RADIO

What is current song?

RSS

Christmas Eve နှင့် ပန်းသီးတစ်လုံးအကြောင်း

ဒီကနေ့ဟာ Christmas Eve (၂၄) ရက် ဒီဇင်ဘာနေ့ဖြစ်သည်။ ဒီနေ့ ညနေခင်းဘက်လောက်မှာပဲ ကျွန်တော့်ကို ငယ်သူငယ်ချင်း တရုတ်မလေးတစ်ယောက်က လက်ဆောင်ပန်းသီးလေးတစ်လုံးလာပေးတော့ အံ့သြတကြီး ပြန်မေးလိုက်မိသည်။ ဘာလို့ပေးတာလည်းပေါ့။ နောက်ဆက်တွဲ သူ့ရှင်းပြချက်ကြောင့် Christmas Eve နှင့် ပန်းသီးတစ်လုံးအကြောင်းကိုသိခဲ့ရတာမို့ ဒီပို့စ်လေး ရေးလိုက်ပါတယ်။

(၂၄) ရက်နေ့၊ ဒီဇင်ဘာလ၊ “ည” အခါတွင် တရုတ်လူမျိုးများသည် ပန်းသီးလက်ဆောင်ပေးသည့် ရိုးရာဓလေ့ကို ယခုအချိန်ထိ ကျင်းပမြဲဖြစ်သည်။

Safe (အသက်ရှည်ခြင်း/ကျန်းမာခြင်း) ကို တရုတ်ဘာသာစကားဖြင့် =Ping An(ဖျင်န်အန်)
Apple (ပန်းသီးပေးခြင်း ) ကို တရုတ်ဘာသာစကားဖြင့် =Ping Guo(ဖျင်န်ကွာန်)
Safe(အသက်ရှည်ခြင်း/ကျန်းမာခြင်း) =Apple(ပန်းသီးပေးခြင်း)ဟု အဓိပ္ပါယ်သက်ရောက်သည်။

ထို့အတွက် “ပန်းသီးလက်ဆောင်ရသောသူသည် ထိုနေ့မှစ၍ ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်စေရန်” ကံကောင်းခြင်း လက်ဆောင်အဖြစ် သတ်မှတ်ပြီး အချင်းချင်းအပြန်အလှန် ပန်းသီးလက်ဆောင် ပေးကြခြင်းဖြစ်သည်။

ထိုပန်းသီးလက်ဆောင်ကို (၂၄) ရက်၊ ဒီဇင်ဘာ ညအချိန်ခါတွင်သာ သတ်မှတ်ပြီးပေးခြင်းကြောင့် ထိုညကို Safe Night = Ping An Ye (ဖျင်န်အန်ယဲ့) ဟု ခေါ်ဆိုပြီး “ကျန်းမာပျော်ရွှင်မှုများနှင့် ပြည့်နှက်နေသော ကံကောင်းခြင်း လက်ဆောင် ပန်းသီးပေးသော ည” ဟု တင်စားခေါ်ဆိုကြကြောင်း ဗဟုသုတအနေဖြင့် တင်ပြရင်း (၂၄)ရက်၊ ဒီဇင်ဘာညမှာ ကိုယ့်သူငယ်ချင်း၊ မိတ်ဆွေ၊ ချစ်သူတို့ကို ပန်းသီးလက်ဆောင်ပေးကြရအောင်လားခင်ဗျာ။ Christmas Eve ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေခင်ဗျာ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment