RADIO

What is current song?

RSS

ဘ၀မှာ ဘာအရေးအကြီးဆုံးလဲ ?

ဘ၀မှာ ဘာအရေးအကြီးဆုံးလဲ ? မေးနေပြီနော်...ဖတ်ကြည့်လိုကိပါနော်



တစ်ခါတုန်းက အတွေးအခေါ်ပညာရှင်တစ်ဦးဟာ စာသင်ခန်းထဲမှာ အတွေးအခေါ်ပညာ ရပ်တွေ ဟောပြော ဖို့ရောက်ရှိနေတယ် ။ သူ့ရှေ့ကစားပွဲပေါ်မှာ ပစ္စည်းအချို့တင်ထားပြီး သူ မတ်တပ်ရပ်လိုက်တယ် ။ စကား တစ်ခွန်း မှ မပြောပဲ ပထမဆုံးသူ အလွန်ကြီးတဲ့ ဖန်ခွက်တစ်ခွက်ကို ယူလိုက်ပြီး အထဲကို ကျောက် တုံးခပ် ကြီးကြီးတွေ ဖြည့်လိုက်တယ် ။

ပြီးတော့ သူ့တပည့်တွေကို ဖန်ခွက်ပြည့်ပြီလားလို့မေးလိုက်တယ် ။ အကုန်လုံးက ပြည့်ပါပြီ လို့ပြန်ဖြေတယ် ။

ပြီးတော့ အတွေးအခေါ်ပညာရှင်ဟာ ကျောက်စရပ်ခဲထည့်ထားတဲ့ခွက်ကလေးကိုယူပြီး ဖန်ခွက်ထဲ လောင်း ထည့်လိုက် ပြန်တယ် ။ ပြီးတော့ သူဟာ ဖန်ခွက်ကို ဖြေးဖြေးချင်းလှုပ်လိုက်တယ် ။ ကျောက်စရစ် ခဲလေးတွေ ဟာ နေရာ တစ်ခုနဲ့တစ်ခုကြားက နေရာလွတ်လေးတွေဆီ လိမ့်ဝင်သွားခဲ့တယ် ။

သူ့တပည့်တွေကို နောက်ထပ်ဖန်ခွက်ပြည့်ပြီလားလို့ မေးပြန်တယ် ။ အကုန်လုံးက ပြည့်ပါပြီလို့ပြန်ဖြေတယ် ။

အတွေးအခေါ်ပညာရှင်က သဲတွေထည့်ထားတဲ့ခွက်ကလေးကိုယူပြီးဖန်ခွက်ထဲလောင်းထည့်လိုက်ပြန်တယ် ။ သဲတွေ ဟာ ကျောက်စရစ်ခဲ ကြားလေးတွေကနေ တိုးဝင်သွားပြီးဖန်ခွက်တစ်ခုလုံးပြည့်သွားခဲ့တယ် ။

ပြီးတော့ သူ့တပည့်တွေကို ဖန်ခွက်ပြည့်ပြီလားလို့ မေးပြန်တယ် ။ ကျောင်းသားတွေကလည်း ထုံးစံအ တိုင်းပြည့် ပါပြီလို့ ပြန်ဖြေခဲ့တယ် ။

အတွေးအခေါ်ပညာရှင်ကပြောတယ် ။ ` အခု ပြောချင်တာကတော့---

ဒီဖန်ခွက်ကလေးကို သင်တို့ ဘ၀ နဲ့ ကိုယ်စားပြုချင်တာပါပဲ ကျောက်တုံးအကြီးကြီးတွေက ဘ၀ရဲ့ အရေးကြီး အစိတ်အပိုင်းတွေဖြစ်တယ် -- သင်တို့ မိသားစု ခင်ပွန်း ဇနီး ကျန်းမာရေး သင်တို့ကလေးတွေ အစရှိ သဖြင့်ပေါ့ အကယ်၍ အဲဒီထဲက တချို့အရာတွေ ဆုံးရှုံးသွား တာတောင်မှ သင်ရဲ့ ဘ၀ဟာ ပြည့် နေတုန်းပဲ

ကျောက်စရစ်ခဲလေးတွေကတော့ သင်ရဲ့ အလုပ် ၊ အိမ် ၊ ကား အဲဒါတွေကို ကိုယ်စားပြုတယ်---သဲတွေ ကတော့ အရာအားလုံးပါပဲ သေးငယ်တဲ့အရာအားလုံးကိုရည်ညွှန်းပါတယ် ´

ပြီးတော့ အတွေးအခေါ်ပညာရှင်ကဆက်ပြောတယ် ။

` အကယ်၍ ဖန်ခွက်ထဲကို သဲတွေသာ အရင်ထည့်လိုက်မယ်ဆို ရင် ကျောက်စရစ် ခဲတွေ ကျောက် တုံးတွေအ တွက် နေရာရှိမှာမဟုတ်ပါဘူး -- ဒါဟာ ဘ၀ နဲ့ အတူ တူပါပဲ -- အကယ်၍ သင်တို့ဟာ သေးငယ်တဲ့ အကြောင်း အရာတွေ ကိစ္စတွေအတွက်နဲ့ သင့်အချိန်တွေကို ကုန်ဆုံးစေမယ်ဆိုရင် သင့်ဘ၀အတွက် အရေးကြီးတဲ့ အရာတွေထည့်ဖို့ သင့်ဘ၀မှာ အခန်းလွတ်တွေမရှိတော့ပါဘူး -- သင်ရဲ့ ပျော်ရွှင် မှုအစစ်အ မှန်ကို ပေးစေတဲ့အရာတွေကို အာရုံစိုက်ပါ သင်ရဲ့ ကလေးတွေနဲ့ဆော့ကစားပါ ခင်ပွန်း ၊ ဇနီးကို လက်တွဲပြီးလျှောက်လည်ပါ အလုပ်ကိုကြိုးစားပါ အိမ်ကို သန့်ရှင်းအောင်ထားပါ ညစာစားပွဲလေးကျင်းပပါ ´

` ကျောက်တုံးကျောက်ခဲနဲ့တူတဲ့ အရာတွေကို အရင်ဆုံးသင့်ဘ၀ထဲကို လောင်းထည့်ပါ ဒုတိယအနေ နဲ့ ကျောက် စရစ်ခဲနဲ့တူတဲ့အရာတွေကို လောင်းထည့်လိုက်ပါ ဘာကို ဦးစားပေးရမလဲဆိုတဲ့ Priorities ကို စဉ်းစား ပါ ကျန်တာတွေကတော့ သဲပွင့်တွေချည်းပါပဲ ။

#########################

အရမ်းကောင်းတဲ့ ဥပမာပေးလေးပါပဲ ။ ကျောက်တုံးတွေနဲ့တူတဲ့ မိဘ ၊ ခင်ပွန်း ၊ ကျန်းမာရေး ၊ မိသားစု စတဲ့အရေးကြီးတဲ့ အရာတွေကို ကျွန်မတို့ အနေနဲ့ ပထမဦးစားပေးသတ်မှတ်ရပါလိမ့်မယ် ။ ကျောက်စရစ် ခဲနဲ့တူတဲ့ အလုပ်၊ အိမ် ၊ ကား စတာတွေကိုတော့ ဒုတိယအဆင့်မှာပဲထားရပါလိမ့်မယ် ။ ကျန်တာတွေ ကတော့ သေးငယ်တဲ့အစိတ်အပိုင်းတွေဖြစ်တဲ့ သဲပွင့်လေးတွေပါပဲ ။ ကျွန်မတို့အများစုဟာ ဘာအရေးကြီး ဆုံးလဲဆိုတာ မစဉ်းစားကြပဲ သဲပွင့်တွေ ကျောက်စရစ်ခဲတွေကို ဘ၀ဆိုတဲ့ ဖန်ခွက်ကြီး ထဲ လောင်းထည့်နေ မိကြတယ် ။ အဲဒီအခါ ဖန်ခွက်ကပြည့်သွားပြီဖြစ်တဲ့အတွက် တကယ် အရေးကြီး တဲ့ ကျောက်တုံး နဲ့တူတဲ့အ ရာတွေ ထပ်မ ထည့်နိုင်တော့ပါဘူး ။ အားလုံးပဲ ဘ၀ကို ဖြတ်သန်းတဲ့အခါ အထက်ပါ ဥပမာလေးကို သင်ခန်းစာ ယူကြပါစို့ ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment