သူငယ်ချင်းမောင်နှမများအားလုံး..မင်္ဂလာပါနော်...။ဒီနေ့ လည်း ခါတိုင်း week end နေ့ များလိုပဲ ကျွန်မဖေကြီး
ဆီကို ကျွန်မသွားခဲ့ပါတယ်...။ဖေကြီးရှိရာ စာသင်ကျောင်းထဲ ၀င်ဝင်ချင်းပဲ လူစုစု စုစုကို ကျွန်မမြင်လိုက်ရပါတယ်။
ဖေကြီးကိုမေးကြည့်တော့ ဆရာကန်တော့ပွဲရှိတာလို့ ပြောပါတယ်..။အဲဒါနဲ့  ကျွန်မဖေကြီးအတွက် မနက်စာပြင်ပေး
အပြီး သားအဖနှစ်ယောက် တိုင်ပင်စရာရှိတာလေးတွေတိုင်ပင်ရင်း...ကျွန်မစာသင်ခန်းဆီဦးတည်ခဲ့ပါတယ်..။
နှစ်နာရီအကြာ စာသင်ခန်းကနေ ကျွန်မ ပြန်ထွက်လာတဲ့အခါမှာ ကျွန်မဖေကြီးနားမှာ သူ့ ရဲ့တပည့်တွေဝိုင်းအုံနေ
ပါတယ်လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က တပည့်တွေလို့ သိရပါတယ်။အဲဒီထဲက အကိုတယောက်က ကျွန်မဖေကြီးကို
""ဆရာကြီး ခုဒီနားက ရှိတဲ့သူတွေကို နာမည်မှတ်မိလားခင်ဗျ..."'
လို့ မေးလာပါတယ်...။ကျွန်မလည်းအသာလေးနားစွင့်နေတုန်း..ဟောတစ်ယောက် ဟောတစ်ယောက်နဲ့ ..နာမည်တွေ
ကိုပြောသွားလိုက်တာ ကျွန်မတောင် မျက်လုံးပြူးသွားခဲ့ပါတယ်..။အော်...နှစ်နှစ်ဆယ်ကြာတာတောင် ငါ့အဖေ သူ့ 
တပည့်တွေကို မမေ့သေးပါလား..ငါဆို လွန်ခဲ့တဲ့နှစ်နှစ်လောက်က တပည့်လာနှုတ်ဆက်ရင် နာမည်မေ့နေတတ်တာ
ဆိုပြီး ကိုယ့်ဘာသာတွေးနေမိပါတယ်..။
ကျွန်မဖေကြီးနဲ့  သူ့ တပည့်တွေ နှုတ်ဆက်စကားပြောပြီး အသီးသီး ပြန်သွားပြီးတဲ့နောက်မှာတော့...ကျွန်မဖေကြီး
မျက်နှာမှာ ပီတိတွေဝေနေတာကို ကျွန်မတွေ့ ခဲ့ရပါတယ်..။ကျွန်မဖေကြီး အင်မတန်ပျော်နေရှာမှာ...။ကျွန်မလည်း
ဘာမှမပြောဘဲ ကျွန်မဖေကြီးရဲ့ပီတိကို အလိုလိုဘေးကနေတိတ်တိတ်လေး မျှဝေခံစားပေးနေမိပါတယ်..။အဲဒီအချိန်
မှာပဲ...ကျွန်မဖေကြီး ကျွန်မကို မေးလာတာက...
""သမီးကြီး ပေးသူနဲ့ ယူသူမှာ ဘယ်သူကရတယ်လို့  သမီးကြီးထင်လဲ""
"'ဟင်..ဖေကြီးကလည်း...ယူတဲ့သူက ရတာပေါ့.."'
ကျွန်မရဲ့ စကားကို ဖေကြီးက အသာအယာပြုံးကြည့်ပြီး ခုလိုဆက်ပြောလာပါတယ်...။
"'အပေါ်ယံတွေးကြည့်ရင်တော့ ယူတဲ့သူက ရတာသမီး..သေသေချာချာတွေးကြည့်ကြည့်ပါ...ပေးတဲ့သူက
ရတာလေ..ယူတဲ့သူက ယူလိုက်တဲ့အချိန် တခဏလေးပဲ ရလိုက်တာပါ..။ပေးတဲ့သူကတစ်သက်လုံး
ပြန်ပြန်တွေးတိုင်း..ခဏခဏရနေတာလေ.."'
အော်..ဟုတ်ပေသားပဲနော်...။ကျွန်မသူငယ်ချင်းတွေလည်း ပေးသူနဲ့ ယူသူဘယ်သူဖြစ်ချင်လဲလို့  ကျွန်မမေးရင်ဘယ်လို
ဖြေကြမလဲဟင်..???
(အားလုံးတွေးဆဆင်ခြင်နိုင်ကြပါစေရှင်..)
ချစ်ခင်လေးစားလျှက်
ဆုဂျေ
(၁၅.၁၂.၂၀၁၂)
ဖူးဇာရှင်လေးမှကူးယူလာတာပါ........မှတ်သားစရာလေးမှို့လေ
0 comments:
Post a Comment