှ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို  ဆက်လက်ဆောင်ရွက်နေကြောင်း သိရှိရသည်။
ယခုတိမ်းမှောက်သော ယာဉ်ပေါ်တွင် ကုန်နှင့်လူအလေးချိန်မှာ ပုံမှန်တင်ဆောင်နိုင်သည်ထက် များပြားနေကြောင်း သုံးသပ်မှုများလည်း ရှိနေကြောင်း သိရသည်။

ရှပ်ပြေးအမြန်ယာဉ်သင်္ဘောမှာ မတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၃နာရီ ၀န်းကျင်က ငပုတောမြို့နယ် ကံဆိပ်ကျေးရွာအနီး င၀န်မြစ်အတွင်း နစ်မြုပ်သွားစဉ် ခရီးသည် ၆၀ ဦးကို အသက်ရှင်လျက် ကယ်ဆယ်ထားနိုင်ခဲ့သည်ဟု ကနဦးသတင်းများအရ သိရသည်။

သင်္ဘောနစ်မြုပ်မှုမှ လွတ်မြောက်လာသည့် ခရီးသည်များအား အဆိုပါဒေသရှိ ဌာနဆိုင်ရာ ပေါင်းစုံပါဝင်သည့်အဖွဲ့မှ ကူညီမှုပေးပြီး ပျောက်ဆုံး၊ သေဆုံးသူများ ရှာဖွေမှုကိုလည်း ဆက်လက် လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ မတ်လ ၂၁ ရက်နေ့ ည ၇ နာရီထိ သေဆုံးသူ ၁၄ ဦး၏ အလောင်းများအား ရှာဖွေတွေ့ရှိထားကြောင်း သိရသည်။ ယခုတိမ်းမှောက်ခဲ့သော ရှပ်ပြေးအမြန်ယာဉ်သည် ပုသိမ်ဆိပ်ကမ်းမှ ငပုတောမြို့နယ် သရက်တောကျေးရွာသို့ ထွက်ခွာလာခြင်း ဖြစ်သည်။      
အထက်ပါ သတင်းအား Eleven Journal ဂျာနယ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်.။
သူငယ်ချင်းတို့အတွက် သတင်းဓါက်ပုံလေးတွေကို ပါ ဖေါ်ပြပေးလိုက်ပါတယ် .။ အိမ်မှာပဲသုံးရတာဆိုတော့ လိုင်းတွေက အရမ်းလေးတယ်.။ အဲ့ဒီအတွက် လိုအပ်ချက်လေးများ ရှိခဲ့ရင် နားလည်ပေးပါလို့.။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မိန်းကလေးတစ်ယောက်ကို တကယ်ချစ်ရင်...76 ချက်ထဲက ဘယ်နှချက် သင် လုပ်နိုင်သလဲ???

အဲလိုနေပေးရင်ကောင်းမလားဆိုတာကို ဖတ်ပေးကြအုံးနော်..သယ်ချင်းတို့ 

၁။ facebook password ကို သူမကို ပြောပြပါ...


၂။ သူမကို မရက်စက်ပါနဲ့...

၃။ စိတ်ထိခိုက်အောင် မလုပ်ပါနဲ့...

၎။ သူမကို အနိုင်မကျင့်ပါနဲ့...

၅။ မညာပါနဲ့...

၆။ မရိုက်ပါနဲ့...

၇။ တစ်ခုခုနဲ့ ကောက်ပေါက်တာမျိုးမလုပ်ပါနဲ့..
.

၈။ သူမဖုန်းကို မချပစ်ပါနဲ့....

၉။ အသံကျယ်နဲ့  အော်ပြီး သူမကို စကားမပြောပါနဲ့...

၁၀။ သူမ စိတ်မကောင်းဖြစ်အောင် မလုပ်ပါနဲ့...

၁၁။ သူမအတွက် အနှောင့်အယှက်ဖြစ်မဲ့ အရာတွေ သူမနဲ့ အတူ မရှိပါစေနဲ့...

၁၂။ မလုပ်ချင်တဲ့ အရာကို အတင်းမခိုင်းပါနဲ့...

၁၃။ ရည်းစားဟောင်းမိန်းကလေးနဲ့ သူမကို နှိုင်းပြီး မပြောဆိုပါနဲ့...

၁၄။ မလုပ်တတ်တဲ့ အရာကို အပြစ်မပြောပါနဲ့...

၁၅။ သူမကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာတွေကို မကျွေးပါနဲ့...

၁၆။ တခြားတစ်ယောက်က သူမထက် ပိုတော် ပိုကောင်းတယ်လို့ မပြောပါနဲ့...

၁၇။ အေးတဲ့ ရာသီမှာ သူမရဲ့ လက်ကလေးတွေကို နွေးထွေးစွာ ဆုပ်ကိုင်ထားပေးပါ...

၁၈။ လမ်းသွားတဲ့အချိန်မှာ သူမလက်ကို မြဲမြဲကိုင်ထားပါ...မလွှတ်လိုက်ပါနဲ့...

၁၉။ လမ်းကူးတဲ့အခါ... သူမလက်ကို တင်းကြပ်စွာ ကိုင်ထားပေးပါ...

၂၀။ သူမနဲ့ အတူတူ ဈေးဝယ်ထွက်တဲ့အခါ ပင်ပန်းလိုက်တာလို့ မပြောပါနဲ့...

၂၁။ ဈေးဝယ်ထွက်ရင် ပစ္စည်းကူသယ်ပေးပါ...

၂၂။ အထိမ်းအမှတ်နေ့တွေမှာ အမှတ်တရလက်ဆောင်ပေးပါ...

၂၃။ သူမ ဆာလောင်တဲ့အခါ...သူမနဲ့ အတူတူ စားသောက်ပေးပါ...

၂၄။ ရန်ဖြစ်ရင် အရင်ဆုံး တောင်းပန်ပါ....

၂၅။သူမ ကလေးဆန်တဲ့အခါ အဖော်ပြုပေးပါ...

၂၆။ နေမကောင်းတဲ့အခါ သတိတရ ဆေးတိုက်ပါ...

၂၇။ သူမ ဖုန်းဆက်ရင် ဆက်ဆက် ကိုင်ပါ...

၂၈။ နေမကောင်းတဲ့အခါ သူမဘေးမှာ နေပေးပါ...

၂၉။ ၀မ်းနည်းစရာနဲ့ သူမကြုံတဲ့အခါ...နှစ်သိမ့်ပေးပ

၃၀။ သူမ ငိုတဲ့အခါ... နွေးထွေးစွာ ဖက်ထားပါ..

၃၁။ သူမ မွေးနေ့ရောက်တဲ့ အခါ.. ပထမဆုံး သူမကို ပျော်ရွှင်စေသူဖြစ်ပါစေ...

၃၂။ သူမကို ပြောတဲ့ အတိုင်း ကတိတည်ပါ...

၃၃။ ဟန်းဖုန်းကို သူမကို ကြည့်ခွင့်ပေးပါ...

၃၄။ ကိစ္စရှိလို့ သူမခေါ်တဲ့အခါ...သွားနိုင်အောင်ကြိုးစားပါ...

၃၅။ ညဘက် ဖုန်းပိတ်မထားပါနဲ့...

၃၆။နေ့တိုင်း သူမကို ဖုန်းဆက်ပေးပါ....

၃၇။ online ပေါ်ရောက်တဲ့အခါ...သူမ ရှိမရှိ အရင်သတိပြုပါ...

၃၈။ တနေရာကို သူမ တစ်ယောက်ထဲသွားတဲ့အခါ... သူမကို ဖုန်းဆက်ပြီး
သတိထားသွားဖို့ ပြောဆိုပါ...

၃၉။ သူမ ကြိုက်ရင် ၀ယ်ပါစေ...

၄၀။ သူမကို သေချာစောင့်ရှောက်ပါ...နေမကောင်းမဖြစ်ပါစေနဲ့...

၄၁။ သူမရဲ့ ဖုန်းနံပါတ်ကို ဖုန်းနံပါတ် စာရင်းထဲမှာ နံပါတ် ၁ ရှိပါစေ....

၄၂။ သူမနဲ့ စိတ်တူကိုယ်တူရှိပါစေ...

၄၃။ သူမ မက်ဆေ့ခ်ျ ပို့ရင် ချက်ခြင်း ပြန်ပါ....

၄၄။ သူငယ်ချင်းတွေရဲ့ ရှေ့မှာ သူမကို မျက်နှာသာပေးပါ...

၄၅။ လမ်းအတူတူသွားတဲ့အခါ သူမရဲ့ ဘယ်ဘက်မှာ နေပေးပါ...

၄၆။ ချစ်သူသက်တမ်းဘယ်လောက် ကြာပါစေ...အချစ်တွေ အမြဲ သစ်လွင် လန်းဆန်းနေပါစေ...

၄၇။ အန္တရာယ်ရှိရင် သူမကို မခိုင်းပါနဲ့...

၄၈။ မိုးရွာရင်... သူမကို ထီးဆောင်းပေးပါ...

၄၉။ သူမရဲ့ အကြိုက်ကို မှတ်ထားပေးပါ...

၅၀။ ပျော်ရွှင်တဲ့အခါ သူမနဲ့ အတူ မျှဝေခံစားပါ...

၅၁။ ၀မ်းနည်းစရာရှိရင် သူမကို အသိပေး တိုင်ပင်ပြောဆိုပါ...

၅၂။ သူငယ်ချင်းအားလုံးကို သူမနဲ့ မိတ်ဆက်ပေးပါ...

၅၃။ သူမကို ရယ်မောပျော်ရွှင်အောင် ထားပါ...

၅၄။ ပြောတဲ့အတိုင်း လုပ်ပါ...

၅၅။ တတ်နိုင်ရင် ဟင်းချက်သင်ပြီး သူမကို ကျွေးပါ....

၅၆။ သူမကို ယုံကြည်ပေးပါ...

၅၇။ အမြင်သဘောထားချင်း မကြာမကြာ ဖလှယ်ပါ...

၅၈။ သူမအိပ်တဲ့အခါ စောင်ခြုံပြီး နွေးထွေးအောင်လုပ်ပေးပါ....

၅၉။ သူမရဲ့ အတိတ်ကို နားလည်ပေးပါ...

၆၀။ သူမအတွက် လုံခြုံမှု ရှိပါစေ...

၆၂။ သူမစိတ်ဆိုးတဲ့အခါ ပျော်ရွှင်အောင် နှစ်သိမ့်ပြောဆိုပါ...

၆၃။ သူမ အလိုရှိတာကို အတတ်နိုင်ဆုံး ကြိုးစားပေးပါ...

၆၄။ ချိန်းတွေ့တဲ့အခါ..သူမထက် စောရောက်ပါစေ...

၆၅။ ချိန်းတွေ့တဲ့နေရာမှာ သူမကို စောင့်ရတာ အရမ်းကြာလို့ ပြန်သွားတာမျိုး
မလုပ်ပါနဲ့...

၆၆။ သူမနဲ့ အတူတူ အဖော်ပြု
လည်ပတ်ပေးတဲ့အခါ...အချိန်မရှိဘူးလို့မပြောပါနဲ့...သူမသွားချင်တဲ့နေရာကို
ရွေးချယ်ပါစေ...

၆၇။ အချိန်တိုင်း သူမကို သတိရ ပါစေ....

၆၈။ တခြားမိန်းကလေးတစ်ယောက်ကို ၃ စက္ကန့်ထက်
ပိုမကြည့်ပါနဲ့...မကြည့်တာအကောင်းဆုံးပါပဲ...

၆၉။ အိမ်ပြန်တဲ့အခါ သူမကို အိမ်ဝ အထိလိုက်ပို့ပေးပါ... သူမအိမ်ပေါ်ရောက်မှ ပြန်ပါ...

၇၀။ အိမ်ပြန်ပို့ပေးတဲ့အခါ ကောင်းသောညပါလို့ နှုတ်ဆက်ဖို့ မမေ့ပါနဲ့...

၇၁။ သူမလုပ်တဲ့အရာကို ကူညီလုပ်ပေးပါ... သပ်သပ်ရပ်ရပ် ကူညီလုပ်ဆောင်ပေးပါ...

၇၂။ စားကောင်းတဲ့ အစာကို သူမကို ကျွေးဖို့ သတိရပါ...

၇၃။ မနက်အိပ်ရာထဖို့ သူမကို နှိုးပေးပါ...

၇၄။ မနက်စာ ၀ယ်ကျွေးပါ...
၇၅။ဘ၀မှာ သူမကို အရေးကြီးဆုံးနေရာမှာထားပါ...

၇၆။ သူမဟာ သင့်ကြောင့် ကံအကောင်းဆုံး မိန်းကလေးဖြစ်ပါစေ...
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS