RADIO

What is current song?

RSS

ပျင်းနေကြပြီလား.................

တစ်စက်ကန့်ပဲစောင့်ပါ
လူငယ်တစ်ဦး ဘုရားသခင်နှင့် စကားပြောနေ၏
သူက ဘုရားသခင်အနေနဲ့ နှစ်ပေါင်းတစ်သန်းက ဘယ်လောက်ကြာပါသလဲ ဟုမေးသည်
ငါ့အတွက်ကတော့ နှစ်တစ်သန်းဟာ တစ်စက်ကန့် လေးပဲရှိပါတယ် ဟုဘုရားသခင်က ပြန်ပြော၏
နောက်ထက် လူငယ်လေးက ဒေါ်လာတစ်သန်းကကော ဘယ်လောက်ရှိသလဲ ဟုမေးသည်
ငါ့အတွက်ကတော့ ဒေါ်လာတစ်သန်းဟာ တစ်ပဲနိပဲ ရှိပါတယ် ဟုဖြေ၏
ဒါဆိုရင် အရှင့်ဆီက တစ်ပဲနိလောက်ရနိုင်မလား ...ဟု လူငယ်လေးက အရဲစွန့် မေးလိုက်သည်
ရတာပေါ့ ....ငါ့သားရာ တစ်စက်ကန့်တော့ စောင့်လိုက်ပါကွာ...ဟု ဘုရားသခင်က ပြန်ဖြေလိုက်ပါသည်
သတင်းကောင်း
လက်ထက်ပြီးခါစ ဇနီးက သူမခင်ပွန်း အလုပ်မှ အိမ်သို့ ပြန်ရောက်ချိန်တွင်......ရှင့်အတွက် သိပ်ကောင်းတဲ့ သတင်းရထားတယ်
သိပ်မကြာခင်မှာ ဒီအိမ်မှာ ကျွန်မတို့ နှစ်ယောက်တည်း မဟုတ်တော့ပဲ သုံးယောက်ဖြစ်တော့မှာ ....ဟုပြောလိုက်သည်
သူမ၏ ခင်ပွန်းမှာ မျက်နှာပေါ်တွင် အပြုံးတစ်ချက် လက်သွားပြီး မျက်လုံးများတွင်လည်း ကျေနပ်အားရမှုတွေနှင့် သူမထံပြေးလာပါသည်
သူသည် ပျော်ရွှင်မှုကြောင့် စိတ်ဓာတ်တက်ကြွကာ သူ၏ ဇနီးကို နမ်းလိုက်ချိန်တွင် သူ၏ဇနီးက ရှင်...ဒီလိုခံစားရတော့
ကျွန်မ ၀မ်းသာမိပါတယ်
မနက်ဖြန် အမေ အိမ်ပြောင်းလာတော့မယ် ....ဟု ပြောလိုက်လေသတည်း။
လမ်းစည်းကမ်းလိုက်နာပါ
ဆရာမ။။။ဘာဖြစ်လို့ ကျောင်းနောက်ကျနေရတာလဲ
ကျောင်းသား။။။ဆိုင်းဘုတ်တစ်ခုကြောင့်ပါခင်ဗျာ
ဆရာမ။။။ ဘာဆိုင်းဘုတ်လဲကွဲ့
ရှေ့မှာကျောင်းရှိသည် ဖြေးဖြေး ဆိုတဲ့ဆိုင်းဘုတ်ကြောင့်ပါ၊၊၊၊၊၊

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment